ဗဟုသုတ

နှစ်ပေါင်း ၇၂နှစ်အထိ လက်တွဲခဲ့ပြီးနောက် လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ အဘွားနှစ်ယောက်

ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်အနေနဲ့

နှစ်ပေါင်း၇၀ ကျော်အချစ်တွေနဲ့ ရွှေလက်တွဲမြဲသွားတဲ့ အမျိုးသမီး နှစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Vivian Boyack နဲ့ Alice Nonie Dubes တို့နှစ်ဦးဟာ ၇၂ နှစ်ကြာ အတူလက်တွဲခဲ့ကြပြီး ဓလေ့ထုံးတမ်းစဉ်လာအရ

လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးဟာ လူအနည်းငယ်နဲ့သာ ကျင်းပခဲ့တာဖြစ်ပေမယ့်လည်း

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့တာဖြစ်ပြီး လူတိုင်းသဘောကျတယ်လို့ သတ်မှတ်ခံခဲ့ရတယ်အထိတောင် ဖြစ်ခဲ့ရပါတယ်။

First Christian Church လို့အမည်ရတဲ့ ဘုရားကျောင်းကြီးထဲမှာ သူတို့ရဲ့မိသားစုဝင် တချို့နဲ့

ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ အပြန်အလှန် သစ္စာကတိပြုခဲ့ကြပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ အသက် ၉၀ကျော်အရွယ်ရှိနေကြပြီ ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင်

Davenport သို့ မရွှေ့ပြောင်းခင် သူတို့ရဲ့ မွေးရပ်ဇာတိ Yale မှာ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

စတင်တွေ့ဆုံခဲ့တဲ့ အချိန်မှာ Boyack ဟာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေခဲ့သူဖြစ်ပြီး

Dubes က တော့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလစာ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ချစ်သူသက်တမ်းရဲ့ ရတုတစ်ခုကို ဖြတ်ကျော်ဖို့ဆိုတာ နှစ်ဦးစလုံးအတွက် တစ်ကယ့်ကို မလွယ်ကူတဲ့ အရာဖြစ်ပေမယ့်လည်း

Vivian Boyack နဲ့ Alice Nonie Dubesတို့ကတော့ နှောင်းလူတွေအတွက် စံထားရလောက်အောင်

နှစ် ၇၀ကျော်အထိ ရွှေလက်တွဲမြဲခဲ့တာကြောင့် ပရိသတ်ကြီး ကြည်နူးသွားစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခရက်‌ဒစ်

Zawgyi

ပရိသတ္ႀကီးေရ ဒီတစ္ေခါက္မွာေတာ့ ထူးထူးဆန္းဆန္း သတင္းတစ္ပုဒ္အေနနဲ႕

ႏွစ္ေပါင္း၇၀ ေက်ာ္အခ်စ္ေတြနဲ႕ ေ႐ႊလက္တြဲၿမဲသြားတဲ့ အမ်ိဳးသမီး ႏွစ္ဦးအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

Vivian Boyack နဲ႕ Alice Nonie Dubes တို႔ႏွစ္ဦးဟာ ၇၂ ႏွစ္ၾကာ အတူလက္တြဲခဲ့ၾကၿပီး ဓေလ့ထုံးတမ္းစဥ္လာအရ

လက္ထပ္ မဂၤလာပြဲက်င္းပခဲ့ၾကတာပဲ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးရဲ႕ မဂၤလာပြဲေလးဟာ လူအနည္းငယ္နဲ႕သာ က်င္းပခဲ့တာျဖစ္ေပမယ့္လည္း

လူမႈကြန္ယက္ေပၚမွာ နာမည္ႀကီးသြားခဲ့တာျဖစ္ၿပီး လူတိုင္းသေဘာက်တယ္လို႔ သတ္မွတ္ခံခဲ့ရတယ္အထိေတာင္ ျဖစ္ခဲ့ရပါတယ္။

First Christian Church လို႔အမည္ရတဲ့ ဘုရားေက်ာင္းႀကီးထဲမွာ သူတို႔ရဲ႕မိသားစုဝင္ တခ်ိဳ႕နဲ႕

ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြရဲ႕ ေရွ႕ေမွာက္မွာ အျပန္အလွန္ သစၥာကတိျပဳခဲ့ၾကပါတယ္။

သူတို႔ႏွစ္ေယာက္စလုံးဟာ အသက္ ၉၀ေက်ာ္အ႐ြယ္ရွိေနၾကၿပီ ျဖစ္ၿပီး ၁၉၄၇ ခုႏွစ္တြင္

Davenport သို႔ မေ႐ႊ႕ေျပာင္းခင္ သူတို႔ရဲ႕ ေမြးရပ္ဇာတိ Yale မွာ ေတြ႕ဆုံ ခဲ့ၾကတာျဖစ္ပါတယ္။

စတင္ေတြ႕ဆုံခဲ့တဲ့ အခ်ိန္မွာ Boyack ဟာ ေက်ာင္းဆရာမအျဖစ္ လုပ္ကိုင္ေနခဲ့သူျဖစ္ၿပီး

Dubes က ေတာ့ ကုမၸဏီတစ္ခုမွာ ဝန္ထမ္းလစာ စာရင္းကိုင္အျဖစ္ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

ခ်စ္သူသက္တမ္းရဲ႕ ရတုတစ္ခုကို ျဖတ္ေက်ာ္ဖို႔ဆိုတာ ႏွစ္ဦးစလုံးအတြက္ တစ္ကယ့္ကို မလြယ္ကူတဲ့ အရာျဖစ္ေပမယ့္လည္း

Vivian Boyack နဲ႕ Alice Nonie Dubesတို႔ကေတာ့ ေႏွာင္းလူေတြအတြက္ စံထားရေလာက္ေအာင္

ႏွစ္ ၇၀ေက်ာ္အထိ ေ႐ႊလက္တြဲၿမဲခဲ့တာေၾကာင့္ ပရိသတ္ႀကီး ၾကည္ႏူးသြားေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ခရက္‌ဒစ္