International News

နားထဲမှာ ပိုးဟပ်ဝင်နေတာကို ကိုးရက်တိုင်အောင် မသိခဲ့တဲ့ မိန်းကလေး

ကိတ်ဟိုလီ ဆိုတဲ့ အမျိုးသမီး ဟာ တစ် မနက်မှာ သူမအိပ်ရာကနေ နိုးလာတဲ့ အခါ နားထဲမှာနာကျင်နေတာကို ခံစားမိ ပေမယ့်လည်း ပေါ့ပေါ့တန်တန်ပဲ သဘောထားလိုက်ပါတယ် နောက်ရက်အနည်းငယ် အကြာမှာတော့ သူမရဲ့ ဘယ်ဘက်နားထဲမှာ ရေခဲတုံး တစ်တုံးလို အေးစိမ့်စိမ့် ဖြစ်နေတာကို ခံစားမိလိုက်ပါတယ်။

“တစ်ရက်.. ကျမ နားကလော်လိုက်တဲ့ အခါမှာတော့ အညိုရောင်ရှိတဲ့ အတောင်ပံလိုမျိုး နှစ်ခု ထွက်လာပါတယ်။ နောက်ပိုင်းမှာတော့ နားထဲကနေ ပိုးဟပ်ရဲ့ ခြေထောက်တွေ ထွက်လာတဲ့အခါမှာတော့ ကျမ တော်တော်လေးကို ကြောက်လန့် သွားခဲ့ရပါတယ်။ ဒါနဲ့ပဲ ကျမရဲ့ ယောကျာ်းက နားထဲကို ဓာတ်မီးနဲ့ ကြည့်လိုက်တော့မှ ပိုးဟပ်တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ကျမလည်း တော်တော်ကြောက်လန့် သွားပြီး ညတွင်းချင်း ဆေးရုံကိုပြေးခဲ့ရပါတယ်။

ဆေးရုံရောက်တဲ့အခါမှာတော့ ဆရာဝန်က နားထဲက ပိုးဟပ်ကို ဆွဲထုတ်ခဲ့ရပြီး ပိုးဟပ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ခြောက်ခုထက် မနည်း ထွက်လာပါတယ်။ ဒီအဖြစ်အပျက်တွေဟာ ကျမအတွက်တော့ တော်တော်လေးကို သွေးပျက်အောင် ကြောက်လန့်သွားစေခဲ့ပြီး တစ်သက်လုံးလည်း မေ့နိုင်မယ် မထင်တော့ပါဘူး ” လို့ ကိတ်ဟိုလီက ပြောခဲ့ပါတယ်။ ပရိတ်သတ်ကြီးလည်း ညဘက်တွေ အိပ်တဲ့ အခါ သတိထားအိပ်ပြီး တစ်ကယ်လို့ အခုလိုမျိုး ဖြစ်ခဲ့ရင်လည်း နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ မမေ့ပါနဲ့နော်။

Source : Mirror


Credit_11:11pm