ဗဟုသုတ

ဖခင်ဖြစ်သူရဲ့မွေးနေ့ပွဲ Suprise အဖြစ်ပလပ်စတစ်အိတ်အဖြူကိုပူဖောင်းသဏ္ဍန်လုပ်ပီး၊ကြက်ဥကိတ်လေးနဲ့မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့၊ချို့တဲ့မိသားစုသားသမီးများရဲ့ ကြည်နူးဖွယ်မြင်ကွင်း

ပိုက်ဆံမရှိပေမဲ့လည်း ဖခင်အတွက် မွေးနေ့ Surprise Party လုပ်ပေးခဲ့တဲ့ သားသမီးများ

ဖခင်ဖြစ်သူရဲ့မွေးနေ့ပွဲ Suprise အဖြစ်ပလပ်စတစ်အိတ်အဖြူကိုပူဖောင်းသဏ္ဍန်လုပ်ပီး၊

ကြက်ဥကိတ်လေးနဲ့မွေးနေ့ပွဲကျင်းပပေးခဲ့တဲ့၊ချို့တဲ့မိသားစုသားသမီးများရဲ့ ကြည်နူးဖွယ်လုပ်ရပ်

အချို့သောပြည့်စုံတဲ့မိသားစုတွေမှာတော့၊မွေးနေ့ပွဲအမှတ်တရနေ့လေးကိုစျေးကြီးတဲ့ Suprise တွေနဲ့ကျင်းပပြုလုပ်ဖို့တတ်နိုင်ကြပါတယ်။

သို့ပေမဲ့ဆင်းရဲချို့တဲ့တဲ့မိသားစုတွေအတွက်ကတော့၊ငွေကြေးမချမ်းသာပေမဲ့လဲဘာနဲ့မှတန်ဖိုးဖြတ်မရတဲ့မေတ္တာတရားဟာအဓိကဖြစ်ပါတယ်။

ထို့ကြောင့်ယခုဖော်ပြပေးမဲ့ဖိလစ်ပိုင်နိုင်ငံက၊ဆင်းရဲချို့တဲ့ပီးငွေကြေးမပြည့်စုံတဲ့မိသားစုကသားသမီးတစ်စုဟာ၊ချစ်ရတဲ့ဖခင်ဖြစ်သူရဲ့မွေးနေ့ပွဲကိုတတ်နိုင်တာလေးနဲ့ Suprise ဖြစ်အောင်လုပ်ပေးခဲ့တဲ့ပုံရိပ်လေးဟာ၊

မြင်သူတိုင်းကိုဝမ်းသာပီတိဖြစ်ခဲ့တဲ့အပြင်၊သနားဂရုဏသက်မှုကိုပါတပြိုင်တည်းဖြစ်စေခဲ့ပါတယ်။

အကြောင်းကတော့ဖခင်ဖြစ်သူအလုပ်ကမပြန်ခင်သားသမီးတစ်စုဟာ၊စျေးကြီးတဲ့ပြင်ဆင်မှုတွေနဲ့ဖခင်ရဲ့မွေးနေ့ကိုပြုလုပ်ချင်ပေမဲ့မတတ်နိုင်တာကြောင့်၊

ပလပ်စတစ်အိတ်အကြည်ကိုလေပူဖောင်းသဏ္ဍန်မှုတ်ပီး၊အပြင်ဖက်မှာတော့”Happy birthday papa”ဆိုတဲ့စာသားလေးကိုပါရေးပီး၊ယိုင်နဲ့နေတဲ့အိမ်တိုင်လေးမှာလှပအောင်ချိတ်ဆွဲထားစေပါတယ်။

ထို့အပြင်မွေးနေ့ကိတ်အဖြစ်၊ကြက်ဥနဲ့ကိုယ်တိုင်လုပ်ထားတဲ့ကိတ်လေးကိုသာပြုလုပ်ခဲ့ကြပါတယ်။

ထိုမောင်နှမတစ်စုရဲ့ဖခင်အတွက်ပြုလုပ်ထားတဲ့မွေးနေ့ပွဲလေးကို၊အိမ်နီးချင်းအမျိုးသမီးတစ်ယောက်ကဓာတ်ပုံရိုက်ပီး၊

ဆင်းရဲပေမဲ့မေတ္တာတရားကြီးမားတဲ့မိသားစုရဲ့ပျော်ရွှင်စရာမွေးနေ့ပွဲဆိုတဲ့ခေါင်းစဥ်လေးနဲ့ပိုစ့်တင်ခဲ့ပါတယ်။

ထို့ပိုစ်လေးဟာ Social media မှာပျံ့နှံ့ခဲ့ပီးနောက် ၊Netizen အချို့ကဂရုဏသက်မိခဲ့တာကြောင့်မွေးနေ့ကိတ်တွေနဲ့ငွေကြေးအနည်းငယ်ကိုသွားရောက်ထောက်ပံ့ခဲ့တာတွေရှိတယ်လို့သိရပါတယ်။

ခရက်ဒစ်

Zawgyi



အချို့သောပြည့်စုံတဲ့မိသားစုတွေမှာတော့၊မွေးနေ့ပွဲအမှတ်တရနေ့လေးကိုဈေးကြီးတဲ့ Suprise တွေနဲ့ကျင်းပပြုလုပ်ဖို့တတ်နိုင်ကြပါတယ်။




အကြောင်းကတော့ဖခင်ဖြစ်သူအလုပ်ကမပြန်ခင်သားသမီးတစ်စုဟာ၊ဈေးကြီးတဲ့ပြင်ဆင်မှုတွေနဲ့ဖခင်ရဲ့မွေးနေ့ကိုပြုလုပ်ချင်ပေမဲ့မတတ်နိုင်တာကြောင့်၊






ခရက်ဒစ်