ဗဟုသုတ

စီးပွားဖြစ်စိုက်ချင်သူများအတွက် သစ်ခွပန်းပင် စနစ်တကျစိုက်ပျိုးနည်း

စီးပွားဖြစ်စိုက်ချင်သူများအတွက် သစ်ခွပန်းပင် စနစ်တကျစိုက်ပျိုးနည်း

သစ်ခွကို အိုးစနစ် ၊ ခြင်းစနစ် ၊ တိုင်ထောင်စနစ် ၊ ချိတ်ဆွဲစနစ် ၊ အပင်ကြီးတွင် တွယ်ကပ်စနစ် ၊ စင်တန်းစနစ် စသည့် စနစ်အမျိုးမျိုး ဆောင်ရွက်နိုင်ပါတယ် …

ဤစနစ်အမျိုးမျိုးများအနက် လက်ရှိအောင်မြင်နိုင်ပြီး စီးပွားရေးတွက်ခြေကိုက်နိုင်သောစနစ် မှာ စင်တန်းစနစ်ဖြစ်ပါတယ် … ဒါ့ကြောင့် သစ်ခွစိုက်ရန် သစ်ခွရုံ ၊ သစ်ခွစင် ဦးစွာဆောက်လုပ်ရပါမယ် …

သစ်ခွဟာ မူလတောဂနိုင် စိမ့်စမ်းမြိုင်ထဲက ပတ်၀န်းကျင် သဘာ၀အခြေအနေအတိုင်း ထူထောင်ဖန်တီးပေးနိုင်မှသာ ဖွံ့ဖြိုးကြီးထွားနိုင်မှာပါ… သို့မဟုတ်လျှင် ဖြစ်ထွန်းမှုနှေးကွေးပြီး ကြန့်ကြာနိုင်ပါတယ် …

သစ်ခွစင်တန်းများ ပတ်၀န်းကျင်တွင် သူ့သဘာ၀စိုထိုင်းဆနှင့် ပတ်၀န်းကျင်ရရှိအောင် အပေါ်မှ ( Hori Net ) ဖြင့် မိုးပေးရပါတယ် …သစ်ခွရုံဟာ အလင်းရောင်ကို လုံလောက်စွာရရှိဖို့လိုပါတယ် … လေ၀င်လေထွက်လဲ ကောင်းမွန်ရပါမယ် …

ဒါ့ကြောင့် အမိုးကို မမြင့်လွန်း မနိမ့်လွန်း မိုးပေးရပါတယ် … သစ်ခွစင်တန်းများ ပတ်၀န်းကျင်တွင် စိုထိုင်းဆ ( ၂၀ ) မှ ( ၂၅ ) ရာခိုင်နှုန်းရှိအောင် ပြုပြင်ဖန်တီးပေးရန်လိုအပ်ပါတယ် …..

သစ်ခွစင်တန်း တည်ဆောက်ရာတွင် ထိပ်အကျယ် လေးပေ ၊ အရှည် ပေ ( ၁၀၀ ) ၊ အမြင့် သုံးပေ ၊ ခြောက်ပေ နှစ်ထပ်စင်ဆောက်ရပါတယ် …စင်ပေါ်တွင် သစ်သားတန်း တစ်တန်းနှင့်တစ်တန်း ( ၁၀ ) လက်မခြား ကန့်လန့်ရိုက်ရပါတယ် …

စင်တစ်စင်နှင့်တစ်စင်ကြား လူသွားလမ်း သုံးပေခွဲချန်ထားပေးပါ … အပင်ကိုပြုစု စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် ဖြစ်ပါတယ် …စင်အောက်တွင် စိုထိုင်းဆကောင်းပြီး စိမ့်အေးနေစေရန် အနက်လေးလက်မတူးပြီး ၎င်းထဲသို့ အုန်းဆံမှုန့် ၊ စက်ဖွဲပြာ ၊ သဲစသည်များ ဖြန့်ခင်းပေးထားရပါမယ် …

စင်တွင်အသုံးပြုသော သစ်သားများတွင် မှိုရောဂါများ ကပ်ပါလာနိုင်သဖြင့် စင်ဆောက်ပြီးပါက မှိုသတ်ဆေးဖျန်းပေးရန် လိုအပ်ပါတယ်ခင်ဗျာ

သစ်ခွမျိုးပွားရန်နှင့်စိုက်ပျိုးရန်အတွက် အသုံးပြုမည့် အုန်းဆံခွံများကို မှိုသတ်ဆေးနှင့် ( B1 ) အားဆေး ဖျော်စပ်ထားသော ဆေးရည်တွင် တစ်ပတ်ခန့် စိမ်ပေးပါ …

ထိုကဲ့သို့စိမ်လိုက်ပါက အုန်းဆံခွံဟာ ရောဂါလည်းကင်းပြီး အုန်းဆံခွံများလည်း ပွလာပါလိမ့်မယ် …

အုန်းဆံခွံများကို အမြစ်တွယ်ကပ်အား ကောင်းစေရန် အမြစ်ကုပ်မြန်စေရန် ပွနေအောင် ထုပြီးမှ အသုံးပြုရန် လိုအပ်ပါတယ် …

သစ်ခွစင်နှင့် သစ်ခွရုံဆောက်ပြီးပါက သစ်ခွပင်များ မစိုက်ပျိုးမီ သစ်ခွစင်များနှင့် အောက်ကြမ်းခင်းတွေပါ အားလုံးစိုရွှဲပြီး ရေဝနေစေရန် ဖျန်းပြီးမှ စိုက်ပျိုးရန်လိုအပ်ပါတယ် …

သစ်ခွပျိုးပင်အမြစ်ဇုန်ကိုစိုက်ပျိုးတဲ့အခါ စင်ဘေးရှိ တန်းနှင့်မြဲနေအောင် ချည်နှောင်ပြီး တွယ်ကပ်စိုက်ပျိုးမိရန် သတိပြုပါ …

သို့မဟုတ်လျှင် တော်တော်နှင့် အမြစ်မစွဲဘဲ အပင်သေသွားနိုင်သည်။ စင်တန်းပေါ်တွင် တစ်ပင်နှင့်တစ်ပင်ရှစ်လက်မခြား စိုက်ပျိုးပေးရပါတယ်

ဒါပေမယ့် အပင်အကွာအဝေး အမျိုးအစားအလိုက် ကွာခြားမှုတော့ ရှိနိုင်ပါတယ်ခင်ဗျာ …

သစ်ခွတစ်ပင်ဟာ ( ၁၀ ) ပင်မှ ( ၁၂ ) ပင်အထိ ပွားနိုင်ပြီး ၊ တစ်နှစ် သုံးလေးကြိမ် ရိတ်သိမ်းဖြတ်ယူနိုင်ပါတယ် …

သစ်ခွစိုက်ပြီးလျှင် အပင်များကြီးထွားဖွံ့ဖြိုးရန် ရေပေးသည့် စနစ်နှင့် မြေသြဇာကျွေးသည့် စနစ်ဟာ အရေးကြီးပါတယ် …

ရေသည် ( PH ၆ မှ ၇ ဒသမ ၅ ) ရှိလျှင် ပိုကောင်းပြီး ၊ ဆားဓာတ် ၊ သံဓာတ် ၊ ထုံးဓာတ်များသောရေကိုမသုံးသင့်ပါ …

သစ်ခွပင်များကို နံနက်တစ်ကြိမ် ၊ ညနေခင်းတစ်ကြိမ် ရေပေးရန်လိုအပ်ပါတယ်ခင်ဗျာ …

မိုးရာသီတွင် ရေပေးချိန်လျော့နိုင်ပါတယ် … ရေပိုက်နှင့်တိုက်ရိုက် ရေပေးလျှင် အမြစ်ဇုန်ကို ရေအားနှင့် မလောင်းမိစေရန် သတိပြုပေးပါ …အပေါ်မှ ရေပန်းခေါင်းဖြင့် ရေမှုန်မွှားအသွင် ဖျန်ပေးနိုင်လျှင် ပို၍ကောင်းပါတယ် …

အပင်ကြီးထွားမှု ကောင်းစေရန် အစာအာဟာရနှင့် ရေပေးမှန်လျှင် မှန်သလောက် အပင်ကြီးထွားလာပါတယ်ခင်ဗျာ …..

crdအောင်ဆန်း ( စိုက်ပျိုးရေး )

Zawgyi

သစ္ခြကို အိုးစနစ္ ၊ ျခင္းစနစ္ ၊ တိုင္ေထာင္စနစ္ ၊ ခ်ိတ္ဆြဲစနစ္ ၊ အပင္ႀကီးတြင္ တြယ္ကပ္စနစ္ ၊ စင္တန္းစနစ္ စသည့္ စနစ္အမ်ိဳးမ်ိဳး ေဆာင္႐ြက္နိုင္ပါတယ္ …

ဤစနစ္အမ်ိဳးမ်ိဳးမ်ားအနက္ လက္ရွိေအာင္ျမင္နိုင္ၿပီး စီးပြားေရးတြက္ေျခကိုက္နိုင္ေသာစနစ္ မွာ စင္တန္းစနစ္ျဖစ္ပါတယ္ … ဒါ့ေၾကာင့္ သစ္ခြစိုက္ရန္ သစ္ခြ႐ုံ ၊ သစ္ခြစင္ ဦးစြာေဆာက္လုပ္ရပါမယ္ …

သစ္ခြဟာ မူလေတာဂနိုင္ စိမ့္စမ္းၿမိဳင္ထဲက ပတ္၀န္းက်င္ သဘာ၀အေျခအေနအတိုင္း ထူေထာင္ဖန္တီးေပးနိုင္မွသာ ဖြံ႕ၿဖိဳးႀကီးထြားနိုင္မွာပါ… သို႔မဟုတ္လွ်င္ ျဖစ္ထြန္းမႈေႏွးေကြးၿပီး ၾကန့္ၾကာနိုင္ပါတယ္ …

သစ္ခြစင္တန္းမ်ား ပတ္၀န္းက်င္တြင္ သူ႕သဘာ၀စိုထိုင္းဆႏွင့္ ပတ္၀န္းက်င္ရရွိေအာင္ အေပၚမွ ( Hori Net ) ျဖင့္ မိုးေပးရပါတယ္ …သစ္ခြ႐ုံဟာ အလင္းေရာင္ကို လုံေလာက္စြာရရွိဖို႔လိုပါတယ္ … ေလ၀င္ေလထြက္လဲ ေကာင္းမြန္ရပါမယ္ …

ဒါ့ေၾကာင့္ အမိုးကို မျမင့္လြန္း မနိမ့္လြန္း မိုးေပးရပါတယ္ … သစ္ခြစင္တန္းမ်ား ပတ္၀န္းက်င္တြင္ စိုထိုင္းဆ ( ၂၀ ) မွ ( ၂၅ ) ရာခိုင္ႏႈန္းရွိေအာင္ ျပဳျပင္ဖန္တီးေပးရန္လိုအပ္ပါတယ္ …..

သစ္ခြစင္တန္း တည္ေဆာက္ရာတြင္ ထိပ္အက်ယ္ ေလးေပ ၊ အရွည္ ေပ ( ၁၀၀ ) ၊ အျမင့္ သုံးေပ ၊ ေျခာက္ေပ ႏွစ္ထပ္စင္ေဆာက္ရပါတယ္ …စင္ေပၚတြင္ သစ္သားတန္း တစ္တန္းႏွင့္တစ္တန္း ( ၁၀ ) လက္မျခား ကန့္လန့္ရိုက္ရပါတယ္ …

စင္တစ္စင္ႏွင့္တစ္စင္ၾကား လူသြားလမ္း သုံးေပခြဲခ်န္ထားေပးပါ … အပင္ကိုျပဳစု ေစာင့္ေရွာက္ထိန္းသိမ္းနိုင္ရန္ ျဖစ္ပါတယ္ …စင္ေအာက္တြင္ စိုထိုင္းဆေကာင္းၿပီး စိမ့္ေအးေနေစရန္ အနက္ေလးလက္မတူးၿပီး ၎ထဲသို႔ အုန္းဆံမႈန့္ ၊ စက္ဖြဲျပာ ၊ သဲစသည္မ်ား ျဖန့္ခင္းေပးထားရပါမယ္ …

စင္တြင္အသုံးျပဳေသာ သစ္သားမ်ားတြင္ မွိုေရာဂါမ်ား ကပ္ပါလာနိုင္သျဖင့္ စင္ေဆာက္ၿပီးပါက မွိုသတ္ေဆးဖ်န္းေပးရန္ လိုအပ္ပါတယ္ခင္ဗ်ာ

သစ္ခြမ်ိဳးပြားရန္ႏွင့္စိုက္ပ်ိဳးရန္အတြက္ အသုံးျပဳမည့္ အုန္းဆံခြံမ်ားကို မွိုသတ္ေဆးႏွင့္ ( B1 ) အားေဆး ေဖ်ာ္စပ္ထားေသာ ေဆးရည္တြင္ တစ္ပတ္ခန့္ စိမ္ေပးပါ …

ထိုကဲ့သို႔စိမ္လိုက္ပါက အုန္းဆံခြံဟာ ေရာဂါလည္းကင္းၿပီး အုန္းဆံခြံမ်ားလည္း ပြလာပါလိမ့္မယ္ …

အုန္းဆံခြံမ်ားကို အျမစ္တြယ္ကပ္အား ေကာင္းေစရန္ အျမစ္ကုပ္ျမန္ေစရန္ ပြေနေအာင္ ထုၿပီးမွ အသုံးျပဳရန္ လိုအပ္ပါတယ္ …

သစ္ခြစင္ႏွင့္ သစ္ခြ႐ုံေဆာက္ၿပီးပါက သစ္ခြပင္မ်ား မစိုက္ပ်ိဳးမီ သစ္ခြစင္မ်ားႏွင့္ ေအာက္ၾကမ္းခင္းေတြပါ အားလုံးစို႐ႊဲၿပီး ေရဝေနေစရန္ ဖ်န္းၿပီးမွ စိုက္ပ်ိဳးရန္လိုအပ္ပါတယ္ …

သစ္ခြပ်ိဳးပင္အျမစ္ဇုန္ကိုစိုက္ပ်ိဳးတဲ့အခါ စင္ေဘးရွိ တန္းႏွင့္ၿမဲေနေအာင္ ခ်ည္ေႏွာင္ၿပီး တြယ္ကပ္စိုက္ပ်ိဳးမိရန္ သတိျပဳပါ …

သို႔မဟုတ္လွ်င္ ေတာ္ေတာ္ႏွင့္ အျမစ္မစြဲဘဲ အပင္ေသသြားနိုင္သည္။ စင္တန္းေပၚတြင္ တစ္ပင္ႏွင့္တစ္ပင္ရွစ္လက္မျခား စိုက္ပ်ိဳးေပးရပါတယ္

ဒါေပမယ့္ အပင္အကြာအေဝး အမ်ိဳးအစားအလိုက္ ကြာျခားမႈေတာ့ ရွိနိုင္ပါတယ္ခင္ဗ်ာ …

သစ္ခြတစ္ပင္ဟာ ( ၁၀ ) ပင္မွ ( ၁၂ ) ပင္အထိ ပြားနိုင္ၿပီး ၊ တစ္ႏွစ္ သုံးေလးႀကိမ္ ရိတ္သိမ္းျဖတ္ယူနိုင္ပါတယ္ …

သစ္ခြစိုက္ၿပီးလွ်င္ အပင္မ်ားႀကီးထြားဖြံ႕ၿဖိဳးရန္ ေရေပးသည့္ စနစ္ႏွင့္ ေျမၾသဇာေကြၽးသည့္ စနစ္ဟာ အေရးႀကီးပါတယ္ …

ေရသည္ ( PH ၆ မွ ၇ ဒသမ ၅ ) ရွိလွ်င္ ပိုေကာင္းၿပီး ၊ ဆားဓာတ္ ၊ သံဓာတ္ ၊ ထုံးဓာတ္မ်ားေသာေရကိုမသုံးသင့္ပါ …

သစ္ခြပင္မ်ားကို နံနက္တစ္ႀကိမ္ ၊ ညေနခင္းတစ္ႀကိမ္ ေရေပးရန္လိုအပ္ပါတယ္ခင္ဗ်ာ …

မိုးရာသီတြင္ ေရေပးခ်ိန္ေလ်ာ့နိုင္ပါတယ္ … ေရပိုက္ႏွင့္တိုက္ရိုက္ ေရေပးလွ်င္ အျမစ္ဇုန္ကို ေရအားႏွင့္ မေလာင္းမိေစရန္ သတိျပဳေပးပါ …အေပၚမွ ေရပန္းေခါင္းျဖင့္ ေရမႈန္မႊားအသြင္ ဖ်န္ေပးနိုင္လွ်င္ ပို၍ေကာင္းပါတယ္ …

အပင္ႀကီးထြားမႈ ေကာင္းေစရန္ အစာအာဟာရႏွင့္ ေရေပးမွန္လွ်င္ မွန္သေလာက္ အပင္ႀကီးထြားလာပါတယ္ခင္ဗ်ာ …..

crdေအာင္ဆန္း ( စိုက္ပ်ိဳးေရး )