နွားမွေးပြီးကျောင်းထားပေးခဲ့သော အဖိုးဖြစ်သူကို ကျေးဇူးတင်လွန်း၍ ဘွဲ့ရချိန်တွင် လူအများကြား ထိုင်ကန်တော့ခဲ့သည့် မိန်းကလေး
ထိုင်းနိုင်ငံမှ အသက် ၂၃နှစ်အရွယ် မိန်းကလေးသည် ကံဆိုးစွာဖြင့် မိဘနှစ်ပါးလုံးမှာ.. ဆုံးပါးသွားသည့်အတွက် အဖိုးဖြစ်သူလက်ထဲတွင် ကြီးပြင်းလာခဲ့ရသည်။
အဖိုးဖြစ်သူသည် မြေးမလေးအား.. မိဘ မေတ္တာဓာတ်အပြည့်အဝပေးကာ ဂရုတစိုက်နှင့် ကျွေးမွေးပြုစုခဲ့ပြီး ပညာတတ်ကြီးဖြစ်သည်ထိကို ကျောင်းထားပေးခဲ့သည်။
ထို့ကြောင့် အဖိုးဖြစ်သူသည်မြေးမလေးကျောင်းတက်နိုင်ရန်အတွက် နွား ၁၀ကောင်လောက်ကိုခက်ခဲပင်ပန်းကြီးစွာမွေးမြူခဲ့ပြီး
ဘွဲ့ယူသည့်နေ့မှာလည်း စုဆောင်းထားသော ငွေစက္ကူလေးတွေကို ပန်းကုံးပုံစံပြုလုပ်ပြီး သွားရောက် ဂုဏ်ပြုခဲ့သည်။
ထိုအချိန် မြေးမလေးသည် မိဘနှစ်ပါးလုံးမရှိတော့သော်လည်း.. အနားတွင် ပြုစုစောင့်ရှောက်ပေးခဲ့သည့်.. အဖိုးဖြစ်သူကို ကျေးဇူးတုံ့ပြန်သည့်အနေနှင့် လူအများကြားထဲမှာပင် ထိုင်ကန်တော့ခဲ့သည်။
ခရက်ဒစ်
Zawgyi
ခရက်ဒစ်