ဗဟုသုတ

ရင့်ကျက်ခြင်း အနုပညာ

ရင့်ကျက်ခြင်း အနုပညာ

နှလုံးသားနဲ့ရင်းပြီး..လိုက်လိုက်ပြီး ခံစားမိတော့ ဘဝဇာတ်က နာသထက်နာလာတယ်လေ..

ဦးနှောက်ကတွေးပြီး..ခံစားသက်ဝင်ဖြစ်မိပြန်တော့..နှလုံးသားက ထိခိုက်ခံစားရပြန်တယ်

မဖြစ်နိုင်တဲ့အကြောင်းကို…ထပ်တလဲလဲ ကြားနေရပါများလာတော့ မခံချင်တဲ့ စိတ်ကြောင့် ဒေါသဖြစ်ပြီး ပင်ပန်းရတာပဲအဖတ်တင်တယ်လေ

အလိုက်အထိုက်ဆိုတဲ့ စကားလုံးနဲ့ ကျင့်သားမရတဲ့ကိုယ့်အတွက် ဘဝမှာ နေရထိုင်ရတာက အရင်ကလို ပေါ့ပေါ့ပါးပါးမရှိတော့ဘူးလေ

ပေါ်ပင်မကြိုက်တတ်တဲ့ ကိုယ့်အကျင့်ကအများနဲ့ ဒွိဟဖြစ်နေသော်လည်း သေတဲ့အထိ အရိုးစွဲနေမဲ့ ကိုယ့်အကျင့်ကတော့ ပြုပြင်လို့မရခဲ့ဘူးလေ

ခံစားချက်ကို မြိုချ မပြတတ်တော့လည်းဟန်ဆောင် အပြုံးလေးတခုပြုံးပြနိုင်ဖို့တဖက်ကမ်းခတ်အောင် ကိုယ်ကမကျွမ်းကျင်ပြန်ဘူးလေ

စိတ်ထဲကမပါရင် အလွယ်တကူ မထောက်ခံတတ်သူမို့ ဘုမသိ ဘမသိနဲ့လည်း သူများယောင်တိုင်း ကိုယ်က လိုက်မယောင်တတ်ပြန် ဘူး

စိတ်ထဲမှာ မကျေမနပ်ဖြစ်လာရင် သူများတွေလို မင်သေသေ မနေတတ်ပြန်တော့
ဝုန်းဒိုင်းကျဲလိုက်မှ နေသာထိုင်သာရှိတော့လည်း အများအမြင်မှာကိုယ့်ကို ရိုင်းတယ်လို့ထင်ကြပြန်တယ်

တကယ်တော့ ကိုယ့်အသက်အရွယ်ဟာ ရင့်ကျက်သင့်ပြီဆိုတာကိုလည်း သိတယ်

ဒါပေမယ့်လည်း အသေသပ်ဆုံး ဟန်ဆောင်တတ်ခြင်းဟာ ကိုယ့်အတွက်က အခက်ခဲဆုံးပညာရပ်လည်းဖြစ်နေပြန်တယ်လေ

Credit-ဒေါက်တာမသိ င်္ဂီ(ရန်ကုန်တက္ကသိုလ်)
Sharing by-MT Star