လူတိုင်းဟာပစ္စည်းရဲ့ တံဆိပ်ကလေးတွေကို ကြည့်ပြီးဝယ်လေ့ရှိပါတယ်
“ဘားကုဒ်တွေကိုဘယ်လိုဖတ်ကြမလဲ”
လူတိုင်းဟာပစ္စည်းရဲ့ တံဆိပ်ကလေးတွေကို ကြည့်ပြီးဝယ်လေ့ရှိပါတယ်။
၎င်း ပစ္စည်းရဲ့နာက်ကျောဘက်မှာရေးထားတဲ့ကုဒ်ကိုတော့ ဖတ်လေ့ဖတ်ထမရှိသလောက်ပါပဲ။
တခါတရံမှာ ပစ္စည်း ထုပ်ပိုးထားတာရဲ့ ဗူးဆိုလျှင်အောက်ခြေလောက်မှာခေါင်းလျှော်ရည်ဆိုလျှင်ဘေးမှာစသည်ဖြင့် ဘားကုဒ်ကလေးတွေ ရှိတတ်ကြပါတယ်။
ထိုဘားကုဒ်ကလေးတွေကို ကြည့်ခြင်းအားဖြင့် ဒီပစ္စည်းဟာ ဘယ်ကလာတယ်ဆိုတာကိုသိနိုင်ပါတယ်။
ဒါပေမဲ့အမျိုးအစားတိုင်းမှာတွေ့နိုင်မယ်လို့တော့သင်တွေးထားလို့ မရပါဘူး။
ဥပမာ – ဘယ်နိုင်ငံမှာ ပြုလုပ်ပြီး ဘယ်မြို့မှာ
ပြုလုပ်တယ်ဆိုတာကို သင်သိနိုင်ပါတယ်တဲ့။
ဥပမာအားဖြင့် ဂဏန်းရဲ့ပထမသုံးလုံးကို ကြည့်လိုက်ပါ။
အဲဒီမှာ 690, 691 or 692တွေနဲ့စထားလျှင်ကျွန်တော်တို့ရဲ့ချစ်စွာသော ပေါက်ဖော်ကြီး တရုပ်ကထုတ်လုပ်တာဖြစ်ပြီး ၄၇ နဲ့ စထားတယ်ဆိုလျှင်တော့ ထိုင်ဝမ်ကထုတ်တာပါ။
ဗဟုသုတအနေနဲ့ အောက်ပါ
ဘားကုဒ်ကလေးများကိုဖတ်ကြည့်လိုက်ပါဦး။
890. ….. MADE IN INDIA
690, 691, 692 … တရုပ်
00 – 09. … USA and CANADA
30 – 37. … FRANCE
40 – 44. … GERMANY
471. ……. Taiwan
49. ………. JAPAN
50. ………. UK
မြန်မာ့သားကောင်း
ဘားကုဒ် Bar code ဆိုတာဒီအမည်းရောင်မျဉ်းကြောင်းလေးတွေနဲ့ နံပါတ်လေးတွေပါတဲ့ bar code ကို လူတိုင်းလိုလိုနေရာမျိုးစုံမှာတွေ့ဖူးပါလိမ့်မယ်။
Bar code ကိုနောက်တစ်မျိုး UPC(universal product code)လို့လည်းခေါ်ကြပါသေးတယ်။
ဘာအတွက်ဒါကိုထည့်ထား ရသလဲ ဆိုတာကိုတော့ လူတိုင်းသိချင်မှသိမှာပါ။
အစတုန်းကတော့ ဈေးဆိုင်တွေမှာဈေးဝယ်တဲ့ အခါ ပိုက်ဆံမန်မြန်ရှင်း နိုင်ဖို့ရည်ရွယ်ချက်နဲ့ထုတ်ခဲ့ပေမယ့် အခုအချိန်မှာနေရာတကာမှာ Bar code စနစ်ဟာတွင်ကျယ် နေပါပြီ။
Bar code ကို ၁၉၅၂၊အောက်တိုဘာ၇ရက်နေ့မှာJoseph Woodland နဲ့ Bernard Silverတို့ကစတင်တီထွင်ခဲ့ကြပါတယ်။
Bar code မှာမြင်ရတဲ့ မျဉ်းကြောင်းလေးတွေကို စက်တွေကသာဖတ်နိုင်ပြီး ဂဏန်းကိုတော့လူတွေဖတ်နိုင်ကြပါတယ်။
Bar codeတွေမှာ နံပါတ် ၁၂လုံး ပါပြီး ရှေ့ဆုံး(၆)လုံးက manufacturer identification number ဖြစ်ပြီးနောက်(၅)လုံးက item number ဖြစ်ပါတယ်။
ကိုယ်ဝယ်တဲ့ပစ္စည်းတစ်ခုကို ဘယ်နိုင်ငံကပြုလုပ်သလဲဆိုတာကိုသိချင်ရင် ပထမရှေ့ဆုံး(၃)လုံးကိုဖတ်ကြည့်တာနဲ့သိနိုင်ပါတယ်။
စင်ကာပူကလာတဲ့ပစ္စည်းရဲ့ကုဒ်ဟာ ၈၈၈ဖြစ်ပြီးထိုင်ဝမ်ကလာတဲ့ပစ္စည်းဆိုရင်ကုဒ်က ၄၇၁ ဖြစ်နေ ပါလိမ့်မယ်။
သိထားသင့်တဲ့နိုင်ငံတစ်ချို့ရဲ့ manufacturer ကုဒ်တွေကိုဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။
000 – 019 GS1 US
020 – 029 Restricted distribution (MO defined)
030 – 039 GS1 US
040 – 049 Restricted distribution (MO defined)
400 – 440 GS1 Germany
450 – 459 & 490 – 499 GS1 Japan
460 – 469 GS1 Russia, 471 GS1 Taiwan
489 GS1 Hong Kong, 880 GS1 South Korea
884 GS1 Cambodia, 885 GS1 Thailand
888 GS1 Singapore, 890 GS1 India
893 GS1 Vietnam, 899 GS1 Indonesia
ခရက်ဒစ်