ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီးဆုရှင် (သို့) ကမ္ဘာ့အလှဆုံး မိခင်
ဒုက္ခိတ တစ်ပိုင်း ဖြစ်နေတဲ့ မေရီဟာ ဗိုက်ဆာနေတဲ့ သူမရဲ့ ကလေးတွေ အတွက် ကြုံရာကျပန်းအလုပ်ရှာဖို့ မနက်တိုင်း အိမ်ကထွက်တယ်…။ လူတွေက မေရီ့ကို အလုပ်မပေးကြတဲ့အပြင် အရုပ်ဆိုးလှတဲ့သူမရဲ့ မျက်နှာကြောင့် အမြဲမောင်းထုတ်တယ်။ ကလေးတွေအတွက် အစားအစာတွေဝယ်ပြီး ပြန်လာနိုင်တဲ့နေ့တွေ တဖြည်းဖြည်း နည်းလာတယ်..။ ကလေးတွေ ဗိုက်ဆာလှပြီ…။
မေရီ အလွန်ရုပ်ဆိုးတယ်…။ မေရီဟာ လူတွေ နားမလည်နိုင်လောက်အောင် အတော့်ကို ရုပ်ဆိုးနေတာ…။
လန်ဒန်သူ မေရီ (Mary Ann Bevan) ဟာ Newham၊ Plaistow ဇာတိ..။ ငယ်ငယ်က မေရီ ရုပ်မဆိုးခဲ့ပါ…။ သိပ်လှခဲ့တဲ့ မိန်းကလေးပေါ့..။ မေရီ အပါအဝင် မောင်နှမ ရှစ်ယောက် ရှိတဲ့မိသားစုဟာ သိပ်တော့ မချမ်းသာခဲ့ပါဘူး…။ ဒီလိုပဲ ရုန်းရင်းကန်ရင်းနဲ့ မေရီတစ်ယောက် အရွယ်ရောက်လာတယ်။ သူနာပြုမလေး မေရီ ဖြစ်လာတယ်..။
၁၉၀၃ ခုနှစ်… မေရီ ဟာ သောမတ်စ်ဘီဗန် (Thomas Bevan) နဲ့ လက်ထပ်ခဲ့တယ်..။ မေရီ့အသက် ၂၉ နှစ်..။ ကလေး လေးယောက်ရလာတယ်..။ ကလေးတို့မေမေ မေရီ ဖြစ်လာတယ်…။
မေရီ လက်ထပ်ပြီးမကြာပါဘူး .. အဲဒီလို ရုပ်ဆိုးဖို့ စ ဖြစ်လာတာ…။ မေရီ့ အသက် ၃၂ နှစ်ပေါ့…။ မေရီဟာ နေ့တိုင်း ခေါင်းကိုက်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလာရပြီး ကိုယ်လက်တွေနာတဲ့ ရောဂါတစ်မျိုးစွဲကပ်လာတယ်…။ မေရီ့ တစ်ကိုယ်လုံး တစ်နေ့ထက်တစ်နေ့ နာကျင်ကိုက်ခဲနေတယ်..။ မျက်လုံးတွေလည်း တဖြည်းဖြည်းမှုန်လာပြီး သိပ်မမြင်ရတော့ဘူး။
အဲဒီရောဂါကို Acromegaly လို့ခေါ်တယ်..။ လွယ်လွယ်ပြောရရင် ဟိုမုန်း အများကြီးထွက်တဲ့ရောဂါပေါ့…။ မေရီ့ တစ်ကိုယ်လုံး ဟိုနေရာ.. ဒီနေရာမှာအဖုတွေထွက်လာပြီး မျက်နှာက ကြီးသထက်ကြီးပြီး ရှည်ထွက်လာတယ်..။ တဖြည်းဖြည်း အသံတွေပါ ဩလာပြီး ယောက်ျားမျက်နှာကြီး ဖြစ်လာတယ်..။ Acromegaly အတွက် အခုခေတ်မှာ ကုလို့ရပေမဲ့ အဲဒီတုန်းက ဆေးမရှိဘူး။
ရုပ်ဆိုးမ မေရီဖြစ်သွားတယ်..။ မေရီ အလုပ်နားလိုက်ရတယ်..။
မိန်းမ ရင်သားနဲ့ ယောက်ျားမျက်နှာ..။ မေရီရဲ့ ထူးဆန်းလှတဲ့ အသွင်အပြင်ကြောင့် မေရီ့ကို ရပ်ကွက်ထဲကလူတွေက မထီမဲ့မြင်ပြုလာကြတယ်..။ တစ်နေ့ တစ်နေ့ ရုပ်ဆိုးတဲ့ ယောက်ျားကြီး ဖြစ်လာတဲ့ မေရီ ဝမ်းနည်းပက်လက်ဖြစ်ရုံကလွဲပြီး…။
ရုပ်ဆိုးလို့ဆိုပြီး မေရီ့ကို သူ့ယောက်ျားက ပစ်မသွားပါ..။ ဒါပေမဲ့ သေသွားခဲ့တယ်..။ ၁၉၁၄ မှာပေါ့… ။ မေရီချစ်တဲ့ … မေရီအားကိုးရတဲ့ ယောက်ျား သောမတ်စ်ဘီဗန် ရုတ်တရက် သေဆုံးသွားတယ်..။ မေရီတစ်ယောက် ကလေး ၄ ယောက်နဲ့ ကျန်ရစ်တယ်..။ မုဆိုးမ၊ ရုပ်ဆိုးမ၊ အလုပ်လက်မဲ့၊ ကလေး ၄ ယောက် အမေ မေရီ ဖြစ်ခဲ့ရတယ်…။
ဗိုက်ဆာနေကြတဲ့ မိသားစုအတွက် ကံကောင်းတဲ့နေ့ ရောက်လာတယ် ဆိုရလေမလား…။ လန်ဒန်မှာ “Homeliest Woman” ပြိုင်ပွဲ ဆိုတာ ကျင်းပမယ်လို့ သတင်းစာထဲပါလာတာ မေရီ ဖတ်လိုက်ရတယ်..။ ဘယ်သူက ပိုအရုပ်ဆိုးလဲ ဆိုပြီး ပြိုင်တဲ့ပွဲပေါ့…။
ဦးခေါင်းက စပြီး တစ်ကိုယ်လုံးကိုက်ခဲ နာကျင် ၊ မျက်စိမှုန်နေတဲ့ မေရီဟာ အရင်နေ့တွေကလို ကလေးတွေကို ချစ်တဲ့စိတ်နဲ့ အားတင်းပြီး ထလိုက်တယ်..။ မိန်းကလေးတစ်ယောက်အနေနဲ့ ရုပ်အဆိုးဆုံးဆုကိုရဖို့ ပြိုင်ပွဲဝင်ရတာ ဝမ်းနည်းရှက်ကြောက်မိပေမဲ့ မေရီဟာ မိခင်စိတ်နဲ့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်..။
မေရီ ပထမရတယ်..။ ငွေတွေရလာတယ်..။ မေရီရဲ့ဓာတ်ပုံ သတင်းစာတွေထဲပါလာတယ်..။ “အင်္ဂလန်ရဲ့ ရုပ်အဆိုးဆုံး အမျိုးသမီး” ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့..။ ဒါပေမဲ့ မေရီ ပျော်ပါတယ်…။ ကလေးတွေကို အရသာရှိတဲ့ အစားအစာတွေ၊ လက်ဆောင်တွေ ဝယ်ပေးနိုင်ပြီ..။
ဒါပေမဲ့ မေရီ့ကိုတွေ့ရင် လူတွေက ပြုံးစိစိ… အင်္ဂလန်ရဲ့ ရုပ်အဆိုးဆုံး အမျိုးသမီးလေ..။ မေရီ ရုပ်ဆိုးတာက တခြားလူတွေနဲ့မတူဘူးလေ…။ မိန်းကလေးဖြစ်ပြီး ယောကျာ်းကြီးလို ရုပ်ဆိုးတာကိုး…။ လက်တွေ၊ ခြေထောက်တွေကလည်း ပုံမှန်မဟုတ်… ကြွက်သားတွေ ကြီးလာတယ်လေ..။ ဒါနဲ့ပဲ အင်္ဂလန်မှာတင်မဟုတ် ကမ္ဘာ့ရုပ်အဆိုးဆုံး မေရီဖြစ်လာတယ်..။
၁၉၂၀ ခုနှစ်..။ အမေရိကန်နိုင်ငံ Sam Gumpertz က မေရီ့ကို Coney Island မှာကျင်းပမယ့် Dreamland ဆပ်ကပ်ပြပွဲအတွက် ငှါးရမ်းလာတယ်..။ အကယ်၍ မေရီ သဘောတူမယ်ဆိုရင် ဒီအလုပ်ကို နေ့စားမဟုတ်ဘဲနဲ့ အတည် ခန့်ချင်တယ်လို့လည်း ကမ်းလှမ်းခဲ့တယ်..။
သူနာပြုပဲလုပ်ခဲ့ဖူးတဲ့ မေရီဟာ ဆပ်ကပ်မှာ သူမရဲ့ ရုပ်ဆိုးတဲ့ မျက်နှာနဲ့ လူတွေကို ဖျော်ဖြေရမယ်ဆိုတော့ ရှက်လည်းရှက်၊ ဝမ်းလည်းနည်း၊ ကြောက်လည်းကြောက်ပေါ့..။ ဒါပေမဲ့ မေရီဟာ ကလေး ၄ ယောက်ကိုချစ်တဲ့စိတ်နဲ့ အားတင်းပြီး အလုပ်ဝင်ခဲ့တယ်..။
ဆပ်ကပ်ပွဲကြည့် ပရိတ်သတ်က ယောကျ်ားမျက်နှာကြီးနဲ့ မိန်းမထွက်လာတဲ့အခါရယ်မောကြတယ်..။ ပြောင်လှောင်ကြတယ်။ အော်ဟစ်ကြတယ်။လက်ခုပ်လက်ဝါးတွေ တီးကြတယ်။
ခေါင်းတွေအလွန်ကိုက်ပြီး ခြေတွေလက်တွေ လေးလံ၊ ကိုက်ခဲ နာကျင်နေပေမဲ့ အမြဲတမ်းပြုံးရွှင်နေရတဲ့ မေရီရဲ့ဘဝဟာလည်း မလွယ်လှပါဘူး…။ ဒါပေမဲ့ မေရီ အပြုံးမပျက်ခဲ့ပါ..။
မေရီဟာ လူတွေသဘောကျအောင်လို့ ရယ်စရာမျက်နှာတွေအမျိုးမျိုး လုပ်ပြနိုင်တာမို့ နာမည်ကြီးသထက်ကြီးလာတယ်..။
မေရီဟာ ကလေး ၄ ယောက်ကို ချမ်းချမ်းသာသာနဲ့ ကျောင်းကောင်းကောင်းပို့နိုင်ခဲ့တယ်..။
၁၉၃၃ ခုနှစ်…၊ မေရီ သေသွားတယ်။ မေရီ့ အသက် ၅၉ နှစ်…။ မေရီဟာ Coney ကျွန်းမှာ သေတဲ့အထိ အလုပ်လုပ်ခဲ့တယ်..။
မေရီသေဆုံးပြီး အနှစ် ၇၀ အကြာ …။ ၂၀၀၀ ခုနှစ်လောက်ကစပြီး မေရီရဲ့ ဓာတ်ပုံဟာ Hallmark ပို့စကတ်တွေမှာပါလာတယ်..။ မေရီဟာ လူတွေအတွက်တော့ ရယ်စရာ…။ အဲဒီကတ်တွေကို Blind date ပို့စကတ်တွေအဖြစ်လည်း အသုံးပြုလာကြတယ်..။ Blind date ဆိုတဲ့ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေ့ဆုံပွဲတွေ…၊ ဂိမ်းသဘောမျိုးပြိုင်ပွဲတွေ၊ TV အစီအစဉ်တွေမှာလည်း ပြလာကြတယ်..။
ဂိမ်းက ဒီလို…၊ ဂိမ်းစီစဉ်သူက အမျိုးသားကို ပထမဆုံး သူနဲ့တွေ့ရမယ့် အမျိုးသမီး ဓာတ်ပုံကိုပြတယ်..။ အဲဒါ မေရီ့ ဓာတ်ပုံ..။
မေရီရဲ့ဓာတ်ပုံကိုတွေ့တော့ အမျိုးသားတွေ ထိတ်လန့်သွားပုံက ရယ်စရာ။ ပြီးမှ ဂိမ်းစီစဉ်သူက အဲဒီအမျိုးသားကို သူတကယ်တွေ့ရမယ့် မိန်းကလေးဓာတ်ပုံပြတော့ အမျိုးသား စိတ်သက်သာရာ ရသွားပုံကိုကြည့်ပြီး လူတွေက ထပ် ရယ်မောကြ..။
အဲဒီလိုနေရာတွေမှာ မေရီရဲ့ဓာတ်ပုံကို သုံးလာကြတော့ Acromegaly ရောဂါကို ကုသနေတဲ့ ဒတ်ခ်ျဆရာဝန်က မေရီ့ကို မရယ်ကြပါနဲ့ ခင်ဗျာ..လို့ တောင်းဆိုခဲ့တယ်..။
ဆရာဝန်က… “ဒီလို ပြောင်လှောင်နေတာ ကျွန်တော် အတော့်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်…မေရီ ရဲ့နာကျင်တဲ့ကြားက အပြုံးတွေ… ပြီးတော့ မေရီရဲ့ ဘဝကို ကျွန်တော် သိထားလို့ပဲ…” ဒါပေမဲ့ လူတွေက မရပ်ကြ…။ ရယ်နေကြဆဲ…။
ဘယ်သူတွေ ဘယ်လောက်ပဲ ရယ်ရယ် …ဒီရယ်သံတွေကို မေရီ ခွင့်လွှတ်နိုင်မှာပါ..။ မေရီ့ဘဝမှာ အဲဒီရယ်သံတွေက ခေါက်ရိုးကျိုးနေခဲ့…။
လောကကြီးမှာ လူတစ်ယောက်ကို လှတယ် သို့မဟုတ် ရုပ်ဆိုးတယ်လို့ ဘယ်သူကများ ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့လဲ..?
ဘယ်သူမှ မပေးခဲ့ပါ..။ ဒါပေမဲ့ လူတွေဟာ လှတယ်… ရုပ်ဆိုးတယ်…လို့ တစ်ယောက်ကိုတစ်ယောက် ဝေဖန်ကြတယ်။ ဆုံးဖြတ်ကြတယ်..။ အလှမယ်တွေ.. ရုပ်ဆိုးမယ်တွေ ရွေးကြတယ်..။
မေရီက ဆု (၂) ခုစလုံးကိုရခဲ့တာ..။ ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး…။ ကမ္ဘာ့ အလှဆုံး မိခင်
ခရက်ဒစ်
Zawgyi
ကမာၻ႔ ႐ုပ္အဆိုးဆုံး အမ်ိဳးသမီးဆုရွင္ (သို႔) ကမာၻ႔ ႐ုပ္အလွဆုံး မိခင္
ဒုကၡိတ တစ္ပိုင္း ျဖစ္ေနတဲ့ ေမရီဟာ ဗိုက္ဆာေနတဲ့ သူမရဲ႕ ကေလးေတြ အတြက္ ႀကဳံရာက်ပန္းအလုပ္ရွာဖို႔ မနက္တိုင္း အိမ္ကထြက္တယ္…။ လူေတြက ေမရီ႕ကို အလုပ္မေပးၾကတဲ့အျပင္ အ႐ုပ္ဆိုးလွတဲ့သူမရဲ႕ မ်က္ႏွာေၾကာင့္ အၿမဲေမာင္းထုတ္တယ္။ ကေလးေတြအတြက္ အစားအစာေတြဝယ္ၿပီး ျပန္လာနိုင္တဲ့ေန႕ေတြ တျဖည္းျဖည္း နည္းလာတယ္..။ ကေလးေတြ ဗိုက္ဆာလွၿပီ…။
ေမရီ အလြန္႐ုပ္ဆိုးတယ္…။ ေမရီဟာ လူေတြ နားမလည္နိုင္ေလာက္ေအာင္ အေတာ့္ကို ႐ုပ္ဆိုးေနတာ…။
လန္ဒန္သူ ေမရီ (Mary Ann Bevan) ဟာ Newham၊ Plaistow ဇာတိ..။ ငယ္ငယ္က ေမရီ ႐ုပ္မဆိုးခဲ့ပါ…။ သိပ္လွခဲ့တဲ့ မိန္းကေလးေပါ့..။ ေမရီ အပါအဝင္ ေမာင္ႏွမ ရွစ္ေယာက္ ရွိတဲ့မိသားစုဟာ သိပ္ေတာ့ မခ်မ္းသာခဲ့ပါဘူး…။ ဒီလိုပဲ ႐ုန္းရင္းကန္ရင္းနဲ႕ ေမရီတစ္ေယာက္ အ႐ြယ္ေရာက္လာတယ္။ သူနာျပဳမေလး ေမရီ ျဖစ္လာတယ္..။
၁၉၀၃ ခုႏွစ္… ေမရီ ဟာ ေသာမတ္စ္ဘီဗန္ (Thomas Bevan) နဲ႕ လက္ထပ္ခဲ့တယ္..။ ေမရီ႕အသက္ ၂၉ ႏွစ္..။ ကေလး ေလးေယာက္ရလာတယ္..။ ကေလးတို႔ေမေမ ေမရီ ျဖစ္လာတယ္…။
ေမရီ လက္ထပ္ၿပီးမၾကာပါဘူး .. အဲဒီလို ႐ုပ္ဆိုးဖို႔ စ ျဖစ္လာတာ…။ ေမရီ႕ အသက္ ၃၂ ႏွစ္ေပါ့…။ ေမရီဟာ ေန႕တိုင္း ေခါင္းကိုက္တဲ့ေဝဒနာကို ျပင္းျပင္းထန္ထန္ ခံစားလာရၿပီး ကိုယ္လက္ေတြနာတဲ့ ေရာဂါတစ္မ်ိဳးစြဲကပ္လာတယ္…။ ေမရီ႕ တစ္ကိုယ္လုံး တစ္ေန႕ထက္တစ္ေန႕ နာက်င္ကိုက္ခဲေနတယ္..။ မ်က္လုံးေတြလည္း တျဖည္းျဖည္းမႈန္လာၿပီး သိပ္မျမင္ရေတာ့ဘူး။
အဲဒီေရာဂါကို Acromegaly လို႔ေခၚတယ္..။ လြယ္လြယ္ေျပာရရင္ ဟိုမုန္း အမ်ားႀကီးထြက္တဲ့ေရာဂါေပါ့…။ ေမရီ႕ တစ္ကိုယ္လုံး ဟိုေနရာ.. ဒီေနရာမွာအဖုေတြထြက္လာၿပီး မ်က္ႏွာက ႀကီးသထက္ႀကီးၿပီး ရွည္ထြက္လာတယ္..။ တျဖည္းျဖည္း အသံေတြပါ ဩလာၿပီး ေယာက္်ားမ်က္ႏွာႀကီး ျဖစ္လာတယ္..။ Acromegaly အတြက္ အခုေခတ္မွာ ကုလို႔ရေပမဲ့ အဲဒီတုန္းက ေဆးမရွိဘူး။
႐ုပ္ဆိုးမ ေမရီျဖစ္သြားတယ္..။ ေမရီ အလုပ္နားလိုက္ရတယ္..။
မိန္းမ ရင္သားနဲ႕ ေယာက္်ားမ်က္ႏွာ..။ ေမရီရဲ႕ ထူးဆန္းလွတဲ့ အသြင္အျပင္ေၾကာင့္ ေမရီ႕ကို ရပ္ကြက္ထဲကလူေတြက မထီမဲ့ျမင္ျပဳလာၾကတယ္..။ တစ္ေန႕ တစ္ေန႕ ႐ုပ္ဆိုးတဲ့ ေယာက္်ားႀကီး ျဖစ္လာတဲ့ ေမရီ ဝမ္းနည္းပက္လက္ျဖစ္႐ုံကလြဲၿပီး…။
႐ုပ္ဆိုးလို႔ဆိုၿပီး ေမရီ႕ကို သူ႕ေယာက္်ားက ပစ္မသြားပါ..။ ဒါေပမဲ့ ေသသြားခဲ့တယ္..။ ၁၉၁၄ မွာေပါ့… ။ ေမရီခ်စ္တဲ့ … ေမရီအားကိုးရတဲ့ ေယာက္်ား ေသာမတ္စ္ဘီဗန္ ႐ုတ္တရက္ ေသဆုံးသြားတယ္..။ ေမရီတစ္ေယာက္ ကေလး ၄ ေယာက္နဲ႕ က်န္ရစ္တယ္..။ မုဆိုးမ၊ ႐ုပ္ဆိုးမ၊ အလုပ္လက္မဲ့၊ ကေလး ၄ ေယာက္ အေမ ေမရီ ျဖစ္ခဲ့ရတယ္…။
ဗိုက္ဆာေနၾကတဲ့ မိသားစုအတြက္ ကံေကာင္းတဲ့ေန႕ ေရာက္လာတယ္ ဆိုရေလမလား…။ လန္ဒန္မွာ “Homeliest Woman” ၿပိဳင္ပြဲ ဆိုတာ က်င္းပမယ္လို႔ သတင္းစာထဲပါလာတာ ေမရီ ဖတ္လိုက္ရတယ္..။ ဘယ္သူက ပိုအ႐ုပ္ဆိုးလဲ ဆိုၿပီး ၿပိဳင္တဲ့ပြဲေပါ့…။
ဦးေခါင္းက စၿပီး တစ္ကိုယ္လုံးကိုက္ခဲ နာက်င္ ၊ မ်က္စိမႈန္ေနတဲ့ ေမရီဟာ အရင္ေန႕ေတြကလို ကေလးေတြကို ခ်စ္တဲ့စိတ္နဲ႕ အားတင္းၿပီး ထလိုက္တယ္..။ မိန္းကေလးတစ္ေယာက္အေနနဲ႕ ႐ုပ္အဆိုးဆုံးဆုကိုရဖို႔ ၿပိဳင္ပြဲဝင္ရတာ ဝမ္းနည္းရွက္ေၾကာက္မိေပမဲ့ ေမရီဟာ မိခင္စိတ္နဲ႕ ၿပိဳင္ပြဲဝင္ဖို႔ ဆုံးျဖတ္လိုက္တယ္..။
ေမရီ ပထမရတယ္..။ ေငြေတြရလာတယ္..။ ေမရီရဲ႕ဓာတ္ပုံ သတင္းစာေတြထဲပါလာတယ္..။ “အဂၤလန္ရဲ႕ ႐ုပ္အဆိုးဆုံး အမ်ိဳးသမီး” ဆိုတဲ့ေခါင္းစဥ္ႀကီးနဲ႕..။ ဒါေပမဲ့ ေမရီ ေပ်ာ္ပါတယ္…။ ကေလးေတြကို အရသာရွိတဲ့ အစားအစာေတြ၊ လက္ေဆာင္ေတြ ဝယ္ေပးနိုင္ၿပီ..။
ဒါေပမဲ့ ေမရီ႕ကိုေတြ႕ရင္ လူေတြက ၿပဳံးစိစိ… အဂၤလန္ရဲ႕ ႐ုပ္အဆိုးဆုံး အမ်ိဳးသမီးေလ..။ ေမရီ ႐ုပ္ဆိုးတာက တျခားလူေတြနဲ႕မတူဘူးေလ…။ မိန္းကေလးျဖစ္ၿပီး ေယာက်ာ္းႀကီးလို ႐ုပ္ဆိုးတာကိုး…။ လက္ေတြ၊ ေျခေထာက္ေတြကလည္း ပုံမွန္မဟုတ္… ႂကြက္သားေတြ ႀကီးလာတယ္ေလ..။ ဒါနဲ႕ပဲ အဂၤလန္မွာတင္မဟုတ္ ကမာၻ႔႐ုပ္အဆိုးဆုံး ေမရီျဖစ္လာတယ္..။
၁၉၂၀ ခုႏွစ္..။ အေမရိကန္နိုင္ငံ Sam Gumpertz က ေမရီ႕ကို Coney Island မွာက်င္းပမယ့္ Dreamland ဆပ္ကပ္ျပပြဲအတြက္ ငွါးရမ္းလာတယ္..။ အကယ္၍ ေမရီ သေဘာတူမယ္ဆိုရင္ ဒီအလုပ္ကို ေန႕စားမဟုတ္ဘဲနဲ႕ အတည္ ခန႔္ခ်င္တယ္လို႔လည္း ကမ္းလွမ္းခဲ့တယ္..။
သူနာျပဳပဲလုပ္ခဲ့ဖူးတဲ့ ေမရီဟာ ဆပ္ကပ္မွာ သူမရဲ႕ ႐ုပ္ဆိုးတဲ့ မ်က္ႏွာနဲ႕ လူေတြကို ေဖ်ာ္ေျဖရမယ္ဆိုေတာ့ ရွက္လည္းရွက္၊ ဝမ္းလည္းနည္း၊ ေၾကာက္လည္းေၾကာက္ေပါ့..။ ဒါေပမဲ့ ေမရီဟာ ကေလး ၄ ေယာက္ကိုခ်စ္တဲ့စိတ္နဲ႕ အားတင္းၿပီး အလုပ္ဝင္ခဲ့တယ္..။
ဆပ္ကပ္ပြဲၾကည့္ ပရိတ္သတ္က ေယာက်္ားမ်က္ႏွာႀကီးနဲ႕ မိန္းမထြက္လာတဲ့အခါရယ္ေမာၾကတယ္..။ ေျပာင္ေလွာင္ၾကတယ္။ ေအာ္ဟစ္ၾကတယ္။လက္ခုပ္လက္ဝါးေတြ တီးၾကတယ္။
ေခါင္းေတြအလြန္ကိုက္ၿပီး ေျခေတြလက္ေတြ ေလးလံ၊ ကိုက္ခဲ နာက်င္ေနေပမဲ့ အၿမဲတမ္းၿပဳံး႐ႊင္ေနရတဲ့ ေမရီရဲ႕ဘဝဟာလည္း မလြယ္လွပါဘူး…။ ဒါေပမဲ့ ေမရီ အၿပဳံးမပ်က္ခဲ့ပါ..။
ေမရီဟာ လူေတြသေဘာက်ေအာင္လို႔ ရယ္စရာမ်က္ႏွာေတြအမ်ိဳးမ်ိဳး လုပ္ျပနိုင္တာမို႔ နာမည္ႀကီးသထက္ႀကီးလာတယ္..။
ေမရီဟာ ကေလး ၄ ေယာက္ကို ခ်မ္းခ်မ္းသာသာနဲ႕ ေက်ာင္းေကာင္းေကာင္းပို႔နိုင္ခဲ့တယ္..။
၁၉၃၃ ခုႏွစ္…၊ ေမရီ ေသသြားတယ္။ ေမရီ႕ အသက္ ၅၉ ႏွစ္…။ ေမရီဟာ Coney ကြၽန္းမွာ ေသတဲ့အထိ အလုပ္လုပ္ခဲ့တယ္..။
ေမရီေသဆုံးၿပီး အႏွစ္ ၇၀ အၾကာ …။ ၂၀၀၀ ခုႏွစ္ေလာက္ကစၿပီး ေမရီရဲ႕ ဓာတ္ပုံဟာ Hallmark ပို႔စကတ္ေတြမွာပါလာတယ္..။ ေမရီဟာ လူေတြအတြက္ေတာ့ ရယ္စရာ…။ အဲဒီကတ္ေတြကို Blind date ပို႔စကတ္ေတြအျဖစ္လည္း အသုံးျပဳလာၾကတယ္..။ Blind date ဆိုတဲ့ တစ္ခါမွ မျမင္ဖူးတဲ့ အမ်ိဳးသမီးနဲ႕ အမ်ိဳးသားေတြ႕ဆုံပြဲေတြ…၊ ဂိမ္းသေဘာမ်ိဳးၿပိဳင္ပြဲေတြ၊ TV အစီအစဥ္ေတြမွာလည္း ျပလာၾကတယ္..။
ဂိမ္းက ဒီလို…၊ ဂိမ္းစီစဥ္သူက အမ်ိဳးသားကို ပထမဆုံး သူနဲ႕ေတြ႕ရမယ့္ အမ်ိဳးသမီး ဓာတ္ပုံကိုျပတယ္..။ အဲဒါ ေမရီ႕ ဓာတ္ပုံ..။
ေမရီရဲ႕ဓာတ္ပုံကိုေတြ႕ေတာ့ အမ်ိဳးသားေတြ ထိတ္လန႔္သြားပုံက ရယ္စရာ။ ၿပီးမွ ဂိမ္းစီစဥ္သူက အဲဒီအမ်ိဳးသားကို သူတကယ္ေတြ႕ရမယ့္ မိန္းကေလးဓာတ္ပုံျပေတာ့ အမ်ိဳးသား စိတ္သက္သာရာ ရသြားပုံကိုၾကည့္ၿပီး လူေတြက ထပ္ ရယ္ေမာၾက..။
အဲဒီလိုေနရာေတြမွာ ေမရီရဲ႕ဓာတ္ပုံကို သုံးလာၾကေတာ့ Acromegaly ေရာဂါကို ကုသေနတဲ့ ဒတ္ခ္်ဆရာဝန္က ေမရီ႕ကို မရယ္ၾကပါနဲ႕ ခင္ဗ်ာ..လို႔ ေတာင္းဆိုခဲ့တယ္..။
ဆရာဝန္က… “ဒီလို ေျပာင္ေလွာင္ေနတာ ကြၽန္ေတာ္ အေတာ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္တယ္…ေမရီ ရဲ႕နာက်င္တဲ့ၾကားက အၿပဳံးေတြ… ၿပီးေတာ့ ေမရီရဲ႕ ဘဝကို ကြၽန္ေတာ္ သိထားလို႔ပဲ…” ဒါေပမဲ့ လူေတြက မရပ္ၾက…။ ရယ္ေနၾကဆဲ…။
ဘယ္သူေတြ ဘယ္ေလာက္ပဲ ရယ္ရယ္ …ဒီရယ္သံေတြကို ေမရီ ခြင့္လႊတ္နိုင္မွာပါ..။ ေမရီ႕ဘဝမွာ အဲဒီရယ္သံေတြက ေခါက္ရိုးက်ိဳးေနခဲ့…။
ေလာကႀကီးမွာ လူတစ္ေယာက္ကို လွတယ္ သို႔မဟုတ္ ႐ုပ္ဆိုးတယ္လို႔ ဘယ္သူကမ်ား ဆုံးျဖတ္ပိုင္ခြင့္ေပးခဲ့လဲ..?
ဘယ္သူမွ မေပးခဲ့ပါ..။ ဒါေပမဲ့ လူေတြဟာ လွတယ္… ႐ုပ္ဆိုးတယ္…လို႔ တစ္ေယာက္ကိုတစ္ေယာက္ ေဝဖန္ၾကတယ္။ ဆုံးျဖတ္ၾကတယ္..။ အလွမယ္ေတြ.. ႐ုပ္ဆိုးမယ္ေတြ ေ႐ြးၾကတယ္..။
ေမရီက ဆု (၂) ခုစလုံးကိုရခဲ့တာ..။ ကမာၻ႔႐ုပ္အဆိုးဆုံး အမ်ိဳးသမီး…။ ကမာၻ႔ အလွဆုံး မိခင္
ခရက္ဒစ္