မြန်မာတို့၏ တလွဲအယူများ … ပြောရင်လည်းလွန်တယ်ဖြစ်ဦးမယ်
အကျိုးအကြောင်း ဆီလျော်အောင် မတွေးတတ်တဲ့ ရှေးရိုးစွဲသမားတွေ တွေ့တိုင်း ဖတ်ပါ။
အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့ မင်းဘူးက နဂါးပွက်အိုင်။
တကယ်တော့ ဂေါပကတွေရော အဲ့ဒီလာတဲ့ နဂါးကို လာဖူးကြတဲ့သူတွေပါ။ ပထဝီ သင်ခဲ့ကြမှာပါ ။ ၅ တန်း ၆ တန်း လောက်ဆို မီးတောင်အကြောင်း စာသင်နေရပြီ။
ရွှံ့မီးတောင် / မီးတောင်သေ /
မီးတောင်ငြိမ်း သင်ဖူးကြမှာပါ ။
အခုလို ရွှံ့မီးတောင် အပေါက်ဝထဲကို နွားနို့နဲ့ ကြက်ဥတွေ ပစ်ထည့်ကြတယ်။ အမွှေးတိုင်ပေါင်း သောင်းချီ ပူဇော်ကြတယ် ။
အဲ့ဒီနွားနို့နဲ့ ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာက ကလေးတွေကို တိုက်ကျွေးမယ်ဆို တော်ရုံဂေဟာ တစ်ခုတော့ နေ့စဉ် အာဟာရ မပူရတော့ဘူး ။
သူတစ်ပါး ယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး။ ဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာ ရောက်စေချင်တာပါ။
နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်း ဖြစ်နိုင်တယ် ။
အဲ့ဒီမီးတောင်ကို စနစ်တကျ လေ့လာရင် ဘယ်လိုအဖိုးတန် ဓါတ်ငွေ့တွေ ထွက်နိုင်မလဲ? ဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်။
သူတို့ကို စော်ကားခြင်းထက် ကျွန်တော်ကတော့ နှမျောတယ် ။
ချီလီနဲ့ အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင် ၉ တောင်လောက် စေတီတည်ပြီး နတ်နဂါး ပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်း ဖင်ဘူးထောင် ဦးချပြီး နွားနို့နဲ့ ကြက်ဥတွေ ပစ်ထည့်ဦးမယ်ထင်တယ်။
ပုပ္ပါးက မယ်ဝဏ္ဏဆို သထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့ တရားအားထုတ်ဖို့ လာတဲ့ သထုံဘုရင် မနူဟာရဲ့ ညီမ။ လူစစ်စစ်ပါ။ သူတို့နဲ့တွေ့မှ ပန်းစားဘီလူးမ ဆိုပြီး အစွယ် ပေါက်ရရှာတယ်။
အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့ အယူလွဲ Logic …
မြန်မာပြည် အနှံ့အပြားမှာ မြွေရှင်ဘုရား ဘယ်နှစ်ဆူ ရှိလည်းတော့ မသိဘူး။ ကျွန်တော် ရောက်ဖူးတဲ့ ဘုရားတွေက ပုလိပ်/ သုံးတောင်/ စစ်ကိုင်းမှာရှိတဲ့ မြွေဘုရား သုံးဆူ ရောက်ဖူးတယ် ။
မြွေဆိုတာ အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ပဲ။ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ ကျွန်တော်တို့ မြန်မာတွေ နတ်မြွေ/ အိပ်မက် စတဲ့ ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့ တိရိစ္ဆာန်ကို ဖင်ဘူးထောင် ကန်တော့နေရတယ်။
အံမယ်…အဲ့ဒီ မြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။ စပါးကြီး /စပါးအုံး မြွေဆိုတာမျိုးက အစာဝရင် ငြိမ်သက်နေတာလေ။ သူတို့မှာ အစာချက်ဖို့ လုံလောက်တဲ့ အစာအိမ်အက်ဆစ် မရှိဘူး။
ဘိန်းကျွေးလို့ ဘိန်းမူးနေတဲ့ မြွေဟာ လူကို ဘယ်အန္တရာယ် ပြုပါ့မလဲ…? ဂေါပကတွေက ပြောသေးတယ် ( သူတော်စင်မြွေ ) တဲ့ ။
ဟုတ်ပြီ… သူတော်စင်မြွေဆိုရင်သက်သက်လွတ် ကျွေးကြည့်ပါ။ တစ်ပတ်တစ်ခါ ဥပုသ်စောင့်ခိုင်းပါ ။ (၁)လလောက် အစာမကျွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ ။
ကျွန်တော် မယုံကြည်လို့ အပြစ်တင်ခြင်း မဟုတ်ပါဘူး။ လွဲနေတဲ့ ဘာသာရေး အသိကို တည့်မတ်စေချင်တာပါ။
တကယ် လိုအပ်နေတဲ့ ဘာသာရေးသာသနိက အဆောက်အုံတွေ အများကြီးပါ ။ မြွေဆိုတဲ့ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို ကန်တော့မယ့် အစား ရွှေစည်းခုံ/ မိထ္ထီလာကန်/ တန့်ကြည်တောင် သမိုင်းတွေထဲ ပါတဲ့ လူကောင်းတွေကို ကူညီတတ်တဲ့ ဘီလူး/သဘက်တွေကို ကန်တော့တာမှ တော်သေး။
မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆို တောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်ဒါ မြွေကြီးတွေကို You Tube မှာ ရှာကြည့်။
( မြန်မာပြည်မှာသာ အန်နာကွန်ဒါ မြွေကြီးတွေ တွေ့ခဲ့ရင် မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ် ထင်တယ် )
လူတွေလုပ်မှ အကြောက်တရားကိုဘာသာတရားထဲ ဇွတ်သွင်းနေသလိုပဲ။
ကျွန်တော်ကတော့ အဟိတ် တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ်
ဒါကြောင့် သူများပါးစပ်ဖျားမှာ လမ်းမဆုံးဘဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစား ချင့်ချိန်ရမယ်။ တရား များများနာ စာများများဖတ်။ ဒါမှ အလိမ်မခံရမှာ။
ပြန်လည်မျှဝေပါသည်။
Zawgyi
ျမန္မာတို႔၏ တလြဲအယူမ်ား … ေျေျပာရင္လည္းလြန္တယ္ျဖစ္ဦးမယ္
အက်ိဳးအေၾကာင္း ဆီေလ်ာ္ေအာင္ မေတြးတတ္တဲ့ ေရွးရိုးစြဲသမားေတြ ေတြ႕တိုင္း ဖတ္ပါ။
အမေတာ္ ‘သုစိတ’ ေမာင္ေတာ္’နႏၵ’ အပိုင္စားရတဲ့ မင္းဘူးက နဂါးပြက္အိုင္။
တကယ္ေတာ့ ေဂါပကေတြေရာ အဲ့ဒီလာတဲ့ နဂါးကို လာဖူးၾကတဲ့သူေတြပါ။ ပထဝီ သင္ခဲ့ၾကမွာပါ ။ ၅ တန္း ၆ တန္း ေလာက္ဆို မီးေတာင္အေၾကာင္း စာသင္ေနရၿပီ။
႐ႊံ႕မီးေတာင္ / မီးေတာင္ေသ /
မီးေတာင္ၿငိမ္း သင္ဖူးၾကမွာပါ ။
အခုလို ႐ႊံ႕မီးေတာင္ အေပါက္ဝထဲကို ႏြားနို႔နဲ႕ ၾကက္ဥေတြ ပစ္ထည့္ၾကတယ္။ အေမႊးတိုင္ေပါင္း ေသာင္းခ်ီ ပူေဇာ္ၾကတယ္ ။
အဲ့ဒီႏြားနို႔နဲ႕ ၾကက္ဥေတြကိုသာ မိဘမဲ့ေဂဟာက ကေလးေတြကို တိုက္ေကြၽးမယ္ဆို ေတာ္႐ုံေဂဟာ တစ္ခုေတာ့ ေန႕စဥ္ အာဟာရ မပူရေတာ့ဘူး ။
သူတစ္ပါး ယုံၾကည္မႈကို ကဲ့ရဲ႕တာမဟုတ္ပါဘူး။ ဆုံးရႈံးသြားတဲ့ အလႉေငြကို လိုအပ္တဲ့ေနရာ ေရာက္ေစခ်င္တာပါ။
ေနာက္တစ္ခ်က္က ဒါဟာ ဘူမိေဗဒပညာရွင္ေတြအတြက္ အဖိုးမျဖတ္နိုင္တဲ့ ေလ့လာေရးစခန္း ျဖစ္နိုင္တယ္ ။
အဲ့ဒီမီးေတာင္ကို စနစ္တက် ေလ့လာရင္ ဘယ္လိုအဖိုးတန္ ဓါတ္ေငြ႕ေတြ ထြက္နိုင္မလဲ? ဘယ္လိုအက်ိဳးေက်းဇူး ရွိမလဲ သိခြင့္ရလာမယ္။
သူတို႔ကို ေစာ္ကားျခင္းထက္ ကြၽန္ေတာ္ကေတာ့ ႏွေမ်ာတယ္ ။
ခ်ီလီနဲ႕ အာဂ်င္တီးနားက မီးေတာင္ေသေတြ/႐ႊံ႕မီးေတာင္ေတြ / မီးေတာင္ရွင္ေတြသာ ျမန္မာျပည္ေရာက္ခဲ့ရင္ ၉ ေတာင္ေလာက္ ေစတီတည္ၿပီး နတ္နဂါး ပုံျပင္တစ္ခုခုနဲ႕ဇာတ္သြင္း ဖင္ဘူးေထာင္ ဦးခ်ၿပီး ႏြားနို႔နဲ႕ ၾကက္ဥေတြ ပစ္ထည့္ဦးမယ္ထင္တယ္။
ပုပၸါးက မယ္ဝဏၰဆို သထုံကေန နန္းမႈေရးရာ စိတ္ကုန္လို႔ တရားအားထုတ္ဖို႔ လာတဲ့ သထုံဘုရင္ မႏူဟာရဲ႕ ညီမ။ လူစစ္စစ္ပါ။ သူတို႔နဲ႕ေတြ႕မွ ပန္းစားဘီလူးမ ဆိုၿပီး အစြယ္ ေပါက္ရရွာတယ္။
အပါယ္ေလးဘုံ စာရင္းဝင္ တိရိစာၦန္ကို ကန္ေတာ့ေနရတဲ့ အယူလြဲ Logic …
ျမန္မာျပည္ အႏွံ႕အျပားမွာ ေႁမြရွင္ဘုရား ဘယ္ႏွစ္ဆူ ရွိလည္းေတာ့ မသိဘူး။ ကြၽန္ေတာ္ ေရာက္ဖူးတဲ့ ဘုရားေတြက ပုလိပ္/ သုံးေတာင္/ စစ္ကိုင္းမွာရွိတဲ့ ေႁမြဘုရား သုံးဆူ ေရာက္ဖူးတယ္ ။
ေႁမြဆိုတာ အပါယ္ေလးဘုံ စာရင္းဝင္ တိရိစာၦန္ပဲ။ နိမ့္က်တဲ့ တိရိစာၦန္ကို ျမင့္ျမတ္တဲ့ ဗုဒၶဆင္းတုနဲ႕တြဲၿပီး ပူေဇာ္ေနၾကတဲ့ ကြၽန္ေတာ္တို႔ ျမန္မာေတြ နတ္ေႁမြ/ အိပ္မက္ စတဲ့ ပါးစပ္ရာဇဝင္နဲ႕ ၿဖဲေျခာက္ၿပီး ဗုဒၶဘာသာဝင္ေတြက နိမ့္က်တဲ့ တိရိစာၦန္ကို ဖင္ဘူးေထာင္ ကန္ေတာ့ေနရတယ္။
အံမယ္…အဲ့ဒီ ေႁမြစာအတြက္ လစဥ္အလႉရွင္ဆို အလုအယက္ဗ်။ စပါးႀကီး /စပါးအုံး ေႁမြဆိုတာမ်ိဳးက အစာဝရင္ ၿငိမ္သက္ေနတာေလ။ သူတို႔မွာ အစာခ်က္ဖို႔ လုံေလာက္တဲ့ အစာအိမ္အက္ဆစ္ မရွိဘူး။
ဘိန္းေကြၽးလို႔ ဘိန္းမူးေနတဲ့ ေႁမြဟာ လူကို ဘယ္အႏၲရာယ္ ျပဳပါ့မလဲ…? ေဂါပကေတြက ေျပာေသးတယ္ ( သူေတာ္စင္ေႁမြ ) တဲ့ ။
ဟုတ္ၿပီ… သူေတာ္စင္ေႁမြဆိုရင္သက္သက္လြတ္ ေကြၽးၾကည့္ပါ။ တစ္ပတ္တစ္ခါ ဥပုသ္ေစာင့္ခိုင္းပါ ။ (၁)လေလာက္ အစာမေကြၽးပဲထားၿပီး ေဂါပကကိုယ္တိုင္ ေႁမြေလွာင္အိမ္ထဲ ဝင္ထိုင္ေနပါ ။
ကြၽန္ေတာ္ မယုံၾကည္လို႔ အျပစ္တင္ျခင္း မဟုတ္ပါဘူး။ လြဲေနတဲ့ ဘာသာေရး အသိကို တည့္မတ္ေစခ်င္တာပါ။
တကယ္ လိုအပ္ေနတဲ့ ဘာသာေရးသာသနိက အေဆာက္အုံေတြ အမ်ားႀကီးပါ ။ ေႁမြဆိုတဲ့ နိမ့္က်တဲ့ တိရိစာၦန္ကို ကန္ေတာ့မယ့္ အစား ေ႐ႊစည္းခုံ/ မိထၳီလာကန္/ တန့္ၾကည္ေတာင္ သမိုင္းေတြထဲ ပါတဲ့ လူေကာင္းေတြကို ကူညီတတ္တဲ့ ဘီလူး/သဘက္ေတြကို ကန္ေတာ့တာမွ ေတာ္ေသး။
ေႁမြအေကာင္ႀကီးလို႔ ကန္ေတာ့မယ္ဆို ေတာင္အေမရိကဖက္က အေမဇုန္ျမစ္က အန္နာကြန္ဒါ ေႁမြႀကီးေတြကို You Tube မွာ ရွာၾကည့္။
( ျမန္မာျပည္မွာသာ အန္နာကြန္ဒါ ေႁမြႀကီးေတြ ေတြ႕ခဲ့ရင္ ျမန္မာလူမ်ိဳးေတြ ထြက္မေျပးပဲ ထိုင္ကန္ေတာ့ၾကမယ္ ထင္တယ္ )
လူေတြလုပ္မွ အေၾကာက္တရားကိုဘာသာတရားထဲ ဇြတ္သြင္းေနသလိုပဲ။
ကြၽန္ေတာ္ကေတာ့ အဟိတ္ တိရိစာၦန္လည္း မကန္ေတာ့နိုင္သလို ေအးခ်မ္းခ်င္လို႔ ဘုရားသြားတာ ေအးေအးခ်မ္းခ်မ္းပဲ ျဖစ္ခ်င္တယ္
ဒါေၾကာင့္ သူမ်ားပါးစပ္ဖ်ားမွာ လမ္းမဆုံးဘဲ ကိုယ္ပိုင္ဥာဏ္နဲ႕ စဥ္းစား ခ်င့္ခ်ိန္ရမယ္။ တရား မ်ားမ်ားနာ စာမ်ားမ်ားဖတ္။ ဒါမွ အလိမ္မခံရမွာ။
ျပန္လည္မွ်ေဝပါသည္။