ရွာကိုပြောင်းလာတဲ့ မိသားစုတိုင်းကို ဒေါ်လာ ၇ သောင်းကျော် ပေးမယ့် ဆွစ်ဇာလန်က ရွာကလေး
ယနေ့ အချိန်မှာ တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ ရာမှာ ကုန်ကျစရိတ် များစွာ ကျသင့်မှာ ဖြစ် ပေမယ့် ဆွစ်ဇာလန်က ကျေးရွာတစ်ခုကတော့ ပြောင်းရွေ့လာတဲ မိသားစုတိုင်းကို ဒေါ် လာ ၇ သောင်းကျော် ပေးမယ်ဆိုတဲ့ တရားဝင် ကြေငြာချက် ထုတ်လိုက်ပါတယ်။
အဲ့ဒီ ကျေးရွာကတော့ ဆွစ်ဇာလန်နိုင်ငံ Leuk ပြည်နယ်က Albi nen ဆိုတဲ့ တောင်တန်း ကျေးရွာလေး ဖြစ်ပါတယ်။
ပြောင်းရွေ့လာတဲ့သူတွေကို ဒီလောက် များပြားတဲ့ ပိုက်ဆံတွေ ပေးနေရတဲ့ အကြောင်းကတော့ သူတို့ရွာဟာ လူဦးရေ နည်းပါးမှုနဲ့ ကြုံနေရပြီး လူမနေတော့ပဲ ပျောက်သွားမှာ စိုးလို့ပါ။
၁၉၀၀ ဝန်းကျင်ကတောင် လူဦးရေ ၄၀၀ နီးပါး ရှိခဲ့တဲ့ Albinen ရွာဟာ အခုဆိုရင် လူဦးရေ ၂၄၀ သာ ကျန်ပါတော့တယ်။
အဆိုးဆုံးကတော့ ပြီးခဲ့တဲ့နှစ်က မိသားစု ၃စု ပြောင်းရွှေ့သွားပြီး ဒီအထဲမှာ ကလေး ၈ ယောက်လည်း ပါသွားတာ ဖြစ်တာကြောင့် ကျေးရွာ စာသင်ကျောင်းကို ပိတ်လိုက်ရပါတယ်။
လက်ရှိကျေးရွာက ကလေး ၇ယောက်ဟာ ကားနဲ့ နာရီဝက်ကြာ သွားရတဲ့ အနီးက မြို့ကျောင်းမှာ တက်နေရပါတယ်။
တကယ်လို့ ဒီရွာမှာ မိသားစုတွေ များလာရင် ကျောင်းပြန်ဖွင့်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင် ပါတယ်။
ပြောင်းရွေ့တဲ့ မိသားစုတွေကို ဆုလာဘ်အဖြစ်နဲ့ ဆွစ်ဇာလန်ငွေ ၇၀၀၀၀ (ဒေါ်လာ ၇၁၀၀၀ ခန့်) ကို ပေးမှာ ဖြစ်ပြီး အဲဒီမိသားစုမှာ မိသားစုဝင် ၄ ယောက် ပါရမှာ ဖြစ်ပါတယ်။
လူကြီးတယောက် အတွက် ဆွစ်ငွေ ၂၅၀၀၀ နဲ့ ကလေးတစ်ယောက် အတွက် ဆွစ်ငွေ ၁၀၀၀၀ ကို ပေးမှာ ဖြစ်တာကြောင့် လူကြီးနှစ်ဦး ကလေးနှစ်ဦး ပါတဲ့ မိသားစုတွေက ဆွစ်ငွေ ၇၀၀၀၀ ရမှာ ဖြစ်ပြီး အဲဒီထက်မိသားစုများရင် အဲဒီထက် ပို ရနိုင်မှာ ဖြစ် ပါတယ်။
ဒါပေမယ့် စည်းကမ်းချက် တချို့တော့ ပါရှိပါတယ်။ ဒါကတော့ လူကြီးတွေဟာ အသက် ၄၅ နှစ် ထက် မကျော်ရမှာ ဖြစ်ပြီး အဲဒီရွာမှာ အနည်းဆုံး ၁၀ နှစ်နဲ့ အထက် နေထိုင်ပေးရမှာ ဖြစ်ပါတယ်။
၁၀ နှစ် မပြည့်မီ ပြောင်းရွေ့ခဲ့ရင် ပြန်လျော်ရမှာ ဖြစ်ပြီး ၁၀ နှစ် ပြည့်သွားရင်တော့ စိတ်ကြိုက် ထွက်ခွာသွားနိုင် ပါတယ်။
ရွာကနေ အလွယ်တကူ ထွက်ပြေးလို့ မရအောင် ပြောင်းလာတဲ့ သူတွေဟာ အနည်းဆုံး ဆွစ်ငွေ ၂ သိန်းတန် အိမ်တွေကို ဆောက်လုပ်ပြီး နေထိုင်ရမှာ ဖြစ်ပါတယ်။
ဒါမှသာ ခဏတဖြုတ် သွားသလိုနဲ့ အပြီး ပြောင်းပြေးမသွားနိုင်မှာ ဖြစ်တယ်။
Albinen ရွာလေးဟာ တောင်စောင်းပေါ်မှာ တည်ရှိတဲ့ အေးချမ်း လှပသော ရွာကလေး ဖြစ်သလို စိမ်းစိုနေတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လေကောင်းလေသန့်ကို ရရှိနိုင်တာကြောင့် အေးအေးချမ်းချမ်း နေချင်သူတွေ အတွက်တော့ အဆင် ပြေစေမှာပါ။
အဓိက လုပ်ငန်းက စိုက်ပျိုးရေးဖြစ်ပြီး အနီးအနားက မြို့တွေကို နာရီဝက် အတွင်း သွားလာနိုင်တာကြောင့် အရမ်းခေါင်တဲ့ နေရာတစ်ခုတော့ မဟုတ်တဲ့အပြင် ဒီရွာရဲ့ ၃.၇ မိုင် အကွာမှာ ဆွစ်ဇာလန်ရဲ့ နာမည်ကြီး အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ Leukerbad အပန်းဖြေစခန်း တည် ရှိနေပါသေးတယ်။
ဒီရွာမှာ လူထောင်နဲ့ချီပြီး နေနိုင်တဲ့ အိမ်တွေ ဖြစ်ပေမယ့် အများစုက အားလပ်ရက် အပန်းဖြေတဲ့ အိမ်တွေဖြစ်ပြီး အတည်ကျ နေထိုင် ခဲ့တဲ့သူတွေရဲ့ အိမ်ကတော့ နည်းပါးပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး Beat Jost က တော့” ဒီလို ရင်းနှီး မြုပ်နှံခြင်း အားဖြင့် လူတွေ ဝင်လာပြီး အိမ်တွေ ဆောက်လာကြမယ်ဆို ဆိုင်တွေ ပေါ် လာလိမ့်မယ်။
ကျောင်းလည်း ပြန်ဖွင့်နိုင်မှာ ဖြစ်ပြီး လူဦးရေ နည်းပါးမှုကို ကာကွယ်သွားနိုင်လိမ့်မယ်” လို့ ဆိုပါတယ်။
ခရက်ဒစ် သုတဇုန်
Zawgyi
႐ြာကိုေျပာင္းလာတဲ့ မိသားစုတိုင္းကို ေဒၚလာ ၇ ေသာင္းေက်ာ္ ေပးမယ့္ ဆြစ္ဇာလန္က ႐ြာကေလး
ယေန႕ အခ်ိန္မွာ တစ္ေနရာကေန တစ္ေနရာကို ေျပာင္းေ႐ႊ ရာမွာ ကုန္က်စရိတ္ မ်ားစြာ က်သင့္မွာ ျဖစ္ ေပမယ့္ ဆြစ္ဇာလန္က ေက်း႐ြာတစ္ခုကေတာ့ ေျပာင္းေ႐ြ႕လာတဲ မိသားစုတိုင္းကို ေဒၚ လာ ၇ ေသာင္းေက်ာ္ ေပးမယ္ဆိုတဲ့ တရားဝင္ ေၾကျငာခ်က္ ထုတ္လိုက္ပါတယ္။
အဲ့ဒီ ေက်း႐ြာကေတာ့ ဆြစ္ဇာလန္နိုင္ငံ Leuk ျပည္နယ္က Albi nen ဆိုတဲ့ ေတာင္တန္း ေက်း႐ြာေလး ျဖစ္ပါတယ္။
ေျပာင္းေ႐ြ႕လာတဲ့သူေတြကို ဒီေလာက္ မ်ားျပားတဲ့ ပိုက္ဆံေတြ ေပးေနရတဲ့ အေၾကာင္းကေတာ့ သူတို႔႐ြာဟာ လူဦးေရ နည္းပါးမႈနဲ႕ ႀကဳံေနရၿပီး လူမေနေတာ့ပဲ ေပ်ာက္သြားမွာ စိုးလို႔ပါ။
၁၉၀၀ ဝန္းက်င္ကေတာင္ လူဦးေရ ၄၀၀ နီးပါး ရွိခဲ့တဲ့ Albinen ႐ြာဟာ အခုဆိုရင္ လူဦးေရ ၂၄၀ သာ က်န္ပါေတာ့တယ္။
အဆိုးဆုံးကေတာ့ ၿပီးခဲ့တဲ့ႏွစ္က မိသားစု ၃စု ေျပာင္းေ႐ႊ႕သြားၿပီး ဒီအထဲမွာ ကေလး ၈ ေယာက္လည္း ပါသြားတာ ျဖစ္တာေၾကာင့္ ေက်း႐ြာ စာသင္ေက်ာင္းကို ပိတ္လိုက္ရပါတယ္။
လက္ရွိေက်း႐ြာက ကေလး ၇ေယာက္ဟာ ကားနဲ႕ နာရီဝက္ၾကာ သြားရတဲ့ အနီးက ၿမိဳ႕ေက်ာင္းမွာ တက္ေနရပါတယ္။
တကယ္လို႔ ဒီ႐ြာမွာ မိသားစုေတြ မ်ားလာရင္ ေက်ာင္းျပန္ဖြင့္နိုင္မယ္ ဆိုတဲ့ ရည္႐ြယ္ခ်က္လည္း ပါဝင္ ပါတယ္။
ေျပာင္းေ႐ြ႕တဲ့ မိသားစုေတြကို ဆုလာဘ္အျဖစ္နဲ႕ ဆြစ္ဇာလန္ေငြ ၇၀၀၀၀ (ေဒၚလာ ၇၁၀၀၀ ခန႔္) ကို ေပးမွာ ျဖစ္ၿပီး အဲဒီမိသားစုမွာ မိသားစုဝင္ ၄ ေယာက္ ပါရမွာ ျဖစ္ပါတယ္။
လူႀကီးတေယာက္ အတြက္ ဆြစ္ေငြ ၂၅၀၀၀ နဲ႕ ကေလးတစ္ေယာက္ အတြက္ ဆြစ္ေငြ ၁၀၀၀၀ ကို ေပးမွာ ျဖစ္တာေၾကာင့္ လူႀကီးႏွစ္ဦး ကေလးႏွစ္ဦး ပါတဲ့ မိသားစုေတြက ဆြစ္ေငြ ၇၀၀၀၀ ရမွာ ျဖစ္ၿပီး အဲဒီထက္မိသားစုမ်ားရင္ အဲဒီထက္ ပို ရနိုင္မွာ ျဖစ္ ပါတယ္။
ဒါေပမယ့္ စည္းကမ္းခ်က္ တခ်ိဳ႕ေတာ့ ပါရွိပါတယ္။ ဒါကေတာ့ လူႀကီးေတြဟာ အသက္ ၄၅ ႏွစ္ ထက္ မေက်ာ္ရမွာ ျဖစ္ၿပီး အဲဒီ႐ြာမွာ အနည္းဆုံး ၁၀ ႏွစ္နဲ႕ အထက္ ေနထိုင္ေပးရမွာ ျဖစ္ပါတယ္။
၁၀ ႏွစ္ မျပည့္မီ ေျပာင္းေ႐ြ႕ခဲ့ရင္ ျပန္ေလ်ာ္ရမွာ ျဖစ္ၿပီး ၁၀ ႏွစ္ ျပည့္သြားရင္ေတာ့ စိတ္ႀကိဳက္ ထြက္ခြာသြားနိုင္ ပါတယ္။
႐ြာကေန အလြယ္တကူ ထြက္ေျပးလို႔ မရေအာင္ ေျပာင္းလာတဲ့ သူေတြဟာ အနည္းဆုံး ဆြစ္ေငြ ၂ သိန္းတန္ အိမ္ေတြကို ေဆာက္လုပ္ၿပီး ေနထိုင္ရမွာ ျဖစ္ပါတယ္။
ဒါမွသာ ခဏတျဖဳတ္ သြားသလိုနဲ႕ အၿပီး ေျပာင္းေျပးမသြားနိုင္မွာ ျဖစ္တယ္။
Albinen ႐ြာေလးဟာ ေတာင္ေစာင္းေပၚမွာ တည္ရွိတဲ့ ေအးခ်မ္း လွပေသာ ႐ြာကေလး ျဖစ္သလို စိမ္းစိုေနတဲ့ သဘာဝ ပတ္ဝန္းက်င္နဲ႕ ေလေကာင္းေလသန႔္ကို ရရွိနိုင္တာေၾကာင့္ ေအးေအးခ်မ္းခ်မ္း ေနခ်င္သူေတြ အတြက္ေတာ့ အဆင္ ေျပေစမွာပါ။
အဓိက လုပ္ငန္းက စိုက္ပ်ိဳးေရးျဖစ္ၿပီး အနီးအနားက ၿမိဳ႕ေတြကို နာရီဝက္ အတြင္း သြားလာနိုင္တာေၾကာင့္ အရမ္းေခါင္တဲ့ ေနရာတစ္ခုေတာ့ မဟုတ္တဲ့အျပင္ ဒီ႐ြာရဲ႕ ၃.၇ မိုင္ အကြာမွာ ဆြစ္ဇာလန္ရဲ႕ နာမည္ႀကီး အပန္းေျဖစခန္း တစ္ခုျဖစ္တဲ့ Leukerbad အပန္းေျဖစခန္း တည္ ရွိေနပါေသးတယ္။
ဒီ႐ြာမွာ လူေထာင္နဲ႕ခ်ီၿပီး ေနနိုင္တဲ့ အိမ္ေတြ ျဖစ္ေပမယ့္ အမ်ားစုက အားလပ္ရက္ အပန္းေျဖတဲ့ အိမ္ေတြျဖစ္ၿပီး အတည္က် ေနထိုင္ ခဲ့တဲ့သူေတြရဲ႕ အိမ္ကေတာ့ နည္းပါးပါတယ္။
ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး Beat Jost က ေတာ့” ဒီလို ရင္းႏွီး ျမဳပ္ႏွံျခင္း အားျဖင့္ လူေတြ ဝင္လာၿပီး အိမ္ေတြ ေဆာက္လာၾကမယ္ဆို ဆိုင္ေတြ ေပၚ လာလိမ့္မယ္။
ေက်ာင္းလည္း ျပန္ဖြင့္နိုင္မွာ ျဖစ္ၿပီး လူဦးေရ နည္းပါးမႈကို ကာကြယ္သြားနိုင္လိမ့္မယ္” လို႔ ဆိုပါတယ္။
ခရက္ဒစ္ သုတဇုန္