ဗဟုသုတ

အိမ်ခြံမြေ၀ယ်တော့မယ်ဆိုရင် သိထားသင့်သော အရေးကြီးအချက်များ

အိမ်ခြံမြေဝယ်မယ်ဆိုရင်….

မြေတစ်ကွက်ဝယ်ရင်ဘယ်လိုလုပ်ရမှာလဲ၊
ဘာတွေလိုအပ်သလဲ စသည်ဖြင့် မေးမြန်းသူတို့ သိစေရန်အတွက် အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။

(၁) ဝယ်ယူမည့် မြေကွက်၏ ဂရံ၊ ပါမစ်၊ စလစ် စတာတွေကို အရင်စစ်ရပါမည်။
၄င်းတို့ကိုထုတ်ပေးသည် ဌာနများဖြစ်သည့်( နေပြည်တော်၊ရန်ကုန်၊ မန္တလေးတို့တွင် ဆိုက စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာစီမံခန့်ခွဲမှုဌာန တွင်လည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်လည်းကောင်းသွားရောက်စစ်ဆေးရပါသည်။ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တို့တွင် သွားရောက်စစ်ဆေးရန်ဖြစ်သည်။

(၂) ထိုသို့စစ်ဆေးရာ ရောင်းချမည့်သူ အမည်ပေါက်မြေကွက်မှန်ကန်ကြောင်းတွေ့ရှိရပါက အဆိုပါမြေကွက်ကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ကြော်ငြာရပါမည်။

(၃) ကန့်ကွက်သူမရှိပါက စရံပေးစာချုပ် ချုပ်ဆိုရန်ဖြစ်ပါသည်။ ( ဥပမာ ကျပ်သိန်းတစ်ထောင်တန်သောမြေကွက်ဖြစ်ပါက ကျပ်သိန်း တစ်ရာကို ပေး၍ စာချုပ်ရန်ဖြစ်သည်။

(၄) ဝယ်ယူမည့် မြေကွက်ပေါ်တွင် ကျူးကျော်သူမရှိစေရပါ။ ( ဥပမာ ဂိုဒေါင်စောင့်လင်မယားနေတာမျိုး) အဆိုပါ နေထိုင်သူမျိုးကို ဖယ်ပေးရန်အတွက် မြေရှင်ကို ပြောရပါမည်။ ( မြေရှင်က သုံးလလောက် တော့နေထိုင်ခွင့်ပေးပါဟုဆိုလျှင် ဒါဆိုရင် ကျွန်တော်တို့လည်း အစောင့်လင်မယားဖယ်ပြီးမှ ကျန်ငွေကိုချေတော့မယ်ဟုပြောပါ။ ဒါဆိုရင်တော့ မြေရှင်ဟာ ကျန်ငွေ ကျပ်သိန်း(၉၀၀) ကိုလိုချင်သူမို့ ဖယ်ပေးပါလိမ့်မယ်။

Credit-Original Writer
Photo Credit-Pinterest