သင့်ကျန်းမာရေးကောင်းမွန်အောင် အိမ်မှာ ဒီပန်းပင်(၆)မျိုးကို စိုက်ပါ…
သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေ စိုက်ပါ …။
ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်မှာ ရှိတဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ် …။
အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေ ရှိပါတယ် …။
အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေက အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူ ပစ်နိုင်ပါတယ် …။
အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျွန်တော်တို့ ကျန်းမာရေးအတွက်လည်း ထိရောက်မှု တကယ်ရှိပါတယ် …။
အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်နော် …။
(1) စံပယ်ပင်”
စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက်
ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေနိုင်ပါတယ် …။
(၂) နဂါးစက်ဂမုန်းပင်”
နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါသေးတယ် …။
အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အခိုးအငွေ့တွေကို နဂါးစက်ပင်က ဖယ်ရှားပစ် နိုင်ပါတယ် …။
(၃) English Ivy
လေကို ကောင်းကောင်းသန့်စင်စေချင်ရင်တော့ တစ်ပင်ထက်ပိုပြီး စိုက်ပေးသင့်ပါတယ်။ နဂါးစက်ပင်က နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတာကို မကြိုက်နှစ်သက်ပါဘူး …။
ဒီအပင်က ၉၀ ရာခိုင်နှုန်းလောက် လေသန့်စင်ပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်အောင်၊ အသက်ရှုလို့ရအောင် ကူညီပေးနိုင်ပါတယ် …။
ဒီနွယ်ပင်က အဆိပ်သင့်စေနိုင်တဲ့အတွက် တိရစ္ဆာန်တွေနဲ့ ကလေးငယ်လေးတွေ မစားမိအောင်တော့ ဂရုစိုက်ရပါမယ်။
(၄) ရှင်သီဝလိဂမုန်း”
ရှင်သီဝလိဂမုန်းပင်က နွေရာသီမှာဆိုရင် အဖြူရောင်ပန်းပွင့်လေးတွေ ပွင့်တဲ့အတွက် အိမ်မှာစိုက်ထားလို့ ကောင်းတဲ့ အပင်ပါပဲ …။
ရှင်သီဝလီဂမုန်းရဲ့ကောင်းကျိုးက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူးနော် …။
ဒီအပင်က လေထုညစ်ညမ်းမှုကိုဖယ်ရှားတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေကို စုပ်ယူပေးတာတွေကို လုပ်ဆောင်ပြီး အိမ်တွင်းလေသန့်စက်အဖြစ် စွမ်းဆောင်နိုင်ပါတယ် …။
ဝတ်မှုန်တွေကို ထုတ်လွှတ်ပေးပြီး ပန်းရနံ့လေးသင်းနေ စေမှာပါ …။
ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ သတိထားသင့်ပါတယ် …။
(၅) ရာဘာပင် (Rubber Plant)”
ရာဘာအပင်တွေကို ဂရုစိုက်ပေးရတာ အရမ်းမခက်ခဲပေးမဲ့လည်း အပင်ကြီးတွေ ဖြစ်လာတတ်ပါတယ် …။
ရာဘာအရွက်ကြီးတွေက လေထဲက မကောင်းတဲ့အရာတွေကို စုပ်ယူပေးပါတယ်။ ဒါကြောင့် ရာဘာအရွက်တွေက ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့တော့ မမေ့သင့်ပါဘူး …။
(၆)တိုက်ကပ်နွယ်ပင် (Golden Pothos)
တိုက်ကပ်နွယ်ပင်က လေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။
အိမ်ထဲမှာ စိုက်ရတာလည်းလွယ်ကူသလို နေရောင်ခြည်နည်းနည်းပဲလိုပြီး အေးတဲ့အပူချိန်မှာ ရှင်သန်နိုင်ပါတယ်။
လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi
သင့္က်န္းမာေရးေကာင္းမြန္ေအာင္ အိမ္မွာ ဒီပန္းပင္(၅)မ်ိဳးကို စိုက္ပါ…
သင့္က်န္းမာေရးအတြက္ အိမ္မွာ ဒီပန္းပင္ေတြ စိုက္ပါ …။
ေဖာ္မလင္၊ ကာဗြန္မိုေနာက္ဆိုက္၊ အမိုးနီးယားဓာတ္ေငြ႕ေတြဟာ ကြၽန္ေတာ္တို႔အိမ္မွာ ရွိတဲ့ အႏၲရာယ္ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြပဲ ျဖစ္ပါတယ္ …။
အိမ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာ အကူအညီေပးနိုင္တဲ့ အရာေတြ ရွိပါတယ္ …။
အိမ္ထဲမွာ စိုက္ထားလို႔ရတဲ့အပင္ေတြက အိမ္တြင္းက ေလထုညစ္ညမ္းမႈေတြနဲ႕ ဓာတုပၥည္းေတြကို (၉၀) ရာခိုင္ႏႈန္းေလာက္ စုပ္ယူ ပစ္နိုင္ပါတယ္ …။
အိမ္ထဲမွာ စိုက္လို႔ရတဲ့ အပင္ေလးေတြက အိမ္ကို အလွဆင္ေပးသလို ကြၽန္ေတာ္တို႔ က်န္းမာေရးအတြက္လည္း ထိေရာက္မႈ တကယ္ရွိပါတယ္ …။
အိမ္အတြင္းထဲမွာ ဘယ္လိုပန္းပင္ေတြကို စိုက္ရမလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္ေနာ္ …။
(1) စံပယ္ပင္”
စံပယ္ပင္က စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစၿပီး စိတ္မတည္မၿငိမ္ျဖစ္တာကို ကုသေပးသလို အိပ္စက္ခ်ိန္ကိုလည္း ေေကာင္းမြန္လာေစတဲ့အတြက္
ကြၽန္ေတာ္တို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ထိေရာက္မႈရွိေစနိုင္ပါတယ္ …။
(၂) နဂါးစက္ဂမုန္းပင္”
နဂါးစက္ပင္က အိမ္ထဲမွာ စိုက္ထားသင့္တဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ဒီအပင္ကို ေလသန႔္ပင္လို႔လည္း ေခၚၾကပါေသးတယ္ …။
အိမ္အတြင္းမွာရွိတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့ အခိုးအေငြ႕ေတြကို နဂါးစက္ပင္က ဖယ္ရွားပစ္ နိုင္ပါတယ္ …။
(၃) English Ivy
ေလကို ေကာင္းေကာင္းသန႔္စင္ေစခ်င္ရင္ေတာ့ တစ္ပင္ထက္ပိုၿပီး စိုက္ေပးသင့္ပါတယ္။ နဂါးစက္ပင္က ေနေရာင္ျခည္နဲ႕ တိုက္ရိုက္ထိတာကို မႀကိဳက္ႏွစ္သက္ပါဘူး …။
ဒီအပင္က ၉၀ ရာခိုင္ႏႈန္းေလာက္ ေလသန႔္စင္ေပးၿပီး ပန္းနာရင္က်ပ္ရွိသူေတြကို ညဘက္ေကာင္းေကာင္း အိပ္စက္နိုင္ေအာင္၊ အသက္ရႈလို႔ရေအာင္ ကူညီေပးနိုင္ပါတယ္ …။
ဒီႏြယ္ပင္က အဆိပ္သင့္ေစနိုင္တဲ့အတြက္ တိရစာၦန္ေတြနဲ႕ ကေလးငယ္ေလးေတြ မစားမိေအာင္ေတာ့ ဂ႐ုစိုက္ရပါမယ္။
(၄) ရွင္သီဝလိဂမုန္း”
ရွင္သီဝလိဂမုန္းပင္က ေႏြရာသီမွာဆိုရင္ အျဖဴေရာင္ပန္းပြင့္ေလးေတြ ပြင့္တဲ့အတြက္ အိမ္မွာစိုက္ထားလို႔ ေကာင္းတဲ့ အပင္ပါပဲ …။
ရွင္သီဝလီဂမုန္းရဲ႕ေကာင္းက်ိဳးက ဒီတစ္ခုတည္းေတာ့ မဟုတ္ပါဘူးေနာ္ …။
ဒီအပင္က ေလထုညစ္ညမ္းမႈကိုဖယ္ရွားတာ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ ဓာတ္ေတြကို စုပ္ယူေပးတာေတြကို လုပ္ေဆာင္ၿပီး အိမ္တြင္းေလသန႔္စက္အျဖစ္ စြမ္းေဆာင္နိုင္ပါတယ္ …။
ဝတ္မႈန္ေတြကို ထုတ္လႊတ္ေပးၿပီး ပန္းရနံ႕ေလးသင္းေန ေစမွာပါ …။
ဝတ္မႈန္နဲ႕ ဓာတ္မတည့္တဲ့သူေတြကေတာ့ သတိထားသင့္ပါတယ္ …။
(၅) ရာဘာပင္ (Rubber Plant)”
ရာဘာအပင္ေတြကို ဂ႐ုစိုက္ေပးရတာ အရမ္းမခက္ခဲေပးမဲ့လည္း အပင္ႀကီးေတြ ျဖစ္လာတတ္ပါတယ္ …။
ရာဘာအ႐ြက္ႀကီးေတြက ေလထဲက မေကာင္းတဲ့အရာေတြကို စုပ္ယူေပးပါတယ္။ ဒါေၾကာင့္ ရာဘာအ႐ြက္ေတြက ဖုန္မႈန႔္ေတြကို ဖယ္ရွားေပးဖို႔ေတာ့ မေမ့သင့္ပါဘူး …။
(၆)တိုက္ကပ္ႏြယ္ပင္ (Golden Pothos)
တိုက္ကပ္ႏြယ္ပင္က ေလထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာ ထိေရာက္မႈရွိပါတယ္။
အိမ္ထဲမွာ စိုက္ရတာလည္းလြယ္ကူသလို ေနေရာင္ျခည္နည္းနည္းပဲလိုၿပီး ေအးတဲ့အပူခ်ိန္မွာ ရွင္သန္နိုင္ပါတယ္။
ေလးစားစြာျဖင့္ ခရက္ဒစ္