ဗဟုသုတ

အိမ်မြှောင်တွေ စုပ်ထိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

အိမ်မြှောင်စုတ် ထိုးရင်…

အိမ်မြှောင်တွေ စုပ်ထိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

ဗဟုသုတ အနေနဲ့ပါ။ အိမ်ရှိလျှင် အိမ်မြှောင် ဆိုတာ ရှိတတ်စမြဲ။သူ့ စုတ်ထိုးသံ ကြားရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။

ဘာကြောင့် အိမ်မြှောင်စုတ်ထိုး ပါသလဲ။အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေ နဲ့ ပတ်သက် နေတတ်ကြောင်း ဆရာတော် ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။

မိဘနဲ့သားသမီး ဆရာနဲ့တပည့် လင်နဲ့မယား ဆက် ဆံရေးမှာ လိုက်လျောမှုမရှိခဲ့လျှင် တကျက်ကျက် ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။

ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေလည်းနားမခံသာ။နတ်တို့ နားမခံ သာလို့ရှောင်သွားခြင်း သို့မဟုတ် လက်ပိုက်ကြည့်နေမည်ဆိုပါက အဲဒီအိမ်စီးပွားမတတ် နေသမျှ လူစိတ်မအေးရ လာသမျှ ဧည့်သည် မဆက်ဆံချင်ဖြစ်တတ်သည်။

လူတွေအပေါ် လူအုပ်ချုပ်ရေး ရှိသလို နတ်တွေအပေါ် နတ်အုပ်ချုပ် ရေးလည်း ရှိပါတယ်… လူလူချင်း အုပ်ချုပ်တဲ့ လူ မင်းကိုတော့ လောကနတ် ခေါ်ရတယ်။ လူကို အုပ်ချုပ်တဲ့ နတ်မင်း များကိုတော့ သမ္မုတိနတ် ခေါ်ရတယ်။

လောကသုံးပါး ရှေ့ဆောင် လမ်းပြတော်မူတဲ့ ဘုရားရှင်ကိုတော့ “ဝိသုဒ္ဓိနတ်” ခေါ်ရတယ်။ အဲဒီ သမ္မုတိနတ်မျိုးထဲမှာ “ကိုယ်စောင့်နတ်” က ရပ်ကွက်အုပ်ချုပ်ရေးမင်းနဲ့ တူတယ်။”အိမ်စောင့်နတ်” က အိမ်ထောင်ဦးစီး မိဘများနဲ့ တူတယ်။

ကံထိန်း (မိမိ ဘဝရဲ့ ကောင်းကံ ဆိုးကံ မိမိစေတနာ ဖန်းတီးထားတိုင်း ကို တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က အလုပ်ရှင်နဲ့ တူတယ်။

ဥစ္စာစောင့် (မိမိရဲ့ လက်ရှိပစ္စည်း အတိတ်က မြှုပ်နှံပစ္စည်းများကို စောင့်ရှောက်ပြီး ပေးသင့်ချိန် သိမ်းသင့်ချိန် တွက်ချက်ကာ ဆုပေး ဒဏ်ပေးတဲ့) နတ်က ထိုအလုပ်ရှင်ရဲ့ ဇနီးနဲ့ တူတယ်။သားတို့ သမီးတို့က လုပ်သားတွေနဲ့ တူတယ်။

သူတို့ကူမှ စီးပွားတက်တာ သူတို့ကူလျှင် စီးပွားကျစေဦးတော့ ခွေးကျ မကျတတ်။သူတို့ကို ယုံလည်း ယုံမယ် ရိုသေလည်း ရိုသေမယ် ဆိုလျှင် သူတို့ပျော်လေရဲ့။

သူတို့ ပျော်လို့ သားတို့အပေါ်စေတနာ သက်ရောက် လာလျှင် စီးပွားရေးအဆင်ပြေ အိမ်ထောင်ရေးအခြေလှ လူမှုရေးတွေမှာ မျက်နှာပန်းလှရော။သူတို့နှောက်ယှက်လျှင်တော့ အရှက်တကွဲ အကျိုးနည်းပဲ။

အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးမှာ မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုး သံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။အချို့အိမ် ဆန်အိုးဆန်မလျှော့ ဆီအိုး ဆီမလျှော့ ဖြစ်တတ်တယ်။ နမော်နမဲ့မို့ မသိကြတာ။

တစ်ခါတစ်ရံသူထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများ လည်း ရတတ်တယ်။ အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ်။နတ်မတယ်ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။

အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။

အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့။

ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနှင့် နတ်တို့ ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ်။လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။

အိမ်မြောင်ကျနိမိတ်များ

အိမ်မြောင်၊ကြွက်၊ကင်းလိပ၊် ပုတ်သင်၊ငှက်စသည့်တိရိစ္ဆာန်များမွန်းလွဲပိုင်း၌ မိမိအနီးဝန်းကျင်သို့ပြုတ် ကျလာခြင်းကို နိမိတ်ယူခြင်းဖြစ်သည်။နေမွန်းမတည့်မီအချိန်ကိုအကျိုးအပြစ်မဆိုပါ။

~မိမိရှေ့သို့ကျလျှင်လာဘကြီးရအံ့။

~နောက်၌ ကျလျှင်အောင်မြင်အံ့။

~လက်ျာဘက်သို့ကျလျှင် အပုူဇော်ခံရအံ့။

~လက်ဝဲဘက်သို့ကျလျှင်ငြင်းခုန်ခိုက်ရန်ပွားအံ့။

~လက်ဝဲလက်ပေါ်ကျလျှင် အနှောင်အဖွဲ့ခံရအံ့။

~လက်ျာလက်ပေါ်ကျလျှင် အစားကောင်းရအံ့။

~ပုခုံး၊လက်ရုံးထက်ကျလျှင်ကြီးသူနှင့်ကွေကွင်းအံ့။

~လက်ဝဲခြေဖမိုးပေါ်ကျလျှင် အမျက်ပွားအံ့။

~လက်ျာခြေဖမိုးပေါ်ကျလျှင် ချစ်သူရအံ့။

~ခြေသလုံးထက်ကျလျှင် မြတ်သောလာဘ်ရအံ့။

~ပေါင်ထက်ကျလျှင် သားကောင်းရအံ့။

~ခါးထက်က္လြ်င်အဝတ်ပုဆိုးရအံ့။

~ချက်ပေါ်ကျလျှင်အစာရေစာပေါများအံ့။

~ရင်ထက်ကျလျှင်ရွှေငွေရတနာရအံ့။

~သားမြတ်ထက်ကျလျှင် သမီးကညာဝင်အံ့။

~လည်ထက်ကျလျှင် အဘိုးထိုက်ရတနာဝတ်ရအံ့။

~မေး၊မုတ်ဆိတ်ထက်ကျလျှင် ဇနီး/ခင်ပွန်းရအံ့။

~ပါး၊နားပေါ်ကျလျှင်ငယ်သူနှင့်ကွေကွင်းအံ့။

~ဦးခေါင်းထက်ကျလျှင်အကြီးအကဲဖြစ်အံ့။

~ကျောထက်ကျလျှင် အနာရောဂါဖြစ်အံ့။

မကောင်းသော နိမိတ်ဖြစ်ပါက နေ့မကူးမီတရော်ကင်းပွန်းဖြင့်ခေါင်းလျှော်ရေချိုးပါဟုဆိုမိန့်ခဲ့ကြလေသည်။ခရက်ဒစ်

Zawgyi

အိမ္ျမႇောင္စုတ္ ထိုးရင္…

အိမ္ျမႇောင္ေတြ စုပ္ထိုးတာနဲ႕ ပတ္သက္ၿပီး သိထားသင့္တဲ့ အခ်က္မ်ား

ဗဟုသုတ အေနနဲ႕ပါ။ အိမ္ရွိလွ်င္ အိမ္ျမႇောင္ ဆိုတာ ရွိတတ္စၿမဲ။သူ႕ စုတ္ထိုးသံ ၾကားရတတ္စၿမဲ။ အိမ္ျမႇောင္စုတ္ထိုးသံကိုလည္း လူေတြ အတိတ္ေကာက္ၾကေလ့ ရွိတတ္ၾကရဲ႕။

ဘာေၾကာင့္ အိမ္ျမႇောင္စုတ္ထိုး ပါသလဲ။အိမ္ျမႇောင္ စုတ္ထိုးျခင္းဟာ နတ္ေတြ နဲ႕ ပတ္သက္ ေနတတ္ေၾကာင္း ဆရာေတာ္ ဘုရားႀကီးက ဒီလိုရွင္းျပထားပါတယ္။

မိဘနဲ႕သားသမီး ဆရာနဲ႕တပည့္ လင္နဲ႕မယား ဆက္ ဆံေရးမွာ လိုက္ေလ်ာမႈမရွိခဲ့လွ်င္ တက်က္က်က္ ျဖစ္ၿပီး က်က္သေရမဂၤလာလည္း ပ်က္တတ္တယ္ ဆိုပါတယ္။

ကိုယ္ေစာင့္နတ္ အိမ္ေစာင့္နတ္ေတြ နားမခံသာ။ကံထိန္းနတ္ ဥစၥာေစာင့္နတ္ေတြလည္းနားမခံသာ။နတ္တို႔ နားမခံ သာလို႔ေရွာင္သြားျခင္း သို႔မဟုတ္ လက္ပိုက္ၾကည့္ေနမည္ဆိုပါက အဲဒီအိမ္စီးပြားမတတ္ ေနသမွ် လူစိတ္မေအးရ လာသမွ် ဧည့္သည္ မဆက္ဆံခ်င္ျဖစ္တတ္သည္။

လူေတြအေပၚ လူအုပ္ခ်ဳပ္ေရး ရွိသလို နတ္ေတြအေပၚ နတ္အုပ္ခ်ဳပ္ ေရးလည္း ရွိပါတယ္… လူလူခ်င္း အုပ္ခ်ဳပ္တဲ့ လူ မင္းကိုေတာ့ ေလာကနတ္ ေခၚရတယ္။ လူကို အုပ္ခ်ဳပ္တဲ့ နတ္မင္း မ်ားကိုေတာ့ သမၼဳတိနတ္ ေခၚရတယ္။

ေလာကသုံးပါး ေရွ႕ေဆာင္ လမ္းျပေတာ္မူတဲ့ ဘုရားရွင္ကိုေတာ့ “ဝိသုဒၶိနတ္” ေခၚရတယ္။ အဲဒီ သမၼဳတိနတ္မ်ိဳးထဲမွာ “ကိုယ္ေစာင့္နတ္” က ရပ္ကြက္အုပ္ခ်ဳပ္ေရးမင္းနဲ႕ တူတယ္။”အိမ္ေစာင့္နတ္” က အိမ္ေထာင္ဦးစီး မိဘမ်ားနဲ႕ တူတယ္။

ကံထိန္း (မိမိ ဘဝရဲ႕ ေကာင္းကံ ဆိုးကံ မိမိေစတနာ ဖန္းတီးထားတိုင္း ကို တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က အလုပ္ရွင္နဲ႕ တူတယ္။

ဥစၥာေစာင့္ (မိမိရဲ႕ လက္ရွိပစၥည္း အတိတ္က ျမႇုပ္ႏွံပစၥည္းမ်ားကို ေစာင့္ေရွာက္ၿပီး ေပးသင့္ခ်ိန္ သိမ္းသင့္ခ်ိန္ တြက္ခ်က္ကာ ဆုေပး ဒဏ္ေပးတဲ့) နတ္က ထိုအလုပ္ရွင္ရဲ႕ ဇနီးနဲ႕ တူတယ္။သားတို႔ သမီးတို႔က လုပ္သားေတြနဲ႕ တူတယ္။

သူတို႔ကူမွ စီးပြားတက္တာ သူတို႔ကူလွ်င္ စီးပြားက်ေစဦးေတာ့ ေခြးက် မက်တတ္။သူတို႔ကို ယုံလည္း ယုံမယ္ ရိုေသလည္း ရိုေသမယ္ ဆိုလွ်င္ သူတို႔ေပ်ာ္ေလရဲ႕။

သူတို႔ ေပ်ာ္လို႔ သားတို႔အေပၚေစတနာ သက္ေရာက္ လာလွ်င္ စီးပြားေရးအဆင္ေျပ အိမ္ေထာင္ေရးအေျခလွ လူမႈေရးေတြမွာ မ်က္ႏွာပန္းလွေရာ။သူတို႔ေႏွာက္ယွက္လွ်င္ေတာ့ အရွက္တကြဲ အက်ိဳးနည္းပဲ။

အိမ္တစ္အိမ္မွာ ညေန ေနဝင္ခါနီးမွာ မီးဖိုေခ်ာင္ စီးပြားသိုေလွာင္ရာ အရပ္တို႔က အိမ္ျမႇောင္စုတ္ထိုး သံၾကားလွ်င္ အဲ့ဒါ သူတို႔က သားတို႔အတြက္ စားသုံးဖို႔ ပစၥည္းလာထားတာတဲ့။အခ်ိဳ႕အိမ္ ဆန္အိုးဆန္မေလွ်ာ့ ဆီအိုး ဆီမေလွ်ာ့ ျဖစ္တတ္တယ္။ နေမာ္နမဲ့မို႔ မသိၾကတာ။

တစ္ခါတစ္ရံသူထားသလို ကိုယ္ထားသလိုလိုနဲ႕ ေငြမ်ား လည္း ရတတ္တယ္။ အမွတ္မထင္ ေ႐ႊစ ေက်ာက္မ်က္စေလးမ်ားလည္း ေကာက္ရေစတတ္တယ္။နတ္မတယ္ဆိုတာ နားကင္းႀကီးနဲ႕ ေရာ့ အင့္ မ်ိဳး မဟုတ္ဘူး။

အိမ္ေရွ႕ခန္းက စုတ္ထိုးလွ်င္ မင္းမႈစိုးမႈမ်ားနဲ႕ စကားမ်ားတတ္သတဲ့။အိမ္လယ္ခန္းက စုတ္ထိုးလွ်င္ သားကိစၥ သမီးကိစၥ စကားေျပာရတတ္သတဲ့။

အိပ္ခန္းထဲက စုတ္ထိုးလွ်င္ေတာ့ လင္မယားခ်င္းရန္ျဖစ္ၾကကေရာ။အိမ္ျမႇောင္ဆိုတာ ဈာန္ကြက္ (ကသိုဏ္းကြက္) ဝင္ေနတဲ့ မ်က္လုံးရွင္ဆိုေတာ့ သူတို႔ (နတ္)လာတာ ျမင္ရ သိရသတဲ့။

ဒါေၾကာင့္အိမ္ျမႇောင္စုတ္ထိုးသံဆိုတာ လူႏွင့္ နတ္တို႔ ရဲ႕ဆက္သြယ္ေရး အခ်က္ျပ သေကၤတသဖြယ္လည္း ရွိပါတယ္။လူခ်မ္းသာ နတ္ခ်မ္းသာ ဆိုတာလည္း အျပန္အလွန္ ဆက္သြယ္ေနတာမို႔ လူတို႔ဘက္က ေကာင္းေအာင္ေနျပဖို႔ အေရးႀကီးတယ္လို႔ ဆိုသင့္လွပါတယ္။

အိမ္ေျမာင္က်နိမိတ္မ်ား

အိမ္ေျမာင္၊ႂကြက္၊ကင္းလိပ၊္ ပုတ္သင္၊ငွက္စသည့္တိရိစာၦန္မ်ားမြန္းလြဲပိုင္း၌ မိမိအနီးဝန္းက်င္သို႔ျပဳတ္ က်လာျခင္းကို နိမိတ္ယူျခင္းျဖစ္သည္။ေနမြန္းမတည့္မီအခ်ိန္ကိုအက်ိဳးအျပစ္မဆိုပါ။

~မိမိေရွ႕သို႔က်လွ်င္လာဘႀကီးရအံ့။

~ေနာက္၌ က်လွ်င္ေအာင္ျမင္အံ့။

~လက္်ာဘက္သို႔က်လွ်င္ အပုူေဇာ္ခံရအံ့။

~လက္ဝဲဘက္သို႔က်လွ်င္ျငင္းခုန္ခိုက္ရန္ပြားအံ့။

~လက္ဝဲလက္ေပၚက်လွ်င္ အေႏွာင္အဖြဲ႕ခံရအံ့။

~လက္်ာလက္ေပၚက်လွ်င္ အစားေကာင္းရအံ့။

~ပုခုံး၊လက္႐ုံးထက္က်လွ်င္ႀကီးသူႏွင့္ေကြကြင္းအံ့။

~လက္ဝဲေျခဖမိုးေပၚက်လွ်င္ အမ်က္ပြားအံ့။

~လက္်ာေျခဖမိုးေပၚက်လွ်င္ ခ်စ္သူရအံ့။

~ေျခသလုံးထက္က်လွ်င္ ျမတ္ေသာလာဘ္ရအံ့။

~ေပါင္ထက္က်လွ်င္ သားေကာင္းရအံ့။

~ခါးထက္ၾကႅ္င္အဝတ္ပုဆိုးရအံ့။

~ခ်က္ေပၚက်လွ်င္အစာေရစာေပါမ်ားအံ့။

~ရင္ထက္က်လွ်င္ေ႐ႊေငြရတနာရအံ့။

~သားျမတ္ထက္က်လွ်င္ သမီးကညာဝင္အံ့။

~လည္ထက္က်လွ်င္ အဘိုးထိုက္ရတနာဝတ္ရအံ့။

~ေမး၊မုတ္ဆိတ္ထက္က်လွ်င္ ဇနီး/ခင္ပြန္းရအံ့။

~ပါး၊နားေပၚက်လွ်င္ငယ္သူႏွင့္ေကြကြင္းအံ့။

~ဦးေခါင္းထက္က်လွ်င္အႀကီးအကဲျဖစ္အံ့။

~ေက်ာထက္က်လွ်င္ အနာေရာဂါျဖစ္အံ့။

မေကာင္းေသာ နိမိတ္ျဖစ္ပါက ေန႕မကူးမီတေရာ္ကင္းပြန္းျဖင့္ေခါင္းေလွ်ာ္ေရခ်ိဳးပါဟုဆိုမိန႔္ခဲ့ၾကေလသည္။ခရက္ဒစ္