လမ်းဘေးဈေးသည်အဘွားအိုအတွက် Surprise ပါတီလေးကျင်းပပေးခဲ့တဲ့ စားသောက်ဆိုင်
ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Lola Belen အမည်ရှိတဲ့ အဘွားအိုဟာ
နာမည်ကျော်ကြားတဲ့ Jollibee ဆိုင်ရဲ့ ကားပါကင်လေးနားမှာ နှစ်ပေါင်းအတော်ကြာတဲ့အထိ kakanin ဆိုတဲ့ မုန့်ဖက်ထုပ်လေးကို အမြဲရောင်းချနေတာပါ ။
ခင်ပွန်းဖြစ်သူ သေဆုံးသွားခဲ့တဲ့အချိန်ကစပြီး လမ်းဘေးမုန့်သည်လေးဖြစ်သွားခဲ့တာပါ ။
သူမဟာ အသက် 75 နှစ်ရှိနေပြီဆိုပေမဲ့ မြေးတွေရဲ့ စားဝတ်နေရေးနဲ့ ကျောင်းစရိတ်အတွက် အခုလိုကြိုးစားပြီး ရှာဖွေပေးနေရတာပါ ။
ဒါကိုJollibee ဆိုင်က ဝန်ထမ်းတွေကလည်း သတိထားမိပြီး တစ်ရက်မှာတော့ အဘိုးအဘွားနေ့မှာ Lola အဘွားအတွက်
ဆိုင်ကဝန်ထမ်းတွေက Surprise ပါတီလေးလုပ်ပေးခဲ့ပါတယ် ။
အဘွားအိုရဲ့ သားသမီး နဲ့ မြေးတွေဖြစ်ကြတဲ့ မိသားစုဝင်တွေပါ အကုန်ဖိတ်ကြားပြီး ပါတီပွဲအသေးလေး ကျင်းပပြုလုပ်ပေးခဲ့ပါတယ် ။
လူအတော်အများကတော့ အဘွားအိုအပေါ် စေတနာမေတ္တာထားကြတဲ့ Jollibee ဆိုင်မှ ဝန်ထမ်းတွေကို လေးစားချီးကျူးခဲ့ကြပြီး၊
လူအချို့မှာတော့ ဆင်းရဲတဲ့သူတွေကိုခေါ်ပြီး ဆိုင်နာမည်ကြီးအောင် လုပ်နေတယ်ဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတယ် ။
ခရက်ဒစ်
Zawgyi
လမ္းေဘးေဈးသည္အဘြားအိုအတြက္ Surprise ပါတီေလးက်င္းပေပးခဲ့တဲ့ စားေသာက္ဆိုင္
ဖိလစ္ပိုင္နိုင္ငံမွာေနထိုင္တဲ့ Lola Belen အမည္ရွိတဲ့ အဘြားအိုဟာ နာမည္ေက်ာ္ၾကားတဲ့
Jollibee ဆိုင္ရဲ႕ ကားပါကင္ေလးနားမွာ ႏွစ္ေပါင္းအေတာ္ၾကာတဲ့အထိ kakanin ဆိုတဲ့ မုန႔္ဖက္ထုပ္ေလးကို အၿမဲေရာင္းခ်ေနတာပါ ။
ခင္ပြန္းျဖစ္သူ ေသဆုံးသြားခဲ့တဲ့အခ်ိန္ကစၿပီး လမ္းေဘးမုန႔္သည္ေလးျဖစ္သြားခဲ့တာပါ ။
သူမဟာ အသက္ 75 ႏွစ္ရွိေနၿပီဆိုေပမဲ့ ေျမးေတြရဲ႕ စားဝတ္ေနေရးနဲ႕ ေက်ာင္းစရိတ္အတြက္ အခုလိုႀကိဳးစားၿပီး ရွာေဖြေပးေနရတာပါ ။
ဒါကို Jollibee ဆိုင္က ဝန္ထမ္းေတြကလည္း သတိထားမိၿပီး တစ္ရက္မွာေတာ့ အဘိုးအဘြားေန႕မွာ
Lola အဘြားအတြက္ ဆိုင္ကဝန္ထမ္းေတြက Surprise ပါတီေလးလုပ္ေပးခဲ့ပါတယ္ ။
အဘြားအိုရဲ႕ သားသမီး နဲ႕ ေျမးေတြျဖစ္ၾကတဲ့ မိသားစုဝင္ေတြပါ အကုန္ဖိတ္ၾကားၿပီး ပါတီပြဲအေသးေလး က်င္းပျပဳလုပ္ေပးခဲ့ပါတယ္ ။
လူအေတာ္အမ်ားကေတာ့ အဘြားအိုအေပၚ ေစတနာေမတၱာထားၾကတဲ့ Jollibee ဆိုင္မွ ဝန္ထမ္းေတြကို ေလးစားခ်ီးက်ဴးခဲ့ၾကၿပီး၊
လူအခ်ိဳ႕မွာေတာ့ ဆင္းရဲတဲ့သူေတြကိုေခၚၿပီး ဆိုင္နာမည္ႀကီးေအာင္ လုပ္ေနတယ္ဆိုၿပီး မ်ိဳးစုံေဝဖန္ခဲ့ၾကပါတယ္ ။
ခရက္ဒစ္