ဗုဒ္ဓဘာသာဝင်တိုင်း မဖြစ်မနေသိထားသင့်ပါတယ်
ဆရာတော်ကြီးတွေပြောကုန်ပြီ ဒိဋ္ဌဓမ္မကံ ထိုက်လိမ့်မယ်တဲ့။
မခွဲမစိတ်ပါဘဲ သစ်သီးတွေ ရက်ရှည် ဘုရားရှေ့လှူလို့ မထိုက်ပါဘူး။သတိထားစရာပါ၊ ကုသိုလ်မရရင်နေပါစေ အကုသိုလ်ကံတော့ အဖြစ်မခံနိုင်ပါ။
သာသနာနှင့် ကန်တော့ပွဲ
ကျွန်ုပ် = ဒကာ အဲ့ဒါ ဘာလုပ်ဖို့လဲ ။
ဒကာ = ကန်တော့ပွဲ ဘုရား ။
ကျွန်ုပ် = ကန်တော့ပွဲတော့ ကျုပ်လည်း မြင်တာပေါ့ ၊ ဘာလုပ်ဖို့လဲလို့မေးတာ ဒကာရဲ့။
ဒကာ = “သာသနာပွဲ”လေ ၊ ဘုရားရှေ့မှာ ထားမလို့ဘုရား ။
ကျွန်ုပ် = ဒါဆို မထားနဲ့ ၊ ပြန်ယူသွားတော့ “သာသနာ”ဆိုတာ အဆုံးအမကို ပြောတာ ။ “သာသနာ”ကိုလေးစားရင် ဘုရားအဆုံးအမအတိုင်းနေ ။
ဒကာ = လူကြီးတွေက ထားခိုင်းလို့ပါ ဘုရား ။
ကျွန်ုပ် = အဲဒီလူကြီးဆိုတဲ့ လူကြီးတွေကို ပြောလိုက်ပါ ။ တို့ဘုရားက ညနေစာ မဘုဉ်းပေးဘူး အုန်းသီး ငှက်ပျောသီးဆိုတာ စားစရာတွေ ဖြစ်တဲ့အတွက် ဘုရားရှေ့မှာရက်ရှည်လများ အကြာကြီး မထားနဲ့ ။ လုံးဝ မသင့်တော်ဘူး ။
အားလုံး”ဒိဋ္ဌဓမ္မကံတွေ ထိုက်ကုန်လိမ့်မယ်လို့ ။
ဒကာ = တင်ပါ့ တပည့်တော် ပြန်ပြောလိုက်ပါ့မယ် ဘုရား ။
မှတ်ချက်// မခွဲ မခြမ်း အလုံးလိုက်သော
သစ်သီးများကို ရဟန်းတော်များ
ကိုယ်တိုင် ခွဲခြမ်း၍ မသုံးဆောင်အပ်ပါ
သုံးဆောင်လျှင် အာပတ် သင့်၏ ။
အကယ်၍ သစ်သီးများ ကပ်လှူလိုလျှင်
သုံးဆောင်နိုင်လောက်သော
အတုံးကလေးများ ပြုလုပ်၍သာ
ကပ်လှူကောင်းပါသည်။
ငှက်ပျောသီးကဲ့သို့ မှည့်မှ
စား၍ရသော အသီးများကို
အစိမ်းသက်သက် အခိုင်လိုက်
ဘုရားခန်းတွင် မကပ်လှူအပ်ပါ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
Zawgyi
ဗုဒၶဘာသာဝင္တိုင္း မျဖစ္မေနသိထားသင့္ပါတယ္
ဆရာေတာ္ႀကီးေတြေျပာကုန္ၿပီ ဒိ႒ဓမၼကံ ထိုက္လိမ့္မယ္တဲ့။
မခြဲမစိတ္ပါဘဲ သစ္သီးေတြ ရက္ရွည္ ဘုရားေရွ႕လႉလို႔ မထိုက္ပါဘူး။သတိထားစရာပါ၊ ကုသိုလ္မရရင္ေနပါေစ အကုသိုလ္ကံေတာ့ အျဖစ္မခံနိုင္ပါ။
သာသနာႏွင့္ ကန္ေတာ့ပြဲ
ကြၽန္ုပ္ = ဒကာ အဲ့ဒါ ဘာလုပ္ဖို႔လဲ ။
ဒကာ = ကန္ေတာ့ပြဲ ဘုရား ။
ကြၽန္ုပ္ = ကန္ေတာ့ပြဲေတာ့ က်ဳပ္လည္း ျမင္တာေပါ့ ၊ ဘာလုပ္ဖို႔လဲလို႔ေမးတာ ဒကာရဲ႕။
ဒကာ = “သာသနာပြဲ”ေလ ၊ ဘုရားေရွ႕မွာ ထားမလို႔ဘုရား ။
ကြၽန္ုပ္ = ဒါဆို မထားနဲ႕ ၊ ျပန္ယူသြားေတာ့ “သာသနာ”ဆိုတာ အဆုံးအမကို ေျပာတာ ။ “သာသနာ”ကိုေလးစားရင္ ဘုရားအဆုံးအမအတိုင္းေန ။
ဒကာ = လူႀကီးေတြက ထားခိုင္းလို႔ပါ ဘုရား ။
ကြၽန္ုပ္ = အဲဒီလူႀကီးဆိုတဲ့ လူႀကီးေတြကို ေျပာလိုက္ပါ ။ တို႔ဘုရားက ညေနစာ မဘုဥ္းေပးဘူး အုန္းသီး ငွက္ေပ်ာသီးဆိုတာ စားစရာေတြ ျဖစ္တဲ့အတြက္ ဘုရားေရွ႕မွာရက္ရွည္လမ်ား အၾကာႀကီး မထားနဲ႕ ။ လုံးဝ မသင့္ေတာ္ဘူး ။
အားလုံး”ဒိ႒ဓမၼကံေတြ ထိုက္ကုန္လိမ့္မယ္လို႔ ။
ဒကာ = တင္ပါ့ တပည့္ေတာ္ ျပန္ေျပာလိုက္ပါ့မယ္ ဘုရား ။
မွတ္ခ်က္// မခြဲ မျခမ္း အလုံးလိုက္ေသာ
သစ္သီးမ်ားကို ရဟန္းေတာ္မ်ား
ကိုယ္တိုင္ ခြဲျခမ္း၍ မသုံးေဆာင္အပ္ပါ
သုံးေဆာင္လွ်င္ အာပတ္ သင့္၏ ။
အကယ္၍ သစ္သီးမ်ား ကပ္လႉလိုလွ်င္
သုံးေဆာင္နိုင္ေလာက္ေသာ
အတုံးကေလးမ်ား ျပဳလုပ္၍သာ
ကပ္လႉေကာင္းပါသည္။
ငွက္ေပ်ာသီးကဲ့သို႔ မွည့္မွ
စား၍ရေသာ အသီးမ်ားကို
အစိမ္းသက္သက္ အခိုင္လိုက္
ဘုရားခန္းတြင္ မကပ္လႉအပ္ပါ။
ဆရာေတာ္ဦးေဇာတိက(မဟာၿမိဳင္ေတာရ)
#ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္