International News

သေဆုံးသွားတဲ့ ရင်သွေးလေးရဲ့ ရုပ်အလောင်းနဲ့ ရက်အတော်ကြာ‌အောင် အတူနေခဲ့တဲ့ မိဘနှစ်ပါး

သားသမီးလေးတွေကို ကိုးလလွယ် ဆယ်လဖွားပြီး လူ့လောကထဲကို ပို့ဆောင်ပေးခဲ့တဲ့ မိဘတွေကတော့ လောကမှာ ဘာနဲ့မှအစားထိုးလို့မရနိုင်သလို ရင်သွေးလေးတွေအပေါ်မှာလည်း သံယောဇဉ်မေတ္တာအကြီးမားဆုံးသော သူတွေပဲဖြစ်ကြပါတယ်။မိဘတွေနဲ့ သံယောဇဉ်ကြီးမားမှုကို ပုံဖော်ပြသခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကိုဖော်ပြရမယ်ဆိုရင်တော့ Charlotte Szakacs နဲ့ သူ့မရဲ့ခင်ပွန်းဖြစ်သူ Attila တို့အကြောင်းလေးကိုဖော်ပြေပေးလိုပါတယ်။

ပထဦးဆုံးရင်သွေးလေးရရှိနိုင်ဖို့အတွက် တနှစ်ကျော်လောက်ကြိုးစားခဲ့ရသလို သူတို့ရင်သွေးလေးတစ်ဦးဖွားမြင်လာတဲ့အခါမှာလည်း သူတို့ရဲ့ရင်သွေးလေးဟာ ပေါင်ချိန် ၅ ပေါင်သာသာပဲရှိပြီး အဆုတ်နဲ့ အူလမ်းကြောင်းတွေဟာ အင်မတန်မှသေးငယ်နေတာကြောင့် အသက်ရှူလို့ပင်မရနိုင်ဘဲ ခွဲစိတ်မှုတွေပြုလုပ်ခဲ့ရပါတယ်။

သို့ပေမယ့် ကံတရားကြီးကတော့ ခွဲစိတ်မှုတွေအပြီး ၄ရက်အကြာလောက်မှာပဲ သူတို့နှစ်ဦးရဲ့ရင်သွေးလေးကို လူ့လောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားစေခဲ့ပါတယ်။ဒီဖြစ်ရပ်ဆိုးကြီးနဲ့ရင်ဆိုင်ရတဲ့ မိဘနှစ်ပါးဟာဆိုရင်လည်း လုံဝဖြေမဆယ်နိုင်ဖြစ်ခဲ့ကြပြီး ဘာမှမစားနိုင် မသောက်နိုင်ဘဲ ဆေးရုံကရင်သွေးလေးရဲ့ ရုပ်အလောင်းဘေးမှာပဲ ၁၂ ရက်ကျော်လောက်နေထိုင်ခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့လင်မယားဟာ ခဲတောင့်နေတဲ့ သူတို့ရင်သွေးလေးကို အိမ်ကိုပြန်လည်ခေါ်ဆောင်သွားခဲ့ပြီး တကယ့်သက်ရှိကလေးငယ်နဲ့နေထိုင်သလို လေးရက်လောက်အတူထပ်နေခဲ့ကြပါတယ်။ပရိသတ်တွေအခုမြင်တွေ့နေရတဲ့ ဒီပုံရိပ်လေးတွေထဲမှာလည်း ရင်သွေးလေးကသေဆုံးနေခဲ့ပြီဖြစ်တာတောင် သူတို့နှစ်ဦးရဲ့မေတ္တာတွေ ရင်သွေးလေးအပေါ်ထားရှိတဲ့ သံယောဇဉ်တွေက ဘယ်လိုမှဖုံးထားလို့မရလောက်အောင်ပေါ်လွင်လွန်းလှပါတယ်။

အဲ့ဒီလေးရက်အပြီးမှာတော့ သူတို့လင်မယားနှစ်ယောက်ဟာ ရင်သွေးလေးရဲ့ရုပ်အလောင်းကို မြေမြှုပ် သဂြိုလ်ပေးခဲ့ကြပြီးအေးချမ်းတဲ့အရပ်ကိုပို့ပေးခဲ့ပေမယ့် သူတို့ရင်ထဲမှာတော့ အပူမီးတွေက အတောမသတ်နိုင်အောင်လောင်ကျွမ်းနေခဲ့ကြပါတယ်။ သူတို့လင်မယားရဲ့အဖြစ်ကတော့ ကိုယ်တိုင်မခံစားရဘဲ ကြားသိရတာနဲ့တောင် အင်မတန်ကြေကွဲစရာကောင်းလွန်းလှပါတယ်။

Source : elitereaders


Credit _ 11:11pm

Zawgyi

ေသဆုံးသြားတဲ့ ရင္ေသြးေလးရဲ႕ ႐ုပ္အေလာင္းနဲ႕ ရက္အေတာ္ၾကာ‌ေအာင္ အတူေနခဲ့တဲ့ မိဘႏွစ္ပါး

သားသမီးေလးေတြကို ကိုးလလြယ္ ဆယ္လဖြားၿပီး လူ႕ေလာကထဲကို ပို႔ေဆာင္ေပးခဲ့တဲ့ မိဘေတြကေတာ့ ေလာကမွာ ဘာနဲ႕မွအစားထိုးလို႔မရနိုင္သလို ရင္ေသြးေလးေတြအေပၚမွာလည္း သံေယာဇဥ္ေမတၱာအႀကီးမားဆုံးေသာ သူေတြပဲျဖစ္ၾကပါတယ္။မိဘေတြနဲ႕ သံေယာဇဥ္ႀကီးမားမႈကို ပုံေဖာ္ျပသခဲ့တဲ့ျဖစ္ရပ္ေလးတစ္ခုကိုေဖာ္ျပရမယ္ဆိုရင္ေတာ့ Charlotte Szakacs နဲ႕ သူ႕မရဲ႕ခင္ပြန္းျဖစ္သူ Attila တို႔အေၾကာင္းေလးကိုေဖာ္ေျပေပးလိုပါတယ္။

သူတို႔လင္မယားႏွစ္ေယာက္ဟာ ပထဦးဆုံးရင္ေသြးေလးရရွိနိုင္ဖို႔အတြက္ တႏွစ္ေက်ာ္ေလာက္ႀကိဳးစားခဲ့ရသလို သူတို႔ရင္ေသြးေလးတစ္ဦးဖြားျမင္လာတဲ့အခါမွာလည္း သူတို႔ရဲ႕ရင္ေသြးေလးဟာ ေပါင္ခ်ိန္ ၅ ေပါင္သာသာပဲရွိၿပီး အဆုတ္နဲ႕ အူလမ္းေၾကာင္းေတြဟာ အင္မတန္မွေသးငယ္ေနတာေၾကာင့္ အသက္ရႉလို႔ပင္မရနိုင္ဘဲ ခြဲစိတ္မႈေတြျပဳလုပ္ခဲ့ရပါတယ္။

သို႔ေပမယ့္ ကံတရားႀကီးကေတာ့ ခြဲစိတ္မႈေတြအၿပီး ၄ရက္အၾကာေလာက္မွာပဲ သူတို႔ႏွစ္ဦးရဲ႕ရင္ေသြးေလးကို လူ႕ေလာကထဲကေန အၿပီးအပိုင္ထြက္ခြာသြားေစခဲ့ပါတယ္။ဒီျဖစ္ရပ္ဆိုးႀကီးနဲ႕ရင္ဆိုင္ရတဲ့ မိဘႏွစ္ပါးဟာဆိုရင္လည္း လုံဝေျဖမဆယ္နိုင္ျဖစ္ခဲ့ၾကၿပီး ဘာမွမစားနိုင္ မေသာက္နိုင္ဘဲ ေဆး႐ုံကရင္ေသြးေလးရဲ႕ ႐ုပ္အေလာင္းေဘးမွာပဲ ၁၂ ရက္ေက်ာ္ေလာက္ေနထိုင္ခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူတို႔လင္မယားဟာ ခဲေတာင့္ေနတဲ့ သူတို႔ရင္ေသြးေလးကို အိမ္ကိုျပန္လည္ေခၚေဆာင္သြားခဲ့ၿပီး တကယ့္သက္ရွိကေလးငယ္နဲ႕ေနထိုင္သလို ေလးရက္ေလာက္အတူထပ္ေနခဲ့ၾကပါတယ္။ပရိသတ္ေတြအခုျမင္ေတြ႕ေနရတဲ့ ဒီပုံရိပ္ေလးေတြထဲမွာလည္း ရင္ေသြးေလးကေသဆုံးေနခဲ့ၿပီျဖစ္တာေတာင္ သူတို႔ႏွစ္ဦးရဲ႕ေမတၱာေတြ ရင္ေသြးေလးအေပၚထားရွိတဲ့ သံေယာဇဥ္ေတြက ဘယ္လိုမွဖုံးထားလို႔မရေလာက္ေအာင္ေပၚလြင္လြန္းလွပါတယ္။

အဲ့ဒီေလးရက္အၿပီးမွာေတာ့ သူတို႔လင္မယားႏွစ္ေယာက္ဟာ ရင္ေသြးေလးရဲ႕႐ုပ္အေလာင္းကို ေျမျမႇုပ္ သၿဂိဳလ္ေပးခဲ့ၾကၿပီးေအးခ်မ္းတဲ့အရပ္ကိုပို႔ေပးခဲ့ေပမယ့္ သူတို႔ရင္ထဲမွာေတာ့ အပူမီးေတြက အေတာမသတ္နိုင္ေအာင္ေလာင္ကြၽမ္းေနခဲ့ၾကပါတယ္။ သူတို႔လင္မယားရဲ႕အျဖစ္ကေတာ့ ကိုယ္တိုင္မခံစားရဘဲ ၾကားသိရတာနဲ႕ေတာင္ အင္မတန္ေၾကကြဲစရာေကာင္းလြန္းလွပါတယ္။

Source : elitereaders
Credit _ 11:11pm