လတိုင်း အိမ်ငှားခအများကြီးပေးနေရတာ စိတ်ကုန်လာလို့ အိမ်အသေးလေးတစ်လုံး ကိုယ်တိုင်ဆောက်လုပ်နေထိုင်ခဲ့သူ
မီချီဂန်ပြည်နယ်က နစ်ခ် ဆိုအာဗီဟာ နှစ်တိုင်း အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် အိမ်ငှားခအများကြီးပေးနေရတာကို စိတ်ကုန်လာခဲ့ပါတယ်။
ဒါကြောင့် ပေါင် ၁၉၂၀၀ အကုန်အကျခံပြီး သူတစ်ယောက်တည်း နေထိုင်လို့ရမယ့်အိမ်အသေးလေးတစ်လုံးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါတယ်။ အခုဆို သူက အိမ်ငှားခလည်း ပေးစရာမလိုတော့ပါဘူး။
နစ်ခ်က အသက် ၃၆ နှစ်အရွယ် ဂီတပညာရှင်ဖြစ်တဲ့အပြင် အိမ်အဆောက်အဦးစစ်ဆေးရေးမှူး လည်းဖြစ်ပါတယ်။
သူဟာ အသစ်စက်စက်ပစ္စည်းတွေနဲ့အသုံးပြုပြီးသားပစ္စည်းတွေကို ရောနှောအသုံးပြုပြီး စတုရန်းပေ ၁၈၀ ရှိတဲ့ နောက်တွဲယာဉ်ကို အိမ်အဖြစ်ပြောင်းလဲ ဆောက်လုပ်ခဲ့တာပါ။
အိမ်မဆောက်လုပ်ခင် နစ်ခ်က အွန်လိုင်းကနေ အိမ်အသေးလေးတွေကို ရှာဖွေခဲ့ပြီး YouTube ကနေ အိမ်ဆောက်လုပ်တဲ့ Tutorial ဗီဒီယိုတွေကို ကြည့်ခဲ့ပါတယ်။
နစ်ခ်က အနီးနားကနေ ရှာနိုင်သမျှ အရည်အသွေးကောင်းတဲ့ အိမ်ဆောက်ပစ္စည်းတွေ စုဆောင်းခဲ့ပါတယ်။
၅၀ ရာခိုင်နှုန်းဟာပြည်တွင်းကုမ္ပဏီတွေက အသစ်စက်စက်ပစ္စည်းတွေဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကတော့ အသုံးပြုပြီးသား၊ စုဆောင်းထားတဲ့ ပစ္စည်းတွေပါ။ ၁၀ ရာခိုင်နှုန်းက ကုန်သေတ္တာဆိုင်ကြီးတွေကပါ။
နစ်ခ်က အိမ်ဒီဇိုင်းမဆွဲခင် အွန်လိုင်းကနေ အိမ်အသေးဆောက်လုပ်တဲ့ဗီဒီယိုတွေကို (၂) လလောက်ကြည့်ခဲ့တာပါ။
ဂီတနဲ့ အစားအသောက်က သူ့အတွက် အရေးကြီးတာကြောင့် စတူဒီယိုနဲ့ မီးဖိုချောင်နေရာကို ဦးစားပေးဆောက်လုပ်ရမယ်ဆိုတဲ့ အခြေခံစိတ်ကူးအကြံဉာဏ်ရခဲ့ပါတယ်။
အိမ်အဆောက်အဦးစစ်ဆေးရေးမှူးအလုပ်က အိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ အသိပညာတွေ ပေးခဲ့ပါတယ်။ အိမ်ဆောက်လုပ်ရာမှာ ကျွမ်းကျင်တဲ့ သူ့ရဲ့အဖေကလည်း ကူညီပေးခဲ့ပါတယ်။
နစ်ခ်ဟာ အရင်ကတည်းက အိမ်ဆောက်လုပ်မှုဆိုင်ရာ ဗဟုသုတများစွာရှိပေမဲ့ ကိုယ်တိုင် တစ်ခါမှ မဆောက်လုပ်ခဲ့ဖူးပါဘူး။
နစ်ခ်က (၆) လအချိန်ယူပြီး သူ့ရဲ့အိမ်အသစ်ကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၂၃၀၀၀ (ပေါင် ၁၉၂၀၀) ကုန်ကျခဲ့ပါတယ်။
ဒီငွေပမာဏကို အိမ်အဆောက်အဦးစစ်ဆေးတဲ့အလုပ်လုပ်ပြီး စုဆောင်းခဲ့တာပါ။
လက်ရှိ ဆောက်လုပ်ထားတဲ့ အိမ်ရဲ့မြေနေရာကို ငှားရမ်းပြီး အိမ်ငှားခကြောင့် ထွက်တဲ့ အသုံးစရိတ်ကို သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။
ဒန်ဗားမြို့မှာ နေရာလေးတစ်ခုငှားပြီး နေထိုင်ဖို့အတွက် တစ်လကို ဒေါ်လာ ၁၀၀၀ သုံးခဲ့ရပါတယ်။ ရေဖိုး၊ မီးဖိုးက တစ်လကို ဒေါ်လာ ၂၅၀ ပါ။ နစ်ခ်ရဲ့ စုစုပေါင်းစုဆောင်းငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၉၆၀၀ ပါ။
နစ်ခ်က သူလုပ်ခဲ့တဲ့အရာဟာ ဘယ်သူမဆို လုပ်နိုင်တဲ့အရာဆိုတာကို လူတိုင်း သိစေချင်နေတာပါ။
နစ်ခ်က အိမ်ငှားခအများကြီးပေးနေထိုင်နေရတဲ့ အခြားသူတွေကိုလည်း အခုလိုပြောထားပါတယ်။ “အိမ်ငှားခ၊ ရေဖိုးမီးဖိုး ပေးဆောင်ဖို့အတွက် သူတို့ တစ်ပတ်ကို နာရီ အများကြီး အလုပ်လုပ်နေရတာက တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်လို့ထင်တယ်။
သူတို့ရဲ့ဝါသနာနောက်လိုက်ဖို့အတွက် အချိန်ပေးပြီး အလုပ်လုပ်ရတာကို သူတို့ ပိုပျော်မယ်မလား”တဲ့။
Credit to Yoyarlay
Zawgyi
လတိုင္း အိမ္ငွားခအမ်ားႀကီးေပးေနရတာ စိတ္ကုန္လာလို႔ အိမ္အေသးေလးတစ္လုံး ကိုယ္တိုင္ေဆာက္လုပ္ေနထိုင္ခဲ့သူ
မီခ်ီဂန္ျပည္နယ္က နစ္ခ္ ဆိုအာဗီဟာ ႏွစ္တိုင္း အိမ္ငွားခေတြ ေဈးတက္လာတာေၾကာင့္ အိမ္ငွားခအမ်ားႀကီးေပးေနရတာကို စိတ္ကုန္လာခဲ့ပါတယ္။
ဒါေၾကာင့္ ေပါင္ ၁၉၂၀၀ အကုန္အက်ခံၿပီး သူတစ္ေယာက္တည္း ေနထိုင္လို႔ရမယ့္အိမ္အေသးေလးတစ္လုံးကို ကိုယ္တိုင္ေဆာက္လုပ္ခဲ့ပါတယ္။ အခုဆို သူက အိမ္ငွားခလည္း ေပးစရာမလိုေတာ့ပါဘူး။
နစ္ခ္က အသက္ ၃၆ ႏွစ္အ႐ြယ္ ဂီတပညာရွင္ျဖစ္တဲ့အျပင္ အိမ္အေဆာက္အဦးစစ္ေဆးေရးမႉး လည္းျဖစ္ပါတယ္။
သူဟာ အသစ္စက္စက္ပစၥည္းေတြနဲ႕အသုံးျပဳၿပီးသားပစၥည္းေတြကို ေရာေႏွာအသုံးျပဳၿပီး စတုရန္းေပ ၁၈၀ ရွိတဲ့ ေနာက္တြဲယာဥ္ကို အိမ္အျဖစ္ေျပာင္းလဲ ေဆာက္လုပ္ခဲ့တာပါ။
အိမ္မေဆာက္လုပ္ခင္ နစ္ခ္က အြန္လိုင္းကေန အိမ္အေသးေလးေတြကို ရွာေဖြခဲ့ၿပီး YouTube ကေန အိမ္ေဆာက္လုပ္တဲ့ Tutorial ဗီဒီယိုေတြကို ၾကည့္ခဲ့ပါတယ္။
နစ္ခ္က အနီးနားကေန ရွာနိုင္သမွ် အရည္အေသြးေကာင္းတဲ့ အိမ္ေဆာက္ပစၥည္းေတြ စုေဆာင္းခဲ့ပါတယ္။
၅၀ ရာခိုင္ႏႈန္းဟာျပည္တြင္းကုမၸဏီေတြက အသစ္စက္စက္ပစၥည္းေတြျဖစ္ၿပီး ၄၀ ရာခိုင္ႏႈန္းကေတာ့ အသုံးျပဳၿပီးသား၊ စုေဆာင္းထားတဲ့ ပစၥည္းေတြပါ။ ၁၀ ရာခိုင္ႏႈန္းက ကုန္ေသတၱာဆိုင္ႀကီးေတြကပါ။
နစ္ခ္က အိမ္ဒီဇိုင္းမဆြဲခင္ အြန္လိုင္းကေန အိမ္အေသးေဆာက္လုပ္တဲ့ဗီဒီယိုေတြကို (၂) လေလာက္ၾကည့္ခဲ့တာပါ။
ဂီတနဲ႕ အစားအေသာက္က သူ႕အတြက္ အေရးႀကီးတာေၾကာင့္ စတူဒီယိုနဲ႕ မီးဖိုေခ်ာင္ေနရာကို ဦးစားေပးေဆာက္လုပ္ရမယ္ဆိုတဲ့ အေျခခံစိတ္ကူးအႀကံဉာဏ္ရခဲ့ပါတယ္။
အိမ္အေဆာက္အဦးစစ္ေဆးေရးမႉးအလုပ္က အိမ္ေဆာက္လုပ္ဖို႔ လိုအပ္တဲ့ အသိပညာေတြ ေပးခဲ့ပါတယ္။ အိမ္ေဆာက္လုပ္ရာမွာ ကြၽမ္းက်င္တဲ့ သူ႕ရဲ႕အေဖကလည္း ကူညီေပးခဲ့ပါတယ္။
နစ္ခ္ဟာ အရင္ကတည္းက အိမ္ေဆာက္လုပ္မႈဆိုင္ရာ ဗဟုသုတမ်ားစြာရွိေပမဲ့ ကိုယ္တိုင္ တစ္ခါမွ မေဆာက္လုပ္ခဲ့ဖူးပါဘူး။
နစ္ခ္က (၆) လအခ်ိန္ယူၿပီး သူ႕ရဲ႕အိမ္အသစ္ကို ေဆာက္လုပ္ၿပီးစီးခဲ့ပါတယ္။ ခန႔္မွန္းေျခ ေဒၚလာ ၂၃၀၀၀ (ေပါင္ ၁၉၂၀၀) ကုန္က်ခဲ့ပါတယ္။
ဒီေငြပမာဏကို အိမ္အေဆာက္အဦးစစ္ေဆးတဲ့အလုပ္လုပ္ၿပီး စုေဆာင္းခဲ့တာပါ။
လက္ရွိ ေဆာက္လုပ္ထားတဲ့ အိမ္ရဲ႕ေျမေနရာကို ငွားရမ္းၿပီး အိမ္ငွားခေၾကာင့္ ထြက္တဲ့ အသုံးစရိတ္ကို သိသိသာသာ ေလွ်ာ့ခ်နိဳင္ခဲ့ပါတယ္။
ဒန္ဗားၿမိဳ႕မွာ ေနရာေလးတစ္ခုငွားၿပီး ေနထိုင္ဖို႔အတြက္ တစ္လကို ေဒၚလာ ၁၀၀၀ သုံးခဲ့ရပါတယ္။ ေရဖိုး၊ မီးဖိုးက တစ္လကို ေဒၚလာ ၂၅၀ ပါ။ နစ္ခ္ရဲ႕ စုစုေပါင္းစုေဆာင္းေငြကေတာ့ တစ္ႏွစ္ကို ေဒၚလာ ၉၆၀၀ ပါ။
နစ္ခ္က သူလုပ္ခဲ့တဲ့အရာဟာ ဘယ္သူမဆို လုပ္နိုင္တဲ့အရာဆိုတာကို လူတိုင္း သိေစခ်င္ေနတာပါ။
နစ္ခ္က အိမ္ငွားခအမ်ားႀကီးေပးေနထိုင္ေနရတဲ့ အျခားသူေတြကိုလည္း အခုလိုေျပာထားပါတယ္။ “အိမ္ငွားခ၊ ေရဖိုးမီးဖိုး ေပးေဆာင္ဖို႔အတြက္ သူတို႔ တစ္ပတ္ကို နာရီ အမ်ားႀကီး အလုပ္လုပ္ေနရတာက တန္ရဲ႕လားလို႔ ကိုယ့္ကိုယ္ကို ေမးသင့္တယ္လို႔ထင္တယ္။
သူတို႔ရဲ႕ဝါသနာေနာက္လိုက္ဖို႔အတြက္ အခ်ိန္ေပးၿပီး အလုပ္လုပ္ရတာကို သူတို႔ ပိုေပ်ာ္မယ္မလား”တဲ့။
Credit to Yoyarlay