ဗဟုသုတ

ယောကျာ်းတွေကို စိတ်နာလို့ အမျိုးသမီးတွေချည်းသာ နေထိုင်တဲ့ ကင်ညာနိုင်ငံက အမျိုးသမီး သီးသန့်ကျေးရွာ

ကင်ညာနိုင်ငံက ထူးဆန်းတဲ့ အမျိုးသမီး သီးသန့်ကျေးရွာ

အာဖရိကတိုက်က ကင်ညာနိုင်ငံမှာ အူမိုဂျာ (Umoja) လို့ ထူးဆန်းတဲ့ ကျေးရွာလေးတစ်ခု ရှိပါတယ်။ အဲဒီကျေးရွာလေးဟာ အမျိုးသားတွေကို လုံး၀ လက်မခံ၊ နေထိုင်ခွင့် မပေးဘဲ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ သီးသန့် နေထိုင်တဲ့ ရွာလေးပါ။

ဒီရွာကို စတင် တည်ထောင်ခဲ့တဲ့ ရီဘက်ကာနဲ့ အခြား အမျိုးသမီး (၁၄)ဦးစလုံးဟာ ဗြိတိန်စစ်သားတွေရဲ့ မုဒိန်းကျင့်မှု ခံခဲ့ရတာကြောင့် သူမတို့ကျေးရွာနဲ့ ရွာသားတွေရဲ့ ပစ်ပယ်ခြင်း ခံထားရသူတွေပါ။

ဒါကြောင့် ဘ၀တူ အမျိုးသမီးတွေချည်း စုပြီး တည်ထောင်ခဲ့တဲ့ ရွာလေးဟာ လက်ရှိအချိန်မှာတော့ အမျိုးသမီး (၅၀)ကျော်နဲ့ ကလေးအယောက် (၂၀၀) ကျော် နေထိုင်နေတယ်လို့ သိရပါတယ်။

ရွာသူကြီးလည်းဖြစ်၊ တည်ထောင်သူလည်း ဖြစ်တဲ့ ရီဘက်ကာဟာ ဆွန်ဘူရူ (Sumburu) မျိုးနွယ်စု၀င် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အသက်(၁၂)နှစ် အရွယ်ထဲက မိန်းမအင်္ဂါကို ရက်စက်စွာ လှီးဖြတ်ခံခဲ့ရသူ တစ်ဦးပါ။

လှီးဖြတ်တာ မှားယွင်းမှုကြောင့် သွေးထွက်လွန်ပြီး သေမလို ဖြစ်ခဲ့တဲ့ ရီဘက်ကာဟာ ရွာက ထွက်ပြေးခဲ့ပါတယ်။

ကံကောင်းစွာနဲ့ သေလုမျောပါး ဖြစ်နေဆဲမှာ ဆေးရုံကို ရောက်သွားခဲ့ပြီး အသက်ချမ်းသာရာ ရခဲ့ပါတယ်။ ဒါတောင် ဆေးရုံမှာ တစ်လကျော်လောက် ကုသမှု ခံယူခဲ့ရပါတယ်။

ကင်ညာနိုင်ငံက တိုင်းရင်းသား မျိုးနွယ်စုတွေမှာတော့ အမျိုးသမီးတွေရဲ့ မိန်းမအင်္ဂါ လှီးဖြတ်တာ အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ဒါ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခု အဆင့်လောက်သာ ရှိပြီး အသက်(၆)နှစ် အရွယ်လောက်တည်းက ယောကျာ်းပေးစား ခံရပါတယ်။

ဒီအခြေအနေဆိုးတွေကို နာကျည်းပြီး တွန်းလှန်ချင်စိတ် ပြင်းထန်နေတာကြောင့် ရီဘက်ကာဟာ သူမနဲ့ စိတ်တူကိုယ်တူ ရှိမယ့် အမျိုးသမီး (၁၄) ဦးနဲ့ ပူးပေါင်းပြီး အူမိုဂျာရွာကို တည်ထောင်ခဲ့တာပါ။

ရီဘက်ကာက သူမရဲ့ ငယ်ဘ၀ အတွေ့အကြုံ နဲ့ ပတ်သတ်ပြီး “ကျွန်မတို့ အမျိုးသမီးတွေဟာ အချိန်မရွေး အသက် ဆုံးရှုံးနိုင်ပါတယ်။

ကျွန်မတို့ ယောကျာ်းတွေက သူတို့ ဆန္ဒရှိလို့ သတ်ချင်ရင် လွတ်လပ်စွာ သတ်ခွင့်ရှိပါတယ်။ ကျွန်မတို့မှာ ကိုယ့်ယောကျာ်းကို ရွေးချယ်ခွင့် မရှိပါဘူး။ ဘာပစ္စည်းမှ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ အသက်ရှင်သန်ခွင့်လည်း မရှိပါဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။

အူမိုဂျာ ဆိုတာ ဆွာဟီလီ (Swahili) မျိုးနွယ်စု စကားနဲ့ ဆိုရင် စည်းလုံးမှုလို့ အဓိပ္ပာယ်ရကြောင်း၊ အမျိုးသမီးတွေ စည်းလုံးတာကို မမြင်ချင်တဲ့ အမျိုးသားတွေ အတွက် အကောင်းဆုံး လက်စားချေတဲ့ စကားလုံးဖြစ်ကြောင်းကိုလည်း ရီဘက်ကာက ပြောခဲ့ပါတယ်။

ခုဆိုရင်တော့ အူမိုဂျာရွာလေးဟာ ကမ္ဘာလှည့် ခရီးသွားကြားမှာ ထင်ရှားတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင်လည်း အူမိုဂျာရွာသူတွေ ရက်လုပ်တဲ့ ကြိမ်ထည်ပစ္စည်းတွေဟာ လက်ရာမြောက်လွန်းလို့ နိုင်ငံခြားကို တင်ပို့ရတဲ့အထိ အောင်မြင်နေပါတယ်။

ရွာစတင် တည်ထောင်တဲ့ အချိန်မှာတုန်းက ကလေးအရွယ်သာ ရှိသေးပေမယ့် လက်ရှိမှာ လူလားမြောက်လာပြီ ဖြစ်တဲ့ အမျိုးသားတွေကို အလုပ်လုပ်ချိန်မှာသာ ရွာထဲမှာ နေထိုင်ခွင့်ပေးပြီး ကျန်အချိန်တွေမှာတော့ လက်ခံထားခြင်း မရှိကြောင်းလည်း သိရပါတယ်။

ခရက်ဒစ် to Aunty May

Zawgyi

ကင္ညာနိုင္ငံက ထူးဆန္းတဲ့ အမ်ိဳးသမီး သီးသန့္ေက်း႐ြာ

အာဖရိကတိုက္က ကင္ညာနိုင္ငံမွာ အူမိုဂ်ာ (Umoja) လို႔ ထူးဆန္းတဲ့ ေက်း႐ြာေလးတစ္ခု ရွိပါတယ္။ အဲဒီေက်း႐ြာေလးဟာ အမ်ိဳးသားေတြကို လုံး၀ လက္မခံ၊ ေနထိုင္ခြင့္ မေပးဘဲ အမ်ိဳးသမီးေတြနဲ႕ ကေလးေတြပဲ သီးသန့္ ေနထိုင္တဲ့ ႐ြာေလးပါ။

ဒီ႐ြာကို စတင္ တည္ေထာင္ခဲ့တဲ့ ရီဘက္ကာနဲ႕ အျခား အမ်ိဳးသမီး (၁၄)ဦးစလုံးဟာ ၿဗိတိန္စစ္သားေတြရဲ႕ မုဒိန္းက်င့္မႈ ခံခဲ့ရတာေၾကာင့္ သူမတို႔ေက်း႐ြာနဲ႕ ႐ြာသားေတြရဲ႕ ပစ္ပယ္ျခင္း ခံထားရသူေတြပါ။

ဒါေၾကာင့္ ဘ၀တူ အမ်ိဳးသမီးေတြခ်ည္း စုၿပီး တည္ေထာင္ခဲ့တဲ့ ႐ြာေလးဟာ လက္ရွိအခ်ိန္မွာေတာ့ အမ်ိဳးသမီး (၅၀)ေက်ာ္နဲ႕ ကေလးအေယာက္ (၂၀၀) ေက်ာ္ ေနထိုင္ေနတယ္လို႔ သိရပါတယ္။

႐ြာသူႀကီးလည္းျဖစ္၊ တည္ေထာင္သူလည္း ျဖစ္တဲ့ ရီဘက္ကာဟာ ဆြန္ဘူ႐ူ (Sumburu) မ်ိဳးႏြယ္စု၀င္ အမ်ိဳးသမီးတစ္ဦး ျဖစ္ၿပီး အသက္(၁၂)ႏွစ္ အ႐ြယ္ထဲက မိန္းမအဂၤါကို ရက္စက္စြာ လွီးျဖတ္ခံခဲ့ရသူ တစ္ဦးပါ။

လွီးျဖတ္တာ မွားယြင္းမႈေၾကာင့္ ေသြးထြက္လြန္ၿပီး ေသမလို ျဖစ္ခဲ့တဲ့ ရီဘက္ကာဟာ ႐ြာက ထြက္ေျပးခဲ့ပါတယ္။

ကံေကာင္းစြာနဲ႕ ေသလုေမ်ာပါး ျဖစ္ေနဆဲမွာ ေဆး႐ုံကို ေရာက္သြားခဲ့ၿပီး အသက္ခ်မ္းသာရာ ရခဲ့ပါတယ္။ ဒါေတာင္ ေဆး႐ုံမွာ တစ္လေက်ာ္ေလာက္ ကုသမႈ ခံယူခဲ့ရပါတယ္။

ကင္ညာနိုင္ငံက တိုင္းရင္းသား မ်ိဳးႏြယ္စုေတြမွာေတာ့ အမ်ိဳးသမီးေတြရဲ႕ မိန္းမအဂၤါ လွီးျဖတ္တာ အစဥ္အလာတစ္ခုလို ျဖစ္ေနပါၿပီ။ ဒါ့အျပင္ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြပိုင္ဆိုင္တဲ့ ပစၥည္းတစ္ခု အဆင့္ေလာက္သာ ရွိၿပီး အသက္(၆)ႏွစ္ အ႐ြယ္ေလာက္တည္းက ေယာက်ာ္းေပးစား ခံရပါတယ္။

ဒီအေျခအေနဆိုးေတြကို နာက်ည္းၿပီး တြန္းလွန္ခ်င္စိတ္ ျပင္းထန္ေနတာေၾကာင့္ ရီဘက္ကာဟာ သူမနဲ႕ စိတ္တူကိုယ္တူ ရွိမယ့္ အမ်ိဳးသမီး (၁၄) ဦးနဲ႕ ပူးေပါင္းၿပီး အူမိုဂ်ာ႐ြာကို တည္ေထာင္ခဲ့တာပါ။

ရီဘက္ကာက သူမရဲ႕ ငယ္ဘ၀ အေတြ႕အႀကဳံ နဲ႕ ပတ္သတ္ၿပီး “ကြၽန္မတို႔ အမ်ိဳးသမီးေတြဟာ အခ်ိန္မေ႐ြး အသက္ ဆုံးရႈံးနိုင္ပါတယ္။

ကြၽန္မတို႔ ေယာက်ာ္းေတြက သူတို႔ ဆႏၵရွိလို႔ သတ္ခ်င္ရင္ လြတ္လပ္စြာ သတ္ခြင့္ရွိပါတယ္။ ကြၽန္မတို႔မွာ ကိုယ့္ေယာက်ာ္းကို ေ႐ြးခ်ယ္ခြင့္ မရွိပါဘူး။ ဘာပစၥည္းမွ ပိုင္ဆိုင္ခြင့္ မရွိပါဘူး။ အသက္ရွင္သန္ခြင့္လည္း မရွိပါဘူး” လို႔ ဖြင့္ဟခဲ့ပါတယ္။

အူမိုဂ်ာ ဆိုတာ ဆြာဟီလီ (Swahili) မ်ိဳးႏြယ္စု စကားနဲ႕ ဆိုရင္ စည္းလုံးမႈလို႔ အဓိပၸာယ္ရေၾကာင္း၊ အမ်ိဳးသမီးေတြ စည္းလုံးတာကို မျမင္ခ်င္တဲ့ အမ်ိဳးသားေတြ အတြက္ အေကာင္းဆုံး လက္စားေခ်တဲ့ စကားလုံးျဖစ္ေၾကာင္းကိုလည္း ရီဘက္ကာက ေျပာခဲ့ပါတယ္။

ခုဆိုရင္ေတာ့ အူမိုဂ်ာ႐ြာေလးဟာ ကမာၻလွည့္ ခရီးသြားၾကားမွာ ထင္ရွားတဲ့ ေနရာတစ္ခု ျဖစ္ေနပါတယ္။ ဒါ့အျပင္လည္း အူမိုဂ်ာ႐ြာသူေတြ ရက္လုပ္တဲ့ ႀကိမ္ထည္ပစၥည္းေတြဟာ လက္ရာေျမာက္လြန္းလို႔ နိုင္ငံျခားကို တင္ပို႔ရတဲ့အထိ ေအာင္ျမင္ေနပါတယ္။

႐ြာစတင္ တည္ေထာင္တဲ့ အခ်ိန္မွာတုန္းက ကေလးအ႐ြယ္သာ ရွိေသးေပမယ့္ လက္ရွိမွာ လူလားေျမာက္လာၿပီ ျဖစ္တဲ့ အမ်ိဳးသားေတြကို အလုပ္လုပ္ခ်ိန္မွာသာ ႐ြာထဲမွာ ေနထိုင္ခြင့္ေပးၿပီး က်န္အခ်ိန္ေတြမွာေတာ့ လက္ခံထားျခင္း မရွိေၾကာင္းလည္း သိရပါတယ္။

ခရက္ဒစ္ to Aunty May