ရွှေလက်ကောက်တွေကို သတို့သားဖက်ကနေ သေတ္တာနဲ့တစ်လုံးအပြည့်ပေးခဲ့တာကြောင့် လက်မှာဝတ်မနိုင်တော့ပဲ ကြိုးနဲ့ချည်ကာ လည်ပင်းမှာဆွဲထားခဲ့ရသည့် သတို့သမီးလေးရဲ့အဖြစ်
မင်္ဂလာပွဲနဲ့ပက်သက်ပြီး နေရာဒေသအသီးသီးတွေမှာ မတူညီတဲ့ ဓလေ့ထုံးစံဆိုတာ ရှိကြပြီး ရွာသူရွာသားများကလည်း လိုက်နာကျင့်သုံးကြရသည့်စနစ်တွေရှိသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Guangdongပြည်နယ် Foshanမြို့တွင် ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် ရွှေလက်ကောက်များစွာကို မနိုင်မနင်း ဝတ်ဆင်ထားရသည့် သတို့သမီးလေးရဲ့အဖြစ်ကို အများမှ သနားနေခဲ့ကြသည်။
သတို့သမီးလေးသည် ရွှေတွေနဲ့အလှဆင်ထားသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး သတို့သားရှင်ဖက်ကနေ ရွှေလက်ကောက် တစ်သေတ္တာလုံးအပြည့်ပေးခဲ့၍ သူမရဲ့လက်မှာဝတ်လို့ပင်မဆန့်တော့ပဲ ကြိုးတွေနဲ့ချည်ကာ လည်ပင်းမှာ ဆွဲကြိုးလိုမျိုး ဝတ်ဆင်ထားရသည်။
ရွှေထည်ရဲ့အလေးချိန်ကြောင့် သတို့သမီးလေးခမျာ တစ်ယောက်တည်းလမ်းမလျှောက်နိုင်တော့တာကြောင့် နံဘေးအကူတစ်ယောက်ခေါ်ထားရပြီး ထိုသို့ရွှေထည်များဝတ်ဆင်ရခြင်းကလည်း သူတို့မြို့လေးရဲ့ ဓလေ့ထုံးစံဖြစ်ကြောင်း သိရသည်။
Zawgyi