ဖခင်ရဲ့ ဒေါ်လာ ၆ မီလီယံကျော်အကြွေးကို ဆပ်ရန် ငါးမွေးမြူရေးကို လေ့လာခဲ့ပြီးနောက် ယခုအခါ နိုင်ငံကျော်အောင်မြင်လာခဲ့တဲ့ မိန်းကလေး
ဘဝဟာ ရှည်လျားတဲ့လမ်းတစ်ခုဖြစ်ပြီး အခက်အခဲများစွာကို ကြုံတွေ့ရနိုင်ပါတယ်။ထိုအခက်အခဲများက ကျွန်တော်တို့အား ပိုမိုကောင်းမွန်တဲ့ဘဝသို့ဦးတည်သွားစေပါတယ်။ သို့ပေမဲ့ ရှင်းလင်းစွာ စဉ်းစားပြီးမှ မှန်ကန်တဲ့ရွေးချယ်မှုမျိုးကို ပြုလုပ်ရပါလိမ့်မယ်။
ထိုင်ဝမ်ရှိ Zhong Yingying အမည်ရှိအမျိုးသမီးဟာ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်ပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝတဲ့မိသားစုတစ်စုမှ မွေးဖွားလာခဲ့ပြီး သူမရဲ့မိသားစုက ငါးမွေးမြူရေးလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားပါတယ်။
သူမဟာ ငယ်စဉ်ကတည်းက ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ရပါတယ်။ယခင်က Zhong Yingying ဟာ သူမရဲ့ဘဝကိုဘယ်တော့မှစိတ်မပူခဲ့ပါဘူး။သို့ပေမယ့် သူမအသက် ၂၆ နှစ်အရွယ်မှာ အရာအားလုံးဟာ ပြောင်းလဲသွားခဲ့ပါတယ်။
သူမရဲ့ဖခင်ဟာ အိမ်ခြံမြေစီးပွါးရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအဆင်မပြေခဲ့တာကြောင့် ၎င်းတို့ဟာ ဒေဝါလီခံခဲ့ရပြီး အမေရိကန်ဒေါ်လာ ၇,၀၅၀,၈၀၀ ကျော် အကြွေးတင်သွားခဲ့ပါတယ်။
အကြွေးရှင်များက ၎င်းတို့ရဲ့အကြွေးများကို နေ့တိုင်းကောက်ယူခဲ့ပြီးနောက် သူမတို့မိသားစုမှာ စတုရန်းမီတာ ၁၀,၀၀၀ ဝန်းကျင်ရှိတဲ့ koi ငါးကန် ၃ ကန် သာ ကျန်ရှိပါတော့တယ်။
ထို့နောက် သူမဟာ တက်လက်စဖြစ်နေတဲ့ကျောင်းမှထွက်ဖို့လိုခဲ့ပေမဲ့ ” သမီး တက်နေတဲ့ ပန်းချီကျောင်းမှ ထွက်ရင် အဖေတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပါ ပျောက်ဆုံးသွားလိမ့်မယ် ” လို့ ဖခင်ဖြစ်သူက ပြောခဲ့ပါတယ်။
သူမရဲ့မိဘများက သူမသင်ကြားနေတဲ့ Tsinghua အနုပညာကောလိပ်မှ မထွက်ရန်ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့ပေမဲ့လည်း သူမဟာ ဖခင်ဖြစ်သူရဲ့အကြွေးများကို ဆပ်ရန် သူမရဲ့အနာဂတ်ရည်မှန်းချက်ကိုစွန့် လွှတ်ကာ Tsinghua တက္ကသိုလ်မှ ထွက်ခဲ့ပါတော့တယ်။
သူမ ဟာ ဇာတိမြို့သို့ပြန်ပြီး မိသားစုကို ကူညီရန်နေရာတိုင်းမှာ အလုပ်ရှာခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် မိသားစုစီးပွါးရေးကိုသာ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။
ယခင်မင်းသမီးဘဝကနေ အခု သူမဟာ ရေစိုခံဖားဝတ်စုံကိုဝတ်ဆင်ပြီး ငါးဖမ်းကိရိယာဖြင့် အေးတဲ့အပူချိန်ရှိတဲ့ ငါးကန်ထဲမှာ စိမ်နေခဲ့ရပြီး သူမဟာ တစ်နေ့ ၄ နာရီသာ အိပ်ခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခန့် မှာ သူမဟာ စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ခဲ့ရပါတယ်။ငါးများကို စနစ်တကျကျွေးမွေးပြီး ရေရဲ့အရည်အသွေးနှင့် ရောဂါထိန်းချုပ်မှုတို့ကိုလည်း သူမကိုယ်တိုင် ပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူမရဲ့စီးပွါးရေးလုပ်ငန်းဟာ ကြီးထွားလာခဲ့ပြီး လူကြိုက်များမှုနှုန်းကလည်း မြင့်တက်လာခဲ့ပါတယ်။အခုတော့ သူမဟာ အရည်အသွေးကောင်းတဲ့ koi ငါးကိုထုတ်လုပ်နိုင်ခဲ့သလို koi ငါးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂,၃၀၂,၅၅၀ ဖြင့် ရောင်းချနိုင်ပါပြီ။
ယနေ့အချိန်အထိ သူမဟာ ၄ ကြိမ်မြောက်ချန်ပီယံဆုအပါအဝင် စက်မှုလုပ်ငန်းမှာ ဆု ၁၁ ခုကိုလည်း ဆွတ်ခူးခဲ့ပြီး သူမကို ထိုင်ဝမ်မှ “ Koi Fish of Queen” အဖြစ် လူသိများလာခဲ့ပါတယ်။
“ လူတစ်ယောက်ဟာ သူရဲကောင်းပဲဖြစ်ဖြစ် (သို့) ရှုံးနိမ့်သူဘဲဖြစ်နေပါစေအုံး သူ့ရဲ့လုပ်ရပ်တွေနဲ့ သူ့ရဲ့ပြုမူပုံက သူ့စိတ်နဲ့သူသာ ဆုံးဖြတ်ပါတယ် ”လို့ ပညာရှိတစ်ဦးက သူမအား ချီးမွမ်းကာ ပြောဆိုထားခဲ့ပါသေးတယ်။
ခရက်ဒစ်
Zawgyi
ဖခင္ရဲ႕ ေဒၚလာ ၆ မီလီယံေက်ာ္အေႂကြးကို ဆပ္ရန္ ငါးေမြးျမဴေရးကို ေလ့လာခဲ့ၿပီးေနာက္ ယခုအခါ နိုင္ငံေက်ာ္ေအာင္ျမင္လာခဲ့တဲ့ မိန္းကေလး
ဘဝဟာ ရွည္လ်ားတဲ့လမ္းတစ္ခုျဖစ္ၿပီး အခက္အခဲမ်ားစြာကို ႀကဳံေတြ႕ရနိုင္ပါတယ္။ထိုအခက္အခဲမ်ားက ကြၽန္ေတာ္တို႔အား ပိုမိုေကာင္းမြန္တဲ့ဘဝသို႔ဦးတည္သြားေစပါတယ္။ သို႔ေပမဲ့ ရွင္းလင္းစြာ စဥ္းစားၿပီးမွ မွန္ကန္တဲ့ေ႐ြးခ်ယ္မႈမ်ိဳးကို ျပဳလုပ္ရပါလိမ့္မယ္။
ထိုင္ဝမ္ရွိ Zhong Yingying အမည္ရွိအမ်ိဳးသမီးဟာ အေမရိကန္ေဒၚလာ ၁၇ သန္းေက်ာ္ပိုင္ဆိုင္တဲ့ ခ်မ္းသာႂကြယ္ဝတဲ့မိသားစုတစ္စုမွ ေမြးဖြားလာခဲ့ၿပီး သူမရဲ႕မိသားစုက ငါးေမြးျမဴေရးလုပ္ငန္းႏွင့္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားကို ပိုင္ဆိုင္ထားပါတယ္။
သူမဟာ ငယ္စဥ္ကတည္းက ေပ်ာ္႐ႊင္တဲ့ဘဝကို ပိုင္ဆိုင္ခဲ့ရပါတယ္။ယခင္က Zhong Yingying ဟာ သူမရဲ႕ဘဝကိုဘယ္ေတာ့မွစိတ္မပူခဲ့ပါဘူး။သို႔ေပမယ့္ သူမအသက္ ၂၆ ႏွစ္အ႐ြယ္မွာ အရာအားလုံးဟာ ေျပာင္းလဲသြားခဲ့ပါတယ္။
သူမရဲ႕ဖခင္ဟာ အိမ္ၿခံေျမစီးပြါးေရးလုပ္ငန္းမွာ ရင္းႏွီးျမႇုပ္ႏွံရန္ ေငြေၾကးအဆင္မေျပခဲ့တာေၾကာင့္ ၎တို႔ဟာ ေဒဝါလီခံခဲ့ရၿပီး အေမရိကန္ေဒၚလာ ၇,၀၅၀,၈၀၀ ေက်ာ္ အေႂကြးတင္သြားခဲ့ပါတယ္။
အေႂကြးရွင္မ်ားက ၎တို႔ရဲ႕အေႂကြးမ်ားကို ေန႕တိုင္းေကာက္ယူခဲ့ၿပီးေနာက္ သူမတို႔မိသားစုမွာ စတုရန္းမီတာ ၁၀,၀၀၀ ဝန္းက်င္ရွိတဲ့ koi ငါးကန္ ၃ ကန္ သာ က်န္ရွိပါေတာ့တယ္။
ထို႔ေနာက္ သူမဟာ တက္လက္စျဖစ္ေနတဲ့ေက်ာင္းမွထြက္ဖို႔လိုခဲ့ေပမဲ့ ” သမီး တက္ေနတဲ့ ပန္းခ်ီေက်ာင္းမွ ထြက္ရင္ အေဖတို႔ရဲ႕ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ပါ ေပ်ာက္ဆုံးသြားလိမ့္မယ္ ” လို႔ ဖခင္ျဖစ္သူက ေျပာခဲ့ပါတယ္။
သူမရဲ႕မိဘမ်ားက သူမသင္ၾကားေနတဲ့ Tsinghua အႏုပညာေကာလိပ္မွ မထြက္ရန္ျပင္းျပင္းထန္ထန္ဆန႔္က်င္ခဲ့ေပမဲ့လည္း သူမဟာ ဖခင္ျဖစ္သူရဲ႕အေႂကြးမ်ားကို ဆပ္ရန္ သူမရဲ႕အနာဂတ္ရည္မွန္းခ်က္ကိုစြန႔္ လႊတ္ကာ Tsinghua တကၠသိုလ္မွ ထြက္ခဲ့ပါေတာ့တယ္။
သူမ ဟာ ဇာတိၿမိဳ႕သို႔ျပန္ၿပီး မိသားစုကို ကူညီရန္ေနရာတိုင္းမွာ အလုပ္ရွာခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့တာေၾကာင့္ မိသားစုစီးပြါးေရးကိုသာ ဆက္လက္ လုပ္ကိုင္ခဲ့ပါတယ္။
ယခင္မင္းသမီးဘဝကေန အခု သူမဟာ ေရစိုခံဖားဝတ္စုံကိုဝတ္ဆင္ၿပီး ငါးဖမ္းကိရိယာျဖင့္ ေအးတဲ့အပူခ်ိန္ရွိတဲ့ ငါးကန္ထဲမွာ စိမ္ေနခဲ့ရၿပီး သူမဟာ တစ္ေန႕ ၄ နာရီသာ အိပ္ခဲ့ရပါတယ္။
လြန္ခဲ့တဲ့ ၃ ႏွစ္ခန႔္ မွာ သူမဟာ ေစာေစာထၿပီး ေနာက္က်မွ အိပ္ရာဝင္ခဲ့ရပါတယ္။ငါးမ်ားကို စနစ္တက်ေကြၽးေမြးၿပီး ေရရဲ႕အရည္အေသြးႏွင့္ ေရာဂါထိန္းခ်ဳပ္မႈတို႔ကိုလည္း သူမကိုယ္တိုင္ ျပဳလုပ္ခဲ့ပါတယ္။
ေနာက္ဆုံးမွာေတာ့ သူမရဲ႕စီးပြါးေရးလုပ္ငန္းဟာ ႀကီးထြားလာခဲ့ၿပီး လူႀကိဳက္မ်ားမႈႏႈန္းကလည္း ျမင့္တက္လာခဲ့ပါတယ္။အခုေတာ့ သူမဟာ အရည္အေသြးေကာင္းတဲ့ koi ငါးကိုထုတ္လုပ္နိုင္ခဲ့သလို koi ငါးတစ္ေကာင္ကို အေမရိကန္ေဒၚလာ ၂,၃၀၂,၅၅၀ ျဖင့္ ေရာင္းခ်နိဳင္ပါၿပီ။
ယေန႕အခ်ိန္အထိ သူမဟာ ၄ ႀကိမ္ေျမာက္ခ်န္ပီယံဆုအပါအဝင္ စက္မႈလုပ္ငန္းမွာ ဆု ၁၁ ခုကိုလည္း ဆြတ္ခူးခဲ့ၿပီး သူမကို ထိုင္ဝမ္မွ “ Koi Fish of Queen” အျဖစ္ လူသိမ်ားလာခဲ့ပါတယ္။
“ လူတစ္ေယာက္ဟာ သူရဲေကာင္းပဲျဖစ္ျဖစ္ (သို႔) ရႈံးနိမ့္သူဘဲျဖစ္ေနပါေစအုံး သူ႕ရဲ႕လုပ္ရပ္ေတြနဲ႕ သူ႕ရဲ႕ျပဳမူပုံက သူ႕စိတ္နဲ႕သူသာ ဆုံးျဖတ္ပါတယ္ ”လို႔ ပညာရွိတစ္ဦးက သူမအား ခ်ီးမြမ္းကာ ေျပာဆိုထားခဲ့ပါေသးတယ္။
ခရက္ဒစ္