Uncategorized

ချီလီနိုင်ငံမြောက်ပိုင်း၌ ဆန်းကြယ်သောဧရာမမြေတွင်းနက်ကြီးတွေ့ရှိ

ချီလီနိုင်ငံမြောက်ပိုင်း၌ ဆန်းကြယ်သောဧရာမမြေတွင်းနက်ကြီးတွေ့ရှိ

ချီလီနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပေါ်လျက်ရှိသည့် ဧရာမမြေတွင်းနက်ကြီးကို သိပ္ပံပညာရှင်များက လေ့လာစူးစမ်းနေပြီး ၎င်းတွင်းနက်ကြီးမှာ ဆက်လက်ကြီးထွားလာနေဆဲဖြစ်ကြောင်း ထိတ်လန့်နေသည့်ဒေသခံများက အခိုင်အမာပြောကြသည်။

အဆိုပါဆန်းကြယ်သောမြေတွင်းကြီးမှာ အကျယ် ၂၅ မီတာ၊ အနက်မီတာ ၂၀၀ ရှိပြီး အတ်တာကာမာဒေသတီယာရာအမ်မရီလာမြို့ဆင်ခြေဖုံးရှိ အယ်လ်ကာပါရိုဆာမိုင်းတွင်းအနီးတွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ဇူလိုင် ၃၀ ရက်မှာ အယ်လ်ကာပါရိုဆာမိုင်းတွင်းအနီးဝန်းကျင်မှာ မြေတွင်းကြီးကိုတွေ့ရကြောင်း ဒေသခံတွေရဲ့သတင်းပေးမှုကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်။”ဟုမြို့တော်ဝန်ခရစ္စတိုဘယ်ဇူနီဂါကပြောသည်။

“အဲဒါလှုပ်ရှားနေတုန်းဖြစ်ပြီး ဆက်ကြီးလာနေတုန်းပဲ။ ဒီလိုဟာမျိုး ကျွန်တော်တို့ဒေသမှာ အရင်က တစ်ခါမှမတွေဖူးဘူး။”ဟု ဇူနီဂါကဆက်လက်ပြောသည်။

အဆိုပါတွင်းနက်ကြီးမည်သည့်အတွက်ဖြစ်ပေါ်လာသည်ကို ဖော်ထုတ်ရန် အတ်တာကာမာဒေသမှ တာဝန်ရှိသူ ဂျာရာဒိုတာပီယာက အမျိုးသား ဘူမိဗေဒနှင့် သတ္တုတွင်းဌာနကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကံကောင်းထောက်မစွာဖြင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် တာဝန်ရှိသူများက ဇူလိုင် ၃၀ ရက်က စတင်တွေ့ရှိခဲ့သည့်မြေကျင်းကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့်တနင်္လာနေ့တွင် သတ္တုတွင်းလုပ်ငန်းဖြစ်သော Lundin Mining Corporation က အဆိုပါဒေသရှိ သတ္တုတွင်းလုပ်ငန်းကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တွေ့ရှိချက်အရ ဧရိယာကို ချက်ချင်း သီးခြားကန့်သတ်ထားပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပါတယ်။”ဟု ၎င်းတို့ကပြောသည်။

သို့သော်လည်း အဆိုပါဖြစ်စဉ်ကြောင့် လူများ၊ ပစ္စည်းကိရိယာများနှင့် အခြေခံအဆောက်အဦများထိခိုက်မှုမရှိခဲ့ပေ။

လက်ရှိတွင် မိုင်နီရာအိုဂျော့စ်ဒယ်လ်ဆာလာဒိုကုမ္ပဏီကနည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတစ်ခုပြုလုပ်လျက်ရှိပြီး ဖြစ်စဉ်အပေါ်ဆုံးဖြတ်ချက်ချရန် အချက်အလက်များစုဆောင်းနေသည်။

အလားတူဖြစ်စဉ်ကဲ့သို့ ပြီးခဲ့သည့်မေလတွင် သိပ္ပံပညာရှင်များက တရုတ်နိုင်ငံရှိ ပေ ၆၃၀ နက်သော ဧရာမဂူတွင်းကြီးတစ်ခုအတွင်း သစ်တောတစ်အုပ်လုံးကို ရှာဖွေတွေ့ရှိခဲ့သေးသည်။

အဆိုပါတွင်းထဲတွင် ယခင်ကရှာဖွေမတွေ့ဖူးသော မျိုးစိတ်အချို့ ပါဝင်နိုင်သည့်သက်တမ်းရင့်သစ်ပင်များနှင့် အပင်များကိုတွေ့ရသည်။

တရုတ်နိုင်ငံ၊ လီရီခရိုင်၊ ကွမ်ရှီရှောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အဆိုပါတွင်းကို ရှာဖွေသူများ မေလ ၆ ရက်က ရှာဖွေတွေ့ရှိခဲ့ပြီး အရှည် ၁,၀၀၄ ပေနှင့် အနံ ၄၉၂ ပေရှိကာ ဂူဝင်ပေါက်သုံးခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ခရက်ဒစ်

Zawgyi

ခ်ီလီနိုင္ငံေျမာက္ပိုင္း၌ ဆန္းၾကယ္ေသာဧရာမေျမတြင္းနက္ႀကီးေတြ႕ရွိ

ခ်ီလီနိုင္ငံေျမာက္ပိုင္း၌ ျဖစ္ေပၚလ်က္ရွိသည့္ ဧရာမေျမတြင္းနက္ႀကီးကို သိပၸံပညာရွင္မ်ားက ေလ့လာစူးစမ္းေနၿပီး ၎တြင္းနက္ႀကီးမွာ ဆက္လက္ႀကီးထြားလာေနဆဲျဖစ္ေၾကာင္း ထိတ္လန႔္ေနသည့္ေဒသခံမ်ားက အခိုင္အမာေျပာၾကသည္။

အဆိုပါဆန္းၾကယ္ေသာေျမတြင္းႀကီးမွာ အက်ယ္ ၂၅ မီတာ၊ အနက္မီတာ ၂၀၀ ရွိၿပီး အတ္တာကာမာေဒသတီယာရာအမ္မရီလာၿမိဳ႕ဆင္ေျခဖုံးရွိ အယ္လ္ကာပါရိုဆာမိုင္းတြင္းအနီးတြင္ ျဖစ္ေပၚေနျခင္းျဖစ္သည္။

“ဇူလိုင္ ၃၀ ရက္မွာ အယ္လ္ကာပါရိုဆာမိုင္းတြင္းအနီးဝန္းက်င္မွာ ေျမတြင္းႀကီးကိုေတြ႕ရေၾကာင္း ေဒသခံေတြရဲ႕သတင္းေပးမႈကို ကြၽန္ေတာ္တို႔လက္ခံရရွိခဲ့ပါတယ္။”ဟုၿမိဳ႕ေတာ္ဝန္ခရစၥတိုဘယ္ဇူနီဂါကေျပာသည္။

“အဲဒါလႈပ္ရွားေနတုန္းျဖစ္ၿပီး ဆက္ႀကီးလာေနတုန္းပဲ။ ဒီလိုဟာမ်ိဳး ကြၽန္ေတာ္တို႔ေဒသမွာ အရင္က တစ္ခါမွမေတြဖူးဘူး။”ဟု ဇူနီဂါကဆက္လက္ေျပာသည္။

အဆိုပါတြင္းနက္ႀကီးမည္သည့္အတြက္ျဖစ္ေပၚလာသည္ကို ေဖာ္ထုတ္ရန္ အတ္တာကာမာေဒသမွ တာဝန္ရွိသူ ဂ်ာရာဒိုတာပီယာက အမ်ိဳးသား ဘူမိေဗဒႏွင့္ သတၱဳတြင္းဌာနကို ၫႊန္ၾကားခဲ့ေၾကာင္း သိရသည္။

ကံေကာင္းေထာက္မစြာျဖင့္ ထိခိုက္ဒဏ္ရာရသူမရွိေၾကာင္းႏွင့္ တာဝန္ရွိသူမ်ားက ဇူလိုင္ ၃၀ ရက္က စတင္ေတြ႕ရွိခဲ့သည့္ေျမက်င္းကို ဆက္လက္ေစာင့္ၾကည့္လ်က္ရွိသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ၿပီးခဲ့သည့္တနလၤာေန႕တြင္ သတၱဳတြင္းလုပ္ငန္းျဖစ္ေသာ Lundin Mining Corporation က အဆိုပါေဒသရွိ သတၱဳတြင္းလုပ္ငန္းကို ရပ္ဆိုင္းထားေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

“ေတြ႕ရွိခ်က္အရ ဧရိယာကို ခ်က္ခ်င္း သီးျခားကန႔္သတ္ထားၿပီး သက္ဆိုင္ရာ အာဏာပိုင္ေတြကို အေၾကာင္းၾကားခဲ့ပါတယ္။”ဟု ၎တို႔ကေျပာသည္။

သို႔ေသာ္လည္း အဆိုပါျဖစ္စဥ္ေၾကာင့္ လူမ်ား၊ ပစၥည္းကိရိယာမ်ားႏွင့္ အေျခခံအေဆာက္အဦမ်ားထိခိုက္မႈမရွိခဲ့ေပ။

လက္ရွိတြင္ မိုင္နီရာအိုေဂ်ာ့စ္ဒယ္လ္ဆာလာဒိုကုမၸဏီကနည္းပညာပိုင္းဆိုင္ရာ ခြဲျခမ္းစိတ္ျဖာမႈတစ္ခုျပဳလုပ္လ်က္ရွိၿပီး ျဖစ္စဥ္အေပၚဆုံးျဖတ္ခ်က္ခ်ရန္ အခ်က္အလက္မ်ားစုေဆာင္းေနသည္။

အလားတူျဖစ္စဥ္ကဲ့သို႔ ၿပီးခဲ့သည့္ေမလတြင္ သိပၸံပညာရွင္မ်ားက တ႐ုတ္နိုင္ငံရွိ ေပ ၆၃၀ နက္ေသာ ဧရာမဂူတြင္းႀကီးတစ္ခုအတြင္း သစ္ေတာတစ္အုပ္လုံးကို ရွာေဖြေတြ႕ရွိခဲ့ေသးသည္။

အဆိုပါတြင္းထဲတြင္ ယခင္ကရွာေဖြမေတြ႕ဖူးေသာ မ်ိဳးစိတ္အခ်ိဳ႕ ပါဝင္နိုင္သည့္သက္တမ္းရင့္သစ္ပင္မ်ားႏွင့္ အပင္မ်ားကိုေတြ႕ရသည္။

တ႐ုတ္နိုင္ငံ၊ လီရီခရိုင္၊ ကြမ္ရွီေရွာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ အဆိုပါတြင္းကို ရွာေဖြသူမ်ား ေမလ ၆ ရက္က ရွာေဖြေတြ႕ရွိခဲ့ၿပီး အရွည္ ၁,၀၀၄ ေပႏွင့္ အနံ ၄၉၂ ေပရွိကာ ဂူဝင္ေပါက္သုံးခုကို ရွာေဖြေတြ႕ရွိခဲ့သည္။

ခရက္ဒစ္