ဗဟုသုတ

သံလွင်ဆီကို နေ့စဉ်စားသုံးပေးရုံနဲ့ ခန္ဓာကိုယ်မှာ ရရှိလာမယ့်ပြောင်းလဲမှု (၇) မျိုး

သံလွင်ဆီကို နေ့စဉ်စားသုံးပေးရုံနဲ့ ခန္ဓာကိုယ်မှာ ရရှိလာမယ့်ပြောင်းလဲမှု (၇) မျိုး

သံလွင်ဆီကို ဟင်းချက်ရာမှာအသုံးပြုတာက ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ အလှအပအတွက်လည်း သံလွင်ဆီကို အသုံးပြုကြပါတယ်။

ဒါ့အပြင် သံလွင်ဆီကို တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်စားပေးခြင်းက ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ များစွာ ရရှိစေပါတယ်။

၁။ အသားအရေကို ပြောင်းလဲသွားစေခြင်း

သံလွင်ဆီက အသားအရေ နီမြန်းတာ၊ ရောင်ရမ်းတာကို လျော့ပါးစေပါတယ်။ သံလွင်ဆီကို တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ မျက်နှာက အရေးအကြောင်းတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ သံလွင်ဆီက ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။

၂။ ကိုယ်အလေးချိန်လျော့ကျစေခြင်း

Mediterranean ဝိတ်ချနည်းမှာ သံလွင်ဆီကို စားသုံးပေးတာလည်း ပါဝင်ပါတယ်။ သံလွင်ဆီကို တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ ကိုယ်အလေးချိန်က သိသိသာသာလျော့ကျလာစေတာပါ။ ဒါပေမယ့် တစ်ဇွန်းထက်ပိုပြီးတော့ မစားသင့်ပါဘူး။

၃။ ဦးနှောက်အတွက် အကျိုးပြုခြင်း

အယ်လ်ဇိုင်းမားရောဂါက ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ သံလွင်ဆီကို နေ့စဉ်စားပေးရင် ဦးနှောက်ဆဲလ်တွေအတွင်း အယ်လ်ဇိုင်းမားရောဂါဖြစ်ပေါ်စေတဲ့ ဆဲလ်အစုအဝေးတွေကို လျော့ကျစေပါတယ်။ သံလွင်ဆီကို ပုံမှန်စားပေးသူက မှတ်ဉာဏ်ပိုမိုကောင်းမွန်လာတာကိုလည်း တွေ့ရပါတယ်။

၄။ အရိုးကျန်းမာရေးကို ကောင်းမွန်စေခြင်း

သံလွင်ဆီမှာပါဝင်တဲ့ ဓာတုပစ္စည်းက အဆစ်ရောင်နာကို ခံစားနေရသူတွေအတွက် သက်သာစေပါတယ်။ သံလွင်ဆီကို ငါးကြီးဆီနဲ့ ပေါင်းစပ်ပြီးစားရင် ပိုပြီး ကောင်းမွန်ပါတယ်။ သဘာဝသံလွင်ဆီစစ်စစ်က မနက်ပိုင်းမှာ အဆစ်နာတာကို သက်သာစေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။

၅။ ရောင်ရမ်းနာကျင်တာကို သက်သာစေခြင်း

ဆောင်းရာသီမှာ နှုတ်ခမ်းအက်ကွဲတာကို ခံစားရလေ့ရှိပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး ရောင်ရမ်းနာကျင်တာတွေကို သံလွင်ဆီက ကုစားပေးနိုင်ပါတယ်။ သံလွင်ဆီကို တစ်နေ့လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပေးရုံနဲ့ အရေပြားပြဿနာတွေကို အနည်းငယ်လျော့ပါးသွားနိုင်ပါတယ်။

၆။ အူကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

အစာအိမ်ထဲမှာ နေထိုင်တဲ့အချို့သော ဘက်တီးရီးယားတွေကြောင့် အစာအိမ်ထဲမှာ အနာတွေ ဖြစ်ပေါ်လာပါတယ်။ သံလွင်ဆီက အဲဒီဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

တစ်ရက်ကို သံလွင်ဆီ ၃၀ ဂရမ်ခန့်စားသုံးပေးရုံနဲ့ အစာအိမ်ထဲက အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ၁၄ ရက်အတွင်း ဖယ်ရှားပေးပါတယ်။

၇။ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း

သံလွင်ဆီစစ်က သွေးတွင်းက သကြားဓာတ်ကို နည်းပါးသွားစေပါတယ်။ ဒါ့အပြင် သံလွင်ဆီက ဆီးချိုအမျိုးအစား ၂ ကိုလည်း ကာကွယ်ပေးပါသေးတယ်။ သံလွင်ဆီကို ပုံမှန်စားပေးရုံနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေ ၄၀ ရာခိုင်နှုန်းကို လျှော့ချပြီးသားဖြစ်စေပါတယ်။ခရက်ဒစ်

Zawgyi

သံလြင္ဆီကို ေန႕စဥ္စားသုံးေပး႐ုံနဲ႕ ခႏၶာကိုယ္မွာ ရရွိလာမယ့္ေျပာင္းလဲမႈ (၇) မ်ိဳး

သံလြင္ဆီကို ဟင္းခ်က္ရာမွာအသုံးျပဳတာက က်န္းမာေရးအတြက္ အထူးသင့္ေတာ္ပါတယ္။ အလွအပအတြက္လည္း သံလြင္ဆီကို အသုံးျပဳၾကပါတယ္။

ဒါ့အျပင္ သံလြင္ဆီကို တစ္ေန႕ကို လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန႔္စားေပးျခင္းက ခႏၶာကိုယ္အတြက္ အက်ိဳးေက်းဇူးေတြ မ်ားစြာ ရရွိေစပါတယ္။

၁။ အသားအေရကို ေျပာင္းလဲသြားေစျခင္း

သံလြင္ဆီက အသားအေရ နီျမန္းတာ၊ ေရာင္ရမ္းတာကို ေလ်ာ့ပါးေစပါတယ္။ သံလြင္ဆီကို တစ္ေန႕ကို လက္ဖက္ရည္ဇြန္းတစ္ဇြန္းစားေပး႐ုံနဲ႕ မ်က္ႏွာက အေရးအေၾကာင္းေတြကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။ သံလြင္ဆီက ဘက္တီးရီးယားေတြကို ကာကြယ္ေပးနိုင္တဲ့အစြမ္းလည္း ရွိပါတယ္။

၂။ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစျခင္း

Mediterranean ဝိတ္ခ်နည္းမွာ သံလြင္ဆီကို စားသုံးေပးတာလည္း ပါဝင္ပါတယ္။ သံလြင္ဆီကို တစ္ေန႕လက္ဖက္ရည္ဇြန္းတစ္ဇြန္းစားေပး႐ုံနဲ႕ ကိုယ္အေလးခ်ိန္က သိသိသာသာေလ်ာ့က်လာေစတာပါ။ ဒါေပမယ့္ တစ္ဇြန္းထက္ပိုၿပီးေတာ့ မစားသင့္ပါဘူး။

၃။ ဦးေႏွာက္အတြက္ အက်ိဳးျပဳျခင္း

အယ္လ္ဇိုင္းမားေရာဂါက ကမာၻေပၚမွာ အျဖစ္မ်ားတဲ့ေရာဂါတစ္မ်ိဳးပါ။ သံလြင္ဆီကို ေန႕စဥ္စားေပးရင္ ဦးေႏွာက္ဆဲလ္ေတြအတြင္း အယ္လ္ဇိုင္းမားေရာဂါျဖစ္ေပၚေစတဲ့ ဆဲလ္အစုအေဝးေတြကို ေလ်ာ့က်ေစပါတယ္။ သံလြင္ဆီကို ပုံမွန္စားေပးသူက မွတ္ဉာဏ္ပိုမိုေကာင္းမြန္လာတာကိုလည္း ေတြ႕ရပါတယ္။

၄။ အရိုးက်န္းမာေရးကို ေကာင္းမြန္ေစျခင္း

သံလြင္ဆီမွာပါဝင္တဲ့ ဓာတုပစၥည္းက အဆစ္ေရာင္နာကို ခံစားေနရသူေတြအတြက္ သက္သာေစပါတယ္။ သံလြင္ဆီကို ငါးႀကီးဆီနဲ႕ ေပါင္းစပ္ၿပီးစားရင္ ပိုၿပီး ေကာင္းမြန္ပါတယ္။ သဘာဝသံလြင္ဆီစစ္စစ္က မနက္ပိုင္းမွာ အဆစ္နာတာကို သက္သာေစၿပီး အရိုးေတြကိုလည္း သန္မာေစပါတယ္။

၅။ ေရာင္ရမ္းနာက်င္တာကို သက္သာေစျခင္း

ေဆာင္းရာသီမွာ ႏႈတ္ခမ္းအက္ကြဲတာကို ခံစားရေလ့ရွိပါတယ္။ အေရျပားနဲ႕ပတ္သက္ၿပီး ေရာင္ရမ္းနာက်င္တာေတြကို သံလြင္ဆီက ကုစားေပးနိုင္ပါတယ္။ သံလြင္ဆီကို တစ္ေန႕လက္ဖက္ရည္ဇြန္းတစ္ဇြန္းစားေပး႐ုံနဲ႕ အေရျပားျပႆနာေတြကို အနည္းငယ္ေလ်ာ့ပါးသြားနိုင္ပါတယ္။

၆။ အူက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

အစာအိမ္ထဲမွာ ေနထိုင္တဲ့အခ်ိဳ႕ေသာ ဘက္တီးရီးယားေတြေၾကာင့္ အစာအိမ္ထဲမွာ အနာေတြ ျဖစ္ေပၚလာပါတယ္။ သံလြင္ဆီက အဲဒီဘက္တီးရီးယားေတြကို တိုက္ထုတ္ေပးနိုင္ပါတယ္။

တစ္ရက္ကို သံလြင္ဆီ ၃၀ ဂရမ္ခန႔္စားသုံးေပး႐ုံနဲ႕ အစာအိမ္ထဲက အႏၲရာယ္ရွိတဲ့ ဘက္တီးရီးယားေတြကို ၁၄ ရက္အတြင္း ဖယ္ရွားေပးပါတယ္။

၇။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းခ်ဳပ္ေပးျခင္း

သံလြင္ဆီစစ္က ေသြးတြင္းက သၾကားဓာတ္ကို နည္းပါးသြားေစပါတယ္။ ဒါ့အျပင္ သံလြင္ဆီက ဆီးခ်ိဳအမ်ိဳးအစား ၂ ကိုလည္း ကာကြယ္ေပးပါေသးတယ္။ သံလြင္ဆီကို ပုံမွန္စားေပး႐ုံနဲ႕ ဆီးခ်ိဳေရာဂါျဖစ္နိုင္ေခ် ၄၀ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ၿပီးသားျဖစ္ေစပါတယ္။ခရက္ဒစ္