ရွှေအိုး မြှုပ်နှံပုံ ၄ မျိုး(ကောင်းမှု ရွှေအိုး မြှုပ်နှံပုံ ၄ မျိုး)
(၁)အလှူပေးခြင်း၊ (၂) သီလ ဆောက်တည်ခြင်း၊(၃)ကိုယ်နှုတ်စိတ် စောင့်စည်းခြင်း၊(၄)ဣနြေတို့ကို ဆုံးမခြင်း။
ရွှေအိုး မြှုပ်နှံရာဌာန ၇ မျိုး(ကောင်းမှုရွှေအိုး မြှုပ်နှံရာဌာန ၇ မျိုး)
၁။ စေတီ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊ ၂။ သံဃာ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏ ၃။ ပုဂ္ဂိုလ်၌ ကောင်းမှု ရွှေအိုးကို မြှုပ်နှံအပ်ရာ၏ ၄။ ဧည့်သည်၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊
၅။ အမိ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊… ၆။ အဖ၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏၊… ၇။ အစ်ကိုကြီး, အစ်မကြီး၌ ကောင်းမှုရွှေအိုးကို မြှုပ်နှံအပ်ရာ၏။
ရွှေအိုး မြှုပ်နှံခြင်းအကျိုး ၁၈မျိုး(ကောင်းမှုရွှေအိုး မြှုပ်နှံခြင်းအကျိုး ၁၈ မျိုး)
၁။ ရန်သူတို့ မအောင်နိုင်သည်ဖြစ်၍ တမလွန်ဘဝသို့ အစဉ်လိုက်ခြင်း၊ ၂။ တမလွန်ဘဝသို့ ပြောင်းသွား ရသည်ရှိသော် ထိုကောင်းမှုရွှေအိုးကို ယူ၍ သွားရခြင်း၊
၃။ ကောင်းမှုရွှေအိုးသည် သူတစ်ပါး တို့နှင့် မဆက်ဆံ, ခိုးသူတို့ မခိုးယူနိုင်ခြင်း၊၄။ နတ်လူတို့၏ အလိုဟူသမျှကို ပေးနိုင် ခြင်း, တောင့်တသမျှချမ်းသာအားလုံးကို ရနိုင်ခြင်း၊
၅။ ရုပ်ရည်အဆင်း ကောင်းခြင်း၊ ၆။ အသံ ကောင်းခြင်း၊ ၇။ အသွင်သဏ္ဌာန်ကောင်းခြင်း၊ ၈။ ရုပ်အဆင်းလှပခြင်း၊ ၉။ အစိုးရခြင်း၊
၁၀။ အခြွေအရံများခြင်း၊ ၁၁။ ပဒေသရာဇ်မင်းအဖြစ်ကို ရခြင်း၊ ၁၂။ အစိုးရသော ဧကရာဇ် မင်းအဖြစ်ကို ရခြင်း၊ ၁၃။ စကြဝတေးမင်းချမ်းသာကို ရခြင်း၊ ၁၄။ နတ်မင်းဖြစ်ရခြင်း၊ ၁၅။ လူ့စည်းစိမ် နတ်စည်းစိမ်ကို ရခြင်း၊ ၁၆။ နိဗ္ဗာန်ချမ်းသာကို ရခြင်း၊
၁၇။ မိတ်ဆွေ ကောင်းနှင့် ပြည့်စုံခြင်းကို
အကြောင်းပြု၍ သင့်သောအကြောင်းအား
ဖြင့် အားထုတ်သူအား အရဟတ္တမဂ်ပညာ
အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်း
ရှိသောသူ ဖြစ်ခြင်း၊
၁၈။ ပဋိသမ္ဘိဒါ ၄ ပါး, ဝိမောက္ခ ၈ ပါး,
သာဝကပါရမီဉာဏ်, ပစ္စေကဗောဓိဉာဏ်,
သမ္မာသမ္ဗောဓိဉာဏ်ကို ရခြင်း။
Credit-Original Writer
Sharing by-MT Star