ရေယုန်ပေါက်တာကို ယူပစ်သလို ပျောက်ကင်း စေနိုင်မယ့် အလွန် ထိရောက်တဲ့ နည်းလမ်းကောင်းများ
ရေယုန်ဆိုတဲ့ ရောဂါဟာ လူတစ်ဦးနဲ့တစ်ဦး နီးနီးစပ်စပ် နေတဲ့အခါမှာ အလွယ်တကူ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။
အမျိုးသားရော အမျိုးသမီးမှာပါ ရေယုန်ပေါက်တတ်ပြီး လူတစ်ဦးနဲ့တစ်ဦး ထိတွေ့တာ အပြင် နေရောင်ခြည်နဲ့ထိတွေ့မှု လွန်ကဲခြင်း၊ ဟော်မုန်းညီမျှမှု မရှိခြင်း၊ စိတ်ဖိစီးမှု များခြင်း၊
အစားအသောက်မတည့်ခြင်း၊ တံတွေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီလိုနေမထိ ထိုင်မသာဖြစ်စေမယ့် ရေယုန်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေး တွေကို ဖော်ပြပေးလိုက် ရပါတယ်။
ရေခဲကပ်ခြင်း
အပူဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် ကပ်ပေးခြင်းက ရေယုန် ပေါက်ခြင်းကြောင့် ဖြစ်လာရတဲ့ နာကျင် ယောင်ရမ်းမှုနဲ့ အခြား မသက်မသာဖြစ်ခြင်း တို့ကို သက်သာစေနိုင်ပါတယ်။
ရေခဲတုံး အနည်းငယ်ကို အဝတ်ပါးပါး တစ်ခုထဲ ထည့်ချည်ပြီး ရေယုန်ဖြစ်နေတဲ့ နေရာတွေကို ညှင်သာစွာ ဖိပေးပါ။
၁၅ မိနစ် လောက်ထား ပေးပြီးရင် ခဏနား၍ နောက်တစ်ခေါက် ပြန်လုပ်ပေးပါ။ အနာ သက်သာသွားသည် အထိ မကြာမကြာ လုပ်ပေးပါ။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည် က အသားအရေ ရဲ့ pH levels ကို ထိန်းညှိပေးလို့ ယားယံမှုနဲ့ ကျိန်းစပ်စပ်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။
ပန်းသီးရှာလကာရည် အနည်းငယ်ကို ပန်းကန်လုံး အသေးထဲထည့်ပြီး ဂွမ်းလုံးကို နှစ်ပေးပါ။ ပြီးရင် ရေယုန်ပေါက်နေတဲ့ အသားအရေ နေရာပေါ်မှာ သုတ်လိမ်းပေးပြီး မိနစ် အနည်းထားပေးပါ။
ပြီးလျှင်တော့ ရေနွေးနွေးလေးနဲ့သန့်စင်ပြီး အသားအရေကို ခြောက်အောင် သုတ်ပေးပါ။ တစ်နေ့လျှင် သုံးကြိမ်- လေးကြိမ် လုပ်ဆောင်ပေးပါ။
ကြက်သွန်ဖြူ
Antimicrobial, Antiviral နှင့် Anti-inflammatory ဓာတ်သတ္တိတို့ကြွယ်ဝတဲ့ ကြက်သွန်ဖြူကိုလည်း ရေယုန်နဲ့ အခြား ပေါက်နာများအတွက် အသုံးပြုပေးနိုင်ပါတယ်။
ကြက်သွန်ဖြူ ၂ မြွှာကို ကြေအောင်ထောင်းပေးပြီး ရေယုန် အနာပေါ်မှာ ၁၅ မိနစ်ခန့်ထားပေးပါ။
အချိန်ပြည့်လျှင် ဖယ်လိုက်ပြီး အရှင်း ပျောက်ကင်းသွားသည် အထိ တနေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ် အထိ လုပ်ဆောင်ပေးပါ။
နွယ်ချိုမြစ်
နွယ်ချိုမြစ်ထဲမှ Glycyrrhizin ဓာတ်က ရေယုန်ကိုဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး တွေကို ကုသရန် ကူညီပေးပြီး ကိုယ်ခံအား လည်းမြှင့်တင် ပေးပါတယ်။
နွယ်ချိုအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း တဝက်ခန့်နဲ့ ရောစပ်ပြီး အနှစ်ရအောင်မွှေပေးပါ။ ပြီးသွားလျှင် ရေယုန်ပေါက် နေသည့်နေရာပေါ်မှာ သုတ်လိမ်းပေးပြီး နာရီ အနည်းငယ်ကြာအောင် ထားထားပေးပါ။
အချိန်ပြည့်သွားလျှင် ရေနဲ့သစ်ဆေးပြီး ခြောက်အောင် သုတ်ပေးပါ။ အရှင်းပျောက်သွားသည်အထိ တနေ့လျှင် ၄ ကြိမ်လောက် လုပ်ဆောင်ပေးပါ။
Credit – My Health