စားစရာမရှိသည့် ဘဝကနေ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသားဖြစ်ခဲ့သူ
Rocky လက်ဝှေ့ဇာတ်လမ်းတွေ Rambo ဗီယက်နမ်စစ်ပြန်တစ်ယောက်ရဲ့ စွန့်စားခန်း ဇာတ်လမ်းတွေကနေစပြီ ယနေ့အချိန်အထိ အောင်မြင်ကျော်ကြား လူကြိုက်အများဆုံး မင်းသားကြီး ဆီးလ်ဗက်စတာ စတားလုံး (Sylvester Stallone)ပဲဖြစ်ပါတယ်။
စတားလုံးဟာ ငယ်ငယ်တုန်းက အတော်လေးဆင်းရဲခဲ့ပါတယ်။ ဆင်းရဲပေမယ့် ရုပ်ရှင် မင်းသား အရမ်းဖြစ်ချင်ခဲ့တယ်။ အားရင် တစ်ယောက်တည်း သရုပ်ဆောင် အမူအရာ လေ့ကျင်တယ်။
စတားလုံးမှာ မိန်းမတွေကျလောက်တဲ့ မျက်နှာပေါက် နဲ့အချိုးအဆစ်ပြေတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတယ်။ဒါပေမယ့် သူ့မှာ အားနည်းချက် တစ်ခုရှိတယ်။သူ့ကိုမွေးစဉ်တုန်းက သူ့ရဲ့ဘယ်ဖက်ပါးက အကြောတစ်ခုကို နည်းနည်းထိသွားတယ်။
သူကြီးလာတော့ ဘယ်ဖက် ပါးတခြမ်း နည်းနည်းရွဲ့သွားသလို စကား ကိုလဲ ပီပီသသလွတ်လွတ်လပ်လပ် မပြောနိုင်တော့ဘူး။သူပြောတဲ့ စကားလုံး တွေဟာ ဗလုံးဗထွေးနဲ့မပီမသဖြစ်နေတယ်။
သူ အထက်တန်းကျောင်း တက်နေတုန်း တစ်ပိုင်းတစ်စနဲ့ကျောင်းကထွက်လိုက်ရတယ်။ ရုပ်ရှင်မင်းသား လုပ်ချင်လို့ကျောင်းဆက်မတက်တော့တာပါ။အသက် ၂၅ နှစ် အရွယ်မှာ နယူးယောက်မြို့ကိုသွားပြီးဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီတွေမှာ မင်းသား လုပ်ဖို့လျှောက်တယ်။ ဘယ်ကုမ္ပဏီ ကမှ မရွေးကြပါဘူး။
သူရဲ့ မျက်နှာပေါက်၊ ခန္ဓာကိုယ် အချိုးအစားနဲ့သရုပ်ဆောင် ပညာကို သဘောကျပေမယ့် စကား ကိုပီပီသသ မပြောနိုင်တာကြောင့် ငြင်းပယ်ကြတာပါ။ဒါပေမယ့် စတားလုံး ကတော့ လုံး၀ စိတ်ဓာတ် မကျပါဘူး။
တစ်နေ့တစ်နေ့ မင်းသား ဖြစ်ဖို့ပဲ ရူးနေလို့ ဘာအလုပ်အကိုင်ကိုမှ မလုပ်ဘူး။ အလုပ်မရှိတော့ စားစရာ လည်းမရှိဘူးပေါ့။ ငတ်လွန်းလို့ တစ်နေ့မှာသူ့မိန်းမရဲ့ လက်ဝတ်လက်စားတွေကို ခိုးပြီးရောင်းလိုက်တယ်။
ရတဲ့ ပိုက်ဆံ နဲ့ စားစရာ ဝယ်စားရတယ်။ ဒါကို သူ့မိန်းမိန်းမ သိသွားတော့အိမ်ပေါ်က မောင်းချခံရတယ်။အိပ်စရာမရှိလို့ ဘတ်စ်ကား တွေရပ်နားတဲ့ စခန်းက ခုံတန်းလေးမှာ ၃ ရက်လောက် သွားအိပ်ခဲ့ရတယ်။
တစ်ရက်မှာ သူဟာ စားစရာမရှိလို့ သူမွေးထားတဲ့ သူနဲ့အမြဲသွားနေကျ ခွေးလေးကို ၂၅ ဒေါ်လာနဲ့အရက်ဆိုင်မှာ ရောင်းလိုက်ရတယ်။ခွေးရောင်းပြီး အပြန်လမ်းမှာ ချုံးပွဲချ ငိုတော့တယ်။စားစရာမရှိလို့သာ ရောင်းလိုက်ရတာ သူ့ခွေးကို အင်မတန် ချစ်ရှာသကိုး။
တစ်ညနေခင်း စားသောက်ဆိုင် တစ်ခုမှာ ပြနေတဲ့ TV ကနေ လက်ဝှေ့ထိုးပွဲတစ်ခုကို ကြည့်မိတယ်။လက်ရှိ ဟဲဗီးဝတ်ချန်ပီယံ မိုဟာမက်အလီနဲ့ စိန်ခေါ်သူချတ်ဝက်ပနာတို့ရဲ့ ထိုးသတ်ပွဲပါ။ ဝက်ပနာရဲ့လက်ဝှေ့စွမ်းရည်ဟာ မိုဟာမက်အလီကိုဘယ်လိုမှမယှဉ်နိုင်ပါဘူး။
ဒါကြောင့် ပွဲချီ ၁၅ ချီအတွင်း ဝက်ပနာဟာ အကြိမ်ကြိမ် လဲကျခဲ့တယ်။ ဒါပေမယ့် ဝက်ပနာဟာ လဲကျတိုင်းပြန်ထတယ်။ ၁၅ ချီပြည့်ချိန်မှာ ဝက်ပနာဟာ အမှတ်နဲ့ ရှုံးသွားခဲ့တယ်။
စတားလုံး ဟာ အိမ်ပြန်ရောက်တော့ ဝက်ပနာရဲ့အနိုင်မခံ အရှုံးမပေး လဲကျနေရာက ပြန်ပြန်ထလာတဲ့သူရဲ့ဇွဲသတ္တိကို သဘောကျလွန်းလို့ လက်ဝှေ့ပွဲဇာတ်ညွှန်းတစ်ပုဒ်ကို ဘာမှမစားဘဲ နာရီ ၂၀ ကြာအောင်မနားတမ်း ရေးလိုက်တယ်။
ဇာတ်ညွှန်း ကိုအသေအချာပြန်ဖတ်ပြီး ၃ ရက်အတွင်းအချောသပ်လိုက်တယ်။ရက်အတန်ကြာမှာ သူ့ ဇာတ်ညွှန်း ကို ဟောလီးဝုဒ် ကထုတ်လုပ်သူတွေထံ လိုက်ရောင်းတယ်။ ဘယ်သူမှမကြိူက်ကြဘူး။
နောက်ဆုံးတော့ ထုတ်လုပ်သူတစ်ယောက်က စိတ်ဝင်စားလို့ ဒေါ်လာ ၁၂၅၀၀၀ နဲ့ဝယ်ပြီး ရုပ်ရှင် ရိုက်မယ်လို့ ကမ်းလှမ်းလာတယ်။စတားလုံးက အဲ့ဒီဇာတ်လမ်းမှာ သူကိုယ်တိုင် မင်းသား လုပ်ရမှာ ရောင်းမယ်လို့ပြောတယ်။သဘောတူညီမှု မရလို့ ဇာတ်ညွှန်း ယူပြီးပြန်လာခဲ့ရတယ်။
၂ ပတ်လောက်ကြာတော့ အစောက ထုတ်လုပ်သူကပဲဒေါ်လာ ၂၅၀၀၀၀ နဲ့ ကမ်းလှမ်းပြန်တယ်။စတားလုံးကလည်း ဓာတ်ပြားဟောင်းပဲ ပြန်ဖွင့်တယ်။နောက်ဆုံး ဒေါ်လာ ၃ သိန်းခွဲအထိ တိုးပေးတယ်။အရင်အတိုင်ပဲ မင်းသား မလုပ်ရရင် မရောင်းဘူးတဲ့။
သူတစ်သက်လုံး မက်လာတဲ့ မင်းသား အိမ်မက် ကိုဒေါ်လာ ၃ သိန်းခွဲနဲ့ မလဲနိုင်လို့ပါ။နောက်ဆုံးတော့ ထုတ်လုပ်သူက သဘောတူလိုက်တယ်။ဒါပေမယ့် ဇာတ်ညွှန်း ကို ဒေါ်လာ ၃ သောင်းခွဲပဲပေးပြီး သရုပ်ဆောင်ခ မရဘူးလို့ပြောတယ်။
စကားကိုပီပီသသ မပြောတတ်တဲ့လူကို မင်းသား တင်ရိုက်ရင်ရှုံးမှာ သေချာသလောက်ရှိတာမို့ မတန်တဆ နှိမ်ပေးလိုက်တာပါ။မင်းသား အဖြစ် တင်ရိုက်မယ်ဆိုတော့ ဒေါ်လာ ၃ သောင်းခွဲနဲ့စာချုပ်လိုက်တယ်။
ရတဲ့ငွေနဲ့ ပထမဆုံး သူ့ရဲ့ခွေးကိုပြန်သွားဝယ်တယ်။ ခွေးဝယ်သွားတဲ့သူကို မတွေ့ဘူး။၃ ရက်ဆောင့်တယ်။ ခွေးဝယ်သွားသူ ရောက်တယ်။ဒေါ်လာ ၅၀ နဲ့ ပြန်ဝယ်တယ် မရ။ နောက်ဆုံးဒေါ်လာ ၁၅၀၀၀ ခွဲနဲ့ ပြန်ဝယ်ခဲ့ရတယ်။
၁၉၇၆ မှာ သူ့ ဇာတ်ညွှန်း ကို ဒေါ်လာ ၁၀၀၀၀၀၀ အကုန်ခံပြီး၂၈ ရက်နဲ့ အပြီးရိုက်တယ်။ ဇာတ်ကားနာမည်က Rocky ပါ။သား သတ်ရုံ မှာ အလုပ်လုပ်နေသူ တစ်ယောက်ကနကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်လာပုံကို ရိုက်ထားတာပါ။
ရုပ်ရှင် ထဲမှာ သူ့ခွေးတောင် ထည့်ရိုက်ထားသေးတယ်။စတားလုံးရဲ့ သရုပ်ဆောင်ကောင်းတာရယ် ဇာတ်လမ်း ဇာတ်ကွက် ကောင်းတာရယ်ကြောင့်Rocky ရုပ်ရှင်ကားဟာ အရမ်းအောင်မြင်သွားတယ်။
ရုံတင်ရက် တစ်ပတ်အတွင်းမှာပဲ ဒေါ်လာ သန်း ၃၀၀ နီးပါးဝင်ငွေရခဲ့တယ်။ Rocky ရုပ်ရှင်ကားဟာ အော်စကာ (Oscar ) ဆုကြီး ၃ ဆု (ဇာတ်ကား ၊ ဇာညွှန်း ၊ ဒါရိုက်တာ)ရသွားသလို စတားလုံးဟာလဲ Oscar မင်းသားဆုနောက်ဆုံး ဆန်ကာတင်အဆင့်မှာ ပါခဲ့တယ်။
သူလဲ ကမ္ဘာကျော်မင်းသား ဖြစ်သွားတဲ့အပြင် အမြတ်ငွေတွေထဲက အကျိုးခံစားခွင့်ရလို့သန်းကြွယ်သူဌေးတစ်ယောက် ချက်ချင်းဖြစ်သွားခဲ့တယ်။စတားလုံးဟာ နောက်ပိုင်းမှာ ရုပ်ရှင်ထုတ်လုပ်သူ၊ဒါရိုက်တာ၊ မင်းသားနေရာတွေ အားလုံးမှာလည်းအောင်မြင်မှုရခဲ့တယ်။
Rocky ဟာ အောင်မြင်လို့ Rocky 5 အထိ ရိုက်ခဲ့ရတယ်။ အားလုံးလည်းအောင်မြင်ခဲ့တယ်။ နှစ်အနည်းငယ်ကြာတော့ ဗီယက်နမ် စစ်ပြန်တစ်ယောက်ရဲ့ စွန့်စားခမ်းရုပ်ရှင် Rambo ကိုရိုက်ကူးခဲ့တယ်။ Rambo IV အထိ ရိုက်ရပြန်တယ်။ အခု အသက် ၇၀ နီးပါးရှိတဲ့ စတားလုံး ဟာဟောလီးဝုဒ် ရုပ်ရှင်ကားတွေထဲမှာ သရုပ်ဆောင်ဆဲပါပဲ။
တကယ်လို့သာ စတားလုံဟာ သူ့ဇာတ်ညွန်းကို မင်းသားမလုပ်တော့ပဲ ဒေါ်လာ ၃ သိန်းခွဲကိုသာ လက်ခံလိုက်ရင် သူတစ်သက်လုံး ဖြစ်ချင်နေတဲ့ သူ့အိမ်မက်ထဲက ရုပ်ရှင်မင်းသားဖြစ်လာပါ့မလား။တွေးစရာပါ။
လူတိုင်းမှာ အိမ်မက်ကိုယ်စီရှိပါတယ်။ဘဝမှာ လုပ်ချင်တာ ဖြစ်ချင်တာလေးတွေ စိတ်ကူးတွေဘရှိကြပါတယ်။အဲ့ဒီအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ကြောက်နေမယ်၊ တွေဝေနေမယ်၊တုံ့ဆိုင်းနေမယ်ဆိုရင် စားစရာမရှိတဲ့ ဘဝကနေ အောင်မြင်ကျော်ကြားသွားတဲ့ စတားလုံးအကြောင်းကို သတိရလိုက်ပါ။
ဗန်းမော်သိန်းဖေ(သူတို့ဘာကြောင့် ကမ္ဘာကျော်တာလဲ)
မူရင်းရေးသားသူများထံမှ တစ်ဆင့် ပြန်လည်မျှဝေတာဖြစ်ပါတယ်..
Zawgyi
စားစရာမရွိသည့္ ဘဝကေန ကမာၻေက်ာ္ ေဟာလီးဝုဒ္ ႐ုပ္ရွင္မင္းသားျဖစ္ခဲ့သူ
Rocky လက္ေဝွ႕ဇာတ္လမ္းေတြ Rambo ဗီယက္နမ္စစ္ျပန္တစ္ေယာက္ရဲ႕ စြန႔္စားခန္း ဇာတ္လမ္းေတြကေနစၿပီ ယေန႕အခ်ိန္အထိ ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္အမ်ားဆုံး မင္းသားႀကီး ဆီးလ္ဗက္စတာ စတားလုံး (Sylvester Stallone)ပဲျဖစ္ပါတယ္။
စတားလုံးဟာ ငယ္ငယ္တုန္းက အေတာ္ေလးဆင္းရဲခဲ့ပါတယ္။ ဆင္းရဲေပမယ့္ ႐ုပ္ရွင္ မင္းသား အရမ္းျဖစ္ခ်င္ခဲ့တယ္။ အားရင္ တစ္ေယာက္တည္း သ႐ုပ္ေဆာင္ အမူအရာ ေလ့က်င္တယ္။
စတားလုံးမွာ မိန္းမေတြက်ေလာက္တဲ့ မ်က္ႏွာေပါက္ နဲ႕အခ်ိဳးအဆစ္ေျပတဲ့ ခႏၶာကိုယ္ ကို ပိုင္ဆိုင္ထားတယ္။ဒါေပမယ့္ သူ႕မွာ အားနည္းခ်က္ တစ္ခုရွိတယ္။သူ႕ကိုေမြးစဥ္တုန္းက သူ႕ရဲ႕ဘယ္ဖက္ပါးက အေၾကာတစ္ခုကို နည္းနည္းထိသြားတယ္။
သူႀကီးလာေတာ့ ဘယ္ဖက္ ပါးတျခမ္း နည္းနည္း႐ြဲ႕သြားသလို စကား ကိုလဲ ပီပီသသလြတ္လြတ္လပ္လပ္ မေျပာနိုင္ေတာ့ဘူး။သူေျပာတဲ့ စကားလုံး ေတြဟာ ဗလုံးဗေထြးနဲ႕မပီမသျဖစ္ေနတယ္။
သူ အထက္တန္းေက်ာင္း တက္ေနတုန္း တစ္ပိုင္းတစ္စနဲ႕ေက်ာင္းကထြက္လိုက္ရတယ္။ ႐ုပ္ရွင္မင္းသား လုပ္ခ်င္လို႔ေက်ာင္းဆက္မတက္ေတာ့တာပါ။အသက္ ၂၅ ႏွစ္ အ႐ြယ္မွာ နယူးေယာက္ၿမိဳ႕ကိုသြားၿပီးေဟာလီးဝုဒ္က ႐ုပ္ရွင္ကုမၸဏီေတြမွာ မင္းသား လုပ္ဖို႔ေလွ်ာက္တယ္။ ဘယ္ကုမၸဏီ ကမွ မေ႐ြးၾကပါဘူး။
သူရဲ႕ မ်က္ႏွာေပါက္၊ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႕သ႐ုပ္ေဆာင္ ပညာကို သေဘာက်ေပမယ့္ စကား ကိုပီပီသသ မေျပာနိုင္တာေၾကာင့္ ျငင္းပယ္ၾကတာပါ။ဒါေပမယ့္ စတားလုံး ကေတာ့ လုံး၀ စိတ္ဓာတ္ မက်ပါဘူး။
တစ္ေန႕တစ္ေန႕ မင္းသား ျဖစ္ဖို႔ပဲ ႐ူးေနလို႔ ဘာအလုပ္အကိုင္ကိုမွ မလုပ္ဘူး။ အလုပ္မရွိေတာ့ စားစရာ လည္းမရွိဘူးေပါ့။ ငတ္လြန္းလို႔ တစ္ေန႕မွာသူ႕မိန္းမရဲ႕ လက္ဝတ္လက္စားေတြကို ခိုးၿပီးေရာင္းလိုက္တယ္။
ရတဲ့ ပိုက္ဆံ နဲ႕ စားစရာ ဝယ္စားရတယ္။ ဒါကို သူ႕မိန္းမိန္းမ သိသြားေတာ့အိမ္ေပၚက ေမာင္းခ်ခံရတယ္။အိပ္စရာမရွိလို႔ ဘတ္စ္ကား ေတြရပ္နားတဲ့ စခန္းက ခုံတန္းေလးမွာ ၃ ရက္ေလာက္ သြားအိပ္ခဲ့ရတယ္။
တစ္ရက္မွာ သူဟာ စားစရာမရွိလို႔ သူေမြးထားတဲ့ သူနဲ႕အၿမဲသြားေနက် ေခြးေလးကို ၂၅ ေဒၚလာနဲ႕အရက္ဆိုင္မွာ ေရာင္းလိုက္ရတယ္။ေခြးေရာင္းၿပီး အျပန္လမ္းမွာ ခ်ဳံးပြဲခ် ငိုေတာ့တယ္။စားစရာမရွိလို႔သာ ေရာင္းလိုက္ရတာ သူ႕ေခြးကို အင္မတန္ ခ်စ္ရွာသကိုး။
တစ္ညေနခင္း စားေသာက္ဆိုင္ တစ္ခုမွာ ျပေနတဲ့ TV ကေန လက္ေဝွ႕ထိုးပြဲတစ္ခုကို ၾကည့္မိတယ္။လက္ရွိ ဟဲဗီးဝတ္ခ်န္ပီယံ မိုဟာမက္အလီနဲ႕ စိန္ေခၚသူခ်တ္ဝက္ပနာတို႔ရဲ႕ ထိုးသတ္ပြဲပါ။ ဝက္ပနာရဲ႕လက္ေဝွ႕စြမ္းရည္ဟာ မိုဟာမက္အလီကိုဘယ္လိုမွမယွဥ္နိုင္ပါဘူး။
ဒါေၾကာင့္ ပြဲခ်ီ ၁၅ ခ်ီအတြင္း ဝက္ပနာဟာ အႀကိမ္ႀကိမ္ လဲက်ခဲ့တယ္။ ဒါေပမယ့္ ဝက္ပနာဟာ လဲက်တိဳင္းျပန္ထတယ္။ ၁၅ ခ်ီျပည့္ခ်ိန္မွာ ဝက္ပနာဟာ အမွတ္နဲ႕ ရႈံးသြားခဲ့တယ္။
စတားလုံး ဟာ အိမ္ျပန္ေရာက္ေတာ့ ဝက္ပနာရဲ႕အနိုင္မခံ အရႈံးမေပး လဲက်ေနရာက ျပန္ျပန္ထလာတဲ့သူရဲ႕ဇြဲသတၱိကို သေဘာက်လြန္းလို႔ လက္ေဝွ႕ပြဲဇာတ္ၫႊန္းတစ္ပုဒ္ကို ဘာမွမစားဘဲ နာရီ ၂၀ ၾကာေအာင္မနားတမ္း ေရးလိုက္တယ္။
ဇာတ္ၫႊန္း ကိုအေသအခ်ာျပန္ဖတ္ၿပီး ၃ ရက္အတြင္းအေခ်ာသပ္လိုက္တယ္။ရက္အတန္ၾကာမွာ သူ႕ ဇာတ္ၫႊန္း ကို ေဟာလီးဝုဒ္ ကထုတ္လုပ္သူေတြထံ လိုက္ေရာင္းတယ္။ ဘယ္သူမွမႀကိဴက္ၾကဘူး။
ေနာက္ဆုံးေတာ့ ထုတ္လုပ္သူတစ္ေယာက္က စိတ္ဝင္စားလို႔ ေဒၚလာ ၁၂၅၀၀၀ နဲ႕ဝယ္ၿပီး ႐ုပ္ရွင္ ရိုက္မယ္လို႔ ကမ္းလွမ္းလာတယ္။စတားလုံးက အဲ့ဒီဇာတ္လမ္းမွာ သူကိုယ္တိုင္ မင္းသား လုပ္ရမွာ ေရာင္းမယ္လို႔ေျပာတယ္။သေဘာတူညီမႈ မရလို႔ ဇာတ္ၫႊန္း ယူၿပီးျပန္လာခဲ့ရတယ္။
၂ ပတ္ေလာက္ၾကာေတာ့ အေစာက ထုတ္လုပ္သူကပဲေဒၚလာ ၂၅၀၀၀၀ နဲ႕ ကမ္းလွမ္းျပန္တယ္။စတားလုံးကလည္း ဓာတ္ျပားေဟာင္းပဲ ျပန္ဖြင့္တယ္။ေနာက္ဆုံး ေဒၚလာ ၃ သိန္းခြဲအထိ တိုးေပးတယ္။အရင္အတိုင္ပဲ မင္းသား မလုပ္ရရင္ မေရာင္းဘူးတဲ့။
သူတစ္သက္လုံး မက္လာတဲ့ မင္းသား အိမ္မက္ ကိုေဒၚလာ ၃ သိန္းခြဲနဲ႕ မလဲနိုင္လို႔ပါ။ေနာက္ဆုံးေတာ့ ထုတ္လုပ္သူက သေဘာတူလိုက္တယ္။ဒါေပမယ့္ ဇာတ္ၫႊန္း ကို ေဒၚလာ ၃ ေသာင္းခြဲပဲေပးၿပီး သ႐ုပ္ေဆာင္ခ မရဘူးလို႔ေျပာတယ္။
စကားကိုပီပီသသ မေျပာတတ္တဲ့လူကို မင္းသား တင္ရိုက္ရင္ရႈံးမွာ ေသခ်ာသေလာက္ရွိတာမို႔ မတန္တဆ ႏွိမ္ေပးလိုက္တာပါ။မင္းသား အျဖစ္ တင္ရိုက္မယ္ဆိုေတာ့ ေဒၚလာ ၃ ေသာင္းခြဲနဲ႕စာခ်ဳပ္လိုက္တယ္။
ရတဲ့ေငြနဲ႕ ပထမဆုံး သူ႕ရဲ႕ေခြးကိုျပန္သြားဝယ္တယ္။ ေခြးဝယ္သြားတဲ့သူကို မေတြ႕ဘူး။၃ ရက္ေဆာင့္တယ္။ ေခြးဝယ္သြားသူ ေရာက္တယ္။ေဒၚလာ ၅၀ နဲ႕ ျပန္ဝယ္တယ္ မရ။ ေနာက္ဆုံးေဒၚလာ ၁၅၀၀၀ ခြဲနဲ႕ ျပန္ဝယ္ခဲ့ရတယ္။
၁၉၇၆ မွာ သူ႕ ဇာတ္ၫႊန္း ကို ေဒၚလာ ၁၀၀၀၀၀၀ အကုန္ခံၿပီး၂၈ ရက္နဲ႕ အၿပီးရိုက္တယ္။ ဇာတ္ကားနာမည္က Rocky ပါ။သား သတ္႐ုံ မွာ အလုပ္လုပ္ေနသူ တစ္ေယာက္ကနကမာၻ႔လက္ေဝွ႕ခ်န္ပီယံ ျဖစ္လာပုံကို ရိုက္ထားတာပါ။
႐ုပ္ရွင္ ထဲမွာ သူ႕ေခြးေတာင္ ထည့္ရိုက္ထားေသးတယ္။စတားလုံးရဲ႕ သ႐ုပ္ေဆာင္ေကာင္းတာရယ္ ဇာတ္လမ္း ဇာတ္ကြက္ ေကာင္းတာရယ္ေၾကာင့္Rocky ႐ုပ္ရွင္ကားဟာ အရမ္းေအာင္ျမင္သြားတယ္။
႐ုံတင္ရက္ တစ္ပတ္အတြင္းမွာပဲ ေဒၚလာ သန္း ၃၀၀ နီးပါးဝင္ေငြရခဲ့တယ္။ Rocky ႐ုပ္ရွင္ကားဟာ ေအာ္စကာ (Oscar ) ဆုႀကီး ၃ ဆု (ဇာတ္ကား ၊ ဇာၫႊန္း ၊ ဒါရိုက္တာ)ရသြားသလို စတားလုံးဟာလဲ Oscar မင္းသားဆုေနာက္ဆုံး ဆန္ကာတင္အဆင့္မွာ ပါခဲ့တယ္။
သူလဲ ကမာၻေက်ာ္မင္းသား ျဖစ္သြားတဲ့အျပင္ အျမတ္ေငြေတြထဲက အက်ိဳးခံစားခြင့္ရလို႔သန္းႂကြယ္သူေဌးတစ္ေယာက္ ခ်က္ခ်င္းျဖစ္သြားခဲ့တယ္။စတားလုံးဟာ ေနာက္ပိုင္းမွာ ႐ုပ္ရွင္ထုတ္လုပ္သူ၊ဒါရိုက္တာ၊ မင္းသားေနရာေတြ အားလုံးမွာလည္းေအာင္ျမင္မႈရခဲ့တယ္။
Rocky ဟာ ေအာင္ျမင္လို႔ Rocky 5 အထိ ရိုက္ခဲ့ရတယ္။ အားလုံးလည္းေအာင္ျမင္ခဲ့တယ္။ ႏွစ္အနည္းငယ္ၾကာေတာ့ ဗီယက္နမ္ စစ္ျပန္တစ္ေယာက္ရဲ႕ စြန႔္စားခမ္း႐ုပ္ရွင္ Rambo ကိုရိုက္ကူးခဲ့တယ္။ Rambo IV အထိ ရိုက္ရျပန္တယ္။ အခု အသက္ ၇၀ နီးပါးရွိတဲ့ စတားလုံး ဟာေဟာလီးဝုဒ္ ႐ုပ္ရွင္ကားေတြထဲမွာ သ႐ုပ္ေဆာင္ဆဲပါပဲ။
တကယ္လို႔သာ စတားလုံဟာ သူ႕ဇာတ္ၫြန္းကို မင္းသားမလုပ္ေတာ့ပဲ ေဒၚလာ ၃ သိန္းခြဲကိုသာ လက္ခံလိုက္ရင္ သူတစ္သက္လုံး ျဖစ္ခ်င္ေနတဲ့ သူ႕အိမ္မက္ထဲက ႐ုပ္ရွင္မင္းသားျဖစ္လာပါ့မလား။ေတြးစရာပါ။
လူတိုင္းမွာ အိမ္မက္ကိုယ္စီရွိပါတယ္။ဘဝမွာ လုပ္ခ်င္တာ ျဖစ္ခ်င္တာေလးေတြ စိတ္ကူးေတြဘရွိၾကပါတယ္။အဲ့ဒီအိမ္မက္ေတြ အေကာင္အထည္ေဖာ္ဖို႔ေၾကာက္ေနမယ္၊ ေတြေဝေနမယ္၊တုံ႕ဆိုင္းေနမယ္ဆိုရင္ စားစရာမရွိတဲ့ ဘဝကေန ေအာင္ျမင္ေက်ာ္ၾကားသြားတဲ့ စတားလုံးအေၾကာင္းကို သတိရလိုက္ပါ။
ဗန္းေမာ္သိန္းေဖ(သူတို႔ဘာေၾကာင့္ ကမာၻေက်ာ္တာလဲ)
မူရင္းေရးသားသူမ်ားထံမွ တစ္ဆင့္ ျပန္လည္မွ်ေဝတာျဖစ္ပါတယ္..