ဆံပင်ကျွတ်ပြီး ပါးလာတဲ့အမျိုးသမီးတွေအတွက် ဆံပင်ကျွတ်သက်သာစေမယ့်နည်းလမ်း (၇) ခု
အမျိုးသမီးတွေရဲ့ဘဝမှာ ဆံပင်ကျွတ်တာကို မကြာခဏကြုံတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသမီးတွေနဲ့ သွေးဆုံးဝေဒနာခံစားရတဲ့ အမျိုးသမီးတွေက ဆံပင်တွေ ပိုပြီး ကျွတ်ပါတယ်။
ဆံပင်တိုတဲ့အမျိုးသမီးတွေတောင် ဆံပင်ကျွတ်လေ့ရှိပါတယ်။ အဲဒါကြောင့် အမျိုးသမီးတွေအတွက် ဆံပင်ကျွတ်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဦးရေပြားကို ဆီလိမ်းပါ။
ဆံပင်ကျန်းမာရေးအတွက် ဆီလိမ်းပေးဖို့လိုအပ်ပါတယ်။ ဆံပင်တိုတဲ့သူတွေလည်း ဆီလိမ်းပေးသင့်ပါတယ်။ ကြက်ဆူဆီက ဦးရေပြားကို အားဖြည့်ပေးတာကြောင့် ဆံပင် ကျွတ်တာလည်း နည်းပါးလာစေပါတယ်။
၂။ ခေါင်းလျှော်ရည်ကို ပြောင်းလဲအသုံးပြုပါ။
ခေါင်းမှာ ဗောက်တွေအရမ်းထလာတဲ့အခါမှာတော့ ခေါင်းလျှော်ရည်ကို ပြောင်းလဲသုံးကြည့်ပါ။ အရင်ဆုံး ဆံပင်က ဆီထွက်တာ သက်သာဖို့ ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်နိုင်ပါတယ်။
ဗောက်တွေက မသက်သာသွားတဲ့အခါမှာတော့ အရေပြားဆရာဝန်ညွှန်းနဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပါ။ ဓာတ်မတည့်တာနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းမှာ ဗောက်တွေဖြစ်ပေါ်လာတတ်ပါတယ်။
၃။ သစ်ကြံပိုး
သစ်ကြံပိုးက ဆံသားနဲ့ ဦးရေပြားကို ကျန်းမာစေပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့အစွမ်းရှိပြီး သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။
သစ်ကြံပိုး mask လုပ်ဖို့အတွက် သစ်ကြံပိုးအမှုန့်နဲ့ အုန်းဆီကို ဆတူရောပြီး ဦးရေပြားအထိစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ ဆံပင်မှာ ၄၅ မိနစ်ခန့် ပေါင်းထားပြီးရင် ရေဆေးချလိုက်လို့ရပါပြီ။
၄။ ခေါင်းလျှော်ရည်အပျော့စားနဲ့ လျှော်ပါ။
ဆံပင်ကျွတ်သက်သာဖို့ ခေါင်းကို နေ့တိုင်းလျှော်ဖို့ မလိုအပ်ပါဘူး။ တစ်ပတ်ကို ၃ ကြိမ်ခန့် လျှော်ပေးရင်လုံလောက်ပါတယ်။ ဆံပင်ကျွတ်သက်သာဖို့ဆိုရင် ဓာတုဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို ရှောင်ပြီး အပျော့စားခေါင်းလျှောက်ရည်ကိုသာ အသုံးပြုပါ။
အထူးသဖြင့် ချာမိုမိုင်း၊ ရှားစောင်းလက်ပတ်၊ ဘိုင်အိုတင်၊ ပရိုတိန်း၊ ဗီတာမင် E တို့ပါဝင်တဲ့ ခေါင်းလျှော်ရည်က ဆံပင်ကျွတ်သူတွေအတွက် ပိုသင့်တော်ပါတယ်။
၅။ Conditioner ကို အသုံးပြုပါ။
ဆံပင်ကို အစိုဓာတ်ဖြည့်ဖို့အတွက် conditioner ကိုလည်း မေ့မထားသင့်ပါဘူး။ ဆံပင်ကို ကြက်သီးနွေးရေနွေးနဲ့လောင်းချပြီးတော့ conditioner ကို လိမ်းပေးပါ။ ခဏကြာပြီးရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။
အဲဒီနောက် ခေါင်းလျှော်ရည်နဲ့ လျှော်စရာမလိုပါဘူး။ Conditioner နဲ့ ဆံပင်ကို ပေါင်းပေးရင် ဆံပင်တွေက အားပြည့်လာပြီး ဆံသားကျိုးတာ၊ ဆံပင်ကျွတ်တာလည်း နည်းပါးသွားပါတယ်။
၆။ ဆံပင်တွေ ပိုထူလာအောင် ဇင့်ကို အသုံးပြုပါ။
ဇင့်က ဆံပင်ကျွတ်ခြင်းနဲ့ အခြားသောပြဿာနာတွေကို ဖြေရှင်းပေးပါတယ်။ အဲဒါကြောင့် နေ့စဉ် ဇင့် ၈ မီလီဂရမ် ကနေ ၁၁ မီလီဂရမ်အထိ သောက်သုံးပေးလို့ရပါတယ်။ ဒါပေမယ့် ၂ ပတ်ကနေ ၃ ပတ်လောက်အထိပဲ သောက်သင့်ပါတယ်။
၇။ ကော်ဖီ
ကာဖိန်းက ဆံပင်အရှည်မြန်ဖို့ အကျိုးပြုပါတယ်။ ဆံပင်ခဏခဏကျွတ်သူတွေအတွက် ကော်ဖီ mask က အရမ်းကို အသုံးတည့်ပါတယ်။ ကော်ဖီနဲ့ သံလွင်ဆီကို ရောပြီး ဆံပင်မှာ လိမ်းပေးပါ။
မိနစ် ၂၀ လောက်ကြာရင် ရေဆေးချလိုက်လို့ရပါပြီ။ ဟော်မုန်းကြောင့် ဆံပင်ကျွတ်တာတွေကိုလည်း ကော်ဖီ mask က သက်သာစေပါတယ်။
Credit to Zombie (lovemedia)
Zawgyi
ဆံပင္ကြၽတ္ၿပီး ပါးလာတဲ့အမ်ိဳးသမီးေတြအတြက္ ဆံပင္ကြၽတ္သက္သာေစမယ့္နည္းလမ္း (၇) ခု
အမ်ိဳးသမီးေတြရဲ႕ဘဝမွာ ဆံပင္ကြၽတ္တာကို မၾကာခဏႀကဳံေတြ႕ရေလ့ရွိပါတယ္။ အထူးသျဖင့္ အသက္ ၄၀ ေက်ာ္အမ်ိဳးသမီးေတြနဲ႕ ေသြးဆုံးေဝဒနာခံစားရတဲ့ အမ်ိဳးသမီးေတြက ဆံပင္ေတြ ပိုၿပီး ကြၽတ္ပါတယ္။
ဆံပင္တိုတဲ့အမ်ိဳးသမီးေတြေတာင္ ဆံပင္ကြၽတ္ေလ့ရွိပါတယ္။ အဲဒါေၾကာင့္ အမ်ိဳးသမီးေတြအတြက္ ဆံပင္ကြၽတ္တာကို သက္သာေစမယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ ဦးေရျပားကို ဆီလိမ္းပါ။
ဆံပင္က်န္းမာေရးအတြက္ ဆီလိမ္းေပးဖို႔လိုအပ္ပါတယ္။ ဆံပင္တိုတဲ့သူေတြလည္း ဆီလိမ္းေပးသင့္ပါတယ္။ ၾကက္ဆူဆီက ဦးေရျပားကို အားျဖည့္ေပးတာေၾကာင့္ ဆံပင္ ကြၽတ္တာလည္း နည္းပါးလာေစပါတယ္။
၂။ ေခါင္းေလွ်ာ္ရည္ကို ေျပာင္းလဲအသုံးျပဳပါ။
ေခါင္းမွာ ေဗာက္ေတြအရမ္းထလာတဲ့အခါမွာေတာ့ ေခါင္းေလွ်ာ္ရည္ကို ေျပာင္းလဲသုံးၾကည့္ပါ။ အရင္ဆုံး ဆံပင္က ဆီထြက္တာ သက္သာဖို႔ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားနဲ႕ ေလွ်ာ္နိုင္ပါတယ္။
ေဗာက္ေတြက မသက္သာသြားတဲ့အခါမွာေတာ့ အေရျပားဆရာဝန္ၫႊန္းနဲ႕ ေခါင္းေလွ်ာ္ရည္ကို အသုံးျပဳပါ။ ဓာတ္မတည့္တာနဲ႕ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္လည္း ေခါင္းမွာ ေဗာက္ေတြျဖစ္ေပၚလာတတ္ပါတယ္။
၃။ သစ္ႀကံပိုး
သစ္ႀကံပိုးက ဆံသားနဲ႕ ဦးေရျပားကို က်န္းမာေစပါတယ္။ ဒါ့အျပင္ ဘက္တီးရီးယားေတြကို ကာကြယ္ေပးတဲ့အစြမ္းရွိၿပီး ေသြးလည္ပတ္မႈကိုလည္း အားေကာင္းေစပါတယ္။
သစ္ႀကံပိုး mask လုပ္ဖို႔အတြက္ သစ္ႀကံပိုးအမႈန႔္နဲ႕ အုန္းဆီကို ဆတူေရာၿပီး ဦးေရျပားအထိစိမ့္ဝင္သြားေအာင္ လိမ္းေပးပါ။ ဆံပင္မွာ ၄၅ မိနစ္ခန႔္ ေပါင္းထားၿပီးရင္ ေရေဆးခ်လိဳက္လို႔ရပါၿပီ။
၄။ ေခါင္းေလွ်ာ္ရည္အေပ်ာ့စားနဲ႕ ေလွ်ာ္ပါ။
ဆံပင္ကြၽတ္သက္သာဖို႔ ေခါင္းကို ေန႕တိုင္းေလွ်ာ္ဖို႔ မလိုအပ္ပါဘူး။ တစ္ပတ္ကို ၃ ႀကိမ္ခန႔္ ေလွ်ာ္ေပးရင္လုံေလာက္ပါတယ္။ ဆံပင္ကြၽတ္သက္သာဖို႔ဆိုရင္ ဓာတုေဆးပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ေတြကို ေရွာင္ၿပီး အေပ်ာ့စားေခါင္းေလွ်ာက္ရည္ကိုသာ အသုံးျပဳပါ။
အထူးသျဖင့္ ခ်ာမိုမိုင္း၊ ရွားေစာင္းလက္ပတ္၊ ဘိုင္အိုတင္၊ ပရိုတိန္း၊ ဗီတာမင္ E တို႔ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္က ဆံပင္ကြၽတ္သူေတြအတြက္ ပိုသင့္ေတာ္ပါတယ္။
၅။ Conditioner ကို အသုံးျပဳပါ။
ဆံပင္ကို အစိုဓာတ္ျဖည့္ဖို႔အတြက္ conditioner ကိုလည္း ေမ့မထားသင့္ပါဘူး။ ဆံပင္ကို ၾကက္သီးေႏြးေရေႏြးနဲ႕ေလာင္းခ်ၿပီးေတာ့ conditioner ကို လိမ္းေပးပါ။ ခဏၾကာၿပီးရင္ေတာ့ ေရေဆးခ်လိဳက္လို႔ရပါၿပီ။
အဲဒီေနာက္ ေခါင္းေလွ်ာ္ရည္နဲ႕ ေလွ်ာ္စရာမလိုပါဘူး။ Conditioner နဲ႕ ဆံပင္ကို ေပါင္းေပးရင္ ဆံပင္ေတြက အားျပည့္လာၿပီး ဆံသားက်ိဳးတာ၊ ဆံပင္ကြၽတ္တာလည္း နည္းပါးသြားပါတယ္။
၆။ ဆံပင္ေတြ ပိုထူလာေအာင္ ဇင့္ကို အသုံးျပဳပါ။
ဇင့္က ဆံပင္ကြၽတ္ျခင္းနဲ႕ အျခားေသာျပႆာနာေတြကို ေျဖရွင္းေပးပါတယ္။ အဲဒါေၾကာင့္ ေန႕စဥ္ ဇင့္ ၈ မီလီဂရမ္ ကေန ၁၁ မီလီဂရမ္အထိ ေသာက္သုံးေပးလို႔ရပါတယ္။ ဒါေပမယ့္ ၂ ပတ္ကေန ၃ ပတ္ေလာက္အထိပဲ ေသာက္သင့္ပါတယ္။
၇။ ေကာ္ဖီ
ကာဖိန္းက ဆံပင္အရွည္ျမန္ဖို႔ အက်ိဳးျပဳပါတယ္။ ဆံပင္ခဏခဏကြၽတ္သူေတြအတြက္ ေကာ္ဖီ mask က အရမ္းကို အသုံးတည့္ပါတယ္။ ေကာ္ဖီနဲ႕ သံလြင္ဆီကို ေရာၿပီး ဆံပင္မွာ လိမ္းေပးပါ။
မိနစ္ ၂၀ ေလာက္ၾကာရင္ ေရေဆးခ်လိဳက္လို႔ရပါၿပီ။ ေဟာ္မုန္းေၾကာင့္ ဆံပင္ကြၽတ္တာေတြကိုလည္း ေကာ္ဖီ mask က သက္သာေစပါတယ္။
Credit to Zombie (lovemedia)