သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ
ဆင်သမားတစ်ယောက် ဆင်စီးရင်း ချောင်းနိမ့်တစ်ခုကို ဖြတ်ရာတွင် ဒုက္ခလှလှ တွေ့နေသည်။ ဆင်ကိုချွန်းနှင့် ဘယ်လိုဆွဆွ၊ ပါးစပ်မှအော်ပြီးဘယ်လိုလှန့်လှန့် ဆင်က ချောင်းကိုမဖြတ်၊ ချောင်းစပ်တွင်သာ ရပ်၍ တဝူးဝူး အော်နေသည်။
ဘာကြောင့်ပါလိမ့်? မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်တောနယ်မြေ တချို့တဝက်တွင် ဆင်သမားများ (ဆင်စခန်းတွင် အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ) အကြား အပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုး ရှိပါတယ်။
ထိုသတ္တဝါဟာ ကြီးကြီးမားမား အကောင်မျိုး မဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင် ကောင်းပါသေးတယ်။ ဒါပေမဲ့လျှော့တွက်လို့ မရပါ။
ပါးစပ်ရာဇဝင်တွေအရ ဒီအကောင်ကြောင့် လူသေမှုများ ရှိခဲ့တဲ့အပြင် ဆင်တစ်ကောင်လုံးကိုပါ တုန်းခနဲ လဲသွားစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်တဲ့။
အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဆင်တွေနဲ့ တထေရာတည်း တူပြီး လက်တဆုပ်သာသာအရွယ်အစားပဲ ရှိပါတယ်။
ဟုတ်ပါတယ်၊ သူတို့ကတော့ အများက ရေဆင်လို့ သိကြတဲ့ ချစ်စရာ ဒဏ္ဍာရီဆန်ဆန် သတ္တဝါလေးတွေပဲ ဖြစ်ပါတယ်။
ရေဆင်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်ဆိုတဲ့ မျက်မြင်သက်သေတွေရဲ့ အချက်အလက်တွေကို ကြည့်ရအောင်။
၁၉၇၀၊ သြဂုတ်လ ၁၃ ရက်၊ လုပ်သားပြည်သူ့နေ့စဥ် သတင်းစာမှာ ရေဆင်နှစ်ကောင် ဖမ်းမိတဲ့ သတင်း ပါလာခဲ့ပါတယ်။
သံတွဲမြို့မှာနေတဲ့ တိကုဆရာဝန် ဦးဘမြိုင်ဟာ ပေါက်တောမြို့၊ ဘရွန်ဂါကျွန်းအုပ်စုထဲမှာ ပါတဲ့ ဆံတော်ရှင်ကျွန်းတောင်ဘက်ကမ်းမှာ ရေဆင်အမတစ်ကောင်၊ တောင်ကုတ်မြို့၊ မဒင်ကျွန်း၊ ငဆောက်ကျေးရွာ အနောက်ဘက်မှာ ရေဆင်အထီးတစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းပါ။
နောက်တစ်ခုက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာကိုယ်တိုင် ပျဥ်းမနား၊ တောင်တွင်းကြီးနယ်၊ ပဲခူးရိုးမအနောက်ဘက် သစ်တောအတွင်း ကျောက်ရေအိုင်တစ်ခုမှ ရေဆင်အရှင် တစ်ကောင် ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါသေးတယ်။
ဒါ့အပြင် ရေဆင်ကို မြင်တယ်၊ဖမ်းမိတယ်ဆိုတဲ့ သတင်းတွေကလည်း စိတ်ဝင်စားသူတွေရဲ့ နားမှာ ကွက်စိပ်ကြားနေရပါတယ်။
ကျွန်တော် စာရေးသူ ကိုယ်တိုင် ရေဆင်ဖမ်းမိခဲ့တဲ့ အမည်မဖော်လိုသူ တစ်ယောက်ဆီက မေးမြန်းရရှိတဲ့ အချက်အလက်တွေကို တင်ပြပါမယ်။
သူဟာ မြန်မာပြည်အနှံ့ ခရီးသွားလာတတ်သူ ဖြစ်ပြီး ဆင်စခန်း တချို့နှင့်လည်း အဆက်အသွယ် ရှိဖူးသူ ဖြစ်ပါတယ်။
သူပြောပြတဲ့ စကားအရ ကချင်ပြည်နယ်ဘက်မှာ ရေဆင်အထီးနှင့် အမ အရှင်နှစ်ကောင် ဖမ်းမိခဲ့ပြီး၊ ကန်ထဲထည့်ထားရာက နှစ်ရက်၊ သုံးရက်နေတော့ သေသွားတယ်လို့ ဆိုပါတယ်။
ရေဆင်အထီးမှာ မီးခြစ်ဆံချောင်းခန့်အစွယ်ရှိပြီး အထက်အောက် အံသွားပါပါတယ်။ ဆင်ထီးကဲ့သို့ အင်္ဂါလည်း ပါတယ်လို့ ဆိုပါတယ်။
ရေဆင် အမကတော့ အစွယ်မပါပေမဲ့ အထက်အောက် အံသွားတွေ ပါပါတယ်။ အရောင်မွဲခြောက်ခြောက် ရှိပြီး ဆင်မအင်္ဂါ ပါတယ်လို့ ဆိုပါတယ်။
တစ်ခုရှိတာက ရေဆင်ရဲ့ခြေထောက်တွေက ဆင်ခြေထောက်နဲ့ မတူဘဲ ခြေချောင်းငယ်လေးတွေ ပါပြီး ကြွက်ခြေထောက်နဲ့ တူပါတယ်။
ရေဆင်ကို ဖမ်းတဲ့အခါ ငှက်ပျောတုံးကိုဆင်ချီးသုတ်ပြီး ရေဆင်ရှိမယ် ထင်တဲ့ နေရာမှာ ချလိုက်ရင် ရေဆင်က အစွယ်နဲ့ ပြေးထိုးပြီးငှက်ပျောတုံးမှာ စိုက်ပါလာတယ်လို့ ဆိုပါတယ်။ ရေဆင်တွေ ဆင်ကို ဘယ်လောက်မုန်းလဲဆိုတာ သိသာပါတယ်။
ဒါ့အပြင် အဲ့ဒီလူရဲ့စမ်းသပ်ပြချက်အရ ရေဆင်အသေခြောက်ကို ဆင်တွေ နားယူသွားတဲ့အခါ ဆင်ဟာ နောက်ကို တအားဆုတ်ပါတော့တယ်။
ဆင်တွေက ရေဆင်ကို တအား ကြောက်ပါတယ်။ တချို့ ဆင်ဦးစီးတွေဆို ရေဆင်အစွယ်ကို ဆွဲကြိုးလုပ်ပြီး ဝတ်ထားရင် ဘယ်ဆင်မဆို အဲ့ဆင်ဦးစီးကို ကြောက်ကြပါတယ်။ ခိုင်းသမျှ လုပ်ပေးတတ်ပါတယ်။
ရေဆင်အစွယ်ဟာ တန်ဖိုးအရမ်းကြီးပြီး ထိုင်းက လူဆိုးဂိုဏ်း ခေါင်းဆောင်တချို့ဟာ ရေဆင်စွယ်ကို အန္တရာယ်ကင်း အဆောင်အဖြစ် ဆောင်ထားတတ်ကြတယ်လို့ သိရပါတယ်။
ဟုတ်ပါပြီ။ ဒါကတော့ ရေဆင်အကြောင်း အပေါ်ယံ အမြင်တွေပါ။ အခုရေဆင်ကို ရှုထောင့်တစ်ခုကနေ ကြည့်ရအောင် လက်တစ်ဆုပ်သာသာရှိတဲ့ အရွယ်ရောက်ပြီးသားဆင်ဆိုတာ တွေးကြည့်ရင် တော်တော် အံ့သြဖို့ ကောင်းပါတယ်။
ဒါ့အပြင် ရေမှာ ပါနေတယ်ဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်း နေပြီပေါ့။ အခု ကျွန်တော်တို့ ဒဏ္ဍာရီတွေ ခဏမေ့ထားပြီး ရိုးရိုးလေး စဥ်းစားကြည့်ရအောင်။
ရေဆင်ကို ပုံသဏ္ဍာန်အရ ကြည့်မယ်ဆို အမွှေးတွေ ပါဝင်ပြီး ကြွက်လို၊ ဆင်လို ပုံရှိတာကြောင့် သွေးနွေးသတ္တဝါ၊ နို့တိုက်သတ္တဝါ အဖြစ်သတ်မှတ်လို့ ရပါတယ်။ အုပ်စုဖွဲ့နေတတ်တဲ့ အကျင့်ရှိပါတယ်။ ရေညှိရေမှော်တွေ စားပါတယ်။
Charle Darwin ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီကို ထောက်ပြီး ပြောပါမယ်။ ရေမှာ အကြာကြီး နေနိုင်တဲ့ကြွက်တွေကို မြင်ဖူးကြပါသလား။ တချို့ ကြွက်မျိုးစိတ်တွေဟာ ရေမှာအကြာကြီး ငုပ်နိုင်ကြပါတယ်။
အရမ်းအေးတဲ့ ဒေသတွေက ခဲနေတဲ့ရေခဲကန် မျက်နှာပြင်တွေအောက်က ရေခဲရေတွေထဲမှာ အကြာကြီး ငုပ်လျှိုးသွားလာနိုင်တဲ့ ကြွက်မျိုးစိတ်တွေတောင် ရှိပါသေးတယ်။
ဒီကြွက်တွေက ရေကန်တွေ၊ အိုင်တွေနားမှာ နေကြပြီး ရေကန်ထဲက ပိုးမွှားလေးတွေ၊ ပုစဥ်းသားလောင်းတွေ၊ အပင်တွေနဲ့ ငါးသေးသေးလေးတွေကို ဖမ်းဆီးစားသောက်ကြပါတယ်။
သူတို့အတွက် အစာအရင်းအမြစ်ဟာ ကုန်းမှာထက် ရေမှာ ပိုများနေတာကြောင့် တစ်ကြောင်း၊ သူတို့ကို အန္တရာယ်ပြုမယ့် သတ္တဝါတွေဟာ ရေထဲမှာ အလွန်နည်းတာကြောင့် တစ်ကြောင်းကြောင့် ကုန်းကနေ ရေကို တဖြည်းဖြည်း ပြောင်းလာကြပါတယ်။
ဒီလိုနဲ့ အလေ့အကျင့်တွေ၊ စားသောက်နေထိုင်မှု စရိုက်တွေ တဖြည်းဖြည်း လိုက်ပြောင်းလာပြီး ရေမှာနေနိုင်တဲ့ မျိုးစိတ်အဖြစ် ဆင့်ကဲ ပြောင်းလဲလာကြပါတယ်။
ကြွက်ကနေ ရေဆင်ပုံကို ဘယ်လိုဆင့်ကဲပြောင်းလဲမလဲ ကြွက်ဟာ ရေမှာ အနေများတဲ့အခါ ရေမျက်နှာပြင်ကိုတက်ပြီး ခဏခဏ အသက်ရှူရပါတယ်။
ဒီအတွက် သူတို့နှာတံဟာ ပိုပြီးအဆင်ပြေပြေ အသက်ရှူနိုင်ဖို့၊ ရေမျက်နှာပြင် အထက်ထိ မတက်ပဲ အသက်ရှူနိုင်ဖို့အတွက် ရှည်ထွက်လာပြီး ဆင်နှာမောင်းတစ်ခုအသွင် ဆင့်ကဲ ပြောင်းလဲလာတာ ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် နှာမောင်းထွက်ရခြင်းရည်ရွယ်ချက်မှာ ရေညှိရေမှော်ပင်တွေကို လွယ်ကူစွာ နှုတ်ယူစားသောက်နိုင်ဖို့နဲ့ အခြားသောရည်ရွယ်ချက်တွေ ရှိပါလိမ့်ဦးမယ်။
ကမ်းပါးနံရံမှာ တွင်းတွေတူးဖို့၊ ရေညှိရေမှော်တွေ ထိုးကော်စားဖို့ ကုန်းပေါ်မှာထက် ရေမှာက သွား၊ အစွယ်ကိုအသုံးချရမှု များတာကြောင့် အစွယ်ဟာ သာမာန်ထက် ရှည်ထွက်လာမယ်။
ဒါ့အပြင် ပြင်ပအန္တရာယ်တွေကို ကာကွယ်ဖို့ အစွယ်တွေ ရှိထားရပါလိမ့်မယ်။ အမတွေကတော့ မျိုးပွားဖို့ကို ပိုအားစိုက်ရတဲ့အတွက် တိုက်ဖို့ ခိုက်ဖို့၊ အစာရှာဖို့ဆိုတာသူတို့အဖို့ ပဓါနမဟုတ်တာကြောင့် အစွယ်မရှိတာဖြစ်ပါလိမ့်မယ်။
ကြီးမားကျယ်ပြန့်တဲ့ နားရွက်တွေက ရေကူးဖို့ လွယ်အောင် ဆင့်ကဲပြောင်းလဲလာမယ်။ ခြေချောင်းလေးတွေကြား အဆက်ကလေးတွေဖြစ်လာပြီး ရေကူးဖို့ အသုံးဝင်လာမယ်။ အတွင်းပိုင်းက အဆုတ်ရဲ့ လေဝင်နိုင်စွမ်း ကောင်းလာမယ်။
တခြား ပြောင်းလဲမှုတွေလည်း ရှိမယ်။ ဒါက ကြွက်တစ်ကောင် ရေဆင်ပုံစံ ဘယ်လို ပြောင်းလာနိုင်သလဲဆိုတဲ့ ဖြစ်နိုင်ချေတွေပေါ့။
ဒါကတော့ ရေဆင်အပေါ် ကျွန်တော့်အမြင်သက်သက်ပါ။ ဒဏ္ဍာရီတွေ ဘာတွေညာတွေ မပါပဲနဲ့ပေါ့။ ဘာကြောင့် ရေဆင်တွေက ဆင်တွေကိုရန်လိုလဲ။
ဆင်တွေက ရေဆင်တွေကို ဘာလို့ကြောက်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ရေဆင်စွယ်က အဆိပ်အကြောင်းကတော့ ဆက်စဥ်းစားဖို့ ပြသနာတွေပေါ့ဗျာ။
ကဲပါ အခု ဖော်ပြခဲ့တာတွေကတော့ ရေဆင်အကြောင်းကို ထုံးစံအတိုင်း ယူဆချက်လေးတွေ၊ ဖြစ်နိုင်ချေလေးတွေ ညှပ်ပြီး ဖော်ပြခဲ့တာပါ။ အထူးကျေးဇူးတင်ပါတယ်။ခရက်ဒစ်
Zawgyi
သိန္းေထာင္ခ်ီတန္ဖိုးရွိတဲ့ ေရဆင္အေၾကာင္း သိေကာင္းစရာ
ဆင္သမားတစ္ေယာက္ ဆင္စီးရင္း ေခ်ာင္းနိမ့္တစ္ခုကို ျဖတ္ရာတြင္ ဒုကၡလွလွ ေတြ႕ေနသည္။ ဆင္ကိုခြၽန္းႏွင့္ ဘယ္လိုဆြဆြ၊ ပါးစပ္မွေအာ္ၿပီးဘယ္လိုလွန့္လွန့္ ဆင္က ေခ်ာင္းကိုမျဖတ္၊ ေခ်ာင္းစပ္တြင္သာ ရပ္၍ တဝူးဝူး ေအာ္ေနသည္။
ဘာေၾကာင့္ပါလိမ့္? ျမန္မာနိုင္ငံ အထက္ပိုင္း ကခ်င္ျပည္နယ္တဝိုက္ႏွင့္ ထိုင္းနိုင္ငံအတြင္း သစ္ေတာနယ္ေျမ တခ်ိဳ႕တဝက္တြင္ ဆင္သမားမ်ား (ဆင္စခန္းတြင္ အလုပ္လုပ္ကိုင္သူမ်ား၊ ဆင္ဦးစီးမ်ား) အၾကား အေျပာမ်ားတဲ့ ဒ႑ာရီဆန္ဆန္ သတၱဝါတစ္မ်ိဳး ရွိပါတယ္။
ထိုသတၱဝါဟာ ႀကီးႀကီးမားမား အေကာင္မ်ိဳး မဟုတ္တဲ့အျပင္ အသြင္သ႑ာန္မွာ ခ်စ္စရာပင္ ေကာင္းပါေသးတယ္။ ဒါေပမဲ့ေလွ်ာ့တြက္လို႔ မရပါ။
ပါးစပ္ရာဇဝင္ေတြအရ ဒီအေကာင္ေၾကာင့္ လူေသမႈမ်ား ရွိခဲ့တဲ့အျပင္ ဆင္တစ္ေကာင္လုံးကိုပါ တုန္းခနဲ လဲသြားေစနိုင္ေလာက္ေအာင္ အဆိပ္ျပင္းပါတယ္တဲ့။
အထူးဆန္းဆုံးအခ်က္က သူတို႔ဟာ ကုန္းသတၱဝါေတြထဲမွာ အႀကီးဆုံးျဖစ္တဲ့ ဆင္ေတြနဲ႕ တေထရာတည္း တူၿပီး လက္တဆုပ္သာသာအ႐ြယ္အစားပဲ ရွိပါတယ္။
ဟုတ္ပါတယ္၊ သူတို႔ကေတာ့ အမ်ားက ေရဆင္လို႔ သိၾကတဲ့ ခ်စ္စရာ ဒ႑ာရီဆန္ဆန္ သတၱဝါေလးေတြပဲ ျဖစ္ပါတယ္။
ေရဆင္ကို ကိုယ္တိုင္ေတြ႕ျမင္ခဲ့ရတယ္ဆိုတဲ့ မ်က္ျမင္သက္ေသေတြရဲ႕ အခ်က္အလက္ေတြကို ၾကည့္ရေအာင္။
၁၉၇၀၊ ၾသဂုတ္လ ၁၃ ရက္၊ လုပ္သားျပည္သူ႕ေန႕စဥ္ သတင္းစာမွာ ေရဆင္ႏွစ္ေကာင္ ဖမ္းမိတဲ့ သတင္း ပါလာခဲ့ပါတယ္။
သံတြဲၿမိဳ႕မွာေနတဲ့ တိကုဆရာဝန္ ဦးဘၿမိဳင္ဟာ ေပါက္ေတာၿမိဳ႕၊ ဘ႐ြန္ဂါကြၽန္းအုပ္စုထဲမွာ ပါတဲ့ ဆံေတာ္ရွင္ကြၽန္းေတာင္ဘက္ကမ္းမွာ ေရဆင္အမတစ္ေကာင္၊ ေတာင္ကုတ္ၿမိဳ႕၊ မဒင္ကြၽန္း၊ ငေဆာက္ေက်း႐ြာ အေနာက္ဘက္မွာ ေရဆင္အထီးတစ္ေကာင္ ဖမ္းမိခဲ့တယ္ဆိုတဲ့ သတင္းပါ။
ေနာက္တစ္ခုက ရဲေဘာ္သုံးက်ိပ္ဝင္ ဗိုလ္တာရာကိုယ္တိုင္ ပ်ဥ္းမနား၊ ေတာင္တြင္းႀကီးနယ္၊ ပဲခူးရိုးမအေနာက္ဘက္ သစ္ေတာအတြင္း ေက်ာက္ေရအိုင္တစ္ခုမွ ေရဆင္အရွင္ တစ္ေကာင္ ဖမ္းမိခဲ့တယ္ဆိုတဲ့ သတင္းလည္း ထြက္ခဲ့ပါေသးတယ္။
ဒါ့အျပင္ ေရဆင္ကို ျမင္တယ္၊ဖမ္းမိတယ္ဆိုတဲ့ သတင္းေတြကလည္း စိတ္ဝင္စားသူေတြရဲ႕ နားမွာ ကြက္စိပ္ၾကားေနရပါတယ္။
ကြၽန္ေတာ္ စာေရးသူ ကိုယ္တိုင္ ေရဆင္ဖမ္းမိခဲ့တဲ့ အမည္မေဖာ္လိုသူ တစ္ေယာက္ဆီက ေမးျမန္းရရွိတဲ့ အခ်က္အလက္ေတြကို တင္ျပပါမယ္။
သူဟာ ျမန္မာျပည္အႏွံ႕ ခရီးသြားလာတတ္သူ ျဖစ္ၿပီး ဆင္စခန္း တခ်ိဳ႕ႏွင့္လည္း အဆက္အသြယ္ ရွိဖူးသူ ျဖစ္ပါတယ္။
သူေျပာျပတဲ့ စကားအရ ကခ်င္ျပည္နယ္ဘက္မွာ ေရဆင္အထီးႏွင့္ အမ အရွင္ႏွစ္ေကာင္ ဖမ္းမိခဲ့ၿပီး၊ ကန္ထဲထည့္ထားရာက ႏွစ္ရက္၊ သုံးရက္ေနေတာ့ ေသသြားတယ္လို႔ ဆိုပါတယ္။
ေရဆင္အထီးမွာ မီးျခစ္ဆံေခ်ာင္းခန့္အစြယ္ရွိၿပီး အထက္ေအာက္ အံသြားပါပါတယ္။ ဆင္ထီးကဲ့သို႔ အဂၤါလည္း ပါတယ္လို႔ ဆိုပါတယ္။
ေရဆင္ အမကေတာ့ အစြယ္မပါေပမဲ့ အထက္ေအာက္ အံသြားေတြ ပါပါတယ္။ အေရာင္မြဲေျခာက္ေျခာက္ ရွိၿပီး ဆင္မအဂၤါ ပါတယ္လို႔ ဆိုပါတယ္။
တစ္ခုရွိတာက ေရဆင္ရဲ႕ေျခေထာက္ေတြက ဆင္ေျခေထာက္နဲ႕ မတူဘဲ ေျခေခ်ာင္းငယ္ေလးေတြ ပါၿပီး ႂကြက္ေျခေထာက္နဲ႕ တူပါတယ္။
ေရဆင္ကို ဖမ္းတဲ့အခါ ငွက္ေပ်ာတုံးကိုဆင္ခ်ီးသုတ္ၿပီး ေရဆင္ရွိမယ္ ထင္တဲ့ ေနရာမွာ ခ်လိဳက္ရင္ ေရဆင္က အစြယ္နဲ႕ ေျပးထိုးၿပီးငွက္ေပ်ာတုံးမွာ စိုက္ပါလာတယ္လို႔ ဆိုပါတယ္။ ေရဆင္ေတြ ဆင္ကို ဘယ္ေလာက္မုန္းလဲဆိုတာ သိသာပါတယ္။
ဒါ့အျပင္ အဲ့ဒီလူရဲ႕စမ္းသပ္ျပခ်က္အရ ေရဆင္အေသေျခာက္ကို ဆင္ေတြ နားယူသြားတဲ့အခါ ဆင္ဟာ ေနာက္ကို တအားဆုတ္ပါေတာ့တယ္။
ဆင္ေတြက ေရဆင္ကို တအား ေၾကာက္ပါတယ္။ တခ်ိဳ႕ ဆင္ဦးစီးေတြဆို ေရဆင္အစြယ္ကို ဆြဲႀကိဳးလုပ္ၿပီး ဝတ္ထားရင္ ဘယ္ဆင္မဆို အဲ့ဆင္ဦးစီးကို ေၾကာက္ၾကပါတယ္။ ခိုင္းသမွ် လုပ္ေပးတတ္ပါတယ္။
ေရဆင္အစြယ္ဟာ တန္ဖိုးအရမ္းႀကီးၿပီး ထိုင္းက လူဆိုးဂိုဏ္း ေခါင္းေဆာင္တခ်ိဳ႕ဟာ ေရဆင္စြယ္ကို အႏၲရာယ္ကင္း အေဆာင္အျဖစ္ ေဆာင္ထားတတ္ၾကတယ္လို႔ သိရပါတယ္။
ဟုတ္ပါၿပီ။ ဒါကေတာ့ ေရဆင္အေၾကာင္း အေပၚယံ အျမင္ေတြပါ။ အခုေရဆင္ကို ရႈေထာင့္တစ္ခုကေန ၾကည့္ရေအာင္ လက္တစ္ဆုပ္သာသာရွိတဲ့ အ႐ြယ္ေရာက္ၿပီးသားဆင္ဆိုတာ ေတြးၾကည့္ရင္ ေတာ္ေတာ္ အံ့ၾသဖို႔ ေကာင္းပါတယ္။
ဒါ့အျပင္ ေရမွာ ပါေနတယ္ဆိုေတာ့ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္း ေနၿပီေပါ့။ အခု ကြၽန္ေတာ္တို႔ ဒ႑ာရီေတြ ခဏေမ့ထားၿပီး ရိုးရိုးေလး စဥ္းစားၾကည့္ရေအာင္။
ေရဆင္ကို ပုံသ႑ာန္အရ ၾကည့္မယ္ဆို အေမႊးေတြ ပါဝင္ၿပီး ႂကြက္လို၊ ဆင္လို ပုံရွိတာေၾကာင့္ ေသြးေႏြးသတၱဝါ၊ နို႔တိုက္သတၱဝါ အျဖစ္သတ္မွတ္လို႔ ရပါတယ္။ အုပ္စုဖြဲ႕ေနတတ္တဲ့ အက်င့္ရွိပါတယ္။ ေရညွိေရေမွာ္ေတြ စားပါတယ္။
Charle Darwin ရဲ႕ ဆင့္ကဲေျပာင္းလဲမႈ သီအိုရီကို ေထာက္ၿပီး ေျပာပါမယ္။ ေရမွာ အၾကာႀကီး ေနနိုင္တဲ့ႂကြက္ေတြကို ျမင္ဖူးၾကပါသလား။ တခ်ိဳ႕ ႂကြက္မ်ိဳးစိတ္ေတြဟာ ေရမွာအၾကာႀကီး ငုပ္နိုင္ၾကပါတယ္။
အရမ္းေအးတဲ့ ေဒသေတြက ခဲေနတဲ့ေရခဲကန္ မ်က္ႏွာျပင္ေတြေအာက္က ေရခဲေရေတြထဲမွာ အၾကာႀကီး ငုပ္လွ်ိုးသြားလာနိုင္တဲ့ ႂကြက္မ်ိဳးစိတ္ေတြေတာင္ ရွိပါေသးတယ္။
ဒီႂကြက္ေတြက ေရကန္ေတြ၊ အိုင္ေတြနားမွာ ေနၾကၿပီး ေရကန္ထဲက ပိုးမႊားေလးေတြ၊ ပုစဥ္းသားေလာင္းေတြ၊ အပင္ေတြနဲ႕ ငါးေသးေသးေလးေတြကို ဖမ္းဆီးစားေသာက္ၾကပါတယ္။
သူတို႔အတြက္ အစာအရင္းအျမစ္ဟာ ကုန္းမွာထက္ ေရမွာ ပိုမ်ားေနတာေၾကာင့္ တစ္ေၾကာင္း၊ သူတို႔ကို အႏၲရာယ္ျပဳမယ့္ သတၱဝါေတြဟာ ေရထဲမွာ အလြန္နည္းတာေၾကာင့္ တစ္ေၾကာင္းေၾကာင့္ ကုန္းကေန ေရကို တျဖည္းျဖည္း ေျပာင္းလာၾကပါတယ္။
ဒီလိုနဲ႕ အေလ့အက်င့္ေတြ၊ စားေသာက္ေနထိုင္မႈ စရိုက္ေတြ တျဖည္းျဖည္း လိုက္ေျပာင္းလာၿပီး ေရမွာေနနိုင္တဲ့ မ်ိဳးစိတ္အျဖစ္ ဆင့္ကဲ ေျပာင္းလဲလာၾကပါတယ္။
ႂကြက္ကေန ေရဆင္ပုံကို ဘယ္လိုဆင့္ကဲေျပာင္းလဲမလဲ ႂကြက္ဟာ ေရမွာ အေနမ်ားတဲ့အခါ ေရမ်က္ႏွာျပင္ကိုတက္ၿပီး ခဏခဏ အသက္ရႉရပါတယ္။
ဒီအတြက္ သူတို႔ႏွာတံဟာ ပိုၿပီးအဆင္ေျပေျပ အသက္ရႉနိုင္ဖို႔၊ ေရမ်က္ႏွာျပင္ အထက္ထိ မတက္ပဲ အသက္ရႉနိုင္ဖို႔အတြက္ ရွည္ထြက္လာၿပီး ဆင္ႏွာေမာင္းတစ္ခုအသြင္ ဆင့္ကဲ ေျပာင္းလဲလာတာ ျဖစ္ပါလိမ့္မယ္။
ဒါ့အျပင္ ႏွာေမာင္းထြက္ရျခင္းရည္႐ြယ္ခ်က္မွာ ေရညွိေရေမွာ္ပင္ေတြကို လြယ္ကူစြာ ႏႈတ္ယူစားေသာက္နိုင္ဖို႔နဲ႕ အျခားေသာရည္႐ြယ္ခ်က္ေတြ ရွိပါလိမ့္ဦးမယ္။
ကမ္းပါးနံရံမွာ တြင္းေတြတူးဖို႔၊ ေရညွိေရေမွာ္ေတြ ထိုးေကာ္စားဖို႔ ကုန္းေပၚမွာထက္ ေရမွာက သြား၊ အစြယ္ကိုအသုံးခ်ရမႈ မ်ားတာေၾကာင့္ အစြယ္ဟာ သာမာန္ထက္ ရွည္ထြက္လာမယ္။
ဒါ့အျပင္ ျပင္ပအႏၲရာယ္ေတြကို ကာကြယ္ဖို႔ အစြယ္ေတြ ရွိထားရပါလိမ့္မယ္။ အမေတြကေတာ့ မ်ိဳးပြားဖို႔ကို ပိုအားစိုက္ရတဲ့အတြက္ တိုက္ဖို႔ ခိုက္ဖို႔၊ အစာရွာဖို႔ဆိုတာသူတို႔အဖို႔ ပဓါနမဟုတ္တာေၾကာင့္ အစြယ္မရွိတာျဖစ္ပါလိမ့္မယ္။
ႀကီးမားက်ယ္ျပန့္တဲ့ နား႐ြက္ေတြက ေရကူးဖို႔ လြယ္ေအာင္ ဆင့္ကဲေျပာင္းလဲလာမယ္။ ေျခေခ်ာင္းေလးေတြၾကား အဆက္ကေလးေတြျဖစ္လာၿပီး ေရကူးဖို႔ အသုံးဝင္လာမယ္။ အတြင္းပိုင္းက အဆုတ္ရဲ႕ ေလဝင္နိုင္စြမ္း ေကာင္းလာမယ္။
တျခား ေျပာင္းလဲမႈေတြလည္း ရွိမယ္။ ဒါက ႂကြက္တစ္ေကာင္ ေရဆင္ပုံစံ ဘယ္လို ေျပာင္းလာနိုင္သလဲဆိုတဲ့ ျဖစ္နိုင္ေခ်ေတြေပါ့။
ဒါကေတာ့ ေရဆင္အေပၚ ကြၽန္ေတာ့္အျမင္သက္သက္ပါ။ ဒ႑ာရီေတြ ဘာေတြညာေတြ မပါပဲနဲ႕ေပါ့။ ဘာေၾကာင့္ ေရဆင္ေတြက ဆင္ေတြကိုရန္လိုလဲ။
ဆင္ေတြက ေရဆင္ေတြကို ဘာလို႔ေၾကာက္လဲဆိုတဲ့ ေမးခြန္းေတြနဲ႕ ေရဆင္စြယ္က အဆိပ္အေၾကာင္းကေတာ့ ဆက္စဥ္းစားဖို႔ ျပသနာေတြေပါ့ဗ်ာ။
ကဲပါ အခု ေဖာ္ျပခဲ့တာေတြကေတာ့ ေရဆင္အေၾကာင္းကို ထုံးစံအတိုင္း ယူဆခ်က္ေလးေတြ၊ ျဖစ္နိုင္ေခ်ေလးေတြ ညွပ္ၿပီး ေဖာ္ျပခဲ့တာပါ။ အထူးေက်းဇူးတင္ပါတယ္။ခရက္ဒစ္