Knowledge Sharing

ယောက်ျားတွေ ဘာ့ကြောင့် ဖောက်ပြန်သလဲ

ယောကျ်ားတွေဘာကြောင့် ဖောက်ပြန်တာလဲ ? အဖြေက သင့်ကို အံ့အားသင့်စေမှာပါ။

တစ်လင် တစ်မယား စနစ် စတင် ကထဲက ဖောက်ပြန်တယ်ဆိုုတာ လဲ အပြိုင် ရှိနေခဲ့ပါတယ်။ ဖောက်ပြန်တယ်ဆိုုတာ ခိုးတာ၊ ညာတာ ၊ လိမ်တာ စတဲ့ လူတွေ ရဲ့ပင်ကိုုယ် စိတ်ရင်းထဲက မကောင်းတဲ့စိတ်ရိုုင်းတွေပါ။ လူဆိုုတာ ရှိနေသ၍တော့ ဖောက်ပြန်တာတွေ လဲရှိနေမှာပါ။

ဖောက်ပြန်တာ ကို တားဆီး ဖို့အတွက် ဥပဒေ တွေ နဲ့ ထိန်းချုပ်တားမြစ်ထား သော်လည်း ဖောက်ပြန်တာတွေ က ဆက်လက်ဖြစ် ပေါ်နေဆဲပါ။ ဖောက်ပြန်တာ ယောကျာ်း မိန်းမ မရွေးပါဘူး။ ဒါပေမယ့် အခုု ယောကျ်ားတွေ ဘာကြောင့် ဖောက်ပြန်ရသလဲဆို လေ့လာကြရအောင်။

M. Gary Neuman ရဲ့ The Truth about Cheating စာအုုပ်ထဲက သုုတေသန တစ်ခုုရဲ့ အဖြေ အရ။
၄၈% သောဖောက်ပြန်တဲ့ ယောကျ်ားတွေ က အိမ်ထောင်ရေးမှာ စိတ်ကျေနပ်မှု မရရှိ လိုု့ဖြစ်ပါတယ်။ ယောကျ်ားများ ဟာ လူတွေထင်တာလောက် စိတ်တောင့်တင်းမှုမရှိကြပါဘူး။ အများသောအားဖြင့် ယောကျ်ားတွေ က ချီးကျူးတာ၊ ထောက်ခံတာ၊အားကိုုး တာတွေ ကိုု ခုုံမင်တက်ကြပါတယ်။ အကယ်၍ အိမ်ရှင်မက ဒါတွေ ကိုု မပေးနိုုင်ရင် အပြင်က အခြားသောလူများဆီကနေ ရယူတက်ကြပါတယ်။

ယောကျ်ားများ က ချီးကျူးထောက်ခံမှုတွေ တော်တော်များများ ကိုု လုုပ်ငန်းခွင်မှ အလုုပ်အတူတူ လုုပ်နေသော မိန်းမများထံမှ ရရှိတက်ကာ လုုပ်ဖော်ကိုုင်ဖက်များနဲ့ ဖောက်ပြန်ရန် ရာခိုုင်နှုန်းက ၄၀% လောက်များပါတယ်။ အခြား မိန်းမရဲ့ ခန္ဒာကိုုယ် ဆွဲဆောင်မှုကြောင့် ဖောက်ပြန်တဲ့ ရာခိုင်နှုန်း က ၁၀% အောက်မှာသာရှိတဲ့အတွက် စိတ်မထိမ်းနိုင်လို့ဖောက်ပြန်တာကနည်းပါတယ်။ ဖောက်ပြန်တဲ့ယောကျ်ား ၈၈%က သူတို့ ဖောက်ပြန်တဲ့ မိန်းမက လက်ရှိ မယားလောက် ဆွဲဆောက်မှုမကောင်းဘူးလို့ သုသေတန မှတ်တန်းမှာ ၀န်ခံထားပါတယ်။

အခြားသော ဖောက်ပြန်ရတဲ့အကြောင်းအရင်းက ကိုယ်တွဲနေ တဲ့ယောကျ်ားလေး သူငယ်ချင်းက ဖောက်ပြန်တာကိုသိတဲ့ အခါမှာဖြစ်ပါတယ်။ ရ၇% သောဖောက်ပြန်သူတွေက သူ့ သူငယ်ချင်းတွေ ဖောက်ပြန်တာကို ကြည့်ပြီး အတုမြင် အတက်သင် ကာ လိုက်ပြီး ဖောက်ပြန်တက်ကြပါတယ်။ အများသောအားဖြင့် ဖောက်ပြန်တာမကောင်းမှန်းသိပေမယ့် ဖောက်ပြန်ကြပြီး ၆၈% ကတော့ နောင်တရကြပါတယ်။

ချုံပြီးကြည့်ရရင် ဖောက်ပြန်တာက လိင်စိတ်ကြောင့် သက်သက် မဟုတ်ပဲ ခံစားချက် က အဓိကပါဝင်ပါတယ်။ လူအများထင်ထားသလို ယောကျ်ားများရဲ့စိတ်က ခိုုင်မာမှုမရှိပဲ အလွန်ပျော့ပြီး သူတို့ကို သူများကလို ချင်တယ် လိုအပ်တယ် လို့ ထင်ရင် ချီးကျူးခံရရင် လွန်စွာ ကြည်နူး ပျော်မွေ့တက်ကြပါတယ်။

Gentleman Magazine