သားသမီးရှိသူတိုင်းမပေါ့ဆသင့်တဲ့မီးရထားကောင်များအန္တရာယ်
ယခုလိုစိုစွတ်တဲ့မိုးရာသီမှာသားသားမီးမီးလေးတွေအတွက် သတိပြုစရာပါလေးမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ထိုင်းမှာကလေးငယ်တစ်ဦးပိုးနားသန်ကောင်(မီးရထားလိုပိုးကောင်)Millipedeကိုတက်နင်းမိလို့အဆိပ်သင့်ပြီး
ခြေဖဝါးနုနုလေးမှာ အပူလောင်သလိုဖြစ်သွားပါTips၊ နှစ်ပတ်လောက်ကုသရမှာဖြစ်ပါတယ်။
ယခုလိုစိုစွတ်တဲ့မိုးရာသီမှာထင်းပုံကြားကနေ အဲ့ဒီအကောင်လေးတွေကဖိနပ်ထဲဝင်ခွေနေတာမျိုး၊
အိပ်ယာမှာတက်လာမျိုးရှိတတ်ပါတယ်၊အဲ့ဒီအချိန်မှာအရေပြားနုနယ်သေးတဲ့ကလေးငယ်တွေတက်နင်းတာမျိုး၊
ဒါမှမဟုတ်ဖိအိပ်မိခဲ့ရင်အဲ့ကောင်ကအဆိပ်ရည်တွေထက်လာပြီး ပူစပ်ပူလောင်ဖြစ်ပြီးအရည်ကြည်ဖုလေးတွေကနေအနာဖြစ်တတ်ပါတယ်။
မီးရထားကောင်ဒါ့ကြောင့်ကလေးတွေကို မျက်စေ့အောက်ကနေ လွှတ်မထားဘဲ ဂရုစိုက်ကြပါနော်။
( နောက်ကလေးတစ်ေယာက်ရဲ့မိခင်ပြောပြချက်အရ )
ကျောင်းပိတ်ရက်မှာ နေ့ခင်းကလေးကိုသိပ်ထားပါတယ်။
ကလေးအိပ်ရာမှနိုးလာတော့လည်ပင်းမှာမည်းမည်းကြီးအကွက်တွေ့လိုက်ရတယ်။
ကလေးရဲ့ခေါင်းအုံးကိုကြည့်လိုက်တော့ သေနေတဲ့မီးရထားပိုးကောင်ကိုတွေ့လိုက်ရတယ်။
ကလေးကအိပ်ပျော်နေတာမသိပဲခေါင်းအုံးပေါ်တက်လာတဲ့မီးရထားပိုးကောင်ကိုဖိအိပ်မိရာမှ
အဆိပ်ရည်ထွက်လာပြီးကလေးရဲ့အရေပြားထဲစိမ့်ဝင်သွားပြီးပုံမှာမြင်တဲ့အတိုင်းမည်းလာပါတယ်လို့ကလေးရဲ့မိခင်ပြောပြပါတယ်ရှင်…
ဒါကြောင့်ကလေးတွေမအိပ်ခင်အိပ်ရာကိုခါပြီးအိပ်ရာဘေးပတ်ဝန်းကျင်ကိုသေချာဂရုစိုက်ေစလိုပါတယ်။
ကလေးကကျွန်မရဲ့တပည့်လေးပါ။ကလေးရဲ့မိခင်ကိုခွင့်တောင်းပြီးအခြားသောကလေးများမဖြစ်အောင် သတိထားဖို့တင်ပေး လိုက်ပါတယ်ရှင်…
ကလေးငယ်များအားလုံးဘေးအန္တရာယ်ကင်းကြပါစေ
Zawgyi
( နောက်ကလေးတစ်ယောက်ရဲ့မိခင်ပြောပြချက်အရ )
ဒါကြောင့်ကလေးတွေမအိပ်ခင်အိပ်ရာကိုခါပြီးအိပ်ရာဘေးပတ်ဝန်းကျင်ကိုသေချာဂရုစိုက်စေလိုပါတယ်။