ဗဟုသုတ

မြန်မာပြည်မြေပုံကို ပထမဆုံး ရေးဆွဲခဲ့သူဒေါက်တာဒေါ်သင်းကြည်အကြောင်း

မြန်မာပြည်မြေပုံကို ပထမဆုံး ရေးဆွဲခဲ့သူဒေါက်တာဒေါ်သင်းကြည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာပြည်မြေပုံကို ပထမဆုံး ရေးဆွဲသူ ဒေါက်တာဒေါ်သင်းကြည် (တောင်ငူသူ) အကြောင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြေပုံရေးဆွဲရာတွင်ပါဝင်ခဲ့တဲ့ ပထဝီဝင် ပါမောက္ခ ဒေါက်တာဒေါ်သင်းကြည် (မြန်မာအမျိုးသမီးများထဲမှ နိုင်ငံရပ်ခြား ပါရဂူဘွဲ့ကို ပထမဦးဆုံး ဆွတ်ခူးခဲ့သူ)

၁။ ပါမောက္ခ ဒေါက်တာဒေါ်သင်းကြည်ကို မြန်မာအမျိုးသမီးများထဲမှာ ပထမဆုံးနိုင်ငံခြားက ပါရဂူဘွဲ့ယူလာသူအဖြစ် သိသူများပါတယ်။ ၁၉၅၀ခုနှစ် အမေရိကန်နိုင်ငံ ကလပ်တက္ကသိုလ်မှာ ပထဝီဘာသာနဲ့ ဖြစ်ပါတယ်။

စစ်မဖြစ်ခင် ရန်ကုန်တက္ကသိုလ်က အင်္ဂလိပ်အမျိုးသမီးတွေ လန်ဒန်မှာ ပါရဂူဘွဲ့သွားယူကြတာတွေ ရှိပေမယ့် မြန်မာအမျိုးသမီးတွေထဲကတော့ ဒေါ်သင်းကြည်က ပထမဆုံးပါ။

၂။ နောက်ဒေါက်တာ ဒေါ်သင်းကြည်ဟာ ဒီကနေ့ ကမ္ဘာကလက်ခံ သုံးစွဲနေတဲ့ မြန်မာပြည်မြေပုံကို နယ်သာလန်နိုင်ငံ အမ္စတာဒမ္က ဂျမ်ဘာတန် ပထဝီမြေပုံဆွဲဌာနနဲ့ အတူကြီးကြပ် ရေးဆွဲတည်းဖြတ်ခဲ့သူပါ။

၃။ ဆရာမကြီး ဒေါက်တာဒေါ်သင်းကြည်ကို ၁၉၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၊ သောကြာနေ့တွင် တောင်ငူမြို့၌ အဖဦးကြို့၊ အမိဒေါ်မြတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း(၃) ဦးရှိပါတယ်။

၄။ ဒေါက်တာဒေါ်သင်းကြည်ဟာ ရေတာရှည်မြို့၊ ဗမာတိုင်းရင်းသား ဘာသာကျောင်းတွင် စတင်ပညာသင်ယူခဲ့ပြီး ဖခင်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသော မကွေးမြို့၊ တိုင်းရင်းမြန်မာ မြူနီစီပယ် ကျောင်းတွင် ရှစ်တန်းအထိ ပညာသင်ယူခဲ့ပါတယ်။၁၉၃၃ ခုနှစ်တွင် ရန်ကုန်ဆရာဖြစ်သင် ကောလိပ်ကျောင်း (Teacher Training College -TTC)တွင်

နဝမတန်းမှ တက္ကသိုလ်ဝင်တန်းအောင်တဲ့အထိ ကျောင်းအိပ် ကျောင်းစားဖြင့် နေထိုင်ပညာဆည်းပူးခဲ့ပြီး ၁၉၃၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း (ဟိုက်စကူးဖိုင်နယ်) (High School Final – HSF)) ကိုဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကာ မြန်မာတစ်နိုင်ငံလုံး ကျောင်းသူများထဲတွင် ပထမရရှိခဲ့သူပါ။

၁၉၃၄-၁၉၃၅ ပညာသင်နှစ်၊ ရန်ကုန်တက္ကသိုလ်သို့ စတင်တက်ရောက်ရာ (S) တန်း (Special Class) တွင်သင်ယူခဲ့ရပါသည်။ ၁၉၃၈ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးတန်း (B.A. (Hons.))ကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနတွင် အချိန်ပြည့် နည်းပြဆရာမအဖြစ် နိုင်ငံတာဝန်ကို စတင်ထမ်းရွက်ခဲ့ပါတယ်။


၁၉၃၉-၁၉၄၀ ပြည့်နှစ်များတွင် ဆရာဖြစ်သင်ကောလိပ် (TTC) B.Ed. (ပညာရေးဘွဲ့) သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပါတယ်။ ဂျပန်ခေတ်အတွင်း ၁၉၄၂ ခုနှစ်ဝန်းကျင် အရှေ့အာရှလူငယ် အစည်းအရုံးကဖွင့်လှစ်သော လက်ရွေးစင်ကျောင်းတွင် သင်ရိုးညွှန်းတမ်းဆိုင်ရာနှင့်သင်ကြားမှု ဆိုင်ရာများကိုဆောင်ရွက်ခဲ့ပါသည်။

၁၉၄၃ ခုနှစ်တွင် ဆရာကြီးဦးဖေမောင်တင် ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူသော ရန်ကုန်တက္ကသိုလ်၌ ပထဝီဝင်ဌာန၊ လက်ထောက် ကထိကအဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ်၊ အရေးပေါ်ကာလ၊ ရန်ကုန် တက္ကသိုလ်၊ ပထဝီဝင်ဌာနကို လက်ထောက်ကထိကအဆင့်ဖြင့် ဦးဆောင်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် ပြည်ထောင်စုနိုင်ငံ၊ မက်ဆာချူးဆက် ပြည်နယ်၊ ကလပ်တက္ကသိုလ် (Clark University) တွင်မဟာဝိဇ္ဇာဘွဲ့ရယူရန် ထွက်ခွာခဲ့ပြီး ပထမနှစ်ဝက်ရမှတ်များ ထူးချွန်ကောင်းမွန်တဲ့အတွက် ပါရဂူဘွဲ့သင်တန်းတက်ရန် ကလပ်တက္ကသိုလ်က ခွင့်ပြုခဲ့ပါတယ်။

၁၉၅၀ပြည့်နှစ်တွင် ပါရဂူဘွဲ့ရှိခဲ့ပြီး စက်တင်ဘာလတွင် မြန်မာပြည်ကို သင်္ဘောနဲ့ ပြန်လာခဲ့ပါတယ်။ နိုင်ငံရပ်ခြားပါရဂူဘွဲ့ကို မြန်မာအမျိုးသမီးများထဲမှ ပထမဆုံးရရှိခဲ့သူ ဖြစ်လာခဲ့ပါတယ်။ ၁၉၅၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ကထိက/ဌာနမှူးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

၁၉၅၁ခုနှစ်၊ ဇွန် ၁၉ရက်မှစတင်၍ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၌ ပါမောက္ခအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသုတေသနအသင်း (Burma Research Society-BRS) တွင်ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သလို ကိုယ်ပိုင်သုတေသနလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံသမိုင်းကော်မရှင် (Historical Commission) မှာလည်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် အနုပညာအသင်း၊ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်းတို့ကို စတင်တည်ထောင်ခဲ့ရာမှာလည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။

၁၉၇၃-၁၉၇၄ ပညာသင်နှစ် ရန်ကုန်ပညာရေးတက္ကသိုလ်က တက္ကသိုလ် စာပေးစာယူသင်တန်းများ (ပညာရေးဘွဲ့) စတင်ဖွင့် လှစ်ခဲ့ရာတွင်လည်းကောင်း၊ ၁၉၇၅-၁၉၇၆ ခုနှစ်နောက်ပိုင်း ဝိဇ္ဇာ/ သိပ္ပံ၊ ဘောဂဗေဒနှင့် ဥပေဒပညာရပ်များပါ ထည့်သွင်းပို့ချခဲ့ရာတွင် ဝိဇ္ဇာဌာနမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၅။ ၁၉၇၇ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်တက္ကသိုလ် ပထဝီဝင်ပါမောက္ခတာဝန်မှ သက်ပြည့်အငြိမ်းစားယူခဲ့ပြီး ၁၉၉၀ ပြည့်နှစ်၊အောက်တိုဘာ ၁၃ရက်နေ့တွင် ရန်ကုန်မြို့၊ အမှတ်(၁၀)၊ ကုန်းမြင့်ရိပ်သာလမ်း၊ ၇ မိုင်နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာမကြီးဒေါက်တာဒေါ်သင်းကြည်က

“ပထဝီသင်ကြားခြင်းရဲ့ အဓိကရည်ရွယ်ချက်က လူငယ်လူရွယ်တွေကို ကိုယ်တိုင်လေ့လာ စူးစမ်းတတ်တဲ့ အလေ့အထရရှိဖို့ ပျိုးထောင်ပေးတာ ဖြစ်တယ်” လို့ပြောခဲ့ပါတယ်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

ခရက်ဒစ်

Zawgyi

ျမန္မာျပည္ေျမပုံကို ပထမဆုံး ေေေေရးဆြဲခဲ့သူေဒါက္တာေဒၚသင္းၾကည္

မဂၤလာပါ ခ်စ္ပရိတ္သတ္ႀကီးေရ ျမန္မာျပည္ေျမပုံကို ပထမဆုံး ေရးဆြဲသူ ေဒါက္တာေဒၚသင္းၾကည္ (ေတာင္ငူသူ) အေၾကာင္းပဲျဖစ္ပါတယ္။

ျမန္မာနိုင္ငံ ေျမပုံေရးဆြဲရာတြင္ပါဝင္ခဲ့တဲ့ ပထဝီဝင္ ပါေမာကၡ ေဒါက္တာေဒၚသင္းၾကည္ (ျမန္မာအမ်ိဳးသမီးမ်ားထဲမွ နိုင္ငံရပ္ျခား ပါရဂူဘြဲ႕ကို ပထမဦးဆုံး ဆြတ္ခူးခဲ့သူ)

၁။ ပါေမာကၡ ေဒါက္တာေဒၚသင္းၾကည္ကို ျမန္မာအမ်ိဳးသမီးမ်ားထဲမွာ ပထမဆုံးနိုင္ငံျခားက ပါရဂူဘြဲ႕ယူလာသူအျဖစ္ သိသူမ်ားပါတယ္။ ၁၉၅၀ခုႏွစ္ အေမရိကန္နိုင္ငံ ကလပ္တကၠသိုလ္မွာ ပထဝီဘာသာနဲ႕ ျဖစ္ပါတယ္။

စစ္မျဖစ္ခင္ ရန္ကုန္တကၠသိုလ္က အဂၤလိပ္အမ်ိဳးသမီးေတြ လန္ဒန္မွာ ပါရဂူဘြဲ႕သြားယူၾကတာေတြ ရွိေပမယ့္ ျမန္မာအမ်ိဳးသမီးေတြထဲကေတာ့ ေဒၚသင္းၾကည္က ပထမဆုံးပါ။

၂။ ေနာက္ေဒါက္တာ ေဒၚသင္းၾကည္ဟာ ဒီကေန႕ ကမာၻကလက္ခံ သုံးစြဲေနတဲ့ ျမန္မာျပည္ေျမပုံကို နယ္သာလန္နိုင္ငံ အမၥတာဒမၠ ဂ်မ္ဘာတန္ ပထဝီေျမပုံဆြဲဌာနနဲ႕ အတူႀကီးၾကပ္ ေရးဆြဲတည္းျဖတ္ခဲ့သူပါ။

၃။ ဆရာမႀကီး ေဒါက္တာေဒၚသင္းၾကည္ကို ၁၉၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္၊ ေသာၾကာေန႕တြင္ ေတာင္ငူၿမိဳ႕၌ အဖဦးႀကိဳ႕၊ အမိေဒၚျမတို႔မွ ေမြးဖြားခဲ့ၿပီး ေမြးခ်င္း(၃) ဦးရွိပါတယ္။

၄။ ေဒါက္တာေဒၚသင္းၾကည္ဟာ ေရတာရွည္ၿမိဳ႕၊ ဗမာတိုင္းရင္းသား ဘာသာေက်ာင္းတြင္ စတင္ပညာသင္ယူခဲ့ၿပီး ဖခင္ေျပာင္းေ႐ႊ႕ တာဝန္ထမ္းေဆာင္ရေသာ မေကြးၿမိဳ႕၊ တိုင္းရင္းျမန္မာ ျမဴနီစီပယ္ ေက်ာင္းတြင္ ရွစ္တန္းအထိ ပညာသင္ယူခဲ့ပါတယ္။၁၉၃၃ ခုႏွစ္တြင္ ရန္ကုန္ဆရာျဖစ္သင္ ေကာလိပ္ေက်ာင္း (Teacher Training College -TTC)တြင

နဝမတန္းမွ တကၠသိုလ္ဝင္တန္းေအာင္တဲ့အထိ ေက်ာင္းအိပ္ ေက်ာင္းစားျဖင့္ ေနထိုင္ပညာဆည္းပူးခဲ့ၿပီး ၁၉၃၄ ခုႏွစ္တြင္ တကၠသိုလ္ဝင္တန္း (ဟိုက္စကူးဖိုင္နယ္) (High School Final – HSF)) ကိုဘာသာစုံဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့ကာ ျမန္မာတစ္နိုင္ငံလုံး ေက်ာင္းသူမ်ားထဲတြင္ ပထမရရွိခဲ့သူပါ။

၁၉၃၄-၁၉၃၅ ပညာသင္ႏွစ္၊ ရန္ကုန္တကၠသိုလ္သို႔ စတင္တက္ေရာက္ရာ (S) တန္း (Special Class) တြင္သင္ယူခဲ့ရပါသည္။ ၁၉၃၈ ခုႏွစ္တြင္ ဝိဇၨာဂုဏ္ထူးတန္း (B.A. (Hons.))ကို ေအာင္ျမင္ခဲ့ၿပီး ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာနတြင္ အခ်ိန္ျပည့္ နည္းျပဆရာမအျဖစ္ နိုင္ငံတာဝန္ကို စတင္ထမ္း႐ြက္ခဲ့ပါတယ္။

၁၉၃၉-၁၉၄၀ ျပည့္ႏွစ္မ်ားတြင္ ဆရာျဖစ္သင္ေကာလိပ္ (TTC) B.Ed. (ပညာေရးဘြဲ႕) သင္တန္းကို တက္ေရာက္ေအာင္ျမင္ခဲ့ပါတယ္။ ဂ်ပန္ေခတ္အတြင္း ၁၉၄၂ ခုႏွစ္ဝန္းက်င္ အေရွ႕အာရွလူငယ္ အစည္းအ႐ုံးကဖြင့္လွစ္ေသာ လက္ေ႐ြးစင္ေက်ာင္းတြင္ သင္ရိုးၫႊန္းတမ္းဆိုင္ရာႏွင့္သင္ၾကားမႈ ဆိုင္ရာမ်ားကိုေဆာင္႐ြက္ခဲ့ပါသည္။

၁၉၄၃ ခုႏွစ္တြင္ ဆရာႀကီးဦးေဖေမာင္တင္ ေက်ာင္းအုပ္ႀကီး အျဖစ္တာဝန္ယူေသာ ရန္ကုန္တကၠသိုလ္၌ ပထဝီဝင္ဌာန၊ လက္ေထာက္ ကထိကအျဖစ္လည္းေကာင္း၊ ၁၉၄၅ ခုႏွစ္၊ အေရးေပၚကာလ၊ ရန္ကုန္ တကၠသိုလ္၊ ပထဝီဝင္ဌာနကို လက္ေထာက္ကထိကအဆင့္ျဖင့္ ဦးေဆာင္ခဲ့ပါတယ္။

၁၉၄၇ ခုႏွစ္၊ ဇန္နဝါရီလတြင္ အေမရိကန္ ျပည္ေထာင္စုနိုင္ငံ၊ မက္ဆာခ်ဴးဆက္ ျပည္နယ္၊ ကလပ္တကၠသိုလ္ (Clark University) တြင္မဟာဝိဇၨာဘြဲ႕ရယူရန္ ထြက္ခြာခဲ့ၿပီး ပထမႏွစ္ဝက္ရမွတ္မ်ား ထူးခြၽန္ေကာင္းမြန္တဲ့အတြက္ ပါရဂူဘြဲ႕သင္တန္းတက္ရန္ ကလပ္တကၠသိုလ္က ခြင့္ျပဳခဲ့ပါတယ္။

၁၉၅၀ျပည့္ႏွစ္တြင္ ပါရဂူဘြဲ႕ရွိခဲ့ၿပီး စက္တင္ဘာလတြင္ ျမန္မာျပည္ကို သေဘၤာနဲ႕ ျပန္လာခဲ့ပါတယ္။ နိုင္ငံရပ္ျခားပါရဂူဘြဲ႕ကို ျမန္မာအမ်ိဳးသမီးမ်ားထဲမွ ပထမဆုံးရရွိခဲ့သူ ျဖစ္လာခဲ့ပါတယ္။ ၁၉၅၀ ျပည့္ႏွစ္၊ စက္တင္ဘာ ၂၉ ရက္တြင္ ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာန၌ ကထိက/ဌာနမႉးအျဖစ္စတင္တာဝန္ထမ္းေဆာင္ခဲ့ပါသည္။

၁၉၅၁ခုႏွစ္၊ ဇြန္ ၁၉ရက္မွစတင္၍ ရန္ကုန္တကၠသိုလ္၊ ပထဝီဝင္ဌာန၌ ပါေမာကၡအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၅၂ ခုႏွစ္ေနာက္ပိုင္း ျမန္မာနိုင္ငံသုေတသနအသင္း (Burma Research Society-BRS) တြင္ထဲထဲဝင္ဝင္ ပါဝင္လႈပ္ရွားခဲ့သလို ကိုယ္ပိုင္သုေတသနလုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္နိုင္ငံသမိုင္းေကာ္မရွင္ (Historical Commission) မွာလည္းပါဝင္ေဆာင္႐ြက္ခဲ့ပါတယ္။ ရန္ကုန္တကၠသိုလ္ အႏုပညာအသင္း၊ ရန္ကုန္တကၠသိုလ္ ေျခလ်င္ႏွင့္ ေတာင္တက္အသင္းတို႔ကို စတင္တည္ေထာင္ခဲ့ရာမွာလည္း တစ္ဦး အပါအဝင္ ျဖစ္ခဲ့ပါတယ္။

၁၉၇၃-၁၉၇၄ ပညာသင္ႏွစ္ ရန္ကုန္ပညာေရးတကၠသိုလ္က တကၠသိုလ္ စာေပးစာယူသင္တန္းမ်ား (ပညာေရးဘြဲ႕) စတင္ဖြင့္ လွစ္ခဲ့ရာတြင္လည္းေကာင္း၊ ၁၉၇၅-၁၉၇၆ ခုႏွစ္ေနာက္ပိုင္း ဝိဇၨာ/ သိပၸံ၊ ေဘာဂေဗဒႏွင့္ ဥေပဒပညာရပ္မ်ားပါ ထည့္သြင္းပို႔ခ်ခဲ့ရာတြင္ ဝိဇၨာဌာနမႉးအျဖစ္ တာဝန္ယူေဆာင္႐ြက္ခဲ့ပါသည္။

၅။ ၁၉၇၇ခုႏွစ္ ဇန္နဝါရီလမွာ ရန္ကုန္တကၠသိုလ္ ပထဝီဝင္ပါေမာကၡတာဝန္မွ သက္ျပည့္အၿငိမ္းစားယူခဲ့ၿပီး ၁၉၉၀ ျပည့္ႏွစ္၊ေအာက္တိုဘာ ၁၃ရက္ေန႕တြင္ ရန္ကုန္ၿမိဳ႕၊ အမွတ္(၁၀)၊ ကုန္းျမင့္ရိပ္သာလမ္း၊ ၇ မိုင္ေနအိမ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ဆရာမႀကီးေဒါက္တာေဒၚသင္းၾကည္က

“ပထဝီသင္ၾကားျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္က လူငယ္လူ႐ြယ္ေတြကို ကိုယ္တိုင္ေလ့လာ စူးစမ္းတတ္တဲ့ အေလ့အထရရွိဖို႔ ပ်ိဳးေထာင္ေပးတာ ျဖစ္တယ္” လို႔ေျပာခဲ့ပါတယ္။ အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

ခရက္ဒစ္