ကျန်းမာရေး ဗဟုသုတ

အိမ်တိုင်း အိမ်တိုင်း ကျောက်ချဉ်ဆောင်ထားသင့်တဲ့အကြောင်းအရင်း နှင့် ဆေးဖက်ဝင်အသုံးပြုပုံများ

ကျောက်ချဉ် ၏ ဆေးဖက်ဝင်အသုံးပြုပုံများ

ကျောက်ချဉ်။

ကျောက်ချဉ်သည် သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်သည်။ ကျောက်ချဉ်သည် အရောင်ကင်း၍ ရှစ်မြှောင့် ခရစ္စတယ် ကလေးများအဖြစ် ဖွဲ့စည်းနေသော အခဲဖြစ်သည်။

ထိုအခဲတွင် ရေ ၄၅ ရာခိုင်နှုန်းခန့် ပါဝင်၏။ ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလျူမီနီယမ် ဆာလဖိတ်(ဓာတ်ဆား) နှင့် ပိုတက်ဆီယမ်ဆာလဖိတ် (ဓာတ်ဆား)နှစ်မျိုးကို အညီအမျှရောစပ်ကာ အရည်ဖျော်၍လုပ်လျှင် ရှစ်မြှောင့် ခရစ္စတယ်ကျောက်ချဉ်ခဲကလေးများ ဖြစ်လာသည်။

ကျောက်ချဉ်ကို သယံဇာတအဖြစ်ဖြင့် တူးဖော်ရရှိနိုင်သည်။ သို့သော် ကျောက်မီးသွေးမှ ဓာတ်ငွေ့ကို ထုတ်ယူရာတွင် ကျောက်ချဉ်ကို ဘေးထွက်ပစ္စည်းအနေဖြင့် အမြောက်အမြား ရရှိနိုင်သည်။

ရှေးခေတ်အခါက လူများသည် ကျောက်ချဉ်ပါသော ကျောက်တုံးကို မီးဖုတ်၍ ကျောက်ချဉ်ကို ထုတ်ယူကြသည်။

အလယ်ခေတ် လောက်က ဥရောပနိုင်ငံများ၌ အသုံးပြုသော ကျောက်ချဉ်ကို ဥရောပအရှေ့ဖက်ရှိ မွတ်စလင်နိုင်ငံများမှ ရရှိသည်။ ၁၅ ရာစုနှစ်သို့ ရောက်သောအခါမှ ကျောက်ချဉ်တွင်းများကို အီတလီနိုင်ငံ တောင်ပိုင်းတွင် တွေ့ရှိကြလေသည်။

ကျောက်ချဉ်၏ ထူးခြားသော အချက်

ကျောက်ချဉ်၏ ထူးခြားသော အချက်တစ်ရပ်မှာ ကျုံ့စေ ချုပ်စေတတ်သော သတ္တိဖြစ်၏၊ ဥဒါဟရုဏ် ကျောက်ချဉ်တစ်ခဲကို နှုတ်ခမ်းတွင် ပွတ်တိုက်ကြည့်လျှင် နှုတ်ခမ်းသည် ကျုံ့ယုံ့ တင်းမာသွားသည်ကို တွေ့ရမည်။

ဆေးဝါးအဖြစ်…..အမျိုးမျိုးအသုံးပြုနိုင်သော ကျောက်ချဉ်

ကျောက်ချဉ်ကို ဆေးဝါးအဖြစ်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်ရာ သွေးတိတ် အောင်ပြုခြင်း၊ အနာစိမ်းများ ကုသခြင်းတို့အတွက် ကောင်း၏။

ထို့ပြင် အထည်အလိပ်များ ဆေးဆိုးရာတွင်လည်း ဆေးရောင်ကို ချုပ်ရန်အတွက် အသုံးဝင်သည်။ သို့ရာတွင် ဤသို့ ချုပ်ဆေးအဖြစ်ဖြင့် အသုံးပြုသော ကျောက်ချဉ်၌ သံဓာတ် မပါအောင် သတိပြုရသည်။

သားရေနယ်ရာ၌လည်းကောင်း၊ စက္ကူလုပ်ငန်းတွင် စက္ကူကို မင်အစုတ်နည်းအောင် ပြုလုပ်ရာ၌လည်းကောင်း၊ နောက်ကျိသောရေကို ကြည်လင်အောင် ပြုလုပ်ရာ၌လည်းကောင်း၊ ကျောက်ချဉ်ကို အသုံးပြုကြ၏။

ရေကို ကြည်လင်စေရန် ရေတိုင်ကီများတွင် တစ်ခါတစ်ရံ ကျောက်ချဉ်သက်သက်ကို ဖြစ်စေ၊ ထုံးဖြင့်ရော၍ ဖြစ်စေ အသုံးပြုတတ်ကြသည်။

ကျောက်ချဉ်သည် ဆေးဝါးဖက်တွင် အသုံးဝင်သော်လည်း တန်ရုံထက်လွန်၍ စားသုံးမိလျှင် ဥပါဒ်ပေးတတ်သည်။ ကျောက်ချဉ်ကို မီးဖုတ်ကြည့်လျှင် ရေသည် အငွေ့ဖြစ်သွား၍ အမှုန့်သာ ကျန်သည်။

ရှေးဟောင်းအာယုဗေဒ ဆေးပညာရှင်ကြီးများအဆို

ကျောက်ချဉ်ကို ရှေးဟောင်းအာယုဗေဒ ဆေးပညာရှင်ကြီးများက သီဝနတ်ဘုရားနှင့် ခိုင်းနှိုင်းတင်စားလေ့ရှိသည်။ အဆိပ်ဟူသမျှသည် သီဝနတ်ဘုရား၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါသည်။ ကျောက်ချဉ်သည်လည်း အဆိပ်ပြေစေသော သတ္တိရှိသည့်အတွက် သီဝနတ်ဘုရားနှင့် ခိုင်းနှိုင်းခြင်းဖြစ်ပါသည်။

မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင်

မြန်မာ့တိုင်းရင်းဆေးကျမ်းများတွင် ကျောက်ချဉ်သည် ဖန်သည်၊ ချိုသည်၊ ချဉ်သည်။

ဒေါသ၊ ဓာတ်၊ မလတို့ကို ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ်ရှိသည်။

အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။ အစာကို ကြေစေသည်။ သည်းခြေအားနည်းသည်ကိုလည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။

သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ အပူလွန်ခြင်း၊ အူသိမ်၊ အူမတွင် ပြည်နာဖြစ်ခြင်း၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ၊ သည်းခြေ၊ သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊

ကိုယ်လက်ကိုက်ခဲသောအနာ၊ သွေး၊ အသားခြောက်ကပ်သောအနာ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊ မျက်စိနာ၊ ဆီးအောင့်သော အနာ၊ သူငယ်နာ၊ မြင်းသရိုက်၊ လိပ်ခေါင်းရောဂါတို့ကိုနိုင်၏ဟု ဆိုထားသည်။

တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှ

တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်ဝေသော တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ ချဉ်၊ ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊

မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း၊ အနာများကို အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ်) (ကျင်ကြီးပေါက်၊ ဆီးပေါက်)ကို ကျုံ့စေ၊ ကျဉ်းစေခြင်းစသည့် အကျိုးသွားရှိကြောင်း ဖော်ပြထားပါသည်။

ထိမိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်လျှင်၊ အရေပြားမှာ သွေးခြေဥလျှင် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍ လိမ်းပေးနိုင်သည်။ အနာ အမြန်ဆုံးကျက်ပါသည်။

ဆံပင်၊ မုတ်ဆိတ်ရိတ်လျှင် ဓားရှမိသော အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါသည်။ ရှေးက ဆတ္တာသည်များသည် ကျောက်ချဉ်ကို အမြဲတမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေး ကြပါသည်။။

Zawgyi

ေက်ာက္ခ်ဥ္ ၏ ေေဆးဖက္ဝင္အသုံးျပဳပုံမ်ား

ေက်ာက္ခ်ဥ္။

ေက်ာက္ခ်ဥ္သည္ သဘာဝတြင္းထြက္ပစၥည္းတစ္ခု ျဖစ္သည္။ ေက်ာက္ခ်ဥ္သည္ အေရာင္ကင္း၍ ရွစ္ျမႇောင့္ ခရစၥတယ္ ကေလးမ်ားအျဖစ္ ဖြဲ႕စည္းေနေသာ အခဲျဖစ္သည္။

ထိုအခဲတြင္ ေရ ၄၅ ရာခိုင္ႏႈန္းခန႔္ ပါဝင္၏။ ေက်ာက္ခ်ဥ္ကို Alum လို႔ ေခၚၿပီး အလ်ဴမီနီယမ္ ဆာလဖိတ္(ဓာတ္ဆား) ႏွင့္ ပိုတက္ဆီယမ္ဆာလဖိတ္ (ဓာတ္ဆား)ႏွစ္မ်ိဳးကို အညီအမွ်ေရာစပ္ကာ အရည္ေဖ်ာ္၍လုပ္လွ်င္ ရွစ္ျမႇောင့္ ခရစၥတယ္ေက်ာက္ခ်ဥ္ခဲကေလးမ်ား ျဖစ္လာသည္။

ေက်ာက္ခ်ဥ္ကို သယံဇာတအျဖစ္ျဖင့္ တူးေဖာ္ရရွိနိုင္သည္။ သို႔ေသာ္ ေက်ာက္မီးေသြးမွ ဓာတ္ေငြ႕ကို ထုတ္ယူရာတြင္ ေက်ာက္ခ်ဥ္ကို ေဘးထြက္ပစၥည္းအေနျဖင့္ အေျမာက္အျမား ရရွိနိုင္သည္။

ေရွးေခတ္အခါက လူမ်ားသည္ ေက်ာက္ခ်ဥ္ပါေသာ ေက်ာက္တုံးကို မီးဖုတ္၍ ေက်ာက္ခ်ဥ္ကို ထုတ္ယူၾကသည္။

အလယ္ေခတ္ ေလာက္က ဥေရာပနိုင္ငံမ်ား၌ အသုံးျပဳေသာ ေက်ာက္ခ်ဥ္ကို ဥေရာပအေရွ႕ဖက္ရွိ မြတ္စလင္နိုင္ငံမ်ားမွ ရရွိသည္။ ၁၅ ရာစုႏွစ္သို႔ ေရာက္ေသာအခါမွ ေက်ာက္ခ်ဥ္တြင္းမ်ားကို အီတလီနိုင္ငံ ေတာင္ပိုင္းတြင္ ေတြ႕ရွိၾကေလသည္။

ေက်ာက္ခ်ဥ္၏ ထူးျခားေသာ အခ်က္

ေက်ာက္ခ်ဥ္၏ ထူးျခားေသာ အခ်က္တစ္ရပ္မွာ က်ဳံ႕ေစ ခ်ဳပ္ေစတတ္ေသာ သတၱိျဖစ္၏၊ ဥဒါဟ႐ုဏ္ ေက်ာက္ခ်ဥ္တစ္ခဲကို ႏႈတ္ခမ္းတြင္ ပြတ္တိုက္ၾကည့္လွ်င္ ႏႈတ္ခမ္းသည္ က်ဳံ႕ယုံ႕ တင္းမာသြားသည္ကို ေတြ႕ရမည္။

ေဆးဝါးအျဖစ္…..အမ်ိဳးမ်ိဳးအသုံးျပဳနိုင္ေသာ ေက်ာက္ခ်ဥ္

ေက်ာက္ခ်ဥ္ကို ေဆးဝါးအျဖစ္ျဖင့္ အမ်ိဳးမ်ိဳး အသုံးျပဳနိုင္ရာ ေသြးတိတ္ ေအာင္ျပဳျခင္း၊ အနာစိမ္းမ်ား ကုသျခင္းတို႔အတြက္ ေကာင္း၏။

ထို႔ျပင္ အထည္အလိပ္မ်ား ေဆးဆိုးရာတြင္လည္း ေဆးေရာင္ကို ခ်ဳပ္ရန္အတြက္ အသုံးဝင္သည္။ သို႔ရာတြင္ ဤသို႔ ခ်ဳပ္ေဆးအျဖစ္ျဖင့္ အသုံးျပဳေသာ ေက်ာက္ခ်ဥ္၌ သံဓာတ္ မပါေအာင္ သတိျပဳရသည္။

သားေရနယ္ရာ၌လည္းေကာင္း၊ စကၠဴလုပ္ငန္းတြင္ စကၠဴကို မင္အစုတ္နည္းေအာင္ ျပဳလုပ္ရာ၌လည္းေကာင္း၊ ေနာက္က်ိေသာေရကို ၾကည္လင္ေအာင္ ျပဳလုပ္ရာ၌လည္းေကာင္း၊ ေက်ာက္ခ်ဥ္ကို အသုံးျပဳၾက၏။

ေရကို ၾကည္လင္ေစရန္ ေရတိုင္ကီမ်ားတြင္ တစ္ခါတစ္ရံ ေက်ာက္ခ်ဥ္သက္သက္ကို ျဖစ္ေစ၊ ထုံးျဖင့္ေရာ၍ ျဖစ္ေစ အသုံးျပဳတတ္ၾကသည္။

ေက်ာက္ခ်ဥ္သည္ ေဆးဝါးဖက္တြင္ အသုံးဝင္ေသာ္လည္း တန္႐ုံထက္လြန္၍ စားသုံးမိလွ်င္ ဥပါဒ္ေပးတတ္သည္။ ေက်ာက္ခ်ဥ္ကို မီးဖုတ္ၾကည့္လွ်င္ ေရသည္ အေငြ႕ျဖစ္သြား၍ အမႈန႔္သာ က်န္သည္။

ေရွးေဟာင္းအာယုေဗဒ ေဆးပညာရွင္ႀကီးမ်ားအဆို

ေက်ာက္ခ်ဥ္ကို ေရွးေဟာင္းအာယုေဗဒ ေဆးပညာရွင္ႀကီးမ်ားက သီဝနတ္ဘုရားႏွင့္ ခိုင္းႏွိုင္းတင္စားေလ့ရွိသည္။ အဆိပ္ဟူသမွ်သည္ သီဝနတ္ဘုရား၏ ခႏၶာကိုယ္ေပၚ က်ေရာက္သြားသည္ႏွင့္ တစ္ၿပိဳင္နက္ အဆိပ္ေျပသြားၾကရပါသည္။ ေက်ာက္ခ်ဥ္သည္လည္း အဆိပ္ေျပေစေသာ သတၱိရွိသည့္အတြက္ သီဝနတ္ဘုရားႏွင့္ ခိုင္းႏွိုင္းျခင္းျဖစ္ပါသည္။

ျမန္မာ့တိုင္းရင္းေဆးက်မ္းမ်ားတြင္

ျမန္မာ့တိုင္းရင္းေဆးက်မ္းမ်ားတြင္ ေက်ာက္ခ်ဥ္သည္ ဖန္သည္၊ ခ်ိဳသည္၊ ခ်ဥ္သည္။

ေဒါသ၊ ဓာတ္၊ မလတို႔ကို ခန္းေျခာက္ေစ၍ လူကို ပိန္ေစတတ္ေသာ ဂုဏ္ရွိသည္။

အဖ်ားေရာဂါ၊ ဝမ္းတြင္းပိုး၊ အဆိပ္တို႔ကို နိုင္သည္။ အနာမ်ားကို အသားႏုတက္ေစသည္။ အစာကို ေၾကေစသည္။ သည္းေျခအားနည္းသည္ကိုလည္း ျပဳတတ္သည္။ မ်ားစြာေသာ ေဆးတို႔ႏွင့္ ေရာေႏွာအသုံးျပဳၾကသည္။

ေသြး၊ သည္းေျခ၊ ေလ၊ သလိပ္တို႔ အပူလြန္ျခင္း၊ အူသိမ္၊ အူမတြင္ ျပည္နာျဖစ္ျခင္း၊ သလိပ္ေျခာက္ျခင္း၊ အစားမေၾကျခင္း၊ ေလ၊ သည္းေျခ၊ သလိပ္ဟူေသာ ေဒါသသုံးပါေၾကာင့္ျဖစ္ေသာ အပုပ္နာ၊ ကုတ္ဟီးေခ်ာင္းဆိုးနာ၊

ကိုယ္လက္ကိုက္ခဲေသာအနာ၊ ေသြး၊ အသားေျခာက္ကပ္ေသာအနာ၊ ငန္းနာ၊ အဖ်ားေၾကာင့္ျဖစ္ေသာ ႏူနာ အဖ်ား၊ မ်က္စိနာ၊ ဆီးေအာင့္ေသာ အနာ၊ သူငယ္နာ၊ ျမင္းသရိုက္၊ လိပ္ေခါင္းေရာဂါတို႔ကိုနိုင္၏ဟု ဆိုထားသည္။

တိုင္းရင္းေဆးဌာနသုံး ေဆးနည္းမ်ား စာအုပ္မွ

တိုင္းရင္းေဆးပညာဦးစီးဌာနက ထုတ္ေဝေသာ တိုင္းရင္းေဆးဌာနသုံး ေဆးနည္းမ်ား စာအုပ္မွာ ေက်ာက္ခ်ဥ္သည္ ေအး၊ ခ်ဥ္၊ ဖန္ ရသရွိၿပီး ဝမ္းခ်ဳပ္ေစျခင္း၊ ေလခ်ဳပ္ေစခ်င္း၊ ေသြးခ်ဳပ္ေစျခင္း၊

မပုပ္မသိုးေအာင္ ကကြယ္နိုင္ျခင္း၊ အနာမ်ားကို အသားႏုတက္ေစျခင္း၊ ခႏၶာကိုယ္ရွိ ဒြါရေပါက္ (ဝစၥမဂ္နဲ႕ ပႆာဝမဂ္) (က်င္ႀကီးေပါက္၊ ဆီးေပါက္)ကို က်ဳံ႕ေစ၊ က်ဥ္းေစျခင္းစသည့္ အက်ိဳးသြားရွိေၾကာင္း ေဖာ္ျပထားပါသည္။

ထိမိခိုက္မိ၍ ဒဏ္ရာ အနာတရျဖစ္လွ်င္၊ အေရျပားမွာ ေသြးေျခဥလွ်င္ ေက်ာက္ခ်ဥ္ကို ေရသန႔္သန႔္ႏွင့္ ေသြး၍ လိမ္းေပးနိုင္သည္။ အနာ အျမန္ဆုံးက်က္ပါသည္။

ဆံပင္၊ မုတ္ဆိတ္ရိတ္လွ်င္ ဓားရွမိေသာ အခါမွာလည္း ေက်ာက္ခ်ဥ္ လိမ္းေပးရပါသည္။ ေရွးက ဆတၱာသည္မ်ားသည္ ေက်ာက္ခ်ဥ္ကို အၿမဲတမ္း ေဆာင္ထားေလ့ရွိၿပီး ေက်ာက္ခ်ဥ္ပြတ္ၿပီးမွ မုတ္ဆိတ္ရိတ္ေပး ၾကပါသည္။။