ဗဟုသုတ

တခါက လွမ်းမောစရာ အမိတက္ကသိုလ်။ ခုတော့….

တခါက လွမ်းမောစရာ အမိတက္ကသိုလ်။ ခုတော့…
နည်းနည်းလောက်ဆိုပြီး စွတ်တိုးရတဲ့ ကျောင်းအပ်ပွဲကြီးကိုလည်း လွမ်းတယ်…..။🥰
မေဂျာ welcome ပွဲမှာ သြဝါဒစကားနားထောင်းပြီး King ရွေးပေးရတာကိုလည်း လွမ်းတယ်🥰
ဖုန်းတစ်လုံးချင်းဆီတိုင်းကိုဆက်၊ မလာသေးဘူးလား ဆရာမဝင်နေပြီ။ ဆိုတဲ့အသံတွေကို လွမ်းတယ်🥰

ရှင်းပြနေတဲ့ ဆရာမရဲ့စကားတွေကို ဘောပင်တစ်ချောင်းနဲ့ စာအုပ်ပေါ်ကို မဲပေနေအောင်မှတ်ပြီး နောက်တစ်ကြိမ်ပြန်ရှင်းပြချိန် အာပြဲကြီးနဲ့ ထထအော်ခဲ့ဘူးတဲ့ အချိန်တွေကိုလွမ်းတယ်🥰
ဟိုနောက်ကသားတွေ စာကိုအာရုံစိုက်ဆိုတဲ့ ဆရာမရဲ့ ဆုံးမသံတွေကို လွမ်းတယ်။🥰
ဒီတစ်ပိုဒ်ပြီးရင် တော်ပြီလို့ ကြားရတဲ့အချိန် “ဟေး” လို့ထအော်ကြတယ် အပေါင်းအသင်းတွေကို လွမ်းတယ်။🥰

ဟျောင့် ငါ့ကွယ်ပေးဉီး ငါအိပ်ချင်လို့ဆိုတဲ့ တီးတိုးသံလေးကိုလည်း လွမ်းတယ်🥰
နောက်တစ်ပတ် ကျူတိုရီရယ်ရှိတယ် စာသင်ချိန်မမှန်ရင် ပေးမဖြေခိုင်းဘူး ဆိုပြီးဆရာမရဲ့ ရင်ခုန်သံစကားတွေကိုလည်း လွမ်းတယ်…….။🥰
ကျူတိုရီရှိမှ အတန်းလာကြတဲ့သူတွေနဲ့ အခန်းလူပြည့်ပြီး ဖြေစရာနေရာမရှိတဲ့အချိန်တွေကိုလည်း လွမ်းတယ်…….။🥰

ဖြေခါနီး ဖောပင်လိုက်ငှားတဲ့အသံနဲ့ စာမျက်နှာဘယ်လောက်ကလည်းလို့ မေးတဲ့အသံလေးတွေိကိုလည်း လွမ်းတယ်………။🥰
စာသင်ခုံပေါ်တင်ပြီး ကြည့်ဖြေမှအားရတယ်ဆိုတဲ့အသံအချို့နဲ့ ဆရာမလာလို့ ခုံအောက်ထိုးလိုက်ရတဲ့ အပြုအမူလေးတွေကိုလည်း လွမ်းတယ်……..။🥰


ဘယ်သွားမယ် ညာသွားမယ်နဲ့ မသွားဖြစ်ကြတဲ့ လူစုသံတွေကိုလည်း လွမ်းတယ်………။🥰
မေဂျာပွဲမှာ လက်ဝါးတွေရဲအောင်တီး ရေပုံးတွေ ကွဲအောင်ထု လက်ကွင်းခြမ်းနှစ်ခု ဟိန်းနေအောင်နဲ့ သူ့ဘက်ထက်က ကိုယ့်ဘက်သာအောင် အားပေးခဲ့ကြတဲ့အသံတွေကိုလည်း လွမ်းတယ်…….။🥰
ဂါဝရတရားရှေ့ထားပြီး ဆရာ/မ တွေကို အားလုံးစုအခမ်းအနားဖြင့် ရိုရိုသေသေကန်တော့ကြတဲ့ အာစရိယပူဇော်ပွဲလေးကိုလည်း လွမ်းတယ်…….။🥰
ကန်တော့ပြီး ဒန်ပေါက်စားရတာကိုလည်း လွမ်းတယ်……။🥰

စားမေးပွဲဖြေခါးနီး ဘယ်နှပုဒ်ရပြီလဲ ဆိုတဲ့ မေးသံတွေကိုလည်း လွမ်းတယ်…….။🥰
One subject One night ဆိုတဲ့ခပ်အေးအေး နေတတ်တဲ့ ပေါက်ဖော်အချို့ကိုလည်း လွမ်းတယ်…..။🥰
စာဖြေခန်းအထွက် မရတဲ့စာပါလာ၍ မဖြေနိုင်ခဲ့ဘူးဆိုတဲ့သူငယ်ချင်းတွေရဲ့ ဆိုငြီးသံတွေကိုလည်း လွမ်းတယ်…..။🥰


ခန့်ညားလွန်းတဲ့ ဘွဲ့နှင်းသဘင်ခန်းမ၊ ထည်ဝါလွန်းတဲ့ ကျောင်းဆောင်၊ သိမ်မွေ့လှတဲ့ ဓမ္မာရုံနဲ့ ဆည်းလည်းသံချိုတဲ့ ကျောင်းစေတီတွေကိုလည်း လွမ်းတယ်…..။🥰
လွမ်းတယ်ဆိုတာထက် လွမ်းတယ်…….။တစ်နေဝင်လို့ တစ်နေထွက် နှင်းမြူတွေဖြည်းဖြည်းပါးလာပြီး
သောက်သုံးမိတဲ့ ရွက်ဖားတွေလည်းရွေအိုရောင် အရောင်တွေပြောင်းလို့ အမိတက္ကသိုလ် ကျောင်းတံခါးကြီးကတော့ ပိတ်ထားဆဲ။😔
မူရင်း ခရက်ဒစ်