Health Knowledge

ပိုက်ဆံသိပ်မကုန်ဘဲ နှလုံးသွေးကြောပိတ်ဆို့မှုကို ကုသနိုင်သော နည်းလမ်း

အမေရိကမှာ ချမ်းသာတဲ့တရုတ်လူမျိုးတစ်ယောက်ရှိပါတယ်။ ဝက်သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတမ်းစားလေ့ရှိသူပေါ့။

လှုပ်ရှားမှုကလည်း သိပ်မရှိဘဲ ဇိမ်ခံတာသာများတယ်။ အသက်နည်းနည်းရလာတော့ ရင်ဘတ်ကအောင့်အောင့်လာတယ်။

ဒါနဲ့သူလည်း ဆရာဝန်ကိုသွားပြရတာပေါ့။ ဆရာဝန်ကစစ်ကြည့်လိုက်တော့ နှလုံးသွေးကြောတွေ ၃ချောင်းလုံး ၉၀ရာခိုင်နှုန်း ပိတ်နေပြီ။ ခွဲစိတ်ကုသမှရမယ်ဆိုပြီး သူ့ကိုရက်ချိန်းပေးလိုက်ပါတယ်။

သူလည်း စိတ်တော်တော်ညစ်သွားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးဆရာကြီးတွေဆီကို သွားပါတယ်။ တိုင်းရင်းဆေးဆရာကြီးက သူ့ကိုနေ့စဉ်ကြွက်နားရွက်မှိုကို စားခိုင်းပါတယ်။

ဘာဟင်းချက်ချက် ကြွက်နားရွက်မှိုသုံးလေးခုလောက်ထည့်ချက်ပြီး စားခိုင်းတော့ သူလည်းမပျက်မကွက် စားပါတယ်။

ဒီလိုနဲ့ ၃ပတ်အကြာ ဆရာဝန်ဆီပြန်ပြတော့ သူ့ရဲ့ပိတ်နေတဲ့ နှလုံးသွေးကြော ၃ချောင်းလုံးဟာ လုံးဝပြန်ပွင့်သွားတာကိုတွေ့ခဲ့ရပါတယ်။

ဆရာဝန်ကမယုံလို့ အကြိမ်ကြိမ်ပြန်စစ်ခဲ့ပေမဲ့ အံ့သြစွာကောင်းလောက်အောင်ပင် သွေးကြောတွေ ရှင်းလင်းကောင်းမွန်နေတာကို တွေ့ရတော့ ခင်ဗျားဘယ်လိုများ လုပ်လိုက်တာလဲဗျာလို့ကို မေးယူရပါတယ်။

ဟုတ်ကဲ့၊ ကျွန်တော်ဒီရက်ပိုင်းလေးအတွင်းမှာ ကြွက်နားရွက်မှိုကို နေ့စဉ်နည်းနည်းစီ စားခဲ့တာပါပဲဗျာလို့ သူကပြန်ပြောတော့ ဆရာဝန်ကသူ့ကို အကြိမ်ကြိမ် လက်ဆွဲနှုတ်ဆက်လိုက်ရပါတယ်။

နှလုံးသွေးကြောပိတ်ဆို့မှုကို အလွယ်တကူဖြေရှင်းပေးလိုက်တာကတော့ ကြွက်နားရွက်မှိုပဲဖြစ်ပါတယ်။

သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အနည်အနှစ်တွေကိုကြွက်နားရွက်မှိုက လွယ်ကူစွာရှင်းလင်းပေးပါတယ်။ ဝက်သားကြိုက်တဲ့တရုတ်တွေအသက်ရှည်ကြတာဟာကြွက်နားရွက်မှိုစားလို့လည်းပါပါတယ်။

ကျွန်တော်တို့လူမျိုးတွေရှေးတုန်းကတည်းကအသက်ရှည်ခဲ့ကြတာလည်းကြွက်နားရွက်မှိုစားခဲ့လို့ပါပဲ။ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ကြာဆံဟင်းခါးထဲမှာကြွက်နားရွက်မှိုထည့်စားကြပါတယ်။

အသက်ရလာပြီဆိုရင်သွေးကြောတွေထဲမှာအနည်တွေထိုင်လာပြီးသွေးကြောကျဉ်းလာကြတာချည်းပဲ။အဲဒီ့ရောဂါနဲ့ပဲသေကြရတာလည်းများပါတယ်။

ကြွက်နားရွက်မှိုကအဲဒီပြဿနာကိုကောင်းကောင်းဖြေရှင်းပေးပါတယ်။ အိမ်မှာ လူကြီးမိဘတွေရှိရင်ကြွက်နားရွက်မှိုကိုကျွေးပါ။ အသက်ရှည်ပါလိမ့်မယ်။

ကိုယ်အလေးချိန်များလို့အဆီချချင်သူတွေအတွက်လည်းကြွက်နားရွက်မှိုကလက်နက်ကောင်းတစ်ခုပါပဲ။အမှန်တကယ်ကိုအဆီကျပါတယ်။ဒါကြောင့်တစ်ပတ်ကိုတစ်ကြိမ်လောက်ကြာဆံဟင်းခါးချက်စားပေးရင်အများကြီးအကျိုးရှိပါတယ်။

ကြွက်နားရွက်မှိုကိုစားတဲ့အခါမှာသေသေချာချာညက်အောင်ဝါးပေးဖို့တော့လိုပါတယ်။ဒါမှသူ့အထဲကကောင်းတဲ့ဓာတ်တွေထွက်လာမှာဖြစ်ပါတယ်။အမြဲတမ်းစားပေးရင်သွေးကြဲဆေးသောက်နေရသူတွေတောင်ဆေးသောက်ဖို့မလိုတော့အောင်ကောင်းနေပါလိမ့်မယ်။

သွေးကြောလည်းရှင်းအဆီလည်းကျဆိုတော့ကျန်းမာရေးလည်းကောင်းလူလည်းလှတာပေါ့။ ဘယ်လောက်ကောင်းလိုက်မလဲနော်။ဒါကြောင့် အကျိုးရှိမယ်ဆိုရင် ပြန်လည်မျှဝေပေးလိုက်ပါနော်။

credit -သင့်အတွက်ကျန်းမာရေး
photo credit-pinterest