ဗဟုသုတ

ဆိုလာဆင်ပြီး တစ်အိမ်လုံး (၂၄)နာရီ လျှပ်စစ်မီး သုံးနေသူတစ်ဦးရဲ့ အတွေ့အကြုံလေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်

“ဆိုလာဆင်ပြီး တစ်အိမ်လုံး (၂၄)နာရီ လျှပ်စစ်မီး သုံးနေသူတစ်ဦးရဲ့ အတွေ့အကြုံလေး ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်”

ခုချိန်မှာ မီးပျက်များတာရယ်၊ ဆီဈေးတွေ မတရား တက်လာတာကြောင့် ဆိုလာတပ်ဖို့ အတော် စိတ်ဝင်စားလာကြပါတယ်။ ကျွန်တော်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက တပ်ဖို့ စဉ်းစားခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်လလောက်ကမှ လက်တွေ့တပ်ဖြစ်တော့ သုံးရတဲ့ အတွေ့အကြုံကို user တစ်ယောက်အနေနဲ့ sharing လုပ်တာပါ။ တပ်ဖို့ စဉ်းစားနေသူတွေ တစိတ်တပိုင်း အထောက်အကူ ဖြစ်အောင်ပါ။

၁။ တပ်ဆင်ထားသောပစ္စည်းများ

– Jinko 400 w mono half cell solar 8 ချပ် (3200w)

– Solar pro 5kw off grid inverter

– Lifepo4-48 V, 200 Ah battery

– ကုန်ကျစရိတ် (၈၅) သိန်း( အခုဆို ၉၅/၁၀၀သိန်းဝန်းကျင်)

၂။ Solar ဖြင့် အသုံးပြုသော ပစ္စည်းများ

– lighting / wifi/ tv/ cctv… နေ့ 200-300 W/ ည 600-700 W

– 1 hp jet pump (ground tank မှ over head tank သို့တင်)

– ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေသန့်စက်၊ ပန်ကာ ၊ laptop, desktop pc.

– ဒယ်နီ၊ induction cooker ၊ ထမင်းပေါင်းအိုး၊ ရေနွေးအိုး၊ မီးပူ

– Air fryer, microwave, coffee maker

– pressure pump 1hp( အိမ်မှာ ရေသုံးတိုင်း auto မောင်း)

– water heater (2000W)

– Automatic door motor (700W) (ကားဝင်ထွက် မောင်း)

– Aircon 1hp/ 1.5hp/ 2hp တွေရှိပေမယ့် ဆိုလာနဲ့ဆို ပြိုင်တူ မသုံးဘူး။ တစ်လုံးလောက်ပဲ သုံးတယ်။

– (ရေစက် compressor motor 2 hp ကတော့ အင်ဗာတာ အဆင်မပြေလို့ epc နဲ့ပဲတင်တယ်)

၃။ တပ်ဆင်၊ အလုပ်လုပ်ပုံ

– EPC/ မီးစက် ကလာတဲ့ service ကြိုးကို 5kw hybrid inverter ထဲဝင်ပြီး

အဲကနေ ပြန်အထွက်ကို တစ်အိမ်လုံးပေးထားပါတယ်။ Solar ကနေ ပထမ ဦးစားပေးသုံးတယ်။ မနိုင်ရင် ဘက္ထရီကနေ ကူတယ်။ နေကျလို့ ဆိုလာ မရတော့ရင် ဘက္ထရီကနေ ဆက်ပေးတယ်။ ဘက္ထရီက သတ်မှတ်ထားတဲ့ Volt ကိုရောက်ရင် EPC က ဆက်ပေးတယ်။ လူက ဘာမှ လုပ်စရာမလိုဘူး။

Inverter 3 kw လောက်ပဲ သုံးမယ် ဆိုရင်တော့ ကျွန်တော့်အိမ် အသုံးအရ မနိုင်တဲ့အတွက် သုံးချင်တဲ့ လိုင်းတွေကိုပဲ မီးလိုင်းပြန်ခွဲရပါမယ်။

နေ့ဆိုလာ၊ ညဘက္ထရီကနေ အဓိက သုံးပြီး ဆိုလာမနိုင်/ဘက်ထီ နည်းလာမှ epc auto ပြောင်းသွားတဲ့ ပုံစံပါ။ မနက် ၈ နာရီလောက်ဆိုရင် ဆိုလာက အိမ်ကို မီးပေးလို့ ပိုတာကိုလည်း ဘက္ထရီအားစသွင်းပါပြီ။

မနက် နေပူ မပြင်းသေးလို့ 500/600 W လောက်ပဲ ထွက်နေချိန် အိမ်အသုံးက 1000/ 1500 W ဖြစ်သွားရင် လိုတဲ့အားကို ဘက္ထရီက ယူပါတယ်။ အိမ်အသုံးက ပြန်ကျလို့ ဆိုလာထွက်တာက ပိုသွားရင် အားသွင်းပါတယ်။

မနက် ၁၀/၁၁ က စပြီး စိတ်ကြိုက် သုံးလို့ရပါပြီ။ နေပူချိန် သုံးစရာရှိတာတွေ အကုန်သုံးခိုင်းပါတယ်။ ရေတင်၊ ရေသန့်စက်မောင်း၊ အဝတ်လျော်စက် ၊ ထမင်းချက်၊ ဒယ်နီသုံး စတာတွေပါ။ အဲလိုသုံးရင်း အားသွင်းရင်း ညနေ ၃/၄ နာရီဆို ဘက္ထရီ အားပြည့်ပါပြီ။

အားပြည့်ရင် ဘက္ထရီကို အားသွင်းရပ်လိုက်ပြီး ဆိုလာက Watt များများထွက်နေလဲ အိမ်အသုံး ရှိသလောက်ပဲ အင်ဗာတာက ယူပါတယ်။ ညနေ ၃ နာရီလောက်ဆို water heater ဖွင့်လိုက်ပြီး ရေပူလို့ cut off ဖြတ်တာနဲ့ ခလုတ် ပြန်ပိတ် ထားပါတယ်။

Boiler type မို့ ညဘက်ရေချိုးရင် ပြန်ဖွင့်စရာမ လိုတော့ပဲ ရေက အကြာကြီး ပူနေပါတယ်။ ဆိုလာတပ်ဆင်အား 3200 W မှ အများဆုံး 2300 W အထိထွက်တာတွေ့ပါတယ်။ နွေနေပူပြင်းရင် ပိုထွက်မလားမသိပါ။

ရေတင် ကွန်ပရက်ဆာကို နိုင်ပေမယ့် မောင်းကြည့်တဲ့အခါ မီးအား အရမ်းကစားပြီး အင်ဗာတာမှာ 2000Wလောက်ပဲ ရှိရမှာကို 2000/ 3000/ 4000 တအား ကစားလို့ အင်ဗာတာ ထိခိုက်မှာစိုးလို့ မသုံးပါဘူး။

ကွန်ပရက်ဆာ မောင်းချင်တဲ့အခါ အိမ်ကို EPC ဒါရိုက်ပေးလိုက်ပြီး အင်ဗာတာကို ခဏ off ထားပါတယ်။ ရေတင်ပြီးမှပြန် On ပါတယ်။ ခုချိန်မှာတော့ တစ်နေကုန်နဲ့တစ်ညလုံး အင်ဗာတာပါပဲ။ အေးတဲ့အချိန် ညဘက် အဲကွန်း မဖွင့်တော့ epc မသုံးရသလောက်ပါ။

အအေးပေါ့လို့ အဲကွန်းဖွင့်ရပြီဆိုရင်တော့ ညဘက် ဘက္ထရီက နိုင်သလောက်ပေးပြီး အားနည်းလာရင် EPC ကို By pass နဲ့ပေးပါလိမ့်မယ်။ မနက်ကျတော့ နေပူတာနဲ့ အားပြန်သွင်းပြီး သတ်မှတ် volt အားကိုရောက်ရင် EPC ကနေ ဆိုလာ/ဘက္ထရီကို အော်တို ပြန်ပြောင်းမှာပါ။

၄။ အကျိုးကျေးဇူး

– ၂၄ နာရီ မီးမပျက်တော့ပါဘူး။

– မီတာအစား သိသိသာသာ သက်သာပါတယ်။ ခါတိုင်းလ မီတာခ ၇၀၀၀၀/၈၀၀၀၀ ပုံမှန်ကျပါတယ်။ ခု ၁၅၀၀၀/၂၀၀၀၀။

-မီးစက်မမောင်းရတော့ ဒီဇယ်ဖိုး အတော်သက်သာပါတယ်။ အိမ်က 25 kva စက်မို့ ဆီအတော်ထည့်ရပါတယ်။ တစ်ပါတ်ကို ၅ ဂါလံ တစ်ပုံးလောက်ကုန်တယ်။ ခု တစ်ပုံး ၄၅၀၀၀ နီးပါးဆိုတော့ တစ်လ ၁၀၀၀၀၀-၁၅၀၀၀၀ လောက် သက်သာမယ်။

-ခါတိုင်း ဟင်းချက်ရင် gas နဲ့အဓိက ချက်တာ။ gas ဈေးက ခုတအားတက်တော့ အတော်ကုန်ပါတယ်။ အခု gas ကို အရံလောက်ပဲသုံးတော့တယ်။ နေပူတုန်း ထမင်းဟင်းချက်ပေါ့ ။

– ဆိုလာက နှစ် ၂၀/၂၅ နှစ်၊ အင်ဗာတာက သူ့ kw ထက် တစ်ဝက်လောက်ပဲ သုံးရင် လေးငါးဆယ်နှစ် ခံပါတယ်။

– Lithium ဘက္ထရီက တော့ လေးငါးနှစ်ကနေ ၇/ ၈ နှစ်လောက်အထိ မှန်းပါတယ်။

-တပ်ဆင် ကုန်ကျစရိတ်များလို့ ရင်းနှီးရတာ တော့များတယ်။ ဒါပမေယ့် အရင်က တလ မီတာယူနစ် ၆၀၀/၇၀၀ ကျတာကနေ အခု ၁၀၀ လောက်ပဲ ကပါတယ်။ အဲကွန်း(၂) လုံး ညလုံးပေါက် သုံးရင်တော့ တစ်လ ၂၅၀/၃၀၀ ယူန်လောက်ကျပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Zawgyi

“ဆိုလာဆင္ၿပီး တစ္အိမ္လုံး (၂၄)နာရီ လွ်ပ္စစ္မီး သုံးေနသူတစ္ဦးရဲ႕ အေတြ႕အႀကဳံေလး ကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္”

ခုခ်ိန္မွာ မီးပ်က္မ်ားတာရယ္၊ ဆီေဈးေတြ မတရား တက္လာတာေၾကာင့္ ဆိုလာတပ္ဖို႔ အေတာ္ စိတ္ဝင္စားလာၾကပါတယ္။ ကြၽန္ေတာ္ကေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္တည္းက တပ္ဖို႔ စဥ္းစားခဲ့တာပါ။

ၿပီးခဲ့တဲ့ ႏွစ္လေလာက္ကမွ လက္ေတြ႕တပ္ျဖစ္ေတာ့ သုံးရတဲ့ အေတြ႕အႀကဳံကို user တစ္ေယာက္အေနနဲ႕ sharing လုပ္တာပါ။ တပ္ဖို႔ စဥ္းစားေနသူေတြ တစိတ္တပိုင္း အေထာက္အကူ ျဖစ္ေအာင္ပါ။

၁။ တပ္ဆင္ထားေသာပစၥည္းမ်ား

– Jinko 400 w mono half cell solar 8 ခ်ပ္ (3200w)

– Solar pro 5kw off grid inverter

– Lifepo4-48 V, 200 Ah battery

– ကုန္က်စရိတ္ (၈၅) သိန္း( အခုဆို ၉၅/၁၀၀သိန္းဝန္းက်င္)

၂။ Solar ျဖင့္ အသုံးျပဳေသာ ပစၥည္းမ်ား

– lighting / wifi/ tv/ cctv… ေန႕ 200-300 W/ ည 600-700 W

– 1 hp jet pump (ground tank မွ over head tank သို႔တင္)

– ေရခဲေသတၱာ၊ အဝတ္ေလွ်ာ္စက္၊ ေရသန႔္စက္၊ ပန္ကာ ၊ laptop, desktop pc.

– ဒယ္နီ၊ induction cooker ၊ ထမင္းေပါင္းအိုး၊ ေရေႏြးအိုး၊ မီးပူ

– Air fryer, microwave, coffee maker

– pressure pump 1hp( အိမ္မွာ ေရသုံးတိုင္း auto ေမာင္း)

– water heater (2000W)

– Automatic door motor (700W) (ကားဝင္ထြက္ ေမာင္း)

– Aircon 1hp/ 1.5hp/ 2hp ေတြရွိေပမယ့္ ဆိုလာနဲ႕ဆို ၿပိဳင္တူ မသုံးဘူး။ တစ္လုံးေလာက္ပဲ သုံးတယ္။

– (ေရစက္ compressor motor 2 hp ကေတာ့ အင္ဗာတာ အဆင္မေျပလို႔ epc နဲ႕ပဲတင္တယ္)

၃။ တပ္ဆင္၊ အလုပ္လုပ္ပုံ

– EPC/ မီးစက္ ကလာတဲ့ service ႀကိဳးကို 5kw hybrid inverter ထဲဝင္ၿပီး

အဲကေန ျပန္အထြက္ကို တစ္အိမ္လုံးေပးထားပါတယ္။ Solar ကေန ပထမ ဦးစားေပးသုံးတယ္။ မနိုင္ရင္ ဘကၳရီကေန ကူတယ္။ ေနက်လိဳ႕ ဆိုလာ မရေတာ့ရင္ ဘကၳရီကေန ဆက္ေပးတယ္။ ဘကၳရီက သတ္မွတ္ထားတဲ့ Volt ကိုေရာက္ရင္ EPC က ဆက္ေပးတယ္။ လူက ဘာမွ လုပ္စရာမလိုဘူး။

Inverter 3 kw ေလာက္ပဲ သုံးမယ္ ဆိုရင္ေတာ့ ကြၽန္ေတာ့္အိမ္ အသုံးအရ မနိုင္တဲ့အတြက္ သုံးခ်င္တဲ့ လိုင္းေတြကိုပဲ မီးလိုင္းျပန္ခြဲရပါမယ္။

ေန႕ဆိုလာ၊ ညဘကၳရီကေန အဓိက သုံးၿပီး ဆိုလာမနိုင္/ဘက္ထီ နည္းလာမွ epc auto ေျပာင္းသြားတဲ့ ပုံစံပါ။ မနက္ ၈ နာရီေလာက္ဆိုရင္ ဆိုလာက အိမ္ကို မီးေပးလို႔ ပိုတာကိုလည္း ဘကၳရီအားစသြင္းပါၿပီ။

မနက္ ေနပူ မျပင္းေသးလို႔ 500/600 W ေလာက္ပဲ ထြက္ေနခ်ိန္ အိမ္အသုံးက 1000/ 1500 W ျဖစ္သြားရင္ လိုတဲ့အားကို ဘကၳရီက ယူပါတယ္။ အိမ္အသုံးက ျပန္က်လိဳ႕ ဆိုလာထြက္တာက ပိုသြားရင္ အားသြင္းပါတယ္။

မနက္ ၁၀/၁၁ က စၿပီး စိတ္ႀကိဳက္ သုံးလို႔ရပါၿပီ။ ေနပူခ်ိန္ သုံးစရာရွိတာေတြ အကုန္သုံးခိုင္းပါတယ္။ ေရတင္၊ ေရသန႔္စက္ေမာင္း၊ အဝတ္ေလ်ာ္စက္ ၊ ထမင္းခ်က္၊ ဒယ္နီသုံး စတာေတြပါ။ အဲလိုသုံးရင္း အားသြင္းရင္း ညေန ၃/၄ နာရီဆို ဘကၳရီ အားျပည့္ပါၿပီ။

အားျပည့္ရင္ ဘကၳရီကို အားသြင္းရပ္လိုက္ၿပီး ဆိုလာက Watt မ်ားမ်ားထြက္ေနလဲ အိမ္အသုံး ရွိသေလာက္ပဲ အင္ဗာတာက ယူပါတယ္။ ညေန ၃ နာရီေလာက္ဆို water heater ဖြင့္လိုက္ၿပီး ေရပူလို႔ cut off ျဖတ္တာနဲ႕ ခလုတ္ ျပန္ပိတ္ ထားပါတယ္။

Boiler type မို႔ ညဘက္ေရခ်ိဳးရင္ ျပန္ဖြင့္စရာမ လိုေတာ့ပဲ ေရက အၾကာႀကီး ပူေနပါတယ္။ ဆိုလာတပ္ဆင္အား 3200 W မွ အမ်ားဆုံး 2300 W အထိထြက္တာေတြ႕ပါတယ္။ ေႏြေနပူျပင္းရင္ ပိုထြက္မလားမသိပါ။

ေရတင္ ကြန္ပရက္ဆာကို နိုင္ေပမယ့္ ေမာင္းၾကည့္တဲ့အခါ မီးအား အရမ္းကစားၿပီး အင္ဗာတာမွာ 2000Wေလာက္ပဲ ရွိရမွာကို 2000/ 3000/ 4000 တအား ကစားလို႔ အင္ဗာတာ ထိခိုက္မွာစိုးလို႔ မသုံးပါဘူး။

ကြန္ပရက္ဆာ ေမာင္းခ်င္တဲ့အခါ အိမ္ကို EPC ဒါရိုက္ေပးလိုက္ၿပီး အင္ဗာတာကို ခဏ off ထားပါတယ္။ ေရတင္ၿပီးမွျပန္ On ပါတယ္။ ခုခ်ိန္မွာေတာ့ တစ္ေနကုန္နဲ႕တစ္ညလုံး အင္ဗာတာပါပဲ။ ေအးတဲ့အခ်ိန္ ညဘက္ အဲကြန္း မဖြင့္ေတာ့ epc မသုံးရသေလာက္ပါ။

အေအးေပါ့လို႔ အဲကြန္းဖြင့္ရၿပီဆိုရင္ေတာ့ ညဘက္ ဘကၳရီက နိုင္သေလာက္ေပးၿပီး အားနည္းလာရင္ EPC ကို By pass နဲ႕ေပးပါလိမ့္မယ္။ မနက္က်ေတာ့ ေနပူတာနဲ႕ အားျပန္သြင္းၿပီး သတ္မွတ္ volt အားကိုေရာက္ရင္ EPC ကေန ဆိုလာ/ဘကၳရီကို ေအာ္တို ျပန္ေျပာင္းမွာပါ။

၄။ အက်ိဳးေက်းဇူး

– ၂၄ နာရီ မီးမပ်က္ေတာ့ပါဘူး။

– မီတာအစား သိသိသာသာ သက္သာပါတယ္။ ခါတိုင္းလ မီတာခ ၇၀၀၀၀/၈၀၀၀၀ ပုံမွန္က်ပါတယ္။ ခု ၁၅၀၀၀/၂၀၀၀၀။

-မီးစက္မေမာင္းရေတာ့ ဒီဇယ္ဖိုး အေတာ္သက္သာပါတယ္။ အိမ္က 25 kva စက္မို႔ ဆီအေတာ္ထည့္ရပါတယ္။ တစ္ပါတ္ကို ၅ ဂါလံ တစ္ပုံးေလာက္ကုန္တယ္။ ခု တစ္ပုံး ၄၅၀၀၀ နီးပါးဆိုေတာ့ တစ္လ ၁၀၀၀၀၀-၁၅၀၀၀၀ ေလာက္ သက္သာမယ္။

-ခါတိုင္း ဟင္းခ်က္ရင္ gas နဲ႕အဓိက ခ်က္တာ။ gas ေဈးက ခုတအားတက္ေတာ့ အေတာ္ကုန္ပါတယ္။ အခု gas ကို အရံေလာက္ပဲသုံးေတာ့တယ္။ ေနပူတုန္း ထမင္းဟင္းခ်က္ေပါ့ ။

– ဆိုလာက ႏွစ္ ၂၀/၂၅ ႏွစ္၊ အင္ဗာတာက သူ႕ kw ထက္ တစ္ဝက္ေလာက္ပဲ သုံးရင္ ေလးငါးဆယ္ႏွစ္ ခံပါတယ္။

– Lithium ဘကၳရီက ေတာ့ ေလးငါးႏွစ္ကေန ၇/ ၈ ႏွစ္ေလာက္အထိ မွန္းပါတယ္။

-တပ္ဆင္ ကုန္က်စရိတ္မ်ားလို႔ ရင္းႏွီးရတာ ေတာ့မ်ားတယ္။ ဒါပေမယ့္ အရင္က တလ မီတာယူနစ္ ၆၀၀/၇၀၀ က်တာကေန အခု ၁၀၀ ေလာက္ပဲ ကပါတယ္။ အဲကြန္း(၂) လုံး ညလုံးေပါက္ သုံးရင္ေတာ့ တစ္လ ၂၅၀/၃၀၀ ယူန္ေလာက္က်ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေဝျခင္းျဖစ္ပါသည္။