အသားဖြူ ချင်တဲ့သူတွေအနေနဲ့ နေ့တိုင်းလုပ်ပေးဖို့လိုတဲ့အရာ (၆) ခု
အသားဖြူချင်းရင် အသားအရေကို ဂရုစိုက်ရပါမယ်။ ပုံမှန် တော်တော်များများက Lotion တော့ လိမ်းကြမှာပါ။
ဒါပေမယ့် Lotion တစ်မျိုးထဲလိမ်းလို့တော့ အသားကဖြူလာမှာ မဟုတ်ပါဘူး။
ဒါကြောင့် အသားဖြူ ချင် တဲ့သူတွေအနေနဲ့ နေ့တိုင်းလုပ်ပေးဖို့လိုတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။
Lotion လိမ်းပါ အသားကြည်ချင်တာလား၊ အသားဖြူချင်တာလားဆိုတာကို အရင်စဉ်းစားပါ။
အသားကြည်ချင်တာဆိုရင် Hydration ကောင်းတဲ့ Lotion မျိုးကို ရွေးသုံးရုံပါပဲ။
အသားဖြူ ချင်တာဆိုရင်တော့ Whitening Lotion ကို ရွေးသုံးပါ။ တစ်နေ့ကို ၂ ကြိမ်လိမ်းပါ။
Lotion လိမ်းရင် အသားထဲစိမ့်ဝင်အောင် သေချာလေးလိမ်း ပေးပါ။
Sunscreen လိမ်းပါ မျက်နှာကို Sunscreen လိမ်းသလိုပဲ Body ကိုလည်း လိမ်းဖို့လိုပါတယ်။
Whitening Lotion တွေလိမ်းနေပြီး အပြင်သွားရင်၊ နေပူထဲသွားရင် Sunscreen မလိမ်းလို့ အလကားပါပဲ။
ဒါကြောင့် Sunscreen သီးသန့် မလိမ်းဖြစ်ရင်တောင်မှ အနည်းဆုံး SPF 30+ ပါတာကို လိမ်းပေးပါ။
Body Scrub လုပ္ပါ တစ်ပတ် တစ်ကြိမ် (သို့) ၅ ရက် တစ်ကြိမ် Body Scrub လုပ်ပေးပါ။
Body Scrub လုပ်ပေးခြင်းက ဆဲလ်သေတွေနဲ့ ပိတ် ဆို့နေတဲ့ အညစ်အကြေးတွေကို
သန့်စင်ပေးတာဖြစ်လို့ အသားအရေကို အသစ်ပြန်ဖြစ်စေပြီး ကြည် လင်လာစေပါတယ်။
နေပူထဲသွားရင်အကာအကွယ်နဲ့သွားပါ အသားအရေကို ဂရုမစိုက်ပဲ နေချင်သလိုနေမယ်
နေပူထဲတွေလည်း အကာအကွယ်မပါပဲ သွားမယ်ဆိုရင်တော့ အသားဖြူ မလာပဲ ပိုတောင်မဲသွားပါလိမ့်မယ်။
ဒါကြောင့် နေပူထဲသွားပြီဆိုရင် ထီးဆောင်းပါ။ လက်ရှည်အင်္ကျီအပါးလေးကို ဝတ်ဆင်ပါ
Collagen သောက်ပါ အသားအရမ်းဖြူ ချင်တယ်ဆိုရင် Collagen ကောင်းကောင်းသောက်ပါ။
Collagen သောက်ပေးခြင်းက အပေါ်ယံ အသားအရေ ဖြူလာ မျိုးမဟုတ်ပဲ အတွင်းပိုင်းထဲအထိ အသားအရေကြည်ပြီး ဖြူ လာတာမျိုး ရစေပါတယ်။
အသားဖြူတာမျိုး မဟုတ်တောင်မှ အသားကြည်ပြီး စိုပြည် လာစေတယ်၊ အရင်ထက် အသားအရေ ပိုကောင်းလာစေ ပါတယ်။
အသီးဖျော်ရည်သောက်ပါ မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတဲ့ အသားအရေလှစေမယ့်
အသီးဖျော်ရည်တွေ ကိုယ်တိုင် ဖျော်သောက်ပါ နေ့တိုင်းသောက်ပေးလေ ပိုကောင်းလေပါပဲ။
အသားအရေ သိသိသာသာကို ကြည်ပြီး အသားလှလာမှာပါ။
Credit
Zawgyi
အသားျဖဴ ခ်င္တဲ့သူေတြအေနနဲ႕ ေန႕တိုင္းလုပ္ေပးဖို႔လိုတဲ့အရာ (၆) ခု
အသားျဖဴခ်င္းရင္ အသားအေရကို ဂ႐ုစိုက္ရပါမယ္။ ပုံမွန္ ေတာ္ေတာ္မ်ားမ်ားက Lotion ေတာ့ လိမ္းၾကမွာပါ။
ဒါေပမယ့္ Lotion တစ္မ်ိဳးထဲလိမ္းလို႔ေတာ့ အသားကျဖဴလာမွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ အသားျဖဴ ခ်င္ တဲ့သူေတြအေနနဲ႕ ေန႕တိုင္းလုပ္ေပးဖို႔လိုတဲ့ အရာ ၆ ခုကို ေျပာျပေပးလိုက္ပါတယ္။
Lotion လိမ္းပါ အသားၾကည္ခ်င္တာလား၊ အသားျဖဴခ်င္တာလားဆိုတာကို အရင္စဥ္းစားပါ။
အသားၾကည္ခ်င္တာဆိုရင္ Hydration ေကာင္းတဲ့ Lotion မ်ိဳးကို ေ႐ြးသုံး႐ုံပါပဲ။
အသားျဖဴ ခ်င္တာဆိုရင္ေတာ့ Whitening Lotion ကို ေ႐ြးသုံးပါ။ တစ္ေန႕ကို ၂ ႀကိမ္လိမ္းပါ။
Lotion လိမ္းရင္ အသားထဲစိမ့္ဝင္ေအာင္ ေသခ်ာေလးလိမ္း ေပးပါ။
Sunscreen လိမ္းပါ မ်က္ႏွာကို Sunscreen လိမ္းသလိုပဲ Body ကိုလည္း လိမ္းဖို႔လိုပါတယ္။
Whitening Lotion ေတြလိမ္းေနၿပီး အျပင္သြားရင္၊ ေနပူထဲသြားရင္ Sunscreen မလိမ္းလို႔ အလကားပါပဲ။
ဒါေၾကာင့္ Sunscreen သီးသန႔္ မလိမ္းျဖစ္ရင္ေတာင္မွ အနည္းဆုံး SPF 30+ ပါတာကို လိမ္းေပးပါ။
Body Scrub လုပၸါ တစ္ပတ္ တစ္ႀကိမ္ (သို႔) ၅ ရက္ တစ္ႀကိမ္ Body Scrub လုပ္ေပးပါ။
Body Scrub လုပ္ေပးျခင္းက Last ပိတ္ ဆို႔ေနတဲ့ အညစ္အေၾကးေတြကို
သန႔္စင္ေပးတာျဖစ္လို႔ အသားအေရကို အသစ္ျပန္ျဖစ္ေစၿပီး ၾကည္ လင္လာေစပါတယ္။
ေနပူထဲသြားရင္အကာအကြယ္နဲ႕သြားပါ အသားအေရကို ဂ႐ုမစိုက္ပဲ ေနခ်င္သလိုေနမယ္
ေနပူထဲေတြလည္း အကာအကြယ္မပါပဲ သြားမယ္ဆိုရင္ေတာ့ အသားျဖဴ မလာပဲ ပိုေတာင္မဲသြားပါလိမ့္မယ္။
ဒါေၾကာင့္ ေနပူထဲသြားၿပီဆိုရင္ ထီးေဆာင္းပါ။ လက္ရွည္အကၤ်ီအပါးေလးကို ဝတ္ဆင္ပါ
Collagen ေသာက္ပါ အသားအရမ္းျဖဴ ခ်င္တယ္ဆိုရင္ Collagen ေကာင္းေကာင္းေသာက္ပါ။
Collagen ေသာက္ေပးျခင္းက အေပၚယံ အသားအေရ ျဖဴလာ မ်ိဳးမဟုတ္ပဲ အတြင္းပိုင္းထဲအထိ အသားအေရၾကည္ၿပီး ျဖဴ လာတာမ်ိဳး ရေစပါတယ္။
အသားျဖဴတာမ်ိဳး မဟုတ္ေတာင္မွ အသားၾကည္ၿပီး စိုျပည္ လာေစတယ္၊ အရင္ထက္ အသားအေရ ပိုေကာင္းလာေစ ပါတယ္။
အသီးေဖ်ာ္ရည္ေသာက္ပါ မုန္လာဥနီေဖ်ာ္ရည္၊ ခရမ္းခ်ဥ္သီးေဖ်ာ္ရည္ စတဲ့ အသားအေရလွေစမယ့္
အသီးေဖ်ာ္ရည္ေတြ ကိုယ္တိုင္ ေဖ်ာ္ေသာက္ပါ ေန႕တိုင္းေသာက္ေပးေလ ပိုေကာင္းေလပါပဲ။
အသားအေရ သိသိသာသာကို ၾကည္ၿပီး အသားလွလာမွာပါ။
Credit