ဗဟုသုတ

ကျောပိုးအိတ် အသစ်လိုချင်ပေမဲ့ ငွေမရှိတာကြောင့် Annabelle အရုပ်လိုဝတ်ဆင်ပြီး ပိုက်ဆံရှာခဲ့တဲ့ ပါးနပ်းလွန်းတဲ့ ၇ နှစ်ကလေး

ကျောပိုးအိတ် အသစ်လိုချင်ပေမဲ့ ငွေမရှိတာကြောင့် Annabelle အရုပ်လိုဝတ်ဆင်ပြီး ပိုက်ဆံရှာခဲ့တဲ့ ပါးနပ်းလွန်းတဲ့ ၇ နှစ်ကလေး

Annabelle ဟာ ကြောက်စရာရုပ်ရှင်“ Annabelle” မှတဆင့် ကျော်ကြားစေတဲ့ ကမ္ဘာကျော်သရဲခြောက်တဲ့ အရုပ်ဇာတ်ကောင်ဖြစ်ပါတယ် ။

Bell လို့ခေါ်တဲ့ အသက် ၇ နှစ်အရွယ် မလေးရှားကလေးမတစ်ဦးက Annabelle လို ဝတ်ဆင်ပြီး ပြင်ဆင်ပေးရန် သူမရဲ့ မိခင် Stacy Yong ကို တောင်းဆိုခဲ့ပါတယ် ။ သူမရဲ့ ဓာတ်ပုံတွေကို တင်ပြီးတဲ့နောက် Bell ကို Rosabelle လို့ လူသိများခဲ့ပါတယ် ။

Bell ရဲ့ မိခင် Stacy Yong က သူမရဲ့သမီးလေး Annabelle လို သရုပ်ဆောင်ရခြင်းရဲ့ အကြောင်းအရင်းကို Facebook မှာ ထုတ်ဖော်ခဲ့ပါတယ် ။

Stacy ရဲ့ အဆိုအရ Bell ရဲ့ ကျောပိုးအိတ်က သူမကျောင်းတက်ချိန်နှစ်လအကြာမှာ ပြဲပြီး စုတ်နေပါပြီ ။

သူမကျောပိုးအိတ်က ပြဲနေတာကြောင့် အခြားကျောင်းသားတွေက ရယ်ပြီး Bell ကို စိတ်ပျက်စေခဲ့ပါတယ် ။

ဒီလိုနဲ့တစ်နေ့မှာ Bell ကကျောပိုးအိတ်အသစ်တစ်လုံး ဝယ်ဖို့ လှည့်ပတ်ကြည့်ရှုနေစဉ် Bell က ပန်းရောင်ကျောပိုးအိတ်ကို မြင်ပြီး သူက အိတ်ကို လျင်မြန်စွာ ချစ်မိသွားပါတယ် ။ ကံမကောင်းစွာဘဲ အိတ်က ဈေးကြီးလွန်းတာကြောင့် သူ မဝယ်လိုက်ရပါဘူး ။

Bell လိုချင်တဲ့ ကျောပိုးအိတ်က RM159.90 (USD 41.30) လောက် ကုန်ကျပြီး သူဝယ်ဖို့ ငွေမလောက်ခဲ့ပါဘူး ။ ရုတ်တရက်သူမရဲ့ ထက်မြက်တဲ့ စိတ်ကူးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ် ။

Bell က Annabelle အဖြစ် ဝတ်ရန် ဆုံးဖြတ်ပြီး သူမနဲ့ ဓာတ်ပုံတစ်ပုံရိုက်ရင် RM 2 (USD 0.52) ပေးရမယ် ဆိုပြီး ငွေရှာလိုက်ပါတယ် ။

Bell က သူမရဲ့ ပထမဆုံးနေ့မှာတင် Bell က ကျောပိုးအိတ်ရဲ့ ထက်ဝက်ကျော်ဈေးကို တက်နိုင်ခဲ့ပါတယ် ။ သူမ ဝတ်စုံမှရရှိတဲ့ ငွေကိုတွက်ချက်တဲ့အခါမှာ သူမ အလွန်စိတ်လှုပ်ရှားခဲ့ပါတယ် ။

နောက်တစ်နေ့မှာ Bell ကသူမရဲ့ အိပ်မက်ကျောပိုးအိတ် ဝယ်ရန်လုံလောက်တဲ့ ငွေထက် ပိုစုဆောင်းနိုင်ခဲ့ပါတယ် ။ သူမရဲ့ကျောပိုးအိတ်အတွက် ဈေးဆိုင်ပိုင်ရှင်က သူမကို ဈေးလျှော့ပေးထားပါသေးတယ် ။

နောက်ဆုံးမှာ Bell ကသူမရဲ့ပန်းရောင်ကျောပိုးအိတ်ကို RM140 (USD ၃၆.၁၆) ဖြင့်ဝယ်နိုင်ခဲ့ပါတယ်။ယခုသူမဟာကျောင်းသွားရန် သုံးဖို့ ကျောပိုးအိတ် အသစ်တစ်လုံးရှိနေပါပြီ ။

Bell ဟာ သူမလိုချင်တဲ့ အရာကိုရရှိရန် ကြံဖန်နည်းလမ်းကောင်းအတွက်ဂုဏ်ယူပါတယ် ။အခြားကလေးများအတွက် အတုယူစရာပင်ဖြစ်ပါတယ် ။

crd

Zawgyi











crd