ပရိတ်သတ်ကြီးရေ.. သရုပ်ဆောင်ကောင်းတဲ့အပြင် အဆိုပိုင်းနဲ့ ပန်းချီတွေအပြင် ရှုတင်မိတ်ကပ်တွေမှာလည်း ထူးချွန်တဲ့စွယ်စုံရအနုပညာရှင်ကတော့ တည်ငြိမ်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားချောနေတိုးပဲ ဖြစ်ပါတယ်နော်..။

ပရိတ်သတ်တွေကြား အမြဲရေပန်းစားအောင်မြင်နေပြီး လူကြိုက်များတဲ့ နှင်းဆီအဖွဲ့ကလည်း ရယ်မောပျော်ရွှင်စေတဲ့ ရယ်စရာဟာသလေးတွေနဲ့ ပရိတ်သတ်တွေရဲ့ ဘဝအမောလေးတွေကိုပြေပျောက်စေကြတာမို့လည်း သူတို့အဖွဲ့လေးကို အားလုံးက ချစ်ခင်သဘောကျနေကြတာပါ..။

အခုတစ်ခါမှာလည်း နေတိုး၊ ကျော်ကျော်ဗိုလ်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်းဆီအဖွဲ့သားတွေကတော့ တမူထူးခြားတဲ့ အစီအစဉ်အသစ်လေးတွေနဲ့ ပရိတ်သတ်တွေကိုနှစ်သက်သဘောကျအောင် ဖန်တီးတင်ဆက်ပေးတော့မှာပါနော်။

နှင်းဆီပရိသတ်တွေအတွက် Private Closed Group လေး တခုကိုဖန်တီးပြီး ပရိသတ်တွေအနေနဲ့ Fb Acc တစ်ခုကို ငွေကျပ်(၅၀၀၀)သာ ပေးချေကာ Group Member အဖြစ်ဝင်ရောက်ပြီး သူတို့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို အားပေးကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်နော်..။

“အေးချမ်းတဲ့❄ December လရဲ့ ညတစ်ညမှာ
ကျွန်တော်တို့ရဲ့ နှင်းဆီပရိတ်သတ်တွေအတွက်ပျော်စရာကောင်းတဲ့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်
ချစ်ရတဲ့ပရိသတ်တွေလည်း အားလုံးပျော်ရမယ်ကျွန်တော်တို့နှင်းဆီတွေလည်း ပျော်နေရမယ့် အစီအစဉ်လေးပါ
အဲ့အစီအစဉ်လေးက ဘာလဲဆိုတော့ နှင်းဆီပရိသတ်တွေ အတွက် သီးသီးသန့်သန့် နွေးနွေးထွေးထွေး ဆုံတွေ့အားပေးလို့ရမယ့် Private Closed Group လေးတခု ကို ဖန်တီးထားပါတယ်နှင်းဆီကိုချစ်သော ပရိသတ်များ အနေနဲ့
ကျွန်တော်တို့ ဖန်တီးထားတဲ့ Private Closed Group လေးထဲကို Group Member အဖြစ်ဝင်ရောက်ပြီးတော့ ကျွန်တော်တို့ရဲ့ ဖျော်ဖြေတင်ဆက် မှုများကို အားပေးကြည့်ရှု နိုင်မှာဖြစ်ပါတယ်
ဒီနှင်းဆီတွေရဲ့ Private Closed group ထဲကို ပရိသတ်တွေ က Group Members အဖြစ် ဝင်ရောက် ကြည့်ရှု အားပေးဖို့အတွက် Facebook account တစ်ခုကို ကျပ် ၅၀၀၀ သာပေးရမှာဖြစ်ပါတယ်
ကဲ ……
ကျွန်တော့်တို့ နှင်းဆီတွေ ရဲ့ဖျော်ဖြေတင်ဆက်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်ရင်တော့
ဒီ နှင်းဆီတွေရဲ့ Private Closed Group ထဲကို လာ ရောက် Join ထားဖို့ ဖိတ်ခေါ်ပါတယ်
Private Close group နာမည် နဲ့ ပြုလုပ်မယ့်ရက်နဲ့ အချိန်ကိုလည်း ထပ်မံ ကြေငြာသွားပါမယ်ဗျာ
သေချာတာကတော့ ကျွန်တော်တို့ နှင်းဆီပရိသတ်တွေ အရမ်းပျော်နေစေမယ်ဗျာ
ကဲ
ဘယ်လိုလည်း မိတ်ဆွေတို့…..??
Stay Tuned……” ဆိုပြီး သူတို့ရဲ့ အစီအစဉ်လေးကို နေတိုးက ပြောပြထားတာမို့ member အဖြစ် ပါဝင်ပြီး အားပေးကြဖို့ အသင့်ပဲလား ပရိသတ်ကြီး..။


Photo Credit_ Nay Toe’s Fb Acc


Credit_Myanmarload