ပရိတ်သတ်ကြီးရေ မင်းသားချောကြီးဦးလွင်မိုးကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာတိုင်အောင် ရပ်တည်အောင်မြင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိထားတဲ့ ဝါရင့်မင်းသားကြီးဖြစ်ပါတယ်နော်……။ သူဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်ကြီးတစ်ယောက်ဖြစ်တဲ့အပြင် စီးပွားရေးဘက်မှာလည်း အောင်မြင်နေတဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။


ဦးလွင်မိုးဟာ မကြာခဏဆိုသလိုသူ့ရဲ့ Facebookစာမျက်နှာမှာ သူကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေနဲ့ ကြားသိရတဲ့သတင်းလေးတွေကို ပြန်လည်မျှဝေ ပြီး တင်ပေးလေ့ရှိသူပါ။ မကြာသေးမီကတော့ ဦးလွင်မိုးဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ဦးဗေလု၀ဆုံးပြီဆိုတဲ့သတင်းအမှားတစ်ခုကို တင်မိခဲ့တာဖြစ်ပါတယ်။


ကောလဟာလသတင်းတွေကြောင့် Facebookစာမျက်နှာမှာ ဦးဗေလု၀ဆုံးတဲ့အကြောင်း တင်မိခဲ့တဲ့အတွက်လည်း ဦးလွင်မိုးဟာ “ဆေးထိုးတာပဲဖြစ်ဖြစ်သတင်းမှားပဲဖြစ်ဖြစ်ကိုယ်တင်တဲ့သတင်းကိုယ့်တာဝန်သာဖြစ်လို့၊ကိုဗေလုဝနဲ့မိသားစုကိုတောင်းပန်ပါသည်..” ဆိုပြီး စိတ်မကောင်းဖြစ်ကာ တောင်းပန်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo credit-Lwin Moe’s Facebook acc
Credit_Myanmarload