ကျန်းမာရေး ဗဟုသုတ
ကျောက်ကပ်လဲရမည့် လူနာများအတွက် လဲစရာမလိုတော့တဲ့ သတင်းကောင်း
ကျောက်ကပ်ရောဂါအတွက် ရေဝါးမြက်ပင်
ကျောက်ကပ်ပျက်စီး၍ ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် အဖိုုးတန်သော ဆေးနည်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
အောက်ပါပုံတွင် တွေ့မြင်ရသောအပင်သည် ရေဝါးမြက်ပင်ခေါ် ဂမုန်းလေးပင် သို့မဟုတ် စွေကျူချောင်ပင် ဖြစ်ပါသည်။
ရေဝါးမြက်ပင်၏ အရွက်သည် ဘဲဥပုံစံကဲ့သို့ အဝိုင်းဒေါင့် ဖြစ်သည်။
အပေါ်ဘက် အစိမ်းရောင်၊ အောက်ဘက် ပန်းခရမ်းရောင် ဖြစ်သည်။ ပင်စည်မှ အမြှစ်ပေါက်သည်။
အရသာသည် ချိုအေးနေသည်။ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှားစသည့် အရှေ့တောင်အာရှနိုင်ငံများတွင် အများဆုံးပေါက်သည်။ လယ်ကန်သင်းနှင့် ရေစိုစွတ်သောနေရာတို့တွင် ပေါက်သည်။
ဆေးအဖြစ် ပြုလုပ်နည်း-
(၁) အရွက်နှင့်အပင်များကို ၂၅၀ ဂရမ်(၁၅ ကျပ်သား)ခန့် ရေစင်အောင်ဆေးထားပါ။
(၂) ရေ မတ်ခွက် ၃ ခွက် ၁ ခွက် တင်အောင် မီးလျှော့ထား၍ မြေအိုးဖြင့် ၂ နာရီခန့်အထိ ကျိုပါ။
(၃) ၄င်းဆေးရည်ကို မတ်ခွက်တစ်ခွက်စာ တစ်နေ့တစ်ခွက် သောက်ပါ။
(၄) တစ်ပတ်ခန့် ဆက်တိုက်သောက်ပေးပါက ကျောက်ကပ်ရောဂါ သိသာစွာ သက်သာလာမည်။ ပျောက်ကင်းသည့်အထိ ရက်ခြားပြီး ဆက်သောက်နိုင်ပါသည်။
(၅) ပိုနေသောအရွက်များကို ရေရှည်အထားနိုင်ရန် နေရိပ်တွင် အခြောက်ခံထား၍ လေလုံသော ဗူး၊ ပုလင်းတို့ဖြင့် ထည့်ထားပါ။
၄င်းဆေးကို သောက်သုံးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အူနှင့်အစာအိမ်ရောင်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါသည်။
ကိုယ်တွေ့ပျောက်ကင်းခဲ့သည့်အတွက် ဘေးထွက်ဆိုးကျိုးမရှိပါ။
ကျောက်ကပ်ဝေဒနာရှင်များ သက်သာပျောက်ကင်း၍ ကျန်းမာချမ်းသာကြပါစေ။
ခရက်ဒစ်
ကျောက်ကပ်ပျက်စီး၍ ရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် အဖိုးတန်သော ဆေးနည်းကောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။
ဆေးအဖြစ် ပြုလုပ်နည်း-
၎င်းဆေးကို သောက်သုံးခြင်းဖြင့် ကျောက်ကပ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အူနှင့်အစာအိမ်ရောင်ခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါသည်။
ခရက်ဒစ်