ဗဟုသုတ

ရွှေရေးဆောင် ဆရာတော်ကြီး၏ ပဟေဠိဆန်သော အဆုံးအမများ

ရွှေရေးဆောင် ဆရာတော်ကြီး၏ ပဟေဠိဆန်သော အဆုံးအမများ

၁။တစ်နေ့ လက်ခုပ် သုံးခါတီး။
၂။ငါးဟင်းကြီးများ အမြဲစား။
၃။ရေအေး အခါခါသောက်။
၄။တောင်ဝှေးသုံးချောင်းထောက်။
အန္တရာယ်ကင်းပျောက်။
မဂ်ဖိုလ်နိဗ္ဗာန်ရောက်။

၁။”တစ်နေ့လက်ခုပ်သုံးခါတီး”ဆိုသည်မှာ=တစ်နေ့လျှင် သုံးကြိမ် ဘုရားရှိခိုးပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

၂။”ငါးဟင်းကြီးများအမြဲစား” ဆိုသည်မှာ= ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ အမြဲလုံခြုံအောင် စောင့်ထိန်းပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

၃။”ရေအေးအခါခါသောက်” ဆိုသည်မှာ= အေးမြသောမေတ္တာဘာဝနာတရားကို အကြိမ်ကြိမ်ပွါးများပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

၄။”တောင်ဝှေးသုံးချောင်းထောက်” ဆိုသည်မှာ= အနိစ္စ-မမြဲခြင်။ ဒုက္ခ-ဆင်းရဲခြင်း။ အနတ္တ-ကိုယ်စိုးကိုယ်ပိုင် ခိုင်မြဲသော အနှစ်သာရ ဘာမျှမရှိဟူသော လက္ခဏာရေးသုံးပါးကို မကြာမကြာ ဆင်ခြင်ပွါးများပါ ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

“အန္တရာယ်ကင်းပျောက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်” ဆိုသည်မှာ= ထိုတရားလေးပါးကို ထိထိရောက်ရောက် လိုက်နာကျင့်သုံးနေပါက ဘဝမှာ ဘေးအန္တရာယ် ရန်စွယ်ဟူသမျှတို့ မကျမရောက် ကင်းစင်ပပျောက်ပြီး တဖြေးဖြေးနဲ့ နိဗ္ဗာန်ရောက်ပါမည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

အားလုံး လိုက်နာ ကျင့်သုံးနိုင်ကြပြီး သတ္တဝါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာ ရှိကြပါစေ။

credit-အရှင်ပညာဇောတ
photo credit-pinterest