ဗဟုသုတ

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်

“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူတော် တော်များများလည်း သိထားကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ်။

ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲဖြစ်ပါတယ်။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ ပေါ်လို့ရပြီနဲ့ တရိပ်ရိပ် အကုသိုလ်တက်နေတာမျိုးပါ။

လင်ခိုး၊ မယားခိုးတာကတော့ ပြောပစရာလိုမယ်မထင်။ ကာမပိုင်ရှိနေရဲ့သားနဲ့ ပစ်မှားတာလေ။ ပျော်ရတာ ခဏ၊ ခံရမယ့် ဝဋ်ကြွေးကတော့ မကုန်နိုင်ပဲနော်။ နွားသိုး တုတ်ရိုက်ဆိုတာကလည်း ကိုယ့်ဝှေ့စေ့ကို လက်ညိုး လက်မလေးနဲ့ညှစ်တာ မျက်ရည်စိမ်းထွက်ရင် သူများဥ အကုန်ကြေအောင်ရိုက်ချေတာ မတွေးဝံ့စရာ အကုသိုလ်ပါ။

တောမီးတိုက်ကတော့ အသက်ပေါင်းများစွာ သေရတာမို့။ တောမီးတစ်ချက် မုဆိုးတစ်သက်လို့တောင် ဆိုကြပါတယ်။ မုဆိုးတံငါ ဆိုတာကတော့ သိတဲ့အတိုင်းပဲ အခွင့်သင့်တိုင်း သတ္တဝာတွေကို သတ်ပြီး အသက်မွေးရတာဆိုတော့ သာမန်လူထက် အကုသိုလ်များပာတယ်။

ဒါတွေကြောင့် သေရင် သေချာပေါက်နီးပါး အပါယ်ရောက်ရနိုင်တယ်။ နောက်ဆုံးထွက်သက် အချိန်အဓိကပေါ့။ ကိုယ်ကတစ်သက်လုံး တံငါလုပ်နေပေမယ့် အချိန်တိုင်း အကုသိုလ်လုပ်နေတာမှ မဟုတ်တာ။ ကုသိုလ်လုပ်ချိန်လည်း ရှိတာပေါ့။ အသက်ထွက်တဲ့အချိန် ကုသိုလ်သတိရပြီးသေရင် လောလောဆယ်တော့ နတ်ပြည်ရောက်မယ်။ နောက်ဘဝတွေ နောက်ဘဝတွေမှာတော့ အကုသိုလ်အကျိုး မဖြစ်မနေခံစားရမှာပေါ့။

သူများသတ်ပြီးသား စားတယ်ဆိုပေမယ့် အကုသိုလ်တစ်ခုမှာ (၁)ကိုယ်တိုင်လုပ်တဲ့သူ (၂)တိုက်တွန်းတဲ့သူ (၃)ချီးမွမ်းစိတ်တူသူ ဒီလူတွေဟာ အကုသိုလ်အကျိုး အတူတူပဲလို့ အဘိဓမ္မာမှာ ဘုရားဟောလေတော့ ကိုယ်တိုင်မသတ်ပေမယ့် ကိုယ်ခိုင်းလို့သတ်ရင် ကိုယ်ကသူသတ်တာကို ဝမ်းသာနေရင် အတူတူပဲပေါ့ဗျာ။

ပြင်ဆင်ရမှာက ပုထုဇဉ်လူသားတွေဟာ အကုသိုလ်နဲ့ မကင်းတော့ ကလေးနဲ့လူကြီး မီးခဲကိုင်သလိုပေါ့။ ကလေးက မီးပူမှန်းမသိတော့ ဆုပ်ကိုင်တယ်။ ပိုပူတာပေါ့။ လူကြီးက မီးပူမှန်းသိတော့ ဖွဖွလေးကိုင်လို့ အပူသက်သာတာပေါ့။ မပူအောင်လည်း ကိုင်နိုင်တာပေါ့။ ထို့အတူပဲ အကုသိုလ်မှန်းသိတဲ့သူဟာ စိတ်အား ထက်ထက် သန်သန်နဲ့ အကုသိုလ်ကို မလုပ်ဘူး။ မလုပ်တော့ အကုသိုလ်အကျိုးပေးကို ပြင်းပြင်းထန်ထန်ကြီး မခံရဘူးပေါ့။

ပြီးတော့လည်း စိတ်ထားလေးတတ်ရင် အကုသိုလ်က တောင် လွတ်အောင်လုပ်လို့ရတဲ့နည်းတွေလည်း ရှိပေတာကိုး။ တတ်နိုင်သမျှ အကုသိုလ်အလုပ် တွေနဲ့ အသက် မွေးဝမ်းကျောင်း ပြုရခြင်းမှ လွတ်ကင်းနိုင်ကြပါစေ။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။

Zawgyi

“ပ်ားဖြတ္ သားတိုး၊ မယားခိုး၊ ႏြားသိုး တုတ္ရိုက္၊ ေတာမီးတိုက္၊ မုဆိုးတံငါ ပါယ္ေလး႐ြာ” ရဲ႕ အဓိပၸါယ္

“ပ်ားဖြတ္ သားတိုး၊ မယားခိုး၊ ႏြားသိုး တုတ္ရိုက္၊ ေတာမီးတိုက္၊ မုဆိုးတံငါ ပါယ္ေလး႐ြာ” ရဲ႕ အဓိပၸါယ္ကို လူေတာ္ ေတာ္မ်ားမ်ားလည္း သိထားၾကမွာပါ။ မသိေသးတဲ့သူေတြအတြက္ ဗဟုသုတအျဖစ္ မွတ္သားထားနိုင္ဖို႔ ေဖာ္ျပေပး လိုက္ပါတယ္။ အခုေျပာတဲ့ ပ်ားဖြတ္ သားတိုး စတာေတြဟာ ပၪၥာနႏၲရိယ အကုသိုလ္ကံၿပီးရင္ ႀကီးေလးတဲ့ အကုသိုလ္အလုပ္ေတြလို႔ ေျပာလို႔ရပါတယ္။

ပ်ားဖြတ္ ဆိုတာဟာ ပ်ားကေလးေတြ အသက္နဲ႕ရင္းၿပီး စုထားရတဲ့ဝတ္ရည္၊ ပ်ားရည္ေတြ ရယူျခင္းပဲျဖစ္ပါတယ္။ သားတိုးကေတာ့ ကိုယ္ေမြးထားတဲ့ ႏြား ဝက္ ဆိတ္ စသည္တို႔ကို တစိမ့္စိမ့္ၾကည့္ၿပီး ဒီေကာင္ေလာက္ဆိုရင္ အခ်ိန္ဘယ္ေလာက္ရွိေနၿပီ၊ ဘယ္ေတာ့ေလာက္ဆို ေရာင္းလို႔ရၿပီ၊ ေပၚလို႔ရၿပီနဲ႕ တရိပ္ရိပ္ အကုသိုလ္တက္ေနတာမ်ိဳးပါ။

လင္ခိုး၊ မယားခိုးတာကေတာ့ ေျပာပစရာလိုမယ္မထင္။ ကာမပိုင္ရွိေနရဲ႕သားနဲ႕ ပစ္မွားတာေလ။ ေပ်ာ္ရတာ ခဏ၊ ခံရမယ့္ ဝဋ္ေႂကြးကေတာ့ မကုန္နိုင္ပဲေနာ္။ ႏြားသိုး တုတ္ရိုက္ဆိုတာကလည္း ကိုယ့္ေဝွ႕ေစ့ကို လက္ညိုး လက္မေလးနဲ႕ညွစ္တာ မ်က္ရည္စိမ္းထြက္ရင္ သူမ်ားဥ အကုန္ေၾကေအာင္ရိုက္ေခ်တာ မေတြးဝံ့စရာ အကုသိုလ္ပါ။

ေတာမီးတိုက္ကေတာ့ အသက္ေပါင္းမ်ားစြာ ေသရတာမို႔။ ေတာမီးတစ္ခ်က္ မုဆိုးတစ္သက္လို႔ေတာင္ ဆိုၾကပါတယ္။ မုဆိုးတံငါ ဆိုတာကေတာ့ သိတဲ့အတိုင္းပဲ အခြင့္သင့္တိုင္း သတၱဝာေတြကို သတ္ၿပီး အသက္ေမြးရတာဆိုေတာ့ သာမန္လူထက္ အကုသိုလ္မ်ားပာတယ္။

ဒါေတြေၾကာင့္ ေသရင္ ေသခ်ာေပါက္နီးပါး အပါယ္ေရာက္ရနိုင္တယ္။ ေနာက္ဆုံးထြက္သက္ အခ်ိန္အဓိကေပါ့။ ကိုယ္ကတစ္သက္လုံး တံငါလုပ္ေနေပမယ့္ အခ်ိန္တိုင္း အကုသိုလ္လုပ္ေနတာမွ မဟုတ္တာ။ ကုသိုလ္လုပ္ခ်ိန္လည္း ရွိတာေပါ့။ အသက္ထြက္တဲ့အခ်ိန္ ကုသိုလ္သတိရၿပီးေသရင္ ေလာေလာဆယ္ေတာ့ နတ္ျပည္ေရာက္မယ္။ ေနာက္ဘဝေတြ ေနာက္ဘဝေတြမွာေတာ့ အကုသိုလ္အက်ိဳး မျဖစ္မေနခံစားရမွာေပါ့။

သူမ်ားသတ္ၿပီးသား စားတယ္ဆိုေပမယ့္ အကုသိုလ္တစ္ခုမွာ (၁)ကိုယ္တိုင္လုပ္တဲ့သူ (၂)တိုက္တြန္းတဲ့သူ (၃)ခ်ီးမြမ္းစိတ္တူသူ ဒီလူေတြဟာ အကုသိုလ္အက်ိဳး အတူတူပဲလို႔ အဘိဓမၼာမွာ ဘုရားေဟာေလေတာ့ ကိုယ္တိုင္မသတ္ေပမယ့္ ကိုယ္ခိုင္းလို႔သတ္ရင္ ကိုယ္ကသူသတ္တာကို ဝမ္းသာေနရင္ အတူတူပဲေပါ့ဗ်ာ။

ျပင္ဆင္ရမွာက ပုထုဇဥ္လူသားေတြဟာ အကုသိုလ္နဲ႕ မကင္းေတာ့ ကေလးနဲ႕လူႀကီး မီးခဲကိုင္သလိုေပါ့။ ကေလးက မီးပူမွန္းမသိေတာ့ ဆုပ္ကိုင္တယ္။ ပိုပူတာေပါ့။ လူႀကီးက မီးပူမွန္းသိေတာ့ ဖြဖြေလးကိုင္လို႔ အပူသက္သာတာေပါ့။ မပူေအာင္လည္း ကိုင္နိုင္တာေပါ့။ ထို႔အတူပဲ အကုသိုလ္မွန္းသိတဲ့သူဟာ စိတ္အား ထက္ထက္ သန္သန္နဲ႕ အကုသိုလ္ကို မလုပ္ဘူး။ မလုပ္ေတာ့ အကုသိုလ္အက်ိဳးေပးကို ျပင္းျပင္းထန္ထန္ႀကီး မခံရဘူးေပါ့။

ၿပီးေတာ့လည္း စိတ္ထားေလးတတ္ရင္ အကုသိုလ္က ေတာင္ လြတ္ေအာင္လုပ္လို႔ရတဲ့နည္းေတြလည္း ရွိေပတာကိုး။ တတ္နိုင္သမွ် အကုသိုလ္အလုပ္ ေတြနဲ႕ အသက္ ေမြးဝမ္းေက်ာင္း ျပဳရျခင္းမွ လြတ္ကင္းနိုင္ၾကပါေစ။

မူရင္းေရးသားသူကို ေလးစားစြာ credit ေပးပါသည္။