ဗဟုသုတ

ရင့်ကျက်လာတဲ့သူတွေဆိုတာ ဒီလိုလူတွေပါ

ရင့်ကျက်လာသူတွေရဲ့ သဘာဝ

စိတ်ကောက်တယ်ဆိုတာ ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။စိတ်ဆိုးတယ်ဆိုတာ မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။

စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ရင့်ကျက်သူတွေရဲ့သဘာဝပါ။

မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိုင်တာကလည်း ရင့်ကျက်နေသူတွေရဲ့ထိန်းချုပ်နိူင်စွမ်းပါပဲ။

ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ရင့်ကျက်သူတွေရဲ့ဂုဏ်သတ္တိပါပဲ။

ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ သဘာဝကို သိနားလည်လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။

လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။

အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲလုံလောက်လာတယ်။

‘ဘာမဖြစ်လို့ ညာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်’ ဆိုတာတွေလည်း နည်းလာပြီး ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။

‘ဘာရလို့ ပိုပျော်တယ်’ ဆိုတာလည်း မရှိသလောက် ရှားသွားပြီး ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်းအလိုက်သင့်လေးနေတတ်လာတယ်။

ငွေတန်ဖိုးကို ပိုသိလာတယ်။မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။

အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်း ဦးစားပေးတတ်လာတယ်။

ကြီးရင့်ခြင်းဆိုတာ နုပျိုလန်းဆန်းခြင်းရဲ့အဆုံးသတ်ဖြစ်ပေမယ့် တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်းပြောင်းလဲစပြုလာတဲ့ ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့် သတိထား လက်ခံတတ်လာတယ်။

Credit-Original Writer
Photo Credit-Pinterest