ဗဟုသုတ

မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ချစ်သူကောင်လေးဖက်ကအမှားများ…

မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ချစ်သူကောင်လေးဖက်ကအမှားများ…

မိန်းကလေးတစ်ယောက်ဟာ ယောက်ကျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့ရဲ့ ဥစ္စာ၊ စည်းစိမ်၊ ဂုဏ်၊ ပကာသနတွေထက် သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုပဲ လိုချင်တာဖြစ်ပါတယ်။ တစ်ခါတလေ ယောက်ကျားလေးဖက်က အသေးအမွှားလို့ထင်တဲ့ ကိစ္စလေးတွေ၊ ဂရုမစိုက်မှုလေးတွေက မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတာကြောင့် အသေးအမွှားလေးတွေ များလာတဲ့အခါ မလှမပနဲ့ ဇာတ်သိမ်းသွားရတတ်ပါတယ် …။

ဒါကြောင့် ခုဖော်ပြပေးမှာကတော့ အချစ်ရေးတစ်ခုမှာ မိန်းကလေးတွေကို ဝမ်းနည်းကြေကွဲစေတဲ့ ယောက်ကျားလေးဖက်က အမှားတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ ချစ်သူကို မဆုံးရှုံးခင် ပြင်ဖို့ လိုနေပြီဆိုတာ သိလိုက်ပါတော့နော် …။

(၁) အမြဲလိုလိုတခြားအရာတွေကို ဦးစားပေးတယ်

မိန်းကလေးတွေဟာ ချစ်သူရဲ့ နံပါတ် ၁ နေရာမှာရှိချင်တဲ့သူတွေပါ။ ဒီလိုပြောလို့ သူတို့က အတ္တကြီးတာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့နံပါတ် ၁ နေရာမှာထားတဲ့ သူတစ်ယောက်ရဲ့ နံပါတ် ၁ ဖြစ်ချင်တာဟာ အပြန်အလှန်သဘောတရားတွေ ဖြစ်ပါတယ်။ တစ်ခါတလေတော့ ပြသနာမရှိပေမယ့် အမြဲလိုလို အလုပ်၊ မိသားစု စသဖြင့် တခြားအရာတွေကိုပဲ ဦးစားပေးပြီး ချစ်သူကအမြဲတမ်း သည်းခံနားလည်ပေးနေရတယ် ဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ အရာဖြစ်သလို ဖွင့်မပြောသည့်တိုင်အောင် ချစ်သူကို ဝမ်းနည်းကြေကွဲစေတယ်ဆိုတာ သိထားပါ …။

(၂) သူ့ခံစားချက်ကိုနားမလည်ပေးဘူး၊ နားလည်ပေးဖို့မကြိုးစားဘူး

မိန်းကလေးတွေထဲမှာ ခံစားချက်ကို လွယ်လွယ်နဲ့ဖွင့်ပြ၊ ထုတ်ပြတတ်တဲ့သူတွေရှိသလို ခံစားချက်တွေကို မြိုသိပ်ပြီး လွယ်လွယ်ထုတ်မပြတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူကို နားလည်ဖို့၊ ချစ်သူရဲ့ခံစားချက်တွေကို ကိုယ်ချင်းစာတတ်ရပါမယ်။ တစ်ခါတလေချစ်သူက စိတ်ဆိုးစိတ်ကောက်တဲ့အခါ သူဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဘယ်အရာက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေပြီး စိတ်ပြေအောင်ချော့မော့ကာ၊ နောက်မဖြစ်အောင် ဆင်ခြင်ရမှာပါ။ ဒီလိုမှ မဟုတ်ပဲ သူ့ခံစားချက်ကို နားမလည်ဘူး၊ နားလည်ပေးဖို့လည်း မကြိုးစားးဘူးဆိုရင်တော့ သင့်ချစ်သူက သင့်အနားကနေ အနှေးနဲ့ အမြန် ထွက်သွားတော့မှာပါနော် …။

(၃) အထီးကျန်စေတယ်

မိန်းကလေးတွေဟာ ပင်ကိုယ်စိတ်ကိုက အားငယ်တတ်တဲ့သူတွေဖြစ်သလို၊ အားကိုးလည်း ရှာတတ်ကြတဲ့သူတွေပါ။ မိန်းကလေးတစ်ယောက်ဟာ ချစ်သူဆီက နွေးထွေးမှု၊ ကြင်နာမှု၊ ဂရိုစိုက်မှုတွေကို အမြဲတမ်းလိုအပ်တဲ့သူတွေဖြစ်ပါတယ်။ ယောက်ကျားလေးတွေအနေနဲ့ ချစ်သူဆီကို စိတ်မရောက်ပဲ တခြားအရာတွေဖြစ်တဲ့ ဂိမ်းဆော့တာတွေ၊ ဖုန်းပွတ်တာတွေ၊ အပေါင်းအသင်းတွေနဲ့ အချိန်ဖြုန်းတာတွေက ချစ်သူကို အထီးကျန်စေသလို၊ အားငယ်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ချစ်သူဖြစ်လာပြီဆိုမှတော့ အချိန်ပေးရမယ်၊ ဂရုစိုက်ရမယ်ဆိုတာ ပြောနေစရာလိုတဲ့ ကိစ္စတစ်ခုမဟုတ်ပါဘူး …။

(၄) ကြင်နာယုယမှု သိပ်မရှိဘူး

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က ဘယ်လောက်ချစ်ပါတယ်ပြောပြော၊ ဘယ်လောက်ပဲ သူ့အတွက်ဆိုပြီး ကြိုးစားပေးနေနေ သူ့ဖက်က အဲဒါကိုမသိရင်လည်း ဘာမှအကျိုးမရှိပါဘူး။ ဒါကြောင့် သင်တကယ်ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာကို သင့်ရဲ့ စကားတွေထဲ၊ အမူအရာတွေထဲမှာ မြင်တွေ့နေပါစေ။ အမှတ်မထင် စာလေးတွေပို့တာ၊ ဖုန်းလှမ်းလှမ်းဆက်တာ၊ လက်ဆောင်သေးသေးလေးတွေ ပေးတာ၊ ပွေ့ဖက်ပေးတာလိုမျိုး ကြင်နာဂရုစိုက်တဲ့ အပြုအမူလေးတွေကိုမလုပ်ပေးဘူးဆိုရင် သင့်ကို စွန့်ခွာသွားတော့မှ သင့်အချစ်တွေကို သူမမြင်တတ်လို့ဆိုပြီး အပြစ်မတင်ပါနဲ့။ မြင်အောင်မပြတတ်တဲ့ သင့်ကိုသင်ပဲ အပြစ်တင်လိုက်ပါ …။

(၅) လွှမ်းမိုးသွားမှာ ကြောက်တယ်

ယောက်ကျားလေးတွေဟာ မိန်းကလေးတစ်ယောက်ရဲ့ လွှမ်းမိုးမှုကိုခံရမှာ အရမ်းကြောက်ကြပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေရဲ့ မြှောက်ပင့်မှုတွေ၊ ကြားဝင်စွက်ဖက်မှုတွေကို ခွင့်ပြုတတ်သလို၊ အရမ်းလည်း နားယောင်တတ်ကြပါတယ်။ ဒါက မိန်းကလေးတစ်ယောက်ကို ဝမ်းနည်းကြေကွဲ စေပါတယ်။ ယောက်ကျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လွှမ်းမိုးမှုကို မခံသင့်ဘူး၊ မိန်းကလေးဆိုတာ ယောက်ကျားက နိုင်ရတယ်ဆိုတဲ့ မှားယွင်းတဲ့ အယူအဆတွေကြောင့် မလှမပဇာတ်သိမ်းတတ်တာကိုလည်း သတိပြုပါနော် …။
Credit