ဗဟုသုတ

သားသမီးကို လိမ်မာစေချင်ရင် ဒီလိုဆုံးမကြည့်ပါ

သားသမီးကို လိမ်မာစေချင်ရင် ဒီလိုဆုံးမကြည့်ပါ

ကျွန်တော်က ယောက္ခမ အိမ်မှာ လိုက်နေရသည့် သမက်တယောက်ပေါ့။ တနေ့မှာတော့ ဇနီးသည်ရဲ့ လက်ဝါး တစုံဟာ သားလေးရဲ့ ကျောပြင် အထက်မှာ ရောက်သွားပြီး သားဖြစ်သူကို ရိုက်၍ ပါးစပ်ကလည်း စကားတွေ တတွတ်တွတ်နဲ့ ပြောနေ ရှာပါတယ်။

သူမရဲ့ ဖခင်ကြီးက ကြားတော့ အခန်းထဲမှ ထွက်လာပြီး “ဟဲ့ ဟဲ့ သမီး ဘယ့်နှယ် မြေးလေးကို တအား ရိုက်နေရတာ လဲကွယ်” “ဒီလိုပါ အဖေ။ သမီး ရေချိုးသွားတဲ့ အချိန် မှန်တင်ခုံ ပေါ်မှာ ပိုက်ဆံလေး တထောင်တန် တရွက် ချထားခဲ့တယ်။ ဒီနားမှာလည်း သူတယောက်ထဲပဲ ရှိတာ။

မေးတော့လည်း မယူဘူးပဲ အတင်းငြင်းပြီး လိမ်နေတယ်။ ဒီငွေကို သူ မယူလို့ ဘယ်သူ ယူမှာလဲ အဖေရဲ့။ ဒါနဲ့ ရှာလိုက်တော့ သူ့ဆီက တွေ့တယ် အဖေ” ဖြစ်ကြောင်းကုန်စင်ကို သေချာ သိလိုက်ရတဲ့ အဖေက သူ့သမီးကို ခုလို ဆုံးမ စကားလေး ပြောပါတယ်။

“သမီးရယ်၊ မြေးလေးကို ခုလို ရိုက်လိုက်တော့ လိမ်မာ သွားရောလား။ ဒီမယ် သမီး မိခင်နဲ့ ဖခင်ဆိုတဲ့ စကားဟာ သူ့မှာ အဓိပ္ပါယ် ရှိတယ်။ မိခင်ဆိုတာ မိမိရရ ထိထိမိမိ ကြင်ကြင်နာနာ ခင်ခင်မင်မင်နဲ့ သားသမီးကို လိမ္မာအောင် သွန်သင် ဆုံးမရမယ်။

ဖခင်ဆိုတာ ဖေးဖေးမမ နွေးနွေးထွေးထွေး ချစ်ချစ်ခင်ခင် ဖြစ်အောင် သားသမီးတွေကို လမ်းပြ နေထိုင်နိုင် ရတယ်။ သား သမီး တယောက်က မိဘ တယောက်ကို ချစ်တာနဲ့ ကြောက်တာ မတူဘူးနော် သမီး။ ကြောက်တယ် ဆိုတာ တိရစ္ဆာန်မိုလို့ ကြောက်တာ။

ဒီတော့ သမီးအနေနဲ့ ကိုယ့်ကိုယ်ကို တိရစ္ဆာန် တကောင် အဖြစ်ခံမလား။ သားသမီးက ကြောက်တယ် ဆိုတာထက် ချစ်တတ်အောင် သင်ပေးပါ။

ဘာဖြစ်လို့လဲ ဆိုတော့ လူဆိုတာ ကြောက်ရင် လိမ်တဲ့ အဆင့်ထိ ရောက်သွားတတ် တယ်နော် သမီး။ လိမ်ပါများတော့ မယုံကြည်ခြင်းတွေ သံသယစိတ်တွေ ဝင်လာမယ်။

လောကမှာ မိဘက သားသမီးကို မယုံ၊ သားသမီးက မိဘကို မယုံကြည်။ ဇနီးသည်က ခင်ပွန်းကို မယုံ၊ ခင်ပွန်းသည်က သူ့ဇနီးကို မယုံကြည်။ ဆရာက တပည့်ကို မယုံ၊ တပည့်က ဆရာကို မယုံကြည်။ ဈေးဝယ်သူက ဈေးရောင်းသူကို မယုံ၊ ဈေးရောင်းသူက ဈေးဝယ်သူကို မယုံကြည်။

အစိုးရက ပြည်သူတွေကို မယုံ၊ ပြည်သူတွေက အစိုးရကို မယုံကြည်တော့ဘူး ဆိုရင် ဒီမယုံကြည်ခြင်း တွေရဲ့ နောက်ကွယ်မှာ သံသယစိတ်တွေ ပါလာပြီး နောက်ဆုံး မလိုလားအပ်တဲ့ ပြဿနာတွေ များစွာ ဖြစ်နိုင်တယ်။

သတိထားပါ သမီး။ ဒါကြောင့် ဘယ်အရာကိုမှ မလိမ်မိစေနဲ့။ ဟန်မဆောင်မိ စေနဲ့။ ရိုးသားပွင့်လင်းစွာ ပြောဆိုပါ။မြေးလေးကို မရိုက်ပဲ သမီးက ခုလိုလေး ပြောကြည့်ပါလား။ သားလေးရေ ဒီနားမှာ မေမေ ငွေလေး တထောင် ချထားတယ်။

သားသား မမြင်မိဘူးလား။ သူက မသိအောင် ယူထားတယ်လို့ သမီးရဲ့ စိတ်ထဲမှာ ထင်နေရင် သားလေးရေ ဒီပိုက်ဆံဟာ သားလေး ကျောင်းသွားရင် မေမေက မုန့်ဖိုးပေးဖို့ ချထားတာနော်။

အဲဒီအခါ သားလေးက ပြောလာမယ်။ ဟုတ်ကဲ့ မေမေ။ သားလေ မေမေ မသိအောင် ယူထားမိတယ် လို့ ဖြေမယ်။ ဒီတော့မှ သားကို ခုလို ဆုံးမပါ။ သားလေး နောက်ဆို မေမေ မသိပဲ သူများပစ္စည်း တွေကို မကိုင်ရဘူးနော်။ မယူရဘူးနော်။

သူတပါးပစ္စည်းကို ယူရင် ငရဲကြီး တတ်တယ်။ မေမေက သားလေး ငရဲကျမှာ မလိုလားလို့ပါ ဆိုပြီး အပြစ်ပြပြီး ဆုံးမလိုက်ရင် နောက်ဆို ဒီမြေးလေးဟာ လိမ်ပါ ဆိုလို့ မလိမ်တော့ပဲ ကြီးတဲ့အထိ လိမ္မာ သွားနိုင်တယ်နော်။ အဖေပြောတာ လက်ခံရဲ့လား သမီး”

“ဟုတ် လက်ခံပါတယ် ဖေဖေ” “နောက်ကို မှတ်ထား သမီး။ ကိုယ့်ရဲ့ သားသမီးကို ကောင်းစေချင်ရင် ဘယ်တော့မှ လူတွေကြားထဲမှာ သားသမီးကို မငေါက်မိ စေနဲ့။ အပြစ် မပြောမိစေနဲ့။ မရိုက်မိ စေနဲ့။ သူတို့ကို လိမ္မာစေချင်ရင် ကိုယ်ဖြစ်ချင်တဲ့ ပုံစံလေးတွေကို မိဘနဲ့ သား သမီး နှစ်ယောက်ထဲ ရှိတဲ့ အချိန်ကြမှ မေတ္တာစိတ်နဲ့ ဆုံးမပေးပါ။

နောက်ပြီး လူတွေရဲ့ ရှေ့မှာ ဒီသား ဒီသမီးတွေ လိမ္မာတဲ့ အကြောင်း တော်တဲ့ အကြောင်းလေးတွေ များများ ပြောပေးပါ။

ဒါဆို သူတို့ အမြဲတမ်း လိမ္မာသွားလိမ့်မယ် သမီး” “ဟုတ်ကဲ့ပါ ဖေဖေ။ သမီး ကိုယ့်စိတ်ကို မထိန်းမိပဲ သားလေးကို ကြောက်အောင် ရိုက်မိတယ်။ နောက်ဆို သတိထားပြီး ဆုံးမပါ့မယ် ဖေဖေ”

ကျွန်တော်လည်း ဘေးနားက နားထောင်ပြီး ငိုနေတဲ့ သားလေးကို ရင်ခွင်လေးထဲ ထည့်၍ နှစ်သိမ့်ပေးနေ မိပါတယ်။ စိတ်ထဲကနေပြီး အဖေ့ရဲ့ ဆုံးမစကားလေးတွေ အပေါ်မှာ သဘောကျ နှစ်သက်ပြီး ချီးကျူးနေမိ ပါတယ်။

လောကထဲရှိ မိခင် ဖခင်များအားလုံး ရတနာ ထိုက်သော သားကောင်း ရတနာ သမီးကောင်း ရတနာများ ပိုင်ဆိုင်နိုင်ကြပါစေ။

ခရက်ဒစ်

ကြၽန္ေတာ္က ေယာကၡမ အိမ္မွာ လိုက္ေနရသည့္ သမက္တေယာက္ေပါ့။ တေန႕မွာေတာ့ ဇနီးသည္ရဲ႕ လက္ဝါး တစုံဟာ သားေလးရဲ႕ ေက်ာျပင္ အထက္မွာ ေရာက္သြားၿပီး သားျဖစ္သူကို ရိုက္၍ ပါးစပ္ကလည္း စကားေတြ တတြတ္တြတ္နဲ႕ ေျပာေန ရွာပါတယ္။

သူမရဲ႕ ဖခင္ႀကီးက ၾကားေတာ့ အခန္းထဲမွ ထြက္လာၿပီး “ဟဲ့ ဟဲ့ သမီး ဘယ့္ႏွယ္ ေျမးေလးကို တအား ရိုက္ေနရတာ လဲကြယ္” “ဒီလိုပါ အေဖ။ သမီး ေရခ်ိဳးသြားတဲ့ အခ်ိန္ မွန္တင္ခုံ ေပၚမွာ ပိုက္ဆံေလး တေထာင္တန္ တ႐ြက္ ခ်ထားခဲ့တယ္။ ဒီနားမွာလည္း သူတေယာက္ထဲပဲ ရွိတာ။

ေမးေတာ့လည္း မယူဘူးပဲ အတင္းျငင္းၿပီး လိမ္ေနတယ္။ ဒီေငြကို သူ မယူလို႔ ဘယ္သူ ယူမွာလဲ အေဖရဲ႕။ ဒါနဲ႕ ရွာလိုက္ေတာ့ သူ႕ဆီက ေတြ႕တယ္ အေဖ” ျဖစ္ေၾကာင္းကုန္စင္ကို ေသခ်ာ သိလိုက္ရတဲ့ အေဖက သူ႕သမီးကို ခုလို ဆုံးမ စကားေလး ေျပာပါတယ္။

“သမီးရယ္၊ ေျမးေလးကို ခုလို ရိုက္လိုက္ေတာ့ လိမ္မာ သြားေရာလား။ ဒီမယ္ သမီး မိခင္နဲ႕ ဖခင္ဆိုတဲ့ စကားဟာ သူ႕မွာ အဓိပၸါယ္ ရွိတယ္။ မိခင္ဆိုတာ မိမိရရ ထိထိမိမိ ၾကင္ၾကင္နာနာ ခင္ခင္မင္မင္နဲ႕ သားသမီးကို လိမၼာေအာင္ သြန္သင္ ဆုံးမရမယ္။

ဖခင္ဆိုတာ ေဖးေဖးမမ ေႏြးေႏြးေထြးေထြး ခ်စ္ခ်စ္ခင္ခင္ ျဖစ္ေအာင္ သားသမီးေတြကို လမ္းျပ ေနထိုင္နိုင္ ရတယ္။ သား သမီး တေယာက္က မိဘ တေယာက္ကို ခ်စ္တာနဲ႕ ေၾကာက္တာ မတူဘူးေနာ္ သမီး။ ေၾကာက္တယ္ ဆိုတာ တိရစာၦန္မိုလို႔ ေၾကာက္တာ။

ဒီေတာ့ သမီးအေနနဲ႕ ကိုယ့္ကိုယ္ကို တိရစာၦန္ တေကာင္ အျဖစ္ခံမလား။ သားသမီးက ေၾကာက္တယ္ ဆိုတာထက္ ခ်စ္တတ္ေအာင္ သင္ေပးပါ။

ဘာျဖစ္လို႔လဲ ဆိုေတာ့ လူဆိုတာ ေၾကာက္ရင္ လိမ္တဲ့ အဆင့္ထိ ေရာက္သြားတတ္ တယ္ေနာ္ သမီး။ လိမ္ပါမ်ားေတာ့ မယုံၾကည္ျခင္းေတြ သံသယစိတ္ေတြ ဝင္လာမယ္။

ေလာကမွာ မိဘက သားသမီးကို မယုံ၊ သားသမီးက မိဘကို မယုံၾကည္။ ဇနီးသည္က ခင္ပြန္းကို မယုံ၊ ခင္ပြန္းသည္က သူ႕ဇနီးကို မယုံၾကည္။ ဆရာက တပည့္ကို မယုံ၊ တပည့္က ဆရာကို မယုံၾကည္။ ေဈးဝယ္သူက ေဈးေရာင္းသူကို မယုံ၊ ေဈးေရာင္းသူက ေဈးဝယ္သူကို မယုံၾကည္။

အစိုးရက ျပည္သူေတြကို မယုံ၊ ျပည္သူေတြက အစိုးရကို မယုံၾကည္ေတာ့ဘူး ဆိုရင္ ဒီမယုံၾကည္ျခင္း ေတြရဲ႕ ေနာက္ကြယ္မွာ သံသယစိတ္ေတြ ပါလာၿပီး ေနာက္ဆုံး မလိုလားအပ္တဲ့ ျပႆနာေတြ မ်ားစြာ ျဖစ္နိုင္တယ္။

သတိထားပါ သမီး။ ဒါေၾကာင့္ ဘယ္အရာကိုမွ မလိမ္မိေစနဲ႕။ ဟန္မေဆာင္မိ ေစနဲ႕။ ရိုးသားပြင့္လင္းစြာ ေျပာဆိုပါ။ေျမးေလးကို မရိုက္ပဲ သမီးက ခုလိုေလး ေျပာၾကည့္ပါလား။ သားေလးေရ ဒီနားမွာ ေမေမ ေငြေလး တေထာင္ ခ်ထားတယ္။

သားသား မျမင္မိဘူးလား။ သူက မသိေအာင္ ယူထားတယ္လို႔ သမီးရဲ႕ စိတ္ထဲမွာ ထင္ေနရင္ သားေလးေရ ဒီပိုက္ဆံဟာ သားေလး ေက်ာင္းသြားရင္ ေမေမက မုန႔္ဖိုးေပးဖို႔ ခ်ထားတာေနာ္။

အဲဒီအခါ သားေလးက ေျပာလာမယ္။ ဟုတ္ကဲ့ ေမေမ။ သားေလ ေမေမ မသိေအာင္ ယူထားမိတယ္ လို႔ ေျဖမယ္။ ဒီေတာ့မွ သားကို ခုလို ဆုံးမပါ။ သားေလး ေနာက္ဆို ေမေမ မသိပဲ သူမ်ားပစၥည္း ေတြကို မကိုင္ရဘူးေနာ္။ မယူရဘူးေနာ္။

သူတပါးပစၥည္းကို ယူရင္ ငရဲႀကီး တတ္တယ္။ ေမေမက သားေလး ငရဲက်မွာ မလိုလားလို႔ပါ ဆိုၿပီး အျပစ္ျပၿပီး ဆုံးမလိုက္ရင္ ေနာက္ဆို ဒီေျမးေလးဟာ လိမ္ပါ ဆိုလို႔ မလိမ္ေတာ့ပဲ ႀကီးတဲ့အထိ လိမၼာ သြားနိုင္တယ္ေနာ္။ အေဖေျပာတာ လက္ခံရဲ႕လား သမီး”

“ဟုတ္ လက္ခံပါတယ္ ေဖေဖ” “ေနာက္ကို မွတ္ထား သမီး။ ကိုယ့္ရဲ႕ သားသမီးကို ေကာင္းေစခ်င္ရင္ ဘယ္ေတာ့မွ လူေတြၾကားထဲမွာ သားသမီးကို မေငါက္မိ ေစနဲ႕။ အျပစ္ မေျပာမိေစနဲ႕။ မရိုက္မိ ေစနဲ႕။ သူတို႔ကို လိမၼာေစခ်င္ရင္ ကိုယ္ျဖစ္ခ်င္တဲ့ ပုံစံေလးေတြကို မိဘနဲ႕ သား သမီး ႏွစ္ေယာက္ထဲ ရွိတဲ့ အခ်ိန္ၾကမွ ေမတၱာစိတ္နဲ႕ ဆုံးမေပးပါ။

ေနာက္ၿပီး လူေတြရဲ႕ ေရွ႕မွာ ဒီသား ဒီသမီးေတြ လိမၼာတဲ့ အေၾကာင္း ေတာ္တဲ့ အေၾကာင္းေလးေတြ မ်ားမ်ား ေျပာေပးပါ။

ဒါဆို သူတို႔ အၿမဲတမ္း လိမၼာသြားလိမ့္မယ္ သမီး” “ဟုတ္ကဲ့ပါ ေဖေဖ။ သမီး ကိုယ့္စိတ္ကို မထိန္းမိပဲ သားေလးကို ေၾကာက္ေအာင္ ရိုက္မိတယ္။ ေနာက္ဆို သတိထားၿပီး ဆုံးမပါ့မယ္ ေဖေဖ”

ကြၽန္ေတာ္လည္း ေဘးနားက နားေထာင္ၿပီး ငိုေနတဲ့ သားေလးကို ရင္ခြင္ေလးထဲ ထည့္၍ ႏွစ္သိမ့္ေပးေန မိပါတယ္။ စိတ္ထဲကေနၿပီး အေဖ့ရဲ႕ ဆုံးမစကားေလးေတြ အေပၚမွာ သေဘာက် ႏွစ္သက္ၿပီး ခ်ီးက်ဴးေနမိ ပါတယ္။

ေလာကထဲရွိ မိခင္ ဖခင္မ်ားအားလုံး ရတနာ ထိုက္ေသာ သားေကာင္း ရတနာ သမီးေကာင္း ရတနာမ်ား ပိုင္ဆိုင္နိုင္ၾကပါေစ။

ခရက္ဒစ္