ဗဟုသုတ

စွန့်ပစ်ဘီယာဘူးခွံ‌တွေမှတစ်ဆင့် လက်ရာမြှောက်လွန်းတဲ့ ကားငယ်သေး‌သေး‌လေးတွေကို ဖန်တီးနိုင်တဲ့ မြန်မာနိုင်ငံက ကိုဘုန်းနိုင်ဝင်းရဲ့ ဖန်တီးမှုလက်ရာများ

စွန့်ပစ်ဘီယာဘူးခွံ‌တွေမှတစ်ဆင့် လက်ရာမြှောက်လွန်းတဲ့ ကားငယ်သေး‌သေး‌လေးတွေကို ဖန်တီးနိုင်တဲ့ မြန်မာနိုင်ငံက ကိုဘုန်းနိုင်ဝင်းရဲ့ ဖန်တီးမှုလက်ရာများ

စွန့်ပစ်ဘီယာဘူးခွံ၊ ရေသန့်ဘူးခွံတွေ အသုံးပြုပြီး ကား၊ ဆိုင်ကယ်၊ လေယာဉ်ပျံ ၊ အစရှိတဲ့ပုံစံငယ်လေးတွေ ပြုလုပ်ဖန်တီးနိုင်ခဲ့တဲ့ လူငယ်တစ်ဦး

တကယ်ဖြစ်လာတဲ့စိတ်ကူးအိမ်မက်

အမှိုက်ကောက်တဲ့ ကောင်လေးလို့ သူငယ်ချင်းတွေ စကြပေမယ့် စိတ်မဆိုးပဲ ဘီယာဘူးခွံတွေလိုမျိုး စွန့်ပစ်ပစ္စည်း အမှိုက်တွေကနေ ဆန်းသစ်လှပတဲ့ ကား၊ ဆိုင်ကယ်၊လေယာဉ်ပျံ ၊ အစရှိတဲ့ ပုံစံငယ်လေးတွေအဖြစ် သူဝါသနာပါရာ ဖန်တီးပြုလုပ်နေတဲ့သူကတော့ ကိုဘုန်းနိုင်ဝင်းပဲ ဖြစ်ပါတယ်။

ငယ်ငယ်က တွံတေး- ဒလ ၁၆ကျပ်နဲ့စီးခဲ့ဘူးတဲ့ အမိုးတပ် Willys Jeep ကားလေးတွေ၊ တစ်ထွာခန့် အမြင့်ရှိတဲ့ ၃၉ ဗိုက်ပူ ကားကြီးတွေနဲ့ချက် ဗ လက် ၊ ဖို့ဒ် ခေါင်း ရှည် စစ်လက်ကျန် ကား တွေ ၊ ဆိုင်ကယ် ၊ ဒိုင်နာ ကုန်တင်ကားကြီးတွေ၊ သုံးဘီး လေးတွေနဲ့ တွဲကားအရှည်ကြီးတွေကို သူဖန်တီးခဲ့ပြီးပါပြီ ။

သံဖြတ် ကတ်ကြေးတွေ၊ ဓား၊ ပလက်ယာ၊ ဝက်အူလှည့် တွေကိုသာ အသုံးပြုထားတာဖြစ်လို့ အရမ်းလည်း လက်ဝင်ပြီး အနုစိတ်ပါတယ်။

ကားထဲက ထိုင်ခုံလေးတွေက ဘယ်သူမှ မထိုင်ပါဘူး…ဒါပေမယ့် သူကတော့ မီးလုံးတွေ ကားလက်တန်း၊

စတီယာတိုင်တွေ အားလုံးကိုမကျိုးပဲ့ အောင် ဝါသနာအရင်းခံပြီး သေချာခိုင်ခန့်အောင်လုပ်ထားတာပါ ။

သူဟာ ပုံစံငယ်တည်ဆောက်မှုကို စနစ်တကျ သင်ယူထားသူမဟုတ်ဘဲ သူ့စိတ်ကူးအိမ်မက်တွေကြောင့်သာ ဖန်တီးနေသူလည်း ဖြစ်ပါတယ်။

.

.

.

.

.

.