Uncategorized ဗဟုသုတ

သင်ပထမဦးဆုံး မြင်လိုက်တဲ့အရာက ပြောပြမယ့် သင့်အကြောင်း

သင်ပထမဆုံး မြင်လိုက်တဲ့အရာက ပြောပြမယ့် သင့်အကြောင်း

အောက်ပါပေးထားတဲ့ ပုံကို ကြည့်လိုက်တဲ့အခါ သင်အရင်ဆုံး ဘာကိုမြင်မိလဲ? သင်မြင်လိုက်တဲ့ ပထမဦးဆုံးအရာကိုမှတ်ထားပြီး စာကိုဆက်ဖတ်ကြည့်လိုက်နော်

1.မိန်းကလေးတစ်ယောက်ရဲ့မျက်နှာ

သင်ဟာမိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကိုပထမဦးဆုံး မြင်မိတယ်ဆိုရင်တော့ သင်ဟာနူးညံ့တဲ့စိတ်ထားရှိသူ ဖြစ်ပြီး သနားကြင်နာတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အရာရာကို ခေါင်းအေးအေးနဲ့ စဥ်းစားတွေးခေါ်ပြီးမှ ဖြေရှင်းတတ်သူလည်း ဖြစ်ပါတယ်။ မိသားစု၊ဆွေမျိုးတွေ အပေါ်မှာ အလွန်သံယောဇဥ်ရှိသူ ဖြစ်ပြီး အနစ်နာခံတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးငယ်လေးတွေကိုလည်း အရမ်းချစ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အချစ်ရေးမှာ ထက်မြတ်တဲ့ဥာဏ်ကို သုံးပြီး မိမိနှင့် လိုက်ဖတ်နိုင်တဲ့ ချစ်သူမျိုးကိုပဲ ရွေးချယ်တတ်တဲ့သူလည်း ဖြစ်ပါတယ်။ အေးအေးဆေးဆေးနေရတာက်ို သဘောကျပြီးတစ်ယောက်တည်းရှိတဲ့ အချိန်တွေဆိုရင် ပိုပြီးအေးချမ်းတယ်လို့ ခံစားမိတတ်သူတွေလည်း ဖြစ်ပါတယ်။ အရမ်းလည်း ချစ်စရာကောင်းပြီး လူချစ်လူခင်များတဲ့ သူတွေဆိုလည်း မမှားပါဘူးနော်။

2.ကြွက်ကလေး

သင်ဟာ ကြောင်ချီထားတဲ့ ကြွက်ကလေးကို ပထမဦးဆုံးမြင်မိတယ်ဆိုရင်တော့ သင်ဟာ အားနာတတ်တဲ့ စိတ်ရှိပြီး တစ်ခါတစ်ရံ စိတ်အားငယ်တတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မကောင်းတာမှန်သမျှ လုံးဝမလုပ်တတ်တဲ့ လူစားမျိုးပါ။ ရိုးရိုးရှင်းရှင်း နေရတာက်ို သဘောကျပြီး ဖြတ်ထိုးဥာဏ်အရမ်း​ကောင်းတဲ့ သူတွေလည်း ဖြစ်ပါတယ်။

ဝါသနာပါရာက်ို လုပ်နေရရင် စိတ်ခွန်အားတွေရရှိပြီး တက်တက်ကြွကြွနဲ့ ပျော်မြူးတတ်ကြပါတယ်။ ကိုမှန်တယ်ထင်ရင် ဘာကိုမှ ဂရုမစိုက်ပဲ လုပ်တတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ မိသားစုအပေါ် မချစ်သလို နေပေမယ့် စိတ်ထဲမှာတော့ မိသားစုက ပထမလို့ သတ်မှတ်ထားတတ်တဲ့ သူတွေပါ။ ခရီးတွေထွက်ရတာက်ို သဘောကျနှစ်သက်ပြီး သဘာဝတရားကို အပြည့်အဝ ခံစားတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။ သိက္ခာတရားကို အလေးထားတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာတော့ ပေးဆပ်ရရင်ကို ပျော်နေတတ်တဲ့ လူစားမျိုးတွေပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ အမြဲစမတ်ကျကျနေတတ်တဲ့ သူလေးတွေပဲဖြစ်ပါတယ်နော်။

3.ကြောင်ကလေး

သင်ဟာ ကြွက်ကို ချီထားတဲ့ ကြောင်ကလေးကို ပထမဦးဆုံး မြင်မိတယ်ဆိုရင်တော့ သင်ဟာရဲရင့်တဲ့ စိတ်ဓာတ်ရှိသူဖြစ်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်တတ်တဲ့ သူလည်းဖြစ်ပါတယ်။ ကို့ကိုယ်ကို ယုံကြည်မှု အမြဲ ရှိပြီး ဘယ်အရာကိုမဆိုတက်တက်ကြွကြွနဲ့ ပြုမူဆောင်ရွက်တတ်သူတွေလည်း ဖြစ်ပါတယ်။ စကားပြောရာမှာလည်း ပါးနပ်မှုရှိပြီး မည်သူနှင့်မဆို အဆင်ပြေအောင် ပြောဆိုဆက်ဆံတတ်သူတွေလည်း ဖြစ်ပါတယ်။

ကိုမှန်တယ်ထင်ရင် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ပြုလုပ်တတ်သူတွေလည်း ဖြစ်ပါတယ်။ ရပ်ဝေးဒေသများသို့ သွားပြီး စူစမ်းမှတ်တမ်းတင်ရတာကို နှစ်သက်သူတွေလည်း ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ စိတ်ခံစားချက်ကို အများအားဖြင့် ခန့်မှန်းတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ အချစ်ရေးမှာ ကိုကဦးဆောင်တတ်တဲ့သူဖြစ်ပြီး ကို့အပေါ်မကောင်းခဲ့ရင်တော့ တာ့တာပြပြီး လှည့်မကြည့်တတ်တော့တဲ့ လူအမျိုးအစားလည်း ဖြစ်ပါတယ်နော်။ ယုံကြည်ချက်အမြဲရှိတာကြောင့် တောက်ပြောင်နေတတ်တဲ့ သူလေးတွေလည်း ဖြစ်ပါတယ်နော်။

photo credit-pinterest