ဗဟုသုတ

ခြေသလုံးတုတ်နေတာကို ရက်အနည်းငယ်အတွင်း သွယ်လျသွားစေမယ့် လေ့ကျင့်ခန်း(၆)မျိုး…

ခြေသလုံးတုတ်နေတာကို ရက်အနည်းငယ်အတွင်း သွယ်လျသွားစေမယ့် လေ့ကျင့်ခန်း(၆)မျိုး…

သွယ်လျတဲ့ ခြေတံလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို ပိုလှအောင်ပံ့ပိုးပေးနိုင်ပြီး စကတ်ပဲဝတ်ဝတ်၊ ဘောင်းဘီပဲဝတ်ဝတ် အမြဲ ကြည့်ကောင်းနေစေပါတယ်။

ခြေသလုံးတုတ်နေတဲ့အခါ ဘာဝတ်ဝတ်မလှဘူးလို့ထင်နေနိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု လျော့နည်းနေတတ်ပါတယ်။

ခြေသလုံးတုတ်နေလို့ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမလျော့နည်းရအောင် ၊ သွယ်လျတဲ့ခြေတံလှလှလေးတွေရဖို့ အခုဖော်ပြမယ့် လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်လိုက်ပါနော် …။

(၁) ခြေဖျားထောက် လမ်းလျှောက်ခြင်း”

ခြေဖျားထောက်ပြီး လမ်းလျှောက်တာက ခြေသလုံးကိုသွယ်လျစေပါတယ်။ ခြေဖျားထောက်လမ်းလျှောက်တာကိုု တစ်မိနစ်လောက်လုပ်ပြီး တစ်မိနစ်လောက်နားပါ။ အဲ့ဒါကို ငါးခေါက်လောက် ပြုလုပ်ပေးပါ …။

(၂) အလေးတုံးကိုင်ပြီး ခြေဖျားထောက်ခြင်း”

လက်နှစ်ဖက်က အလေးတုံး ဒါမှမဟုတ် အလေးချိန်ပါတဲ့ ပစ္စည်းလေးတွေကို လက်ကကိုင်ပြီး နေရာမှာခြေစုံရပ်ကာ ခြေထောက်နှစ်ဖက်တပြိုင်တည်း ခြေဖျားထောက်ပေးပါ။

အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပြီး ခြေထောက်ကိုပြန်ချပါ။ အဲ့ဒါကို ၁၀ ကြိမ် ပြုလုပ်ပေးပါ …။

(၃) လှေကားပေါ် ပြေးတက်ခြင်း”

လှေကားထစ် ၁၅ ထစ်လောက်ကို ဆက်တိုက်ပြေးတက်၊ပြေးဆင်းတာကို မိနစ်အနည်းငယ်လောက်လုပ်ပေးပါ။ ဒါကလည်း ခြေသလုံးတွေကို သွယ်လျစေနိုင်ပါတယ် …။

(၄) အလေးတုံးကိုင်ပြီး လမ်းလျှောက်ခြင်း”

အလေးတုံး ဒါမှမဟုတ် အလေးချိန်ပါတဲ့ပစ္စည်းတွေကို လက်နှစ်ဖက်ကကိုင်ပြီး ၁ဝမိနစ်လောက်လမ်းလျှောက်ပါ။

ဒါက ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်တာကြောင့် နေ့စဉ်မပျက်မကွက်လုပ်ရင် ခြေသလုံးလေးတွေ လုံးဝကို သွယ်လျသွားစေမှာပဲ ဖြစ်ပါတယ် …။

(၅) ကြိုးခုန်ခြင်း”

ကြိုးခုန်တာက ခြေသလုံးကိုသွယ်လျစေရုံတင်မက လက်မောင်းအဆီတွေကိုလည်း ကျစေပါတယ်။ ဒါကြောင့် နေ့တိုင်း မိနစ် ၂၀ လောက် ကြိုးလည်း ခုန်ပေးပါ …။

(၆) အကြောလျှော့ခြင်း”

အကြောလျှော့ပေးတာက ကိုယ်လုပ်ထားတဲ့ လေ့ကျင့်ခန်းတွေကို အကျိုးထိရောက်မှု ပိုဖြစ်စေတာကြောင့် လေ့ကျင့်ခန်းတွေ မလုပ်ခင်နဲ့ လုပ်ပြီးတိုင်းမှာ မိနစ်အနည်းငယ်လောက် အကြောလျှော့ပေးဖို့ လိုပါတယ်နော် …။ ။

ခရက်ဒစ်

Zawgyi

ေျခသလုံးတုတ္ေနတာကို ရက္အနည္းငယ္အတြင္း သြယ္လ်သြားေစမယ့္ ေလ့က်င့္ခန္း(၆)မ်ိဳး…

သြယ္လ်တဲ့ ေျခတံေလးေတြက မိန္းကေလးတစ္ေယာက္ရဲ႕ အလွအပကို ပိုလွေအာင္ပံ့ပိုးေပးနိုင္ၿပီး စကတ္ပဲဝတ္ဝတ္၊ ေဘာင္းဘီပဲဝတ္ဝတ္ အၿမဲ ၾကည့္ေကာင္းေနေစပါတယ္။

ေျခသလုံးတုတ္ေနတဲ့အခါ ဘာဝတ္ဝတ္မလွဘူးလို႔ထင္ေနနိုင္ၿပီး ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ေလ်ာ့နည္းေနတတ္ပါတယ္။

ေျခသလုံးတုတ္ေနလို႔ဆိုၿပီး ကိုယ့္ကိုယ္ကို ယုံၾကည္မႈမေလ်ာ့နည္းရေအာင္ ၊ သြယ္လ်တဲ့ေျခတံလွလွေလးေတြရဖို႔ အခုေဖာ္ျပမယ့္ ေလ့က်င့္ခန္းေလးေတြကို ျပဳလုပ္လိုက္ပါေနာ္ …။

(၁) ေျခဖ်ားေထာက္ လမ္းေလွ်ာက္ျခင္း”

ေျခဖ်ားေထာက္ၿပီး လမ္းေလွ်ာက္တာက ေျခသလုံးကိုသြယ္လ်ေစပါတယ္။ ေျခဖ်ားေထာက္လမ္းေလွ်ာက္တာကိုု တစ္မိနစ္ေလာက္လုပ္ၿပီး တစ္မိနစ္ေလာက္နားပါ။ အဲ့ဒါကို ငါးေခါက္ေလာက္ ျပဳလုပ္ေပးပါ …။

(၂) အေလးတုံးကိုင္ၿပီး ေျခဖ်ားေထာက္ျခင္း”

လက္ႏွစ္ဖက္က အေလးတုံး ဒါမွမဟုတ္ အေလးခ်ိန္ပါတဲ့ ပစၥည္းေလးေတြကို လက္ကကိုင္ၿပီး ေနရာမွာေျခစုံရပ္ကာ ေျခေထာက္ႏွစ္ဖက္တၿပိဳင္တည္း ေျခဖ်ားေထာက္ေပးပါ။

အဲ့ဒီအေနအထားမွာ စကၠန႔္အနည္းငယ္ေလာက္ေနၿပီး ေျခေထာက္ကိုျပန္ခ်ပါ။ အဲ့ဒါကို ၁၀ ႀကိမ္ ျပဳလုပ္ေပးပါ …။

(၃) ေလွကားေပၚ ေျပးတက္ျခင္း”

ေလွကားထစ္ ၁၅ ထစ္ေလာက္ကို ဆက္တိုက္ေျပးတက္၊ေျပးဆင္းတာကို မိနစ္အနည္းငယ္ေလာက္လုပ္ေပးပါ။ ဒါကလည္း ေျခသလုံးေတြကို သြယ္လ်ေစနိုင္ပါတယ္ …။

(၄) အေလးတုံးကိုင္ၿပီး လမ္းေလွ်ာက္ျခင္း”

အေလးတုံး ဒါမွမဟုတ္ အေလးခ်ိန္ပါတဲ့ပစၥည္းေတြကို လက္ႏွစ္ဖက္ကကိုင္ၿပီး ၁ဝမိနစ္ေလာက္လမ္းေလွ်ာက္ပါ။

ဒါက ထိေရာက္တဲ့ ေလ့က်င့္ခန္းတစ္ခု ျဖစ္တာေၾကာင့္ ေန႕စဥ္မပ်က္မကြက္လုပ္ရင္ ေျခသလုံးေလးေတြ လုံးဝကို သြယ္လ်သြားေစမွာပဲ ျဖစ္ပါတယ္ …။

(၅) ႀကိဳးခုန္ျခင္း”

ႀကိဳးခုန္တာက ေျခသလုံးကိုသြယ္လ်ေစ႐ုံတင္မက လက္ေမာင္းအဆီေတြကိုလည္း က်ေစပါတယ္။ ဒါေၾကာင့္ ေန႕တိုင္း မိနစ္ ၂၀ ေလာက္ ႀကိဳးလည္း ခုန္ေပးပါ …။

(၆) အေၾကာေလွ်ာ့ျခင္း”

အေၾကာေလွ်ာ့ေပးတာက ကိုယ္လုပ္ထားတဲ့ ေလ့က်င့္ခန္းေတြကို အက်ိဳးထိေရာက္မႈ ပိုျဖစ္ေစတာေၾကာင့္ ေလ့က်င့္ခန္းေတြ မလုပ္ခင္နဲ႕ လုပ္ၿပီးတိုင္းမွာ မိနစ္အနည္းငယ္ေလာက္ အေၾကာေလွ်ာ့ေပးဖို႔ လိုပါတယ္ေနာ္ …။ ။

ခရက္ဒစ္