ဗဟုသုတ

သားသမီး ၇ယောက်ကိုထောက်ပံ့ရင်း အသက် ၅၅ နှစ်အရွယ်မှာမှ စီးပွါးရေးဘွဲ့ကိုရရှိခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း

သားသမီး ၇ယောက်ကိုထောက်ပံ့ရင်း အသက် ၅၅ နှစ်အရွယ်မှာမှ စီးပွါးရေးဘွဲ့ကိုရရှိခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း

အသက် ၅၅ နှစ်အရွယ်လမ်းသန့်ရှင်းရေးသမားတစ်ဦးဟာ စီးပွားရေးဘွဲ့ရရှိပြီး သူမဟာ အခြားသူများအား အခြေအနေများမည်သို့ပင်ရှိနေပါစေ

၎င်းတို့၏အိပ်မက်များသို့ရောက်အောင်လှမ်းရန် လှုံ့ဆော်ပေးခဲ့တာကြောင့် လူသိများသွားခဲ့ပါတယ်။

တကယ်လည်း နောက်ဆုံးတော့ အသက်ဟာ ကိန်းဂဏန်းတစ်ခုသာသာဘဲမဟုတ်လားဗျာ။

လူအများစုဟာ ကောလိပ်ကနေဘွဲ့ရပြီး အလုပ်ကောင်းကောင်းရှာဖို့အိမ်မက်မက်ကြပါတယ်။

သို့သော် ၎င်းဟာ အထူးသဖြင့်ကျောင်းမတက်နိုင်တဲ့ဆင်းရဲသားများအတွက် ခက်ခဲတဲ့ဆန္ဒတစ်ခုပါ။

ဖိလစ်ပိုင်လူမျိုးများစွာဟာ ၎င်းတို့ရဲ့မိသားစုများကို အရင်ကူညီပံ့ပိုးဖို့ အလုပ်အကိုင်ရှာဖွေရန် ၎င်းတို့ရဲ့လေ့လာနေဆဲပညာရေးကို ရပ်ဆိုင်းထားတတ်ကြပါတယ်။

ဒီလူတွေအတွက် ၎င်းတို့ရဲ့ကောလိပ်ပညာရေးကိုပြီးမြောက်ဖို့ဆိုတာက Afterခက်ခဲတဲ့ပန်းတိုင်တစ်ခုပါဘဲ။

သို့ပေမယ့် လမ်းသန့်ရှင်းရေးသမားတစ်ဦးဖြစ်တဲ့ Ofelia Mondaya အမည်ရှိဒီအမျိုးသမီးကတော့ သူမရဲ့အိမ်မက်တွေကိုမရပ်ဘဲ ဆက်မက်နေခဲ့ပါတယ်။

သူမဟာ ငယ်ရွယ်စဉ်ကအထက်တန်းကျောင်းကိုတောင်မတက်နိုင်ခဲ့ပေမယ့် သူမဟာ ပညာရေးဝန်ကြီးဌာနရဲ့အခြားနည်းပညာသင်ယူမှုစနစ် (DepEd) ကိုလည်း တက်ရောက်သင်ယူခဲ့ပါတယ်။

ထို့နောက် သူမဟာ ၂၀၁၄ ခုနှစ်တွင် အထက်တန်းဒီပလိုမာတစ်ခုရရှိခဲ့ပြီးနောက် သူမဟာ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းတစ်ခုအတွက် Batangas City ရှိ Colegio ng Lungsod ng Batangas တွင်ကျောင်းအပ်ခဲ့ပါတယ်။

သူမကိုယ်တိုင်နှင့်သူမရဲ့မိသားစုကိုထောက်ပံ့ရန် သူမရဲ့အလုပ်အကိုင်ရှိဖို့လည်းလိုအပ်တာကြောင့် Ofelia ဟာ လမ်းသန့်ရှင်းရေးသမားအဖြစ်ဆက်လက်ရပ်တည်ခဲ့ပါတယ်။

ကြင်နာတဲ့သူမရဲ့အထက်ကြီးကြပ်ရေးမှူးကလည်း သူမအလုပ်လုပ်ရင်း ကျောင်းဆက်တက်နိုင်ရန် သူမရဲ့အချိန်ဇယားကို ကူညီစီစဉ်ပေးခဲ့ပါသေးတယ်။

နှစ်ပေါင်းများစွာကြာပြီးနောက် Ofelia ဟာ နောက်ဆုံးတွင်ကောလိပ်မှဘွဲ့ရခဲ့ပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားများဖျက်သိမ်းလိုက်တာကြောင့် စင်ပေါ်သို့မတက်နိုင်ခဲ့သော်လည်း သူမနှင့်သူမရဲ့မိသားစုဟာ ဤအံ့သြဖွယ်သမိုင်းမှတ်တိုင်ကိုအောင်မြင်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူနေခဲ့ကြပါတယ်။

Ofelia အတွက်နောက်ထပ်ခြေလှမ်းတစ်ခုမှာ သူမဟာ မြို့တော်ခန်းမတွင် ‘ job order’ ဝန်ထမ်းတစ်ဦး သာဖြစ်တာကြောင့် သူမရဲ့ဒီပလိုမာကိုသုံးပြီး အတည်တကျဖြစ်မဲ့အလုပ်တစ်ခုကိုရှာရန်ဘဲဖြစ်ပါတယ်။

သူမအနေနဲ့ သူမရဲ့သားသမီး ၇ ယောက်စလုံးကို ကောလိပ်သို့ပို့နိုင်အောင်ပိုကောင်းတဲ့အလုပ်တစ်ခုရှာနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ခရက်ဒစ်

Zawgyi

သားသမီး ၇ေယာက္ကိုေထာက္ပံ့ရင္း အသက္ ၅၅ ႏွစ္အ႐ြယ္မွာမွ စီးပြါးေရးဘြဲ႕ကိုရရွိခဲ့တဲ့ လမ္းသန႔္ရွင္းေရးဝန္ထမ္း

အသက္ ၅၅ ႏွစ္အ႐ြယ္လမ္းသန႔္ရွင္းေရးသမားတစ္ဦးဟာ စီးပြားေရးဘြဲ႕ရရွိၿပီး သူမဟာ အျခားသူမ်ားအား အေျခအေနမ်ားမည္သို႔ပင္ရွိေနပါေစ

၎တို႔၏အိပ္မက္မ်ားသို႔ေရာက္ေအာင္လွမ္းရန္ လႈံ႕ေဆာ္ေပးခဲ့တာေၾကာင့္ လူသိမ်ားသြားခဲ့ပါတယ္။

တကယ္လည္း ေနာက္ဆုံးေတာ့ အသက္ဟာ ကိန္းဂဏန္းတစ္ခုသာသာဘဲမဟုတ္လားဗ်ာ။

လူအမ်ားစုဟာ ေကာလိပ္ကေနဘြဲ႕ရၿပီး အလုပ္ေကာင္းေကာင္းရွာဖို႔အိမ္မက္မက္ၾကပါတယ္။

သို႔ေသာ္ ၎ဟာ အထူးသျဖင့္ေက်ာင္းမတက္နိုင္တဲ့ဆင္းရဲသားမ်ားအတြက္ ခက္ခဲတဲ့ဆႏၵတစ္ခုပါ။

ဖိလစ္ပိုင္လူမ်ိဳးမ်ားစြာဟာ ၎တို႔ရဲ႕မိသားစုမ်ားကို အရင္ကူညီပံ့ပိုးဖို႔ အလုပ္အကိုင္ရွာေဖြရန္ ၎တို႔ရဲ႕ေလ့လာေနဆဲပညာေရးကို ရပ္ဆိုင္းထားတတ္ၾကပါတယ္။

ဒီလူေတြအတြက္ ၎တို႔ရဲ႕ေကာလိပ္ပညာေရးကိုၿပီးေျမာက္ဖို႔ဆိုတာက Afterခက္ခဲတဲ့ပန္းတိုင္တစ္ခုပါဘဲ။

သို႔ေပမယ့္ လမ္းသန႔္ရွင္းေရးသမားတစ္ဦးျဖစ္တဲ့ Ofelia Mondaya အမည္ရွိဒီအမ်ိဳးသမီးကေတာ့ သူမရဲ႕အိမ္မက္ေတြကိုမရပ္ဘဲ ဆက္မက္ေနခဲ့ပါတယ္။

သူမဟာ ငယ္႐ြယ္စဥ္ကအထက္တန္းေက်ာင္းကိုေတာင္မတက္နိုင္ခဲ့ေပမယ့္ သူမဟာ ပညာေရးဝန္ႀကီးဌာနရဲ႕အျခားနည္းပညာသင္ယူမႈစနစ္ (DepEd) ကိုလည္း တက္ေရာက္သင္ယူခဲ့ပါတယ္။

ထို႔ေနာက္ သူမဟာ ၂၀၁၄ ခုႏွစ္တြင္ အထက္တန္းဒီပလိုမာတစ္ခုရရွိခဲ့ၿပီးေနာက္ သူမဟာ စီးပြားေရးစီမံခန႔္ခြဲမႈသင္တန္းတစ္ခုအတြက္ Batangas City ရွိ Colegio ng Lungsod ng Batangas တြင္ေက်ာင္းအပ္ခဲ့ပါတယ္။

သူမကိုယ္တိုင္ႏွင့္သူမရဲ႕မိသားစုကိုေထာက္ပံ့ရန္ သူမရဲ႕အလုပ္အကိုင္ရွိဖို႔လည္းလိုအပ္တာေၾကာင့္ Ofelia ဟာ လမ္းသန႔္ရွင္းေရးသမားအျဖစ္ဆက္လက္ရပ္တည္ခဲ့ပါတယ္။

ၾကင္နာတဲ့သူမရဲ႕အထက္ႀကီးၾကပ္ေရးမႉးကလည္း သူမအလုပ္လုပ္ရင္း ေက်ာင္းဆက္တက္နိုင္ရန္ သူမရဲ႕အခ်ိန္ဇယားကို ကူညီစီစဥ္ေပးခဲ့ပါေသးတယ္။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ Ofelia ဟာ ေနာက္ဆုံးတြင္ေကာလိပ္မွဘြဲ႕ရခဲ့ပါတယ္။

ဘြဲ႕ႏွင္းသဘင္အခမ္းအနားမ်ားဖ်က္သိမ္းလိုက္တာေၾကာင့္ စင္ေပၚသို႔မတက္နိုင္ခဲ့ေသာ္လည္း သူမႏွင့္သူမရဲ႕မိသားစုဟာ ဤအံ့ၾသဖြယ္သမိုင္းမွတ္တိုင္ကိုေအာင္ျမင္နိုင္ခဲ့ျခင္းအတြက္ ဂုဏ္ယူေနခဲ့ၾကပါတယ္။

Ofelia အတြက္ေနာက္ထပ္ေျခလွမ္းတစ္ခုမွာ သူမဟာ ၿမိဳ႕ေတာ္ခန္းမတြင္ ‘ job order’ ဝန္ထမ္းတစ္ဦး သာျဖစ္တာေၾကာင့္ သူမရဲ႕ဒီပလိုမာကိုသုံးၿပီး အတည္တက်ျဖစ္မဲ့အလုပ္တစ္ခုကိုရွာရန္ဘဲျဖစ္ပါတယ္။

သူမအေနနဲ႕ သူမရဲ႕သားသမီး ၇ ေယာက္စလုံးကို ေကာလိပ္သို႔ပို႔နိုင္ေအာင္ပိုေကာင္းတဲ့အလုပ္တစ္ခုရွာနိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ခရက္ဒစ္