ဗဟုသုတ

သနပ်ခါးလူးလေ့ရှိသူတိုင်း သိထားသင့်သည့် သတိပြုဖွယ် အချက်တချို့

သနပ်ခါးလူးလေ့ရှိသူတိုင်း သိထားသင့်သည့် သတိပြုဖွယ် အချက်တချို့

မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီးသနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ။

ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာ …

ဝယ်လာတဲ့ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ်ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါ ။

နောက်တစ်ရက်မှာနနွန်းတက်နဲ့ + ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ်ဆီခြောက်တော့မှ …

သနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့

မေမေပြောပြတယ်ကျောက်ပျဉ်ပေါ်သနပ်ခါးသွေးတာလေ့ကျင့်ခန်းတစ်ခုလုပ်တာနဲ့တူတူပဲတဲ့ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ

မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမဲ့နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ် …

ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အ(အဖွားပြောပြတာလို့ပြောတယ် … ။

မေဇင်

Zawgyi










မေဇင်