ဗဟုသုတ

မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတဲ့ သတ္တဝါအကြောင်း……

ငေါင်း

ဒီကနေ့ပဲ ကမ်မ္ဘောဒီးယား Page တစ်ခုက နေ ပြန့်လာတာ ခပ်ဆန်းဆန်း လူလိုလို သရဲလိုလို နဲ့ သတ္တဝါ တစ်ကောင် ပုံကို တော်တော်များများက ဘာကောင်းလဲ သိချင်ကြပြီး ၊တစ်ချို့ ကတော့သစ်သားကိုထွင်းထုထားတာ လို့ ဆိုကြပါတယ်။

တကယ်တော့ ဒီသတ္တဝါ ဟာ မျိုးတုန်းလုနီးပါး ပျောက်ကွယ်နေသော ငေါင်းဆိုတော့ သတ္တဝါ သာဖြစ်ပါတယ် ။

ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး ၊ ယခုအခါမှာတော့မရှိသလောက်ကို
ရှားသွားပြီဖြစ်ပါတယ်။

လူတော်တော်များများက ငေါင်းဟူသော သတ္တဝါကို ယုံတမ်းစကား သို့မဟုတ် နာနာဘာ၀အကောင်လို့ ယူဆ ကြပါတယ်။

ဒီဘက်ခေတ်မှာတော့ သိသူတော်တော်နည်းသွားပါပြီ။

ငေါင်းကောင်သည် လူနှင့်တူသောသတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းပါတယ်။

ငေါင်း၏ဆံပင်ကိုဆံစု (ဆံတု)လုပ်ပါကဆံပင်ကောင်းသည်ဟုအယူရှိသဖြင့်ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ဆံပင်ကိုဆံစု(ဆံတု)လုပ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဟုမ္မလင်းနယ်စပ် ၊ ဗန်းမောက်နယ် ၊မြစ်ကြီးနား ၊ မိုးကောင်း တို့ဘက်မှာတွေ့ခဲ့ရဘူးပါတယ် ။

ဒါအပြင်

ဆရာ မောင်ကြည်သန့် ရေးတဲ့မြန်မာ့ဖြစ်ရပ်(၁၀၀)စာအုပ်မှာတော့ငေါင်းအကြောင်းကို …

“” ငေါင်းသတ္တဝါသည် ကိုယ်ခန္တာပြားချပ်၏၊ လက်နှစ်ဖက်ပါကာလက်မောင်းများထွားကြိုင်း၏၊အရပ်ငါးပေတစ်လက်မခန်ရှိသည်၊ဒူးဆစ်မရှိ ။

ခြေတစ်ချောင်းသာပါ၏ ၊ခြေဖဝါးသည်အနောက်ဘက်သို့လှည့်နေပြီးဖနှောင့်သည် အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏၊နဖူးသည်ခြောက်လက်မ ကျော်ကျယ်၍ပြောင်၏၊

မေးကောက်သည်၊ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာအမောက်ပမာ အရိုးကြီးပါရှိသည်၊သစ်ပင်ထူထပ်သောတောနက်ကြီးမျာတွင်နေထိုင်တတ်သည်သစ်ပင်တစ်ပင်မှ တစ်ပင်ကူးပြောင်းသွားလာတတ်၏ ဟု့လေလာတွေရှိချက်အားကချင်ပြည်နယ် နန်းမွန်ရွာအမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ် ပါ အတောင်မပါရှိပါ။” လို့ပါရှိပါတယ်။

ငေါင်းသတ္တဝါကို တော်တော်များများကတော့ တကယ်မရှိတဲ့အကောင်(သို့) ယုံတမ်းစကားအဖြစ်သာ ယုံကြည်ထားကြပါတယ်။

သို့သော် ရှေးခေတ် မှတ်တမ်းတင်ထားခဲ့တဲ့ အချက်အလက်များအရ ဒီသတ္တဝါရှိခဲ့ တာကိုတော့ ငြင်းလို့ မရပါ။

ငေါင်းနှင့်ပတ်သတ်လို့ အခိုင်မာဆုံးအထောက်အထားတွေအနေနဲ့ တွေနိုင်တာကတော့

ကုန်းဘောင် ခေတ် ရွေတိုက်တော်တွင်ထားရှိရတဲ့ ရွှေနန်းစဉ်လက်သုံးပုရပိုက်ဖြူ ဖြစ်ပါတယ်။

ဒီပုရပိုက်ဖြူထဲမှာ “လူမျောက်ငရွှေမောင်၊ ကိန္ဒရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စတဲ့အကြောင်းအရာတွေနဲ့အတူ လူငေါင်းပုံများလည်း ပါ၀င်တယ်လို့သိရပါတယ်။””

၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ ကွေး၍မရချေ။

သို့သော်အလွန်အပြေးသန်သည်။ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည်ဟုသိရသည် ။

၎င်းတို့ကိုဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာပါတ်ဝန်းကျင်တောင်စောင်းတနေရာတွင်ဝါးဖက် (ဝါးပိုးဖက်)များကိုခင်းထားရပြီး ဖက်ခင်းထားသည့်တောင်စောင်းဘက်သို့၎င်းတို့ကို မောင်းနှင်လိုက်
သည့်အခါ ၎င်းတို့သည် ဖက်များကိုနင်းမိကာ ခြေချော်ကာတောင်အောက်သို့လိမ့်ကျသွားတတ်ပါတယ်။

ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရပါတယ်။ ၎င်းငေါင်းကောင်သည် လဲကျရာမှထ လိုလျှင်သစ်ပင်ငယ်လေးများရှိရာသို့လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ ကြရပါတယ်။ ၎င်းတို့ လဲကျရာမှ မထ နိုင်မှီ အမိဖမ်းရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးအနောက်ဘက်၊ နနွယ်ရွာကမလေးမှ ဒေါ်စိန်ပုက လယ်သမားများ ဆည်ပိတ်ထားသည်ကို လာဖောက်သည့် ငေါင်းတစ်ကောင်အကြောင်း ကြားခဲ့ဘူးပြီး ၊

လယ်သမားများ ချထားသော ငှက်ပျော်ဖတ်ပေါ် ချော်လဲ၍ ဖမ်းမိသည်။ ငေါင်းသည် ငှက် မဟုတ်ပေ၊ အတောင်ပံမပါချေ၊ အရပ်ငါးပေကျော်သည်၊ ခါးကျောအဆစ်လုံး၀ မရှိပေ။

ရှမ်းဘာသာစကား အရ ငေါင်းကိုကာပူးဒွန်းဟုခေါ်ပါတယ်။

ကာ=အနီးအနားတွင်နေသည်။ပူ=အဖိုး။ ဒွန်း=ကုပ်ခိုင်းသည်။

မြန်မာလိုဆီလျော်အောင်ပြန်မည်ဆိုပါက

တောစပ်အနီးတွင်နေထိုင်ပြီး ကုပ်ခိုင်းသောအဖိုးအိုဟုဖြစ်မည်ထင်သည်။

(ပုံထဲက အကောင်ကတော့ ခြေနှစ်ချောင်းပါဝင်ပြီး ဒူးကွေးလို့ ရတာကိုတွေ့ရပါတယ် ။ ဒါကြောင့် ငေါင်း (သို့) မျိုးနွယ်ကွဲသာဖြစ်ပါလိမ့်မယ်) ခရက်ဒစ်

Zawgyi

ေငါင္း

ဒီကေန႕ပဲ ကမ္ေမာၻဒီးယား Page တစ္ခုက ေန ျပန့္လာတာ ခပ္ဆန္းဆန္း လူလိုလို သရဲလိုလို နဲ႕ သတၱဝါ တစ္ေကာင္ ပုံကို ေတာ္ေတာ္မ်ားမ်ားက ဘာေကာင္းလဲ သိခ်င္ၾကၿပီး ၊တစ္ခ်ိဳ႕ ကေတာ့ သစ္သားကိုထြင္းထုထားတာ လို႔ ဆိုၾကပါတယ္။

တကယ္ေတာ့ ဒီသတၱဝါ ဟာ မ်ိဳးတုန္းလုနီးပါး ေပ်ာက္ကြယ္ေနေသာ ေငါင္းဆိုေတာ့ သတၱဝါ သာျဖစ္ပါတယ္ ။

ေရွးအခါက ေဒါနေတာင္တန္းတြင္ အမ်ားအျပားေတြ႕ရတတ္ၿပီး ၊ ယခုအခါမွာေတာ့မရွိသေလာက္ကို
ရွားသြားၿပီျဖစ္ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက ေငါင္းဟူေသာ သတၱဝါကို ယုံတမ္းစကား သို႔မဟုတ္ နာနာဘာ၀အေကာင္လို႔ ယူဆ ၾကပါတယ္။

ဒီဘက္ေခတ္မွာေတာ့ သိသူေတာ္ေတာ္နည္းသြားပါၿပီ။

ေငါင္းေကာင္သည္ လူႏွင့္တူေသာသတၱဝါျဖစ္ၿပီး ဆံပင္အလြန္ေကာင္းပါတယ္။

ေငါင္း၏ဆံပင္ကိုဆံစု (ဆံတု)လုပ္ပါကဆံပင္ေကာင္းသည္ဟုအယူရွိသျဖင့္ေရွးေခတ္ အမ်ိဳးသမီးမ်ား ေငါင္း၏ဆံပင္ကိုဆံစု(ဆံတု)လုပ္ၾကေလ့ရွိပါတယ္။

ျမန္မာနိုင္ငံမွာေတာ့ ဟုမၼလင္းနယ္စပ္ ၊ ဗန္းေမာက္နယ္ ၊ျမစ္ႀကီးနား ၊ မိုးေကာင္း တို႔ဘက္မွာေတြ႕ခဲ့ရဘူးပါတယ္ ။

ဒါအျပင္

ဆရာ ေမာင္ၾကည္သန့္ ေရးတဲ့ျမန္မာ့ျဖစ္ရပ္(၁၀၀)စာအုပ္မွာေတာ့ေငါင္းအေၾကာင္းကို …

“” ေငါင္းသတၱဝါသည္ ကိုယ္ခႏၲာျပားခ်ပ္၏၊ လက္ႏွစ္ဖက္ပါကာလက္ေမာင္းမ်ားထြားႀကိဳင္း၏၊အရပ္ငါးေပတစ္လက္မခန္ရွိသည္၊ဒူးဆစ္မရွိ ။

ေျခတစ္ေခ်ာင္းသာပါ၏ ၊ေျခဖဝါးသည္အေနာက္ဘက္သို႔လွည့္ေနၿပီးဖေႏွာင့္သည္ အေရွ႕တြင္ရွိသည္။ ခါးတစ္ဆစ္ ေျခမ်က္စိ တစ္ဆစ္ ႏွစ္ဆစ္သာပါ၏၊နဖူးသည္ေျခာက္လက္မ ေက်ာ္က်ယ္၍ေျပာင္၏၊

ေမးေကာက္သည္၊ေခါင္းေနာက္ေစ့တြင္ ေပါက္ခြၽန္းပမာအေမာက္ပမာ အရိုးႀကီးပါရွိသည္၊သစ္ပင္ထူထပ္ေသာေတာနက္ႀကီးမ်ာတြင္ေနထိုင္တတ္သည္သစ္ပင္တစ္ပင္မွ တစ္ပင္ကူးေျပာင္းသြားလာတတ္၏ ဟု႔ေလလာေတြရွိခ်က္အားကခ်င္ျပည္နယ္ နန္းမြန္႐ြာအမတ္ေဟာင္းတစ္ဦးမွ ေရးသားဖူးေၾကာင္း ငွက္အမ်ိဳးအႏြယ္လဲမဟုတ္ ပါ အေတာင္မပါရွိပါ။” လို႔ပါရွိပါတယ္။

ေငါင္းသတၱဝါကို ေတာ္ေတာ္မ်ားမ်ားကေတာ့ တကယ္မရွိတဲ့အေကာင္(သို႔) ယုံတမ္းစကားအျဖစ္သာ ယုံၾကည္ထားၾကပါတယ္။

သို႔ေသာ္ ေရွးေခတ္ မွတ္တမ္းတင္ထားခဲ့တဲ့ အခ်က္အလက္မ်ားအရ ဒီသတၱဝါရွိခဲ့ တာကိုေတာ့ ျငင္းလို႔ မရပါ။

ေငါင္းႏွင့္ပတ္သတ္လို႔ အခိုင္မာဆုံးအေထာက္အထားေတြအေနနဲ႕ ေတြနိုင္တာကေတာ့

ကုန္းေဘာင္ ေခတ္ ေ႐ြတိုက္ေတာ္တြင္ထားရွိရတဲ့ ေ႐ႊနန္းစဥ္လက္သုံးပုရပိုက္ျဖဴ ျဖစ္ပါတယ္။

ဒီပုရပိုက္ျဖဴထဲမွာ “လူေမ်ာက္ငေ႐ႊေမာင္၊ ကိႏၵရာအေသေျခာက္၊ နဂါးဂဠုန္အေသေျခာက္၊ ေရသူမ၊နဂါးငါးေကာင္၊ ကြၽန္းဖိုကြၽန္းမပင္ စတဲ့အေၾကာင္းအရာေတြနဲ႕အတူ လူေငါင္းပုံမ်ားလည္း ပါ၀င္တယ္လို႔သိရပါတယ္။””

၎သတၱဝါသည္ ေျခတဆစ္လက္တဆစ္သာရွိေသာေၾကာင့္ လူကဲ့သို႔ ေကြး၍မရေခ်။

သို႔ေသာ္အလြန္အေျပးသန္သည္။ကမာၻေပၚတြင္ အေျပးအသန္ဆုံးျဖစ္သည္ဟုသိရသည္ ။

၎တို႔ကိုဖမ္းဆီးရန္မွာ ၎တို႔က်က္စားရာပါတ္ဝန္းက်င္ေတာင္ေစာင္းတေနရာတြင္ဝါးဖက္ (ဝါးပိုးဖက္)မ်ားကိုခင္းထားရၿပီး ဖက္ခင္းထားသည့္ေတာင္ေစာင္းဘက္သို႔၎တို႔ကို ေမာင္းႏွင္လိုက္
သည့္အခါ ၎တို႔သည္ ဖက္မ်ားကိုနင္းမိကာ ေျခေခ်ာ္ကာေတာင္ေအာက္သို႔လိမ့္က်သြားတတ္ပါတယ္။

ထိုအခါမ်ိဳးမွာ ေတာင္ေအာက္မွေစာင့္၍ ဖမ္းရပါတယ္။ ၎ေငါင္းေကာင္သည္ လဲက်ရာမွထ လိုလွ်င္
သစ္ပင္ငယ္ေလးမ်ားရွိရာသို႔လူးလွိမ့္ၿပီး ထိုသစ္ပင္ငယ္ေလးမ်ားကို ကိုင္တြယ္ဆြဲယူၿပီးထ ၾကရပါတယ္။ ၎တို႔ လဲက်ရာမွ မထ နိုင္မွီ အမိဖမ္းရတယ္လို႔ သိရပါတယ္။

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ နမၼတီးအေနာက္ဘက္၊ နႏြယ္႐ြာကမေလးမွ ေဒၚစိန္ပုက လယ္သမားမ်ား ဆည္ပိတ္ထားသည္ကို လာေဖာက္သည့္ ေငါင္းတစ္ေကာင္အေၾကာင္း ၾကားခဲ့ဘူးၿပီး ၊

လယ္သမားမ်ား ခ်ထားေသာ ငွက္ေပ်ာ္ဖတ္ေပၚ ေခ်ာ္လဲ၍ ဖမ္းမိသည္။ ေငါင္းသည္ ငွက္ မဟုတ္ေပ၊ အေတာင္ပံမပါေခ်၊ အရပ္ငါးေပေက်ာ္သည္၊ ခါးေက်ာအဆစ္လုံး၀ မရွိေပ။

ရွမ္းဘာသာစကား အရ ေငါင္းကိုကာပူးဒြန္းဟုေခၚပါတယ္။

ကာ=အနီးအနားတြင္ေနသည္။ပူ=အဖိုး။ ဒြန္း=ကုပ္ခိုင္းသည္။

ျမန္မာလိုဆီေလ်ာ္ေအာင္ျပန္မည္ဆိုပါက

ေတာစပ္အနီးတြင္ေနထိုင္ၿပီး ကုပ္ခိုင္းေသာအဖိုးအိုဟုျဖစ္မည္ထင္သည္။

(ပုံထဲက အေကာင္ကေတာ့ ေျခႏွစ္ေခ်ာင္းပါဝင္ၿပီး ဒူးေကြးလို႔ ရတာကိုေတြ႕ရပါတယ္ ။ ဒါေၾကာင့္ ေငါင္း (သို႔) မ်ိဳးႏြယ္ကြဲသာျဖစ္ပါလိမ့္မယ္) ခရက္ဒစ္